ချောကလက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ခေျာကလက်များသည် အနက်ရောင်၊ အဖြူရောင် နှင့် နို့ချော့ကလက်ဟူ၍ အများအားဖြင့် ရှိတတ်သည်။

ချောကလက်မှာ ကကေးအိုပင် ၏အသီးတောင့်များ အတွင်းမှ အစေ့ဆန်များကို အမှုန့်ကြိတ်၍ သကြား၊ နို့တို့ဖြင့် ရောစပ်ကာ ပြုလုပ်ထားသော ရသာခဲဖြစ်သည်။

အနောက်တိုင်းနိုင်ငံများနှင့် ဩစတြေးလျ၊ နယူးဇီလန် ကျွန်းများတွင် ချောကလက်များကို အကြီး အကျယ်လုပ်၍ ကမ္ဘာအရပ်ရပ်သို့ တင်ပို့ရောင်းချသည်။ ချောကလက်၏ ပင်ကိုယ်ခါးသက်သောအရသာကို သကြား၊ နို့၊ ကော်မှုန့် များဖြင့် ရောနှောဖုံးအုပ်၍ ဖက်စပ်ပြုပြင်ထားလေရာ ချော ကလက်သည် ချိုဆိမ့်သည်။ အနံ့လည်း ကောင်းမွန်သဖြင့် လူတိုင်းနှစ်ခြိုက်ကြသည်။ အထူးသဖြင့် ကလေးများ အလွန် တောင့်တသော အစာဖြစ်သည်။ သို့ရာတွင် ချောကလက် များသည် စားကောင်းသလောက် အဖိုးကြီးမြင့်လေရာ လူတိုင်း စားသုံးခြင်း မပြုနိုင်ချေ။

၁၄၉၂ ခုနှစ်နောက်တွင် မက္ကဆီကိုနိုင်ငံသို့ စပိန်လူမျိုး များ ရောက်ရှိသွားသောအခါ ထိုဒေသမှ တိုင်းရင်းသားများ သည် ကကေးအိုခေါ် အပင်မှ အစေ့ဆန်တို့ကို ကြိတ်၍ ဖျော်သောက်ကြသည်ကို တွေ့ရသည်။ စပိန်လူမျိုးများလည်း ထိုအရည်ကို မြည်းစမ်းကြည့်ရာ ခါးသက်သက်နှင့် အီသည်ကို တွေ့ရသည်။ သို့ရာတွင် ဥရောပတိုက်မှ ယူဆောင်လာခဲ့သည့် သကြားနှင့် ရော၍ သုံးဆောင်ကြည့်သောအခါ အရသာ ကောင်းသည်ကို တွေ့ရသည်။ သူတို့မှတစ်ဆင့် ဥရောပတိုက်သို့ ရောက်သွားလေရာ ၁၈ ရာစုလောက်တွင် ဥရောပတိုက်၌ ကိုကိုးအဖျော်ကို အနှံ့အပြား သုံးစွဲစ ပြုကြသည်။

ချောကလက်ကို ကိုကိုးပြုလုပ်သကဲ့သို့ပင် ကကေးအိုအစေ့ ဆန်များကို အခြောက်လှန်း၍ ကြိတ်ထားသော အမှုန့်များမှ ပြုလုပ်ခြင်းဖြစ်သည်။ ကကေးအိုပင်များမှာ ပူအိုက်၍ စိုစွတ် သောအမေရိကတိုက်၊ အာဖရိ ကတိုက်များတွင် အလေ့ကျ ပေါက်၍ ကလေးအိုစေ့များကို ကိုကိုးချောကလက်များ ပြုလုပ် သည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြ၏။

ချောကလက်စက်ရုံကြီးများသို့ ရောက်သောအခါ ကကေး အို အစေ့များကို ပို၍ အရသာကောင်းလာစေရန် စက်ဖြင့် လှော်ပေးရသည်။ ထို့နောက် စက်ဖြင့် ကြိတ်လိုက်သောအခါ အခွံများထွက်ကုန်ပြီးလျှင် အဆန်များသာ ကျန်ခဲ့၏။ အစေ့ခွံ များမှာ မြေဩဇာအတွက် အသုံးချရသည်။

ကကေးအိုအစေ့မှ ရသော အဆန်များမှာ ကိုကိုး၊ ချော ကလက် ပြုလုပ်ရသော အဓိကပစ္စည်းများ ဖြစ်သည်။ ချော ကလက်ပြုလုပ်ရာ၌ အဆန်များကို ချောကလက်အရည် ဖြစ် အောင် စက်ဖြင့် အထပ်ထပ်ကြိတ်ပေး၍ ပုံစံခွက်များထဲတွင် အအေးခံပေးရသည်။ ထို့နောက် သကြား၊ နို့၊ ကော်မှုန့်များ ရောစွက်လိုက်သောအခါ ချိုဆိမ့်သော ချောကလက်များ ဖြစ်လာသည်။

ချောကလက်သည် အလွန်အဆီများ၏။ ကကေးအို အဆန်များတွင် ကိုကိုးဆီဟုခေါ်သော အဆီအနှစ် တစ်ဝက် ကျော်မျှ ပါရှိသည်။ ယင်းကိုကိုးဆီမှာ အညိုရင့်ရောင်ရှိသည်။ အဆီဓာတ်လွန်ကဲ၍ အီဆိမ့်လှသည်။ ရှေးအခါက ချောကလက် များ ပြုလုပ်ရာတွင် မူလကိုကိုးဆီများ ပါရှိသမျှနှင့်သာ ပြုလုပ် ကြသော်လည်း ယခုအခါတွင် ကိုကိုးဆီများကို ပိုမိုထည့်ရမည့် ဆီကို ကလေးအိုအဆန်များမှ ကိုကိုးမှုန့် မပြုလုပ်မီ ထုတ်ယူ သည်။ ယင်းသို့အားဖြင့် ဖျော်သောက်ရမည့် ကိုကိုးမှုန့်မှာလည်း အဆီထုတ်ပြီးဖြစ်၍ အီဆိမ့်လွန်းခြင်း၊ အဆီများခြင်း မဖြစ် တော့ဘဲ ချောကလက်မှာလည်း ပို၍ အရသာကောင်းလာသည်။ ယင်းသို့အရသာ ပိုကောင်းသည်နှင့်အမျှ ချောကလက်သည် အစာကြေလွယ်ခြင်း မရှိချေ။ သို့ရာတွင် နည်းနည်းနှင့် ဝစေ သောအစာ ဖြစ်သည်။

ချောကလက်တွင် ပရိုတင်း၊ အဆီဓာတ်ဆားနှင့် အခြား ခွန်အားဖြစ်စေသော ဓာတ်များ ပြည့်စုံလုံလောက်စွာ ပါရှိသဖြင့် နည်းနည်းနှင့် အရာရောက်သော အစာ အာဟာရဖြစ်သည်။

ထို့ကြောင့် ပင်လယ်ရပ်ခြားသို့ သွားရောက်နေရသော စစ်သည် တော်များ စွန့်စားရှာဖွေသူများအဖို့ ချောကလက်သည် အလွန် အဖိုးတန်သော စားနပ်ရိက္ခာတစ်မျိုး ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)