ထွန်းထွန်းမင်း

ဝီကီပီးဒီးယား မှ
ထွန်းထွန်းမင်း
မွေးဖွားMaung Tun Tun Min
(1992-10-04) အောက်တိုဘာ ၄၊ ၁၉၉၂ (အသက် ၃၁)
အမည်ရင်းထွန်းထွန်းမင်း
အခြားအမည်များMohammed Saet
နိုင်ငံသားမြန်မာနိုင်ငံသား မွန်လူမျိုး
အမြင့်၁.၇၅ m (၅ ft ၉ in)
ကိုယ်လေးချိန်၈၀ kg (၁၈၀ lb; ၁၃ st)
စတိုင်လက်ဝှေ့၊ မွေထိုင်း
StanceOrthodox
အသင်းFit & Fight Fitness & Lethwei, Yangon
တက်ကြွသောနှစ်များ၂၀၀၂ - လက်ရှိ
တက္ကသိုလ်ဒဂုံတက္ကသိုလ်
ကြင်ဖော်မသဲပွင့်ဖြူ (လက်ထပ် ၂၀၁၅)
မိသားစုဝင်များဦးထွန်းထွန်းဇော် (ဖခင်)၊ ထွန်းမင်းလတ်၊ ထွန်းမင်းနိုင်၊ ထွန်းမင်းအောင် (ညီအစ်ကိုများ)
ဆုတံဆိပ် ရာဇဝင်
မွေထိုင်း (အမျိုးသား)
 မြန်မာ ကိုယ်စားပြု
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ရွှေတံဆိပ် – ပထမနေရာ ၂၀၁၃ နေပြည်တော် Event
Asian Indoor and Martial Arts Games
ကြေးတံဆိပ် – တတိယနေရာ ၂၀၁၃ အင်ချွန်း၊ ကိုရီးယား Event
အာရှ မွေ့ထိုင်း ချန်ပီယံရှစ်
ငွေတံဆိပ် – ဒုတိယနေရာ ၂၀၁၂ ဟိုချစ်မင်းစီးတီး၊ ဗီယက်နမ် Event
အမျိုးသားလက်ဝှေ့
ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲ
ရွှေတံဆိပ် – ပထမနေရာ ၂၀၁၀ ရန်ကုန် Event

ထွန်းထွန်းမင်း (၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့ဖွား) သည် မြန်မာနိုင်ငံသား မွန်လူမျိုး လက်ဝှေ့အားကစားသမားတစ်ဦး ဖြစ်သည်။ ထွန်းထွန်းမင်းသည် အလွတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သည်။ ထွန်းထွန်းမင်းသည် လက်ဝှေ့ရွှေခါးပတ်ကို ရယူခဲ့သည့် အငယ်ဆုံးသော လက်ဝှေ့သမားတစ်ဦး ဖြစ်ပြီး အသက် ၂၁ အရွယ်တွင် လက်ဝှေ့ရွှေခါးပတ်ကို ရရှိခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ ပြင်ပ အခြားသောနိုင်ငံများတွင် ကျင်းပသည့် ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့်လည်း လူသိများသည်။ သူသည် ၂၀၁၂ ခုနှစ် အာဆီယံမွေထိုင်းချန်ပီယံပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအာဆီယံဂိမ်းနှင့် 2013 Asian Indoor and Martial Arts Games ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁][၂][၃][၄][၅][၆]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ထွန်းထွန်းမင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ဖနုံကျေးရွာမှာ ၁၉၉၂က မွေးဖွားခဲ့သည်။ မွန် လူမျိုး ဖြစ်သည်။ သူ၏ မိဘနှစ်ပါးမှ ဦးထွန်းထွန်းဇော်နှင့် ဒေါ်အေးဝင်း ဖြစ်သည်။ သူသည် ဒုတိယမြောက်အကြီးဆုံးသား ဖြစ်သည်။ ထွန်းထွန်းမင်းသည် သူ၏ လက်ဝှေ့ပွဲများကို မွန်ပြည်နယ်တွင် စတင်ခဲ့သည်။ သူသည် အသက် ၆ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူက ဝယ်ယူခဲ့သည့် သဲအိတ်များ၊ အခြားအခြေခံပစ္စည်းများဖြင့် လေ့ကျင့်ခဲ့သည်။ စတုတ္ထတန်းရောက်သည့် အသက် ၉ နှစ်အရွယ်တွင် သူသည် ကျောင်းတွင်းကျင်းပသည့် ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။[၇][၈][၉][၁၀][၁၁]

၆ တန်းသို့ ရောက်ရှိခဲ့သည့်အခါ ထွန်းထွန်းမင်းသည် လက်ဝှေ့ကို အာရုံစိုက်နိုင်ရန်နှင့် မိသားစုကို ထောက်ပံ့ရန် ကျောင်းထွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထိုင်းနိုင်ငံရှိ နာနတ်သီးခြံတွင် လိုအပ်သည့် ဝင်ငွေများ ရရှိရန် အလုပ်လုပ်ခဲ့သည်။ ထိုအချိန်တွင် သူ၏ သူဌေးဖြစ်သူသည် ရွာအတွင်းရှိ အခြားသော မွေထိုင်းကစားသမားယောက်ျားလေးများနှင့် ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သည်။ ထွန်းထွန်းမင်းသည် ထိုယှဉ်ပြိုင်မှုတွင် အနိုင်ရခဲ့သည်။[၁၂]

ထွန်းထွန်းမင်းသည် နေအိမ်သို့ ပြန်လာသည့်အခါတွင် မုဒုံသားလက်ဝှေ့ကလပ်နှင့် ဆက်သွယ်ခဲ့သည်။ မုဒုံသားလက်ဝှေ့ကလပ်သည် ၂၀၀၈ ခုနှစ်တွင်ဆရာဦးရဲသွေး၊ ဦးသမိန်သော်တာနှင့် ထွန်းထွန်းမင်း၏ ဖခင်ဖြစ်သူတို့ တည်ထောင်ခဲ့သည့် လက်ဝှေ့ကလပ် ဖြစ်သည်။

လက်ဝှေ့အားကစားသမားဘဝ[ပြင်ဆင်ရန်]

သူ၏ နည်းပြဆရာအသစ်များ၏ လမ်းညွှန်မှုအောက်တွင် ထွန်းထွန်းမင်းသည် သူ၏ ပရောက်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝကို စတင်ခဲ့သည်။ လက်ဝှေ့ပွဲများကို ဘုရားပွဲများနှင့် အခြားယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထွန်းထွန်းမင်းသည် အင်တာဗျူးများတွင် သူ၏အသက် ၂၇ နှစ်အရွယ်တွင် အနားယူရန် စီစဉ်ထားသည်ဟု ထုတ်ဖော်ပြောခဲ့သည်။[၁၃][၁၄]

ချန်ပီယံဖြစ်လာခြင်း[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ အသက် ၂၁ နှစ်အရွယ်တွင် ထွန်းထွန်းမင်းသည် စောငမန်းကို အနိုင်ယူပြီး အလွတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်လာခဲ့သည်။ စောငမန်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ထွန်းထွန်းမင်းနှင့်အတူတူ လေ့ကျင့်ခဲ့ဖူးသည်။[၁၅][၁၆]

ရရှိခဲ့သည့် ဆုများ[ပြင်ဆင်ရန်]

  1. ၂၀၁၃ ခုနှစ် ဒဂုံရွှေအောင်လံအထူးဆု (Trophy)
  2. ၂၀၁၄ ခုနှစ် အလွတ်တန်းလက်ဝှေ့ချန်ပီယံ (Title)
  3. ၂၀၁၅ ခုနှစ် သင်္ကြန်လက်ဝှေ့ချန်ပီယံ (ခါးပတ်)
  4. ၂၀၁၅ ခုနှစ် အကောင်းဆုံးလက်ဝှေ့သမားဆု (Trophy)[၁၇]
  5. ၂၀၁၆ ခုနှစ် အလွတ်တန်းမြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံဆု (ခါးပတ်)

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

လက်ဝှေ့ကစားသမားဘဝမှတ်တမ်းများ[ပြင်ဆင်ရန်]

ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားခြင်း မှတ်တမ်း[ပြင်ဆင်ရန်]

ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားခြင်း မှတ်တမ်း

Legend:       Win       Loss       Draw/No contest       Notes

မွေထိုင်းကစားသမားမှတ်တမ်းများ[ပြင်ဆင်ရန်]

Professional Muay Thai record

Legend:       Win       Loss       Draw/No contest       Notes

MMA ပြိုင်ပွဲမှတ်တမ်းများ[ပြင်ဆင်ရန်]

Res. Record ပြိုင်ဘက် နည်းလမ်း ပြိုင်ပွဲ နေ့ရက် ပွဲချီ အချိန် နေရာ မှတ်ချက်
Loss 0–1 Daryl Lokuku Ippon (Ground and pound) Ganryujima Way of the Samurai Koukai Senshou Final ၃၁ ဇူလိုင် ၂၀၁၆ 1 2:03 Ariake, Tokyo, Japan

ကိုးကား[ပြင်ဆင်ရန်]

  1. Kyaw Tun (17 April 2015)။ ဘက်တူရင် လူမရွေးတဲ့ ထွန်းထွန်းမင်း (The people side with Tun)။ 18 November 2015 တွင် ပြန်စစ်ပြီး။
  2. Kyaw Zin Hlaing။ "Bring on the world"၊ Myanmar Times၊ 19 January 2016။ 30 March 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  3. "'မွေ'အားကစားနည်းမှ ရရှိခဲ့သည့် ရွှေတံဆိပ် (၂)ခုသည် (p၉)"၊ Myanma Alinn Daily၊ 10 August 2012။ 
  4. "မြန်မာလက်ဝှေ့အဖွဲ့ ပြည်ပထွက်ခွာ (p၁၀)"၊ Myanma Alinn Daily၊ 18 June 2012။ 
  5. Hlaing၊ Kyaw Zin။ "ဝင်းထွန်းရှုံးပွဲတွေ့ပြီး ထွန်းထွန်းမင်းနှင့် စိုးလင်းဦးတို့ သရေရလဒ်သာထွက်ခဲ့"၊ Myanmar Times၊ 16 May 2013။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  6. Hlaing၊ Kyaw Zin။ "Russian fighters meet the real deal in Myanmar"၊ Myanmar Times၊ 29 March 2016။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  7. Linn၊ Kyaw Ye။ "Ethnic Muslim fighter eyes Myanmar’s kickboxing crown"၊ Anadolu Agency၊ 30 November 2018။ 
  8. Tun၊ Kyaw Myo။ "ဘက်တူရင် လူမရွေးတဲ့ ထွန်းထွန်းမင်း"၊ The Irrawaddy Burmese Edition၊ 1 May 2015။ 
  9. Foreigners drawn to Myanmar's bone-crunching kickboxing (25 December 2015)။ 30 November 2018 တွင် ပြန်စစ်ပြီး။
  10. Arthur၊ Richard။ "Lethwei star Tun Tun Min’s road to redemption"၊ Fox Sports Asia၊ 15 December 2018။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 December 2018။ 
  11. Tun၊ Kyaw Myo (9 April 2015)။ ဘက်တူရင် လူမရွေးတဲ့ ထွန်းထွန်းမင်း။ 28 November 2018 တွင် ပြန်စစ်ပြီး။
  12. Giordano၊ Vincent (2015)။ U Ye Thwe။ 28 November 2018 တွင် ပြန်စစ်ပြီး။
  13. Hlaing၊ Kyaw Zin။ "Japanese challengers prove worthy foes"၊ Myanmar Times၊ 29 September 2013။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  14. Kyaw Zin Hlaing and Matt Roebuck။ "Friendship before fights"၊ Myanmar Times၊ 16 March 2016။ 30 March 2016 တွင် ပြန်စစ်ပြီး 
  15. Hlaing၊ Kyaw Zin။ "Two Two eyes Golden Belt"၊ Myanmar Times၊ 28 July 2014။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  16. ၁၆.၀ ၁၆.၁ Hlaing၊ Kyaw Zin။ "စောငမန်းကို အလဲထိုးအနိုင်ယူပြီး မြန်မာပြည် ချန်ပီယံဖြစ်လာတဲ့ ထွန်းထွန်းမင်း"၊ Myanmar Times၊ 25 September 2014။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  17. Soe၊ Than Naing။ "National champ wins top lethwei award"၊ Myanmar Times၊ 14 December 2015။ [လင့်ခ်သေ]
  18. Hlaing၊ Kyaw Zin။ "ထွန်းထွန်းမင်းနှင့် မွေထိုင်းဖိုက်တာ ထာနီလစ်တို့ ထိုးသတ်မည့် ရိုးရာလက်ဝှေ့ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်"၊ Myanmar Times၊ 28 March 2019။ [လင့်ခ်သေ]
  19. Eaton၊ Matt။ "Rematch set for Dave Leduc and Tun Tun Min"၊ The Fight Nation၊ 15 October 2018။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 3 April 2019။ 
  20. Couderette၊ Martial (2017)။ Lethwei; Myanmar Traditional Boxing။ Lyon, France: Ginger Éditions။ p. 163။ ISBN 978-2-9562049-0-9
  21. Hlaing၊ Zaw Zaw။ "ဂျပန်မလေးများ ဝိုင်းဝိုင်းလည်နေသည့် မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း (ရုပ်သံ)."၊ DVB၊ 28 October 2016။ 
  22. "မြန်မာ့ရိုးရာအားကစား (p၂၁)"၊ Myanma Alinn Daily၊ 14 August 2016။ 
  23. "မြန်မာ့ရိုးရာအားကစား (p၁၉)"၊ Myanma Alinn Sunday Issue၊ 13 March 2016။ 
  24. Hlaing၊ Kyaw Zin။ "Another first round win for Tun Tun Min"၊ Myanmar Times၊ 5 April 2016။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  25. Gallio၊ Giovanni (2017)။ Athleta Magazine; Imagery of Sporting Culture။ Verona, Italy: Rise Up Studio။ pp. 71, 73။
  26. Nadales၊ Alvaro Fierro (2018)။ JOIA Magazine #52။ Santiago, Chile: Joia Studio။ pp. 16, 17။
  27. Hlaing၊ Kyaw Zin။ "Golden belt finally up for grabs"၊ Myanmar Times၊ 6 January 2016။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  28. Hlaing၊ Kyaw Zin။ "Question answered"၊ Myanmar Times၊ 13 October 2015။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  29. Hlaing၊ Kyaw Zin။ "Friendship leads to fight"၊ Myanmar Times၊ 25 August 2015။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  30. Hlaing၊ Kyaw Zin (24 April 2015)။ Washington to kick back။ 9 November 2018 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  31. Hlaing၊ Kyaw Zin။ "မြန်မာ-ထိုင်း နှစ်နိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်"၊ Myanmar Times၊ 16 May 2014။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  32. Hlaing၊ Kyaw Zin။ "ပရိသတ်တွေကျေနပ်ခဲ့သည့် မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲ"၊ Myanmar Times၊ 22 May 2014။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  33. Hlaing၊ Kyaw Zin။ "သရေရလဒ်တွေနဲ့ များပြားခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ"၊ Myanmar Times၊ 11 April 2014။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  34. Hlaing၊ Kyaw Zin (29 September 2013)။ Japanese challengers prove worthy foes။ 10 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2018 တွင် ပြန်စစ်ပြီး။
  35. Hlaing၊ Kyaw Zin။ "ထိတ်ထိတ်ကြဲပွဲစဉ်များပါဝင်မည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည်"၊ Myanmar Times၊ 9 May 2013။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  36. Hae Bi၊ Sein။ "ထွန်းထွန်းမင်းနဲ့ ဒေါနအောင်ရဲ့ ပြည်ထောင်စုနေ့ တောင်ငူပွဲ"၊ Myanmar Times၊ 7 February 2013။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  37. Hlaing၊ Kyaw Zin။ "မြန်မာလက်ဝှေ့ကျော်များ အနိုင်ရခဲ့သည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ"၊ Myanmar Times၊ 24 January 2013။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  38. "ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ တွေ့မရှောင် ပထမတန်းဒဂုံရွှေအောင်လံ ဖလားရရှိ (p၁၀)"၊ Myanma Alinn Daily၊ 7 January 2013။