ရေခဲမုန့်

ဝီကီပီးဒီးယား မှ
Ice cream
Vanilla ice cream served with whipped cream, chocolate sauce and a wafer
အဓိကသုံးဆောင်မှုDessert
သုံးဆောင် အပူချိန်Frozen
အဓိက ပါဝင်ပစ္စည်းMilk, cream, sweetener
မျိုးကွဲများGelato, frozen custard
Cookbook: Ice cream  Media: Ice cream

အိမ်တွင် မိသားစုစားရန် ရေခဲမုန့်ပြုလုပ်ရန်အတွက် ကြက်ဥအနှစ် (၄) လုံး သကြား လက်ဖက်ရည်ခွက် တစ်ခွက်နှင့် တစ်ဝက် နွားနို့ မတ်ခွက် (၁) ခွက် ပြောင်းဖူးမှုန့် (သို့မဟုတ်) ကော်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းလိုအပ်ပါသည်။ ပထမဦးစွာ ဇလုံကြီးကြီးတစ်ခုအတွင်းတွင် ကြက်ဥအနှစ်များနှင့်သကြားတို့ကို ရောထည့်ကာ ခက်ရင်းဖြင့် မွှေက ခလောက်ရသည်။ ကြက်ဥနှစ်အရောင် အဖြူရောင်သို့ ပြောင်းလာသည်အထိ ကြာမြင့်စွာ ခလောက်ပေးရသည်။ နွားနို့ကိုမီးဖိုပေါ်တွင် မီးအေးအေးဖြင့်ကျိုပါသည်။ နွားနို့ဆူပွက်လာလျှင် နွားနို့အိုးကို မီးဖိုပေါ်မှ ချကာ ခလောက်ထားသော ကြက်ဥအနှစ်နဲ့သကြားအရောအနှောကို နွားနို့အိုးထဲသို့ ပေါင်းထည့်ပါသည်။ ထို့နောက် ပြောင်းဖူးမှုန့် (သို့မဟုတ်) ကော်မှုန့်ကို ရောထည့်ပြီး မွှေပေးပါသည်။ အကယ်၍ နှစ်သက်ရာ အသီးရေခဲမုန့် လိုချင်ပါက နှစ်သက်ရာ အသီးများကို ခြေမွကာ ထည့်ပါသည်။ စတော်ဘယ်ရီသီးရေခဲမုန့် ရရှိစေရန်အတွက် စတော်ဘယ်ရီသီးများကို ခြေမွကာထည့်ပြီး သမအောင် ရောမွှေနယ်ပါသည်။ ရရှိလာသော ထိုအရောအနှောကို ဒယ်အိုးပြားထဲသို့ ပြောင်းထည့်ကာ မီးဖိုပေါ်တွင် မီးပမာဏအနည်းဆုံးဖြင့် အချိန် (၈) မိနစ်မှ (၁၀)မိနစ်ခန့်ထိ ချက်ပါသည်။ ထို့နောက် အအေးခံကာ နှစ်သက်ရာ ထည့်စရာဗူးထဲသို့ ပြောင်းထည့်ကာ အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာအအေးခန်းထဲတွင် (၈) နာရီကြာ အေးခဲစေပြီးနောက် အရသာရှိသော အိမ်လုပ် ရေခဲမုန့်ကို ရရှိသည်။

ကိုးကား[ပြင်ဆင်ရန်]