ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)
ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) | |
---|---|
ကိုဩဒိနိတ် | 16°26′26.9″N 97°36′33.8″E / 16.440806°N 97.609389°Eကိုဩဒိနိတ်: 16°26′26.9″N 97°36′33.8″E / 16.440806°N 97.609389°E |
ဖြတ်သန်းမှု | သံလွင်မြစ် |
တည်နေရာ | မွန်ပြည်နယ် |
အမည် | ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) |
အခြားအမည်များ | သံလွင်တံတား (ချောင်းဆုံ) |
အစွဲပြုအမည် | ဗိုလ်ချုပ်အောင်ဆန်း |
အချက်အလက်များ | |
တံတားဒီဇိုင်း | နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတား |
စုစုပေါင်းအရှည် | ၅,၂၃၀ ပေ (၁,၅၉၀ မီတာ) |
အကျယ် | ၂၈ ပေ (၈.၅ မီတာ) |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၈ ဖေဖော်ဝါရီ ၂၀၁၅ |
လုပ်ငန်းပြီးဆုံးချိန် | ဧပြီ ၂၀၁၇ |
ကုန်ကျငွေ | ကျပ်သန်း ၅၉,၈၀၀ ခန့် |
ဖွင့်ပွဲကျင်းပသည့်နေ့ | ၉ မေ ၂၀၁၇ |
ဖွင့်လှစ်သည့်နေ့ | ၂၇ ဧပြီ ၂၀၁၇ |
ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်တွင် တည်ရှိပြီး သံလွင်မြစ်အား ဖြတ်ကျော်တည်ဆောက်ထားကာ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အား ဆက်သွယ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။ တံတားကို ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁]
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]တံတားကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် တည်ဆောက်ထားပြီး[၂] အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစား ဖြစ်သည်။ မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ်လမ်းမှာ ၇၅၇ ပေခန့်နှင့် ဘီလူးကျွန်း ကညှော်ချဉ်းကပ်လမ်းမှာ အရှည် ၁၆,၉၈၀ ပေ ရှိသည်။[၃] သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်ပန္နက်ချ တည်ဆောက်ခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။[၂]
အငြင်းပွားမှုများ
[ပြင်ဆင်ရန်]သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းဖြင့် စတင်တည်ဆောက်ခဲ့သော်လည်း တည်ဆောက်မှုပြီးဆုံးမည့် အချိန်တွင် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်အဆို အတည်ပြုခဲ့ရာ ဒေသခံ မွန်တိုင်းရင်းသား အချို့က သံလွင်တံတား (ချောင်းဆုံ) ဟုသာ သတ်မှတ်ရန် ၂၀၁၇ ခုနှစ် မတ်လအတွင်း ဆန္ဒပြခြင်း နှစ်ကြိမ်၊ ဧပြီလတွင် ကန့်ကွက်မှု လက်မှတ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြပြီး[၄] ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ လက်မှတ်ပေါင်း တစ်သိန်းခွဲခန့် ရရှိခဲ့သည်ဟု ဆိုသည်။[၅]
တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ပါတီပေါင်း ၁၄ ခုက ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။[၆]
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၏ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အဆိုအား ၂၀၁၇ ခုနှစ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ရာ[၆] ထောက်ခံမဲ ၂၁၇ မဲ ၊ ကန့်ကွက်မဲက ၄၃ မဲ၊ ကြားနေ ၁၁၆ မဲဖြင့် အမည်ပြောင်းလဲခြင်း အဆို အနိုင်ရခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်လှစ်။ မဇ္ဈိမ နေ့စဉ်သတင်းစာ (၁၀ မေ ၂၀၁၇)။ ၁၉ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ သန္တာလှိုင်၊ ရဲနိုင် (၂၈ ဧပြီ ၂၀၁၇). "ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု တံတားဖွင့်ပွဲ ခမ်းခမ်းနားနား ကျင်းပမည်ဖြစ်ပြီး ဆိုင်းဘုတ်တင်ခြင်းကို ပြောဆိုနေမှုများမှာ ဖွနေခြင်းသာဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် တုံ့ပြန်". ၇ ရက် နေ့စဉ်သတင်းစာ ၁၄၂၆. Retrieved on ၂ မေ ၂၀၁၇. Archived 6 November 2019 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 6 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို ယနေ့စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဆို။ Eleven Media Group (၂၇ ဧပြီ ၂၀၁၇)။ 1 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် ဧပြီ ၂၇ ရက် နံနက်မှစ၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့။ Eleven Media Group (၂၇ ဧပြီ ၂၀၁၇)။ 1 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်အောင်ဆန်းတံတား အစား ချောင်းဆုံတံတား အမည်ပြောင်းရေး လက်မှတ်ကောက်ခံ။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ် (၂၆ ဧပြီ ၂၀၁၇)။ ၂ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ စိုးသူအောင် (၆ ဧပြီ ၂၀၁၇)။ မွန်ပြည်နယ် ချောင်းဆုံတံတား နာမည်ပေးသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် နိုင်ငံရေးပါတီ ၁၄ ခုကတောင်းဆို။ မဇ္ဈိမ နေ့စဉ်သတင်းစာ။ ၂ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ဝင်းနန္ဒာ (၂၇ ဧပြီ ၂၀၁၇)။ ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တပ်ဆင်တဲ့ ကိစ္စ ဒေသခံတွေစိတ်ပျက်။ ကုမုဒြာ ဂျာနယ်။ 1 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး။