ပစ်စတာချိုပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဤဆောင်းပါးသည် the culinary nut and the tree that bears it အကြောင်း ဖြစ်သည်။ အခြား အသုံးအနှုန်းများ အတွက် ပစ်စတာချိုပင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
Pistacia vera
Pistacchio di Bronte.jpg
Pistacia vera (Kerman cultivar) fruits ripening
A tan pistacho shell with the seed visible through a gap in the shell
Roasted pistachio seed with shell
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
မျိုးရိုးခွဲခြားခြင်း e
Unrecognized taxon (fix): Pistacia
မျိုးစိတ်:
ဒွိနာမ
Pistacia vera

ပစ်စတာချိုပင် (Pistacchio) (/pɪˈstɑːʃiˌ, -ˈstæ-/,[၂] ပစ်စတာချီယ ဗာရာ (Pistacia vera)) ဆိုသည်မှာ သီဟိုဠ်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် မူလအစ ပေါက်ရောက်သည့် အပင်ငယ်မျိုးဖြစ်သည်။ မြန်မာအခေါ်အားဖြင့် သစ်ဆိမ့်သီးဟူ၍ လည်းကောင်း၊ ရင်ကွဲသီး ဟူ၍လည်းကောင်းခေါ်ဝေါ်ကြသည်။ ဤအပင်မှရရှိသည့် အစေ့အဆံအား စားစရာအဖြစ် ကျယ်ပြန့်စွာအသုံးပြုကြသည်။ ပစ်စတာစီယာ ဝါရာ အား ပစ်စတာချိုဟု အမည်တွင်သည့် ပစ်စာစီယာမျိုးစု နှင့် မကြာခဏမှားယွင်းလေ့ရှိသည်။ ယင်းတို့၏ ပထဝီအနေအထားအရ ဖြန့်ဖြူးခြင်း ပုံစံနှင့် ယင်းတို့၏ အစေ့များသည် ပုံမှန်ထက် သေးငယ်၍ ပိုမိုပျော့ပြောင်းသော အခွံများအား ကြည့်ရှု၍ အခြားမျိုးစိတ်များအားခွဲခြားနိုင်သည်။ ၂၀၀၇ခုနှစ် စစ်တမ်းများအရ ကမ္ဘာ့ပစ်စတာချိုထုတ်လုပ်မှု၏ ထက်ဝက်ကျော်ခန့်အား အီရန်နိုင်ငံမှ ထုတ်လုပ်သည်။

ဝေါဟာရ ရင်းမြစ်[ပြင်ဆင်ရန်]

ပစ်စတာချိုဟူသည့် စကားလုံးသည် ရှေးဟောင်းပြင်သစ်ဘာသာ မှဆင်းသက်လာကာ အလယ်အင်္ဂလိပ်ဘာသာနောင်းပိုင်းစကားလုံးတစ်လုံး "pistace" မှလာခြင်းဖြစ်သည်။ လက်တင် ဂရိဘာသာမှ "pistakion"၊ အလယ်ပါရှန်း ဘာသာမှ "*pistak" မှ လာပြီး ၁၆ရာစုတွင် အီတလီစကားလုံး "ပစ်စတာချို" ဖြင့် ပြောင်းလဲအစားထိုးအသုံးပြုခဲ့ကြသည်။[၃]

သမိုင်း[ပြင်ဆင်ရန်]

ပစ်စတာချိုပင်၏ မူလပေါက်ရောက်ရာဒေသများမှာ အာရှအလယ်ပိုင်းဒေသများဖြစ်ကြသည့် ယနေ့ အီရန်နိုင်ငံနှင့် အာဖဂန်နစ်စတန်နိုင်ငံတို့ဖြစ်ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များသုံးသပ်ကြသည်မှာ ပစ်စတာချိုအစေ့များအား ဘီစီ ၆၇၅၀ ခန့်ကပင် သာမန်အစားအစာအဖြစ်စားသုံးနေကြပြီးဖြစ်သည်။ ခေတ်သစ် ပစ်စတာချို ဗာရာအား အာရှအလယ်ပိုင်း ကြေးခေတ်က ပထမဆုံးစိုက်ပျိုးခဲ့ကြသည်။ ဥဇဘက်ကစ္စတန်နိုင်ငံ ဒျာကူတန်ရှိ မှာ အစောဆုံးသောနမူနာဖြစ်သည်။

ဒိုက်ရက်စကိုရိုက်၏ စာပေတွင်တွင် ပစ်စတာကီယအဖြစ်ဖော်ပြထားပြီး ယင်းထင်းရူးမျိုးနွယ်ပင်အစေ့များနှင့် နှိုင်းယှဉ်ခြင်းပြီးနောက် ပစ်စတာချီယ ဗာရာအဖြစ်မှတ်တမ်းတင်နိုင်သည်။ ပလင်နီ သည် အယ်ဒါ (Pliny the Elder) ရေးသားဖော်ပြထားသည့် "သဘာဝသမိုင်း" တွင် ပစ်စတာချီယသည် ဆီးယီးယားမှ ထူးခြားသည့်အပင်များမှ တပင်ဖြစ်ကြောင်း၊ ယင်းအစေ့အား ဆီးယီးယားရှိ ရောမသံတမန်‌ဟောင်း လူးကပ်စ် ဗိုက်တာလူးယပ်စ် သည် အယ်ဒါ (Lucius Vitellius the Elder) ဆိုသူမှ အီတလီနိုင်ငံသို့ ယူဆောင်မိတ်ဆက်ပေးခဲ့ပြီး တချိန်တည်းပင် ဟစ်ပန်နီးယားသို့ ဖလက်ကစ် ပွန်ပီယမ်စ် (Flaccus Pompeius) ဆိုသူပုဂ္ဂိုလ်မှ မိတ်ဆက်ပေးခဲ့သည်။ ၆ရာစုအစောပိုင်းကာလ အန်သီမက်စ် ၏ De observatione ciborum ("On the observance of foods")လက်ရေးမူတွင် ပစ်စတာချိုသည် ရှေးဟောင်း ဥရောပအတွင်းတွင် လူသိများနေပြီဖြစ်သည်။ ရှေးဟောင်းသုတေသီများ အန္တလန်တစ်ပစ်စ်တာချို စားသုံးမှုအကြောင်းကို အီရတ် အရှေ့မြောက်ပိုင်း ဂျာမိုးဒေသ တူးဖော်ရာမှ ရရှိသည့် အထောက်အထားများဖြင့် ဖော်ထုတ်ပေးလိုက်သည်။ ဘီစီအီး ၇၀၀ ခန့်က ဘုရင် မာရိုဒတ် ဗလဒန်ခေတ်တွင် ဘေဘီလုံရှိ မိုးပျံဥယျာဉ် တွင်လည်း ပစ်စတာချိုပင်များအား စိုက်ပျိုးထားကြောင်းသိရှိရသည်။

၁၉ရာစုအတွင်းတွင် အင်္ဂလိပ်စကားပြောနိုင်ငံများဖြစ်သည့် ဩစတေးလျနိုင်ငံမှသည် နယူးမက္ကဆီကိုနိုင်ငံတိုင်အောင် ပစ်စတာချိုပင်အား စီးပွားဖြစ်စိုက်ပျိုးကြလေသည်။ ကယ်လီဖိုးနီယားတွင် ၁၈၅၄ခုနှစ်မှစ၍ ဥယျာဉ်ပင်အဖြစ် စတင်စိုက်ပျိုးခဲ့ကြသည်။ ၁၉၀၄ခုနှစ်မှ ၁၉၀၅ အတွင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ဒေဗစ် ဖဲယားချိုင်းဆိုသူက တရုတ်ပြည်မှစုဆောင်းရရှိသည့် မျိုးစိတ်တမျိုးအား စတင်မိတ်ဆက်ပေးခဲ့သော်လည်း ၁၉၂၉ခုနှစ်တိုင် စီးပွားဖြစ်စိုက်ပျိုးနိုင်အောင် မစွမ်းဆောင်နိုင်ချေ။ ဝေါ်လ်တာ တီစွင်းဂယ်၏ ဆီးယီးယား မှလာသည့် ပစ်စတာချိုမှာ ၁၉၁၇ခုနှစ်အတွင်း ကယ်လီဖိုးနီးယား နိုင်းစ်ဒေသတွင် အောင်မြင်စွာဖြစ်ထွန်းနေပြီးဖြစ်သည်။

ရုက္ခဗေဒ[ပြင်ဆင်ရန်]

ပေါက်ပွားရာ အရပ်[ပြင်ဆင်ရန်]

ပစ်စတာချိုပင်သည် ကန္တာရပေါက်ပင်ဖြစ်ပြီး ဆားပါဝင်မှုများသည့် မြေတွင် ပေါက်ရောက်သည်။ ဆားပမာဏ ၃၀၀၀-၄၀၀၀ ပီပီအမ် ရှိသည့် ရေသွင်း၍ စိုက်ပျိုးခြင်းဖြင့် ဖြစ်ထွန်းကြောင်း ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ပစ်စတာချိုပင်သည် သင့်တင့်လျောက်ပတ်သောအခြေအနေများတွင် မာကျောပြီးဆောင်းရာသီတွင် -10 ဒီဂရီစင်တီဂရိတ် (14 ° F) နှင့်နွေရာသီတွင် ၄၈ ဒီဂရီဖာရင်ဟိုက်ကြားရှိအပူချိန်များကိုဆက်လက်ရှင်သန်နိုင်သည်။ ၎င်းတို့သည်နေသာသောနေရာနှင့် ရေဆင်းကောင်းသောမြေဆီလွှာလိုအပ်သည်။ ပစ်စတာချိုပင် သည်စိုထိုင်းဆမြင့်မားသောအခြေအနေများတွင် အပင်ဖျင်း၍ ဆောင်းရာသီ ရေအမြောက်အများရရှိပြီး ရေဆင်းမကောင်းပါက အပင်များပုပ်ပျက်သွားနိုင်သည်။ အသီးကောင်းများရင့်မှည့်ရန် ပူနွေးသည့် နွေရာသီရက်ရှည်များလိုအပ်သည်။

ဝိသေသလက္ခဏာ[ပြင်ဆင်ရန်]

အပင်သည် ၁၀ မီတာ (၃၃ ပေ) အထိကြီးထွားနိုင်သည်။ ဤအပင်တွင် ရွက်ကြွေငှက်မွှေးရွက်ပေါင်းအမျိုးအစား အရွက်များရှိ၍ 10-20 စင်တီမီတာ (4-8 လက်မ) အရှည်ရှိသည်။ဤအပင်များသည် သင်္ဘောပင်ကဲ့သို့ ဖိုမ မျိုးပင်မျိုးဖြစ်ပြီး အဖိုပင်နှင့်အမပင် သီးခြားစီရှိကြသည်။ အပွင့်များသည် ပွင့်ချပ်များဖြင့်တည်ဆောက်ထားပြီး ဖိုမဝတ်ဆန်စုံရှိကာ ထိပ်ထွက်ပန်းပေါင်းခိုင်တွင် မျိုးအောင်၏။ အသီးမှာ အဆံပါသီးဖြစ်သည့်အလျောက် ကြာရှည်ခံသည့် အစေ့ပါဝင်ပြီး ထိုအစေ့အဆံအား စားသုံးနိုင်သည်။ အစေ့သည် ယေဘူယျအားဖြင့် အခွံမာသီးအဖြစ်မှတ်ယူကြပြီး ချက်ပြုတ်နိုင်သည်အခွံမာသီဖြစ်ပြီး ရုက္ခဗေဒနည်းအားဖြင့် အခွံမားသီးမဟုတ်ချေ။ အသီးသည် မာကျော၏၊ အဆီအရောင်အပြင်ခွံရှိသည်။ အစေ့သည် အစိမ်းဖျော့​ဖျော့ နှင့် အသားရောင်အလွှာရှိပြီး အရသာကွဲပြားသည်။ အသီးမှည့်ချိန်တွင် အပြင်ခွံသည်အစိမ်းရောင်မှ နီဝါရောင်သို့ ပြောင်းလဲလာပြီး အပြင်ခွံကွဲထွက်လာသည်။ ဤဖြစ်စဉ်ကို အပ်ကွဲခြင်း ဟုခေါ်ပြီး အရွယ်ရောက်လာချိန်တွင် အသံမြည်၍ ကွဲထွက်လာသည်။ ဤသို့အပ်ကွဲပွင့်ထပ်လာခြင်းအား ကြည့်၍ လူများက ဆွတ်ခူးကြသည်။ စီးပွားဖြစ် စိုက်ပျိုးခြင်းသည် ၎င်းတို့ ကွဲထွက်ခြင်း မည်သို့ တသတ်မှတ်တည်းမှာ ကွဲပြားသည်။

ပစ်စတာချိုပင်တပင်တိုင်းတွင် အစေ့ပေါင်း ပျမ်းမျှ ၅၀ကီလိုဂရမ်ခန့်ထွက်ပြီး ၂နှစ်ပြည့်တိုင်း ၅၀၀၀ ခန့်ထွက်သည်။ ဤအပင်၏ အပြင်ခွံ၏ သဘာဝအရောင်သည် အဝါရောင်ရှိသည်၊ သို့သော်လည်း စီးပွားဖြစ်စိုက်ပျိုးထားသည့် အစေ့များတွင် အနီရောင် သို့ အစိမ်းရောင် ဆိုးထားသည်ကိုတွေ့နိုင်သည်။ မူလက ဤသို့ဆေးဆိုးခြင်းမှာ အသီးအား ဆွတ်ခူးချိန်တွင် ထိခိုက်မိသည့် အခွံပေါ်ရှိ အနာအဆာများ ဖုံးကွယ်ရန်အတွက်ဖြစ်သည်။ ယနေ့အချိန်တွင် ပစ်စတာချိုအသီးအား စက်ကိရိယာများဖြင့် ဆွတ်ခူးသောကြောင့် အခွံမှာ အစွန်းအထင်းများမရှိနိုင်ချေ။ စားသုံးသူများ၏ မျှော်လင့်ခြင်းပြည့်မီရန်မှလွဲ၍ ဆေးဆိုးခြင်းမလိုချေ။

860631-Pistachio-IMG 6862-2.jpg

စိုက်ပျိုးမှု[ပြင်ဆင်ရန်]

ပစ်စတာချိုပင်သည် နှစ်ပေါင်း ၃၀၀ အထိ အသက်ရှင်သန်နိုင်သည်။ ဤအပင်များကို ဥယျာဉ်ခြံများ၌ စိုက်ပျိုးပြီး ဆွတ်ခူးထုတ်လုပ်နိုင်သည့်အနေရောက်ရန်မှာ ၇ နှစ်မှ ၁၀နှစ်အထိကြာနိုင်သည်။ ဆွတ်ခူးခြသ်သည် ၂နှစ်တခါပုံစံမျိုးဖြစ်သည်။ အကောင်းဆုံးဆွတ်ခူးနိုင်ချိန်သည် အနှစ် ၂၀ တွင်ဖြစ်သည်။ ရိတ်သိမ်းမှုပိုမိုလွယ်ကူစေရန်သစ်ပင်များကိုများသောအားဖြင့်အရွယ်အစားဖြင့်ခုတ်ယူသည်။ အဖိုပင်တစ်ပင်သည် အမပင် ရှစ်ပင် မှ ၁၂ ပင် အထိ ဝတ်မှုန်ကူးခြင်းထား လုံလောက်စေသည်။ ယူနိုက်တက်စတိတ်နှင့် ဂရိနိုင်ငံတို့တွင် သစ်ပင်များအား လှုပ်၍အသီးကြွေစေသောစက်ကိရိယာများကိုအသုံးပြု၍ ဆွတ်ခူးလေ့ရှိသည်။ ခြွေလှေ့အခြောက်ခံပြီးနောက် အခွံဟနေသည့် အသီးနှင့် အခွံပိတ်နေသည်အသီးများအားခွဲထုတ်ကာ ​လှော်ရန်သို့မဟုတ် အထူးထုတ်လုပ်သည့်လုပ်ငန်းရှိရာ စက်ကြီးများသို့ ပို့ဆောင်ကြသည်သည်။ ကယ်လီဖိုးနီးယားနယ်တွင် ပစ်တာချိုအမပင်များသည် စိုက်ပျိုးရေး ကာမာန်ဖြစ်သည်။ အမပင်မှ ကိုင်းကူးထားသည့် ကိုင်းအား တစ်နှစ်သားရှိသည့် အပင်ပေါက်ပေါ်တွင် ကိုင်းကူးဆက်၍ စိုက်ပျိုးကြသည်။

Pistacia napoletana.jpg

ရောဂါများနှင့်ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

ပစ်စတာချိုပင်များသည် Leptoglossus clypealis ကဲ့သို့သောအင်းဆက်ပိုးမွှားများကြောင့်ရောဂါများနှင့်ကူးစက်ရောဂါများစွာကိုခုခံနိုင်စွမ်းရှိသည်။ ယင်းတို့ထဲမှ Botryosphaeria မှိုသည်ရောဂါကူးစက်မှုဖြစ်ပြီး ၎င်းတွင်ပွင့်ချပ်နှင့် အဖူးငယ်များခြောက်သွေ့ခြင်းကိုဖြစ်ပေါ်စေသည် (ရောဂါလက္ခဏာများတွင်ပန်းပွင့်များနှင့်အညွန့်ငယ်များသေဆုံးခြင်း) တို့ပါဝင်ပြီး ဥယျာဉ်ခြံတစ်ခုလုံးရှိ အပင်များအား ကူးစက်နိုင်သည်။ အဆိုပါရောဂါပိုးအား ၁၉၈၄ ခုနှစ်တွင် ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၄ခုနှစ်တွင် ကယ်လီဖိုးနီးယားရှိ ပစ်စတာချိုထုတ်လုပ်ရေးလုပ်ငန်းများ လျှင်မြန်စွာတိုးတက်မှုကို ခြိမ်းခြောက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် anthracnose မှိုသည် ဩစတြေးလျ pistachio ရိတ်သိမ်းမှုအား ရုတ်တရက် ၅၀% ဆုံးရှုံးစေခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းအီရန်နိုင်ငံတွင် နှစ်ပေါင်းများစွာပြင်းထန်သော မိုးခေါင်မှုကြောင့်ထုတ်လုပ်မှု သိသိသာသာကျဆင်းခဲ့သည်။

Pistachio nuts from Iran.jpg

ထုတ်လုပ်မှု[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာ pistachio ထုတ်လုပ်မှုသည်တန်ချိန် ၁.၄ သန်းခန့်ရှိပြီး အီရန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့က ထိပ်တန်းထုတ်လုပ်သူများဖြစ်ကြပြီး စုစုပေါင်းပမာဏ၏ ၇၂ ရာခိုင်နှုန်းရှိသည်။ ဒုတိယထုတ်လုပ်သူများမှာ တူရကီ၊ တရုတ်နှင့်ဆီးရီးယားတို့ဖြစ်သည်။ ၂၀၂၀ ခုနှစ်အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာပစ်စတာချိုထုတ်လုပ်မှု၏ထက်ဝက်နီးပါးသည်အမေရိကန်ပြည်ထောင်စုမှဖြစ်သည်။ အီရန်နိုင်ငံအပေါ်အမေရိကန်၏ကုန်သွယ်ရေးပိတ်ဆို့မှု၊ ရာသီဥတုပြောင်းလဲမှုနှင့်စီးပွားရေးနှင့်ရေစီမံခန့်ခွဲမှုအားနည်းမှုတို့ကြောင့်အီရန်နိုင်ငံတွင်ထုတ်လုပ်မှုသည် ၇ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဂျော်ဂျီယာနှင့်ကပ်လျက်ကော့ကေးဆပ်နိုင်ငံများတွင် နိုင်ငံတကာဈေးကွက်များအတွက် ပစ်စတာချိုစိုက်ပျိုးရန်ကြိုးပမ်းမှုများကိုပြုလုပ်ခဲ့သည်။

စားသုံးခြင်း[ပြင်ဆင်ရန်]

များသောအားဖြင့် အစေ့ကို ဆားဖြင့်လှော်၍ စားတတ်ကြပြီး ရေခဲမုန့်ကူဖီစမွန်နီ နှင့် ပစ်စတာချို ထောပတ်၊ ပစ်စတာချို အနှစ် နှင့် ဘက်လာဗာ၊ ပစ်စတာချို ချောကလက်၊ ပစ်စတာချို လိုကမ် သို့ ဘီစကွတ်န့် အခြား မော်တဲဒယ်လာကဲ့သို့ ရေခဲချောင်းတို့တွင် ထည့်သွင်းအသုံးပြုကြသည်။ အမေရိကန်တို့ စားသောက်ကြသည့် ပစ်စတာချိုဆလတ်တွင်လတ်ဆတ်သော ပစ်စတာချိုသို့ ပစ်စတာချိုပူတင်းနှင့် စည်သွပ်အသီးများ ခရင်မ်များပါဝင်သည်။

အဟာရဓာတ်များ[ပြင်ဆင်ရန်]

Pistachio nuts, raw
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၂,၃၅၁ kJ (၅၆၂ kcal)
27.51 g
သကြား7.66 g
Dietary fiber10.3 g
45.39 g
ပြည့်ဝ5.556 g
Monounsaturated23.820 g
Polyunsaturated13.744 g
20.27 g
ဗီတာမင်များ
ဗီတာမင် အေ
1205 μg
Thiamine (B1)
(76%)
0.87 mg
Riboflavin (B2)
(13%)
0.160 mg
Niacin (B3)
(9%)
1.300 mg
(10%)
0.52 mg
ဗီတာမင် ဘီ6
(131%)
1.700 mg
Folate (B9)
(13%)
51 μg
ဗီတာမင် စီ
(7%)
5.6 mg
ဗီတာမင် ဒီ
(0%)
0 μg
ဗီတာမင် အီး
(15%)
2.3 mg
ဗီတာမင် ကေ
(13%)
13.2 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(11%)
105 mg
သံဓါတ်
(30%)
3.92 mg
မဂ္ဂနီစီယမ်
(34%)
121 mg
မက်ဂနိစ်
(57%)
1.2 mg
ဖော့စဖရပ်
(70%)
490 mg
ပိုတက်ဆီယမ်
(22%)
1025 mg
သွပ်
(23%)
2.2 mg
အခြားပါဝင်ပစ္စည်း
ရေ4 g

Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

ပစ်စတာချို အစိမ်းတွင် ရေ ၄%၊ အဆီ ၄၅%၊ ကာဘွန်ဟိုက်ဒရိတ် ၂၈% နှင့်ပရိုတင်း ၂၀% (စားပွဲတင်)ပါဝင်သည်။ ၁၀၀ ဂရမ်ရည်ညွှန်းပမာဏတွင် Pistachio သည် ၅၆၂ ကယ်လိုရီကိုထောက်ပံ့ပေးပြီးပရိုတိန်း၊ အစားအသောက်ဖိုင်ဘာ၊ တွင်းထွက်သတ္တုဓာတ်အများအပြားနှင့် ဗီတာမင် ဘီ၊ ဗီတာမင် B6 (131% Daily Value) (စားပွဲတင်) သီယမင် (၇၆%DV) များစွာပါဝင်သည်။ ။ ပစ်စတာချိုသည် ကယ်လ်ဆီယမ်၊ ရိုင်ဗိုဖလားဗင်၊ ဗီတာမင် B5၊ ဖောလိတ်၊ ဗီတာမင်အီးနှင့်ဗီတာမင် K တို့၏ အလယ်အလတ်အရင်းအမြစ်(10-19% DV) ဖြစ်သည်။

မချက်ပြုတ်ရ​သေးသောပစ်စတာချို၏အဆီဖွဲ့စည်းပုံတွင် ပြည့်ဝဆီများ၊ တစ်မျိုးတည်းသောအဆီများနှင့် polyunsaturated fats များပါဝင်သည်။ ပြည့်ဝသည့် fatty acids များတွင် palmitic acid (စုစုပေါင်း၏ ၁၀%) နှင့် stearic acid (2%) တို့ပါဝင်သည်။ Oleic acid သည် အသုံးများဆုံး monounsaturated fatty acid (စုစုပေါင်းအဆီ၏ ၅၁%) ဖြစ်ပြီး linoleic acid, polyunsaturated fatty acid သည်စုစုပေါင်းအဆီ၏ ၃၁% ဖြစ်သည်။ အခြားသစ်ပင်အခွံမာသီးများနှင့်နှိုင်းယှဉ်လျှင် အဆီနှင့်ကယ်လိုရီပမာဏ နည်းပါး၍ ပိုတက်စီယမ်၊ ဗီတာမင် K၊ γ-tocopherol၊နှင့် ကာရိုနီနွိုက်နှင့် ဖိုက်တိုစတိုးလ် ကဲ့သို့သော ဖိုက်တိုကမ်မီကယ်ပမာဏ ပိုမိုပါဝင်သည်။

သုတေသနနှင့် ကျန်းမာရေးအကျိုးသက်ရောက်မှုများ[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်၊ ဇူလိုင်လတွင်အမေရိကန်ပြည်ထောင်စုအစားအစာနှင့်ဆေးဝါးကွပ်ကဲရေး ဦး စီးဌာနသည်နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချရန် (pistachios အပါအ ၀ င်) မျိုးစေ့များစားသုံးခြင်းနှင့် ပတ်သက်၍ ပထမ ဦး ဆုံးအရည်အချင်းပြည့်မီသောကျန်းမာရေးပြောဆိုချက်ကိုအတည်ပြုခဲ့သည်။ သိပ္ပံနည်းကျ အထောက်အထားများက ပြည်ဝအဆီနှင့် ကိုလက်စတော ပါဝင်မှုနည်းပါသည့် ပစ်စတာချိုကဲ့သို့သော အခွံမာသီးများကိုတစနေ့လျှင် ၁.၅အောင်စ(၄၂.၅ဂရမ်)စားသုံးခြင်းသည် နှလုံးရောဂါဖြစ်နိုင်ချေကို ရော့နည်းစေနိုင်သည်ဟု အကြုံပြုသော်လည်း အတည်မပြုနိုင်ချေ။ ပုံမှန်အားဖြင့် ပစ်စတာချိုစားသုံးခြင်းသည် ကယ်လိုရီကို ထောက်ပံ့ပေးသော်လည်း ပုံမှန်ပမာဏစားသုံးခြင်းသည် အဝလွန်ခြင်းသို့မဟုတ် ကိုယ်အလေးချိန် တက်ခြင်းနှင့် ဆက်စပ်မှုမရှိချေ။

ဆီးချိုရောဂါမရှိသူ ပုဂ္ဂိုလ်များ အဆိုပါအခွံမာသီးစားသုံးခြင်းဖြင့် အပေါ်သွေးနှင့်အောက်သွေးပေါင်ချိန် ကျဆင်းစေနိုင်သည်။

အဆိပ်သင့်ခြင်းနှင့် ဘေးကင်းလုံခြုံရေး စိုးရိမ်စရာများ[ပြင်ဆင်ရန်]

အခြားအပင်များကဲ့သို့ သေချာစွာမရိတ်သိမ်း ထုတ်လုပ်ထားခြင်းမရှိသော ပစ်စတာချိုတွင် aflatoxin အဆိပ် တွေ့ရသည်။ Aflatoxins သည် Aspergillus flavus နှင့် Aspergillus parasiticus ကဲ့သို့သောမှိုများထုတ်လုပ်သောအစွမ်းထက်ကင်ဆာဖြစ်စေနိုင်သောဓာတုပစ္စည်းများဖြစ်သည်။ သိုလှောင်မှုညံ့ဖျင်းခြင်းနှင့်ပိုးမွှားများကြောင့်ပြန့်နှံ့နိုင်သည်။ မှိုကြီးထွားမှု၏မြင့်မားသောအဆင့်များသည် ပုံမှန်အားဖြင့်အနက်ရောင်မှအမည်းရောင်ကဲ့သို့သောကြီးထွားမှုနှုန်းဖြစ်သည်။ မှိုကူးစက်ခံထားရသည့် Aflatoxin-contamininated အစေ့များကိုစားသုံးရာ၌ အန္တရာယ်ရှိသည်။ Aflatoxin ညစ်ညမ်းမှုသည် မကြာခဏဖြစ်တတ်သည့် အန္တရာယ်ဖြစ်ပြီး အထူးသဖြင့်ပူနွေးစိုထိုင်းသောပတ်ဝန်းကျင်တွင်ဖြစ်သည်။ Aflatoxins နှင့် အတူညစ်ညမ်းသောအစာများသည် ကမ္ဘာ့ဒေသများတွင် ပြင်းထန်သောရောဂါများမကြာခဏဖြစ်ပွားခြင်း၏အကြောင်းရင်းဖြစ်သည်။ အချို့ကိစ္စရပ်များတွင် ကင်ညာနိုင်ငံကဲ့သို့သေဆုံးမှုများစွာကိုဖြစ်ပေါ်စေသည်။

ပစ်စတာချိုအခွံများသည်ပုံမှန်အားဖြင့်ရိတ်သိမ်းခြင်းမတိုင်မီသဘာ၀အတိုင်း အပ်ကွဲပြီးကျန်ရှိနေသေးသောမျိုးစေ့များကိုဖုံးအုပ်ထားသည်။ အခွံသည် မှိုနှင့်အင်းဆက်ပိုးမွှားများမှဝင်ရောက်ခြင်းမှကာကွယ်ပေးသော်လည်း ဤအခွံကာကွယ်မှုအား ငှက်များ သို့မဟုတ် ဥယျာဉ်ခြံတွင်စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းက ရိတ်သိမ်းခြင်း အပြီးတွင်ပျက်စီးစေနိုင်သည်။ အချို့သော ပစ်စတာချိုအသီးများသည် စောစီးစွာ အသီးကွဲထွက်လာပြီး ကိုယ်ထည်နှင့်အခွံနှစ်ခုစလုံးကွဲသည်။ ပျက်စီးခြင်း (သို့) စောစီးစွာ အက်ကွဲခြင်းတို့သည် aflatoxin ညစ်ညမ်းခြင်းကိုဖြစ်စေနိုင်သည်။ အချို့သောကိစ္စရပ်များတွင် ညစ်ညမ်းမှုကိုအစားအစာဘေးကင်းစွာသတ်မှတ်ထားသည့်စည်းကမ်းများ တိကျစွာလိုက်နာ၍ ရိတ်သိမ်းသိုလှောင်နိုင်ပြီး အခြားဖြစ်ရပ်များတွင် aflatoxin ညစ်ညမ်းမှုကြောင့် ပစ်စတာချိုတစ်ခုလုံးကိုဖျက်ဆီးပစ်ရမည်။

Anacardiaceae မျိုးရင်း အခြားပင်များကဲ့သို့ပင် ပစ်စတာချိုတွင် Urushiol ပါဝင်ပြီး ဓာတ်မတည့်ခြင်းကိုဖြစ်ပေါ်စေသည်။

အလိုအလျောက်လောင်ကျွမ်းခြင်း[ပြင်ဆင်ရန်]

ထုထည်ကြီးမားသည့် ကွန်တိန်နာများတွင် ပစ်စတာချိုထုတ်ကုန်များကို မလျော်ကန်စွာသို့လှောင်ခြင်းသည် မီးလောင်စေတတ်သည်။ ၎င်းတို့၏ အဆီပါဝင်မှုများခြင်းနှင့် ရေဓာတ်ပါဝင်မှု နည်းပါခြင်းများကြောင့် ဤအသီးနှင့် အထူးသဖြင့် အတွင်းသားအစေ့များသည် အဆီများသည့် စိုထိုင်သော ဖိုင်ဘာ သို့မဟုတ် အမျှင်ပါဝင်သော ပစ္စည်းများနှင့် သိုလှောင်သောအခါ အပူဓာတ်ထွက်ပေါ်လာကာ အလိုအလျောက် လောင်ကျွမ်းခြင်းကိုဖြစ်ပေါ်စေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Participants of the FFI/IUCN SSC Central Asian regional tree Red Listing workshop, Bishkek, Kyrgyzstan (11-13 July 2006) (2007). Pistacia vera. The IUCN Red List of Threatened Species 2007: e.T63497A12670823. doi:10.2305/IUCN.UK.2007.RLTS.T63497A12670823.en
  2. PistachioOxford Dictionaries။ Oxford University Press။ 2016-02-25 တွင် ပြန်စစ်ပြီး။
  3. "Pistachio"Dictionary.com