စောငမန်း

ဝီကီပီးဒီးယား မှ
စောငမန်း
မွေးဖွား (1981-03-20) မတ် ၂၀၊ ၁၉၈၁ (အသက် ၄၃)
အခြားအမည်များအောင်မြင့်ဝင်း
နိုင်ငံသားမြန်မာ
အမြင့်၁.၇၂ m (၅ ft   in)
ကိုယ်လေးချိန်၇၅ kg (၁၆၅ lb; ၁၁.၈ st)
StanceOrthodox
ဆုတံဆိပ် ရာဇဝင်
မွေထိုင်း (အမျိုးသား)
 မြန်မာ ကိုယ်စားပြု
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ငွေတံဆိပ် – ဒုတိယနေရာ ၂၀၁၃ နေပြည်တော် 75kg

စောငမန်း သည် အနားယူသွားပြီဖြစ်သည့် မြန်မာလူမျိုးလက်ဝှေ့သမားတစ်ဦး ဖြစ်သည်။ အလွတ်တန်းလက်ဝှေ့ကမ္ဘာ့ချန်ပီယံလည်း ဖြစ်သည်။[၁][၂]

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

စောငမန်းသည် ကရင်လူမျိုး ဖြစ်ည်။ လက်ဝှေ့အပြင် သူသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ မွေထိုင်းအားကစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လက်ဝှေ့ကစားသမားဘဝ[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်တွင် စောငမန်းသည် ရန်ကုန်မြို့တွင် ကျင်းပသည့် အလွတ်တန်းလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲတွင် ထွန်းထွန်းမင်းအား ရှုံးနိမ့်ခဲ့သည်။[၃]

WLC[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် စောငမန်းသည် WLC နှင့် အထူးသီးသန့်သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။[၄]

အနားယူခြင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင်ကလေးမြို့၌ Parinya M.U.Den ထိုးသတ်ခဲ့သည့် ပွဲပြီးသည့်နောက်တွင် စောငမန်းသည် အနားယူတော့မည်ဖြစ်ကြောင်းကို သူ၏ ဖေ့ဘွတ်စာမျက်နှာမှ ကြေညာခဲ့သည်။ သူ၏ ကစားသမားဘဝတွင် ခန့်မှန်းခြေ ပွဲပေါင်း ၁၉၀ ထိုးသတ်ခဲ့သည်။[၅] Saw Nga Man had previously hinted at retiring back in April 2018.[၆]

ရရှိခဲ့သည့် ဆုများ[ပြင်ဆင်ရန်]

  1. ၂၀၀၈ ခုနှစ် ဒဂုံရွှေအာင်လံချန်ပီယံ (Trophy)
  2. ၂၀၀၉ ခုနှစ် ဒဂုံရွှေအာင်လံချန်ပီယံ (Trophy)
  3. ၂၀၀၉ ခုနှစ် ရွှေခါးပတ်ချန်ပီယံ (ခါးပတ်)
  4. ၂၀၀၉ ခုနှစ် အလွတ်တန်းရွှေခါးပတ်ကမ္ဘာ့ချန်ပီယံ (Title)
  5. ၂၀၀၉ ခုနှစ် မြန်မာဂျပန်ချစ်ကြည်ရေးလက်ဝှေ့ချန်ပီယံ (ခါးပတ်)
  6. ၂၀၁၀ ခုနှစ်၊ ဒဂုံရွှေအောင်လံချန်ပီယံ (Trophy)
  7. ၂၀၁၀ ခုနှစ် အပြည်ပြည်ဆိုင်ရာ စိန်ခေါ်ပွဲ (ခါးပတ်)
  8. ၂၀၁၁ ခုနှစ် ဒဂုံရွှေအာင်လံချန်ပီယံ (Trophy)
  9. ၂၀၁၂ ခုနှစ် ဒဂုံရွှေအာင်လံချန်ပီယံ (Trophy)

ကိုးကား[ပြင်ဆင်ရန်]

  1. AFP။ "Foreigners drawn to Myanmar's bone crushing kickboxing"၊ 30 December 2015။ 
  2. Kyaw Zin Hlaing။ "Lone Chaw’s protégé"၊ Myanmar Times၊ 15 January 2016။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  3. Kyaw Zin Hlaing။ "Bring on the world"၊ Myanmar Times၊ 19 January 2016။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 30 July 2017။ 
  4. Matthew Scott။ "'Once you get a taste, there’s no turning back’: brutal, bloody lethwei making Myanmar a martial arts mecca"၊ 11 November 2017။ 
  5. Bhut၊ Shwe။ "မြန်မာ့လက်ဝှေ့ကျော် ချန်ပီယံဟောင်း စောငမန်း ကစားသမားဘ၀မှ အနားယူ"၊ 7 Day Daily၊ 9 January 2019။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  6. "ချန်ပီယံဟောင်း စောငမန်း လက်ဝှေ့လောကမှ အနားယူဖွယ်ရှိ"၊ MRTV၊ 28 April 2018။ 9 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 18 April 2019။