စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန

ဝီကီပီးဒီးယား မှ

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်၌ ၁၉၇၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၁]

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ-

  • လုပ်ငန်းစီမံကိန်းသစ်များ၊ တိုးချဲ့လုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြသည့်အဆင့်မှ အကောင်အထည်ဖော် ပြီးစီးသည့်အဆင့်အထိ စိစစ်တင်ပြခြင်း၊
  • နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုကို အစီရင်ခံခြင်း၊
  • အစိုးရဝန်ထမ်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကိုစိစစ်တင်ပြခြင်း နှင့်
  • အခါအားလျှော်စွာ ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ခြင်း တို့ဖြစ်သည်။[၁]

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသည် အထက်ပါတာဝန်များအပြင် အောက်ပါ အဖွဲ့အစည်းများ၏ ရုံးလုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်သည်။

  • နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
  • စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့
  • နိုင်ငံပိုင်သိမ်းဆည်းထားသော ပစ္စည်းများ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင့် မြေယာကွက်များ စီမံခန့်ခွဲမှုကော်မတီ

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသည် အောက်ပါ ဌာနခွဲများဖြင့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျက်သည်။ [၂]

  • စီမံကိန်းစိစစ်ရေးဌာနခွဲ(၁)
  • စီမံကိန်းစိစစ်ရေးဌာနခွဲ(၂)
  • စီမံကိန်းစိစစ်ရေးဌာနခွဲ(၃)
  • စီမံကိန်းလုပ်ငန်းတန်ဖိုးစိစစ်ရှေးဌာနခွဲ
  • ပြန်လည်စိစစ်သုံးသပ်ရေးဌာနခွဲ(၁)
  • ပြန်လည်စိစစ်သုံးသပ်ရေးဌာနခွဲ(၂)
  • တိုးတက်မှုအစီရင်ခံရေးဌာနခွဲ(၁)
  • တိုးတက်မှုအစီရင်ခံရေးဌာနခွဲ(၂)
  • ဖွဲ့စည်းပုံစိစစ်ရေးဌာနခွဲ
  • ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ငွေစာရင်းဌာနခွဲ
  • သုတေသနလေ့ကျင့်ရေးနှင့်ကွန်ပျုတာဌာနခွဲ
  • စီမံခန့်ခွဲရေးဌာနခွဲ

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၏ ခွင့်ပြုအင်အားမှာ အရာထမ်းရာထူး (၆၄)နေရာ၊ အမှုထမ်းရာထူး (၁၆၈)နေရာ၊ စုစုပေါင်းရာထူး (၂၃၂)နေရာဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။
  2. ဝန်ထမ်းအင်အားနှင့်ဖွဲ့စည်းပုံ။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]