နိုင်ငံတကာ အာကာသ စခန်း

ဝီကီပီးဒီးယား မှ
အတ္တလန်တစ် အာကာသယာဉ်မှ ရိုက်ကူးထားသည့် နိုင်ငံတကာ အာကာသ စခန်း (၂၃ မေ ၂၀၁၀)

နိုင်ငံတကာ အာကာသ စခန်း (International Space Station, ISS) သည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ အထက် ပတ်လမ်းနိမ့်ပေါ် လွှတ်တင် တပ်ဆင်ထားသည့် နိုင်ငံတကာ သုတေသန အဆောက်အအုံ တစ်ခုဖြစ်သည်။ ယင်းအား သာမန်မျက်စိဖြင့် မြင်နိုင်သည်။[၁][၂] ၁၉၉၈ ခုနှစ်တွင် စတင် တပ်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု လျာထားပြီး ၂၀၁၅ ခုနှစ် အထိ လည်ပတ် စေနိုင်မည်ဟု ခန့်မှန်းရသည်။ [၃][၄]

လက်ရှိ အာကာသ စခန်းသည် ယခင်စခန်းများထက် ကန့်လန့်ဖြတ်အလျား ပိုမိုရှည်လျားပြီး လက်ရှိ ကမ္ဘာကို လည်ပတ်နေသည့် ဂြိုဟ်တုဖြစ်ကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။ [၅] သိပ္ပံပညာရှင်များသည် နိုင်ငံတကာ အာကာသ စခန်းကို ဆွဲငင်အား လွန်စွာ နည်းပါးသည့် မိုက်ခရို ဂရဗ်ဗီတီ (microgravity) ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးချကာ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ဓာတုဗေဒရူပဗေဒနှင့် ဆေးဝါးဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်ကြသည်။ အာကာသနှင့် မိုးလေဝသကို စောင့်ကြည့် လေ့လာကြသည်။ [၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Central Research Institute for Machine Building (FGUP TSNIIMASH) Control of manned and unmanned space vehicles from Mission Control Centre Moscow။ Russian Federal Space Agency။ 26 September 2011 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. NASA Sightings Help Page။ Spaceflight.nasa.gov (30 November 2011)။ 5 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 May 2012 တွင် ပြန်စစ်ပြီး။
  3. "Statement by Charlie Bolden, NASA Budget Press Conference" (PDF) (သတင်းထုတ်ပြန်ချက်)။ NASA။ 1 February 2010။ 1 February 2010 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး1 February 2010 တွင် ပြန်စစ်ပြီး
  4. Nations Around the World Mark 10th Anniversary of International Space Station။ NASA (17 November 2008)။ 6 March 2009 တွင် ပြန်စစ်ပြီး။
  5. Fields of Research။ NASA (26 June 2007)။ 23 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2010 တွင် ပြန်စစ်ပြီး။
  6. Getting on Board။ NASA (26 June 2007)။ 8 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2010 တွင် ပြန်စစ်ပြီး။