ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် Democratic Karen Benevolent Army | |
---|---|
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင် | |
![]() ဒီကေဘီအေ တပ်မဟာ-၅ မှ အသုံးပြုသော အလံတော် | |
လှုပ်ရှား | ဩဂုတ် ၂၀၁၀ | –လက်ရှိ
ခံယူချက် | ကရင်အမျိုးသားရေး[၁] ထေရဝါဒ ဗုဒ္ဓဘာသာ[၂] |
ဦးဆောင်သူများ | ဗိုလ်မှူးချုပ် စောလားဖွယ် (၂၀၁၀–၂၀၁၆) ဗိုလ်ချုပ်ကြီး စောမိုရှေး (၂၀၁၆–၂၀၂၁) ဒုဗိုလ်ချုပ်ကြီး စောစတီး (၂၀၂၁–လက်ရှိ) |
ဌာနချုပ် | ဆုံဆည်းမြိုင်၊ မြဝတီမြို့နယ် |
လှုပ်ရှားသည့် ဧရိယာ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အင်အား | ၁,၅၀၀[၃] |
မဟာမိတ် | ဖိုင်:Arakan State Army Flag.png ရခိုင်ပြည်တပ်မတော် |
ပြိုင်ဘက် | ![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းသောင်းကျန်းမှုသမိုင်း
|
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (အင်္ဂလိပ်: Democratic Karen Benevolent Army) ကို ဒီကေဘီအေ တပ်မဟာ-၅ ဟုလည်း ခေါ်ဆိုသည်။ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မဟာ-၅ ကို တပ်ရင်း(၅)ရင်းဖြင့် ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးချုပ် (ခ)နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မဟာ-၅ သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည်။[၂]
စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် လစ်လပ်သွားသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၄]
လက်အောက်ခံ တပ်ရင်းများ[ပြင်ဆင်ရန်]
- တပ်ရင်း (၉ဝ၁)
- တပ်ရင်း (၉ဝ၄)
- တပ်ရင်း (၉ဝ၅)
- တပ်ရင်း (၉ဝ၆)
- တပ်ရင်း (၉ဝ၇)တို့ဖြစ်ကြသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Myanmar Peace Monitor: Stakeholders - DKBA-5။
- ↑ ၂.၀ ၂.၁ "Myanmar rebel armies join forces"၊ Al-Jazeera English၊ 2010-11-12။ 2010-11-12 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Peace Monitor
- ↑ ဒုဗိုလ်ချုပ်ကြီး စောစတီးကို DKBA စစ်ဦးချုပ်အဖြစ်ခန့်အပ် (in en) (23 စက်တင်ဘာ 2021)။ ၂၃ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။