မန်ဒါလီ

ဝီကီပီးဒီးယား မှ
မန်ဒါလီဘဲ
မွေးမြူထားသော မန်ဒါလီဘဲတစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးရင်းသေး: Tadorninae
မျိုးစု: Cairina
(လင်းနီးယပ်၊ ၁၇၅၈)
မျိုးစိတ်:
ဒွိနာမ
Cairina moschata
တြိနာမ
Cairina moschata domestica
(Donkin, 1989)
Synonyms

Cairina moschata momelanotus

မန်ဒါလီ ဘဲ (သို့) မတ်စ်ကာဗီ ဘဲ (အင်္ဂလိပ်: Muscovy duck)သည် လူမှ မွေးမြူရန် အလို့ငှါ ယဉ်ပါးအောင်ပြုလုပ်ခဲ့သော မူလ ဘဲ မျိုးစိတ် နှစ်မျိုးမှ တစ်မျိုးဖြစ်လေသည်။ နောက်မျိုးစိတ်မှာ ဘဲခေါင်းစိမ်း (အင်္ဂလိပ်: Mallard) ဖြစ်သည်။[၁]

နောက်ဆုံးသော စူစမ်းရှာဖွေဖော်ထုတ်မှုများအရ ၎င်းမန်ဒါလီဘဲ (အင်္ဂလိပ်: Cairina moschata) နှင့် မျိုးစုတူဟု အစောပိုင်းကာလများမှ သတ်မှတ်ထားသော တောဘဲ (သို့) တောဘဲ (အင်္ဂလိပ်: Asarcornis scutulata)မှာ သွင်ပြင်လက္ခဏာအရ တူသော်လည်း DNA ဆင်းသက်လာမှုသည် အနည်းငယ်ကွာခြားသော သီးခြားမျိုးစု (Asarcornis)မှ ဆင်းသက်လာသည်ကို တွေ့ရှိခဲ့လေသည်။[၂][၃]

အမှန်စင်စစ်တွင် တိရစ္ဆာန်အမည်များ ရှေ့၌ ထည့်သွင်းသုံးစွဲခေါ်ဝေါ်သည့် “တော” ဟူသည့် စကားလုံး၏ ဆိုလိုရင်းသည် “မယဉ်ပါးသော (သို့) အရိုင်းဆန်သော” ဟူသည့် အဓိပ္ပာယ်ဆောင်ပြီး အိမ်မွေးတိရစ္ဆာန်များ၏ မျိုးစိတ်တူပြီး မွေးမြူခြင်းခံမထားရသော တိရစ္ဆာန်များနှင့်ပတ်သက်၍ ပိုမိုသုံးစွဲလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။[၄] ဥပမာ- တောကြောင်၊ တောကြက်၊ တောဝက်၊ တောဆိတ်၊ တောဘဲ၊ တောခွေး။

ကိုးကား[ပြင်ဆင်ရန်]

  1. Anas platyrhynchos, Domestic Duck; DigiMorph Staff - The University of Texas at Austin။ Digimorph.org။ 23 December 2012 တွင် ပြန်စစ်ပြီး။
  2. "Phylogeny and biogeography of dabbling ducks (genus Anas): a comparison of molecular and morphological evidence" (1999). Auk 116 (3): 792–805. doi:10.2307/4089339. 
  3. Carboneras, C. & Kirwan, G.M. (2019). White-winged Duck (Asarcornis scutulata). In: del Hoyo, J., Elliott, A., Sargatal, J., Christie, D.A. & de Juana, E. (eds.). Handbook of the Birds of the World Alive. Lynx Edicions, Barcelona. (retrieved from https://www.hbw.com/node/52847 on 14 July 2019).
  4. Wikipedia contributors. (၂၀၂၁, မတ် ၄). Wild duck. In Wikipedia, The Free Encyclopedia. Retrieved ၂၂:၀၅, အောက်တိုဘာ ၄, ၂၀၂၁, from https://en.wikipedia.org/w/index.php?title=Wild_duck&oldid=1010249355