ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
| ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် Democratic Karen Benevolent Army | |
|---|---|
ဒီကေဘီအေ တပ်မဟာ-၅ မှ အသုံးပြုသော အလံတော် | |
| ခေါင်းဆောင်များ | ဗိုလ်မှူးချုပ် စောလားဖွယ် (၂၀၁၀–၂၀၁၆) ဗိုလ်ချုပ်ကြီး စောမိုရှေး (၂၀၁၆–၂၀၂၁) ဒုဗိုလ်ချုပ်ကြီး စောစတီး (၂၀၂၁–လက်ရှိ) |
| စတင်လှုပ်ရှားခြင်း | ဩဂုတ် ၂၀၁၀–လက်ရှိ |
| ဌာနချုပ် | ဆုံဆည်းမြိုင်၊ မြဝတီမြို့နယ် |
| လှုပ်ရှားနယ်မြေ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| နိုင်ငံရေးအယူဝါဒ | ကရင်အမျိုးသားရေး[၁] ထေရဝါဒ ဗုဒ္ဓဘာသာ[၂] |
| မဟာမိတ် | ဖိုင်:Arakan State Army Flag.png ရခိုင်ပြည်တပ်မတော် |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ
|
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (အင်္ဂလိပ်: Democratic Karen Benevolent Army) ကို ဒီကေဘီအေ တပ်မဟာ-၅ ဟုလည်း ခေါ်ဆိုသည်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မဟာ-၅ ကို တပ်ရင်း(၅)ရင်းဖြင့် ၂၀၀၉ နှစ် မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးချုပ် (ခ)နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မဟာ-၅ သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည်။[၂]
စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် လစ်လပ်သွားသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၃]
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A) မှ အမှတ်(၁) စစ်ကွပ်ကဲရေးလက်အောက်ခံ အမှတ်(၉၁၅) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ ၂ ဦးအား ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်ဖွဲ့တွေထံ ပူးပေါင်းပါဝင်မှုကြောင့် တပ်ဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်။ [၄]
လက်အောက်ခံ တပ်ရင်းများ
[ပြင်ဆင်ရန်]- တပ်ရင်း (၉၀၁)
- တပ်ရင်း (၉၀၄)
- တပ်ရင်း (၉၀၅)
- တပ်ရင်း (၉၀၆)
- တပ်ရင်း (၉၀၇)တို့ ဖြစ်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Myanmar Peace Monitor: Stakeholders - DKBA-5။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2016 တွင် ပြန်စစ်ပြီး။
- 1 2 "Myanmar rebel armies join forces"၊ Al-Jazeera English၊ 2010-11-12။ 2010-11-12 တွင် ပြန်စစ်ပြီး။
- ↑ ဒုဗိုလ်ချုပ်ကြီး စောစတီးကို DKBA စစ်ဦးချုပ်အဖြစ်ခန့်အပ် (in en) (23 စက်တင်ဘာ 2021)။ ၂၃ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ မတ် ၁၂ ရက် ဘီဘီစီ သတင်းများတိုက်ရိုက်တင်ဆက်မှု - ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်ထဲ TNLA နဲ့ MNDAA အင်အားတိုးနေ (in my) (2026-03-12)။ 2026-03-12 တွင် ပြန်စစ်ပြီး။