ဘေဘီလုံရှိ မိုးပျံဥယျာဉ်

ဝီကီပီးဒီးယား မှ
ဘေဘီလုံရှိ မိုးပျံဥယျာဉ်ကို သရုပ်ဖော် ရေးဆွဲထားသောပုံ

ဘေဘီလုံရှိ မိုးပျံဥယျာဉ်သည် မူလပထမ ကမ္ဘာ့အံ့ဖွယ်များ တွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၎င်းကို ရှေးခေတ် မြို့ပြနိုင်ငံ တစ်ခု ဖြစ်သော ဘေဘီလုံ မြို့တွင် တည်ဆောက်ခဲ့ပြီး ယခုခေတ် အီရတ်နိုင်ငံ ဘာဘေး ဒေသ (Babil ) ရှိ အယ်လ်ဟေလာ(Al Hillah)အနီးတွင် ရှိသည်။ တစ်ခါတရံတွင် ဒဏ္ဍာရီလာ ဘုရင်မ ဆယ်မီးရာမစ်စ် ကို အစွဲပြု၍ ဆယ်မီးရာမစ်စ် ၏ မိုးပျံဥယျာဉ်ဟုလည်း ခေါ်ကြသည်။

ဥယျာဉ်ကို ဘေဘီလုံဘုရင် နီဘူချတ်ဒ်နက်ဇာ ၂ က ဘီစီ ၆၀၀ ခန့်တွင် တည်ဆောက်ခဲ့သည်. သူသည် အိမ်ကို လွမ်းဆွတ်တသနေသည့် သူ၏ ဇနီး မီဒီယာ ဒေသသူ အမီတစ် ကို နှစ်သိမ့်ရန် အတွက် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ သူမသည် သူမဒေသရှိ သစ်ပင်များနှင့် ရနံ့မွေးသော ပန်းပင်များကို လွမ်းဆွတ်နေသည့် အတွက်ကြောင့် ဖြစ်သည်။[၁] ဥယျာဉ်သည် ဘီစီ ၂ရာစု နောက်ပိုင်း မြေငလျင် အချို့ကြောင့် ပျက်စီးခဲ့ရသည်။

စိမ်းလန်းစိုပြေနေသော ဥယျာဉ်အကြောင်းကို ဂရိ သမိုင်းပညာရှင်များ ဖြစ်သည့် စထရာဘိုနှင့် ဒိုင်အိုဒိုးရပ်စ် စီးကူးလပ်စ်တို့က အသေးစိတ် မှတ်တမ်းတင်ခဲ့ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Foster၊ Karen Polinger (1998)။ "Gardens of Eden: Flora and Fauna in the Ancient Near East" (PDF)Transformations of Middle Eastern Natural Environments: Legacies and LessonsNew Haven: Yale University။ pp. 320–329။ 28 August 2006 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2007-08-11 တွင် ပြန်စစ်ပြီး