ပင်စင်ဦးစီးဌာန

ဝီကီပီးဒီးယား မှ
ပင်စင်ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၃၄)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းရှိန်
ဌာနအကြီးအမှူးများ၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန

ပင်စင် ဦးစီးဌာန (အင်္ဂလိပ်: Penaion Department) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[၁]

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၂၀၁၆ တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် ပြန်လည်ပူးပေါင်းခဲ့ပြီး လုပ်ငန်းအဖွဲ့ (၁၈) ခုကို ဖွဲ့စည်းခဲ့ရာ ပင်စင်ဦးစီးဌာနသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။[၂]၂၀၁၉ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ၂၀၂၁ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ လက်အောက်၌ ပါဝင်ဖွဲ့စည်းခဲ့သည်။[၃]

နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမှ အငြိမ်းစားယူကြသောအခါ အကျိုးခံစားခွင့်များအရ “ပင်စင်လစာနှင့်လုပ်သက်ဆုငွေ” တို့ကို နိုင်ငံတော်မှ ချီးမြှင့်ရန်အတွက်ဖြစ်ပြီး ချီးမြှင့်ရာတွင် အငြိမ်းစားအကျိုးခံစားခွင့်များကို ပင်စင်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ကြသည်။

ပင်စင်ဦးစီးဌာန၏ တာဝန်များ[ပြင်ဆင်ရန်]

ဤဌာနတွင် လုပ်ငန်းလုပ်ဆောင်ရာ၌ တာဝန်များစွာကို ထမ်းဆောင်ကြ၏။ ဥပမာ အမျိုးသားပင်စင်စနစ် ပေါ်ပေါက်စေရန် ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပင်စင်ဆိုင်ရာမူဝါဒများအား ပြန်လည်သုံးသပ်ခြင်း၊ ပင်စင်ဆိုင်ရာ စာရင်းမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းကို အခြေခံသည့် စနစ်မှ ICT ကို အခြေခံ၍ တွက်ချက်ခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲခြင်းတို့ကဲ့သောရတာဝန်များအပြင် အခြားတာဝန်များစွာလည်း ပါဝင်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဌာန နောက်ခံသမိုင်း
  2. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နောက်ခံသမိုင်းအကျဉ်းချုပ်။ 22 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2020 တွင် ပြန်စစ်ပြီး။
  3. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နောက်ခံသမိုင်း
  4. ပင်စင်ဦးစီးဌာန။ 23 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2021 တွင် ပြန်စစ်ပြီး။