မဇ္ဈိမ နေ့စဉ်သတင်းစာ
ပုံပန်းသွင်ပြင်
| လွတ်လပ်မှု၊ မျှတမှု၊ တာဝန်သိမှု | |
| အမျိုးအစား | နေ့စဉ်ထုတ် သတင်းစာ |
|---|---|
| ပုံစံအချိုးအစား | ပုံနှိပ်၊ ဒီဂျစ်တယ် |
| ပိုင်ဆိုင်သူ | မဇ္ဈိမ မီဒီယာဂရု(ပ်) |
| ထုတ်ဝေသူ | ဦးစိုးမြင့် |
| အယ်ဒီတာချုပ် | စိုးမြင့် |
| တာဝန်ခံ အယ်ဒီတာ | မျိုးသန့်၊ ဂျူလီယန်ဂဲရင်း |
| တွဲဖက်အယ်ဒီတာ | ရဲရင့်ဌေး၊ မောင်သင်တုန်း |
| ဓါတ်ပုံ အယ်ဒီတာ | ဟောင်ဆာ (ရာမည) |
| စတင်ထုတ်ဝေခြင်း | ၂၃၊ မေ ၂၀၁၃ |
| ဘာသာစကား | မြန်မာ၊ အင်္ဂလိပ် |
| ဌာနချုပ်များ | ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ |
| ဝက်ဘ်ဆိုဒ် | mizzimaburmese.com |
| နိုင်ငံ | |
| အတိုင်ပင်ခံ အယ်ဒီတာ | သင်းသင်းအောင် |
| စီမံခန့်ခွဲမှု အယ်ဒီတာ | စောရွှေလင်း |
မဇ္ဈိမ နေ့စဉ်သတင်းစာ သည် မဇ္ဈိမ မီဒီယာဂရု(ပ်)မှ မြန်မာနိုင်ငံတွင် ထုတ်ဝေသော နေ့စဉ်ထုတ် သတင်းစာဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ပုံနှိပ်သတင်းစာ အဖြစ် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မဇ္ဈိမ နေ့စဉ်သတင်းစာ(ပုံနှိပ်)အား ရပ်နား၍ မဇ္ဈိမ ဒစ်ဂျစ်တယ်သတင်းစာ (Mizzima Digital Newspaper) ကိုသာ ပြောင်းလဲထုတ်ဝေတော့မည်ဖြစ်ကြောင်း မဇ္ဈိမ မီဒီယာဂရု(ပ်)၏ အယ်ဒီတာချုပ်နှင့် စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်သူ ဦးစိုးမြင့်က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။[၁]