မြန်မာ့အာမခံလုပ်ငန်း

ဝီကီပီးဒီးယား မှ
မြန်မာ့အာမခံလုပ်ငန်း
Myanma Insurance.png
အာမခံလုပ်ငန်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မတ် ၁၊ ၁၉၅၂; ၇၁ နှစ် အကြာက (၁၉၅၂-၀၃-01)
ယခင်အဖွဲ့အစည်းပြည်ထောင်စုအာမခံစနစ်အဖွဲ့ (၁၉၅၂–၁၉၇၅)
မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်း (၁၉၇၅–၁၉၈၉)
ဌာနချုပ်ကုန်သည်လမ်းရန်ကုန်မြို့
ဌာနအကြီးအမှူးများ​ဒေါက်တာ စန္ဒာဦး၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်ဌာနစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mminsurance.gov.mm

မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၁၉၅၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ နောင်အခါ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့သည်။ ရုံးချုပ်တည်ရာမှာ အမှတ်- ၆၂၇/၆၃၅၊ ကုန်သည်လမ်းရန်ကုန်မြို့ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၈-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။

မြန်မာ့အာမခံတွင် ပမာဏကြီးမားသော အရံ ရန်ပုံငွေများ (အသက် အာမခံရန်ပုံငွေ ကျပ် သန်းပေါင်း ၈၂၂၂.၁၇၊ အထွေထွေ အာမခံရန်ပုံငွေ ကျပ် ၄၅ဝ၆၁.၃၅ သန်း၊ အထွေထွေ သီးသန့်ရန်ပုံငွေ ကျပ် ၂၂၆၁.၉၅ သန်း)နှင့် ကြီးမားသော တစ်ဆင့်အာမခံ အကာအကွယ်များ လည်းရှိသည်။ မီးနှင့်ရေကြောင်း အာမခံ ပိုလွန် ဆုံးရှုံးမှုစာချုပ်များ၊ စွမ်းအင်အာမခံ စာချုပ်များ၊ မော်တော်ကား စိတ်ကြိုက် တာဝန်ယူမှု စာချုပ်များလည်း အခိုင်အမာချုပ်ဆို ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါ တစ်ဆင့် အာမခံစာချုပ်များကို ကမ္ဘာထိပ်တန်း တစ်ဆင့်အာမခံ ကုမ္ပဏီကြီးများနှင့် ချုပ်ဆိုဆောင်ရွက် ထားခြင်း ဖြစ်သည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွင်း လျော်ကြေး စုစုပေါင်း ကျပ် ၁၅၇၁.၆ဝ သန်း ပေးလျော်ခဲ့သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို ၁၈၂၆ တွင် စတင်ခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာစစ်အပြီး ဥရောပတိုက်သားများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြရာ ထိုလုပ်ငန်းများအတွက် အာမခံအကာအကွယ်ပေးနိုင်ရန် နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် စတင်ရောက်ရှိလာခဲ့သည်။ ၁၈၉၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကာလအတွင်း အာမခံကုမ္ပဏီပေါင်း ၁၁၀ အထိ ရှိခဲ့ရာ ယင်းတို့ အထဲတွင် ၁၉၃၇ ခုနှစ်အတွင်း၌ ဆာဦးသွင်မှ ဥက္ကဋ္ဌအဖြစ် တည်ထောင်သော မြန်မာပြည်အမျိုးသားအာမခံကုမ္ပဏီ လီမိတက် (Burma National Insurance Co., Ltd.) နှင့် ဒေါက်တာဦးဆက်မှ ဥက္ကဋ္ဌအဖြစ် တည်ထောင်သော မြန်မာနိုင်ငံ (အစိုးရ တာဝန်ခံချုပ်) အာမခံကုမ္ပဏီလီမိတက်ဟူ၍ မြန်မာကုမ္ပဏီ ၂ ခုသာ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အာမခံလုပ်ငန်းများ ရပ်တန့်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ခန့်အပ်သော ဒုတိယကြားဖြတ်အစိုးရသည် မြန်မာနိုင်ငံ စစ်ဘေးဥပါဒ် (အသက်၊ မတော်တဆထိခိုက်ခြင်းနှင့်ပစ္စည်း) အာမခံနည်းဥပဒေ များကို ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ(အစိုးရတာဝန်ခံချုပ်) အာမခံကုမ္ပဏီသည် အာမခံ လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်ခဲ့သည်။[၂]

၁၉၄၈ ခုနှစ်တွင် မြန်မာအမျိုးသားအာမခံကုမ္ပဏီများဖြစ်ကြသော ပြည်သူ့အာမခံကုမ္ပဏီ လီမိတက်နှင့် မြန်မာနိုင်ငံ မီးနှင့်အထွေထွေအာမခံကုမ္ပဏီလီမိတက်တို့ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ဥပဒေပြဋ္ဌာန်းကာ အစိုးရက ပါဝင်လုပ်ကိုင် လာခဲ့သည်။[၂]

ဘားမားနေရှင်နယ်အာမခံကုမ္ပဏီ (Burma National Insurance Co.,) ကို ၁၉၅၁ အာမခံ ကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်ခြင်းအက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်၍ ၁၉၅၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အထွေထွေအာမခံလုပ်ငန်းကို တိုက်ရိုက် လက်ခံဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်အာမခံလုပ်ငန်းကို အစိုးရမှတပါး အခြားသူများမလုပ်ရန် တားမြစ်ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အထွေထွေအာမခံလုပ်ငန်းကို ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) တစ်ခုတည်းကသာ လုပ်ကိုင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။[၂]

၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘဏ်များပူးပေါင်းရာ၌ တစ်ခုတည်းသော ဘဏ်အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့သည် လည်း ပူးပေါင်းပါဝင်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၁၀)ဖြင့် အာမခံလုပ်ငန်းဥပဒေကို ပြဋ္ဌာန်း၍ ယင်းဥပဒေအရ ၁၉၇၆ ခု၊ ဧပြီလ ၁ ရက်မှစ၍ မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းဟု သီးခြားအဖွဲ့အစည်းဖြင့် ရပ်တည်ကာ အာမခံလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။[၂]

၁၉၈၉ ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်း ကို မြန်မာ့အာမခံ လုပ်ငန်းဟု ခေါ်တွင်ခဲ့သည်။[၂]

အာမခံအမျိုးအစားများ[ပြင်ဆင်ရန်]

ယခုလက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျှက် ရှိသော အာမခံအမျိုးအစားများမှာ -

  • အသက်အာမခံ
  • စုပေါင်းအသက်အာမခံ
  • သင်္ဘောသားအသက်အာမခံ
  • ပြည်ပလုပ်သားအသက်အာမခံ
  • အားကစားသမားအသက်အာမခံ
  • မြွေအန္တရာယ်အသက်အာမခံ
  • ကျန်းမာရေးအာမခံ
  • မီးနှင့်တွဲဖက်အန္တရာယ်များအာမခံ
  • ပစ္စည်းပျက်စီးခြင်းနှင့် လုပ်ငန်းရပ်ဆိုင်းဆုံးရှုံးမှုအာမခံ
  • စက်မှုလုပ်ငန်းဆိုင်ရာအထူးအန္တရာယ်
  • စက်မှုလုပ်ငန်းဆိုင်ရာ အလုံးစုံအန္တရာယ်
  • ဆေးရုံတက်ရောက်မှုအာမခံ
  • ရေကြောင်းကုန်ပစ္စည်းအာမခံ
  • သင်္ဘောကိုယ်ထည်အာမခံ
  • ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်လုပ်ငန်းရှင်များ တာဝန်ရှိမှုအာမခံ
  • လေယာဉ်ကိုယ်ထည်အာမခံ
  • လေယာဉ်စီးခရီးသည်များ သေဆုံးမှုနှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
  • ခရီးသည်လက်ဆွဲတန်ဆာပျောက်ဆုံးတာဝန်ရှိမှုအာမခံ
  • လေကြောင်းပို့ကုန်ပစ္စည်း ပျောက်ဆုံးတာဝန်ရှိမှုအာမခံ
  • လေယာဉ်ချောစာ ပျောက်ဆုံးတာဝန်ရှိမှုအာမခံ
  • သူတစ်ပါးထိခိုက်မှုတာဝန်ရှိမှုအာမခံ
  • လေယာဉ်သားထိခိုက်မှု တာဝန်ရှိမှုအာမခံ
  • လေယာဉ်ကိုယ်ထည်ဆုံးရှုံးမှု နှုတ်ဖြတ်ငွေအတွက်အာမခံ
  • လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ်အာမခံ
  • အလုံးစုံမော်တော်ယာဉ်အာမခံ
  • စက်တပ်ယာဉ်ဖြင့် သူတစ်ပါးထိခိုက်မှုအာမခံ
  • အလုံးစုံအန္တရာယ်အထွေထွေတာဝန်ရှိမှုအာမခံ
  • အလုပ်သမားလျော်ကြေးအာမခံ
  • အလုပ်သမား/ဝန်ထမ်းများတာဝန်ရှိမှုအာမခံ သို့မဟုတ် အလုပ်ရှင်များတာဝန်ရှိမှု အာမခံ
  • မြေသယံဇာတတူးဖော်ရေးလုပ်ငန်းရှင်များ တာဝန်ရှိမှုအာမခံ
  • ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းလုပ်ကိုင်သူများ စိုက်ထုတ်ကုန်ကျမှုအာမခံ
  • ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ
  • ကန်ထရိုက်တာလုပ်ငန်းခွင်နှင့် စက်ပစ္စည်းများအာမခံ
  • တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ
  • အီလက်ထရွန်းနစ်ပစ္စည်းအာမခံ
  • စက်ပစ္စည်းအာမခံ
  • ရေနံနှင့်သဘာဝဓာတ်ငွေ့အာမခံ
  • သမာဓိအာမခံ
  • ငွေသားလုံခြုံမှုအာမခံ
  • ငွေပို့ငွေသယ်အာမခံ
  • ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ
  • သမဝါယမအမှုဆောင်များ ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ
  • ဆေးရုံတက်ရောက်ခြင်းနှင့် ခွဲစိတ်ကုသမှုအာမခံ
  • ဖောက်ထွင်းခိုးယူမှုအာမခံ
  • ခရီးသွားအာမခံ
  • ကမ္ဘာလှည့်ခရီးသည် ခရီးသွားအာမခံ
  • အပ်ငွေအာမခံ
  • ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ


အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာ့အာမခံလုပ်ငန်း။ ဘဏ္ဍာရေး ဝန်ကြီးဌာန။ 21 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ မြန်မာ့အာမခံလုပ်ငန်း နောက်ခံသမိုင်း။ 9 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။