ဝန်ချုံးရွာ၊ ပေါက်မြို့နယ်

ဝီကီပီးဒီးယား မှ
ဝန်ချုံး
ရွာ
ဝန်ချုံးရွာ
ဝန်ချုံး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝန်ချုံး
ဝန်ချုံး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°19′30″N 94°22′37″E / 21.3249397277832°N 94.376823425293°E / 21.3249397277832; 94.376823425293ကိုဩဒိနိတ်: 21°19′30″N 94°22′37″E / 21.3249397277832°N 94.376823425293°E / 21.3249397277832; 94.376823425293
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ပခုက္ကူခရိုင်
မြို့နယ်ပေါက်မြို့နယ်
ကျေးရွာအုပ်စုဝန်ချုံး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဝန်ချုံးရွာ (အင်္ဂလိပ်: Wunchone)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်ဝန်ချုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၆၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝန်ချုံးကျေးရွာအုပ်စုတွင် ကျား ၁၁၀၆ ဦး၊ မ ၁၂၉၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၀၄ ဦးနေထိုင်သည်။ [၁]

၂၀၂၁ ခု၊ အာဏာသိမ်းစဉ် အခြေအနေ[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ ဇူလိုင်လ ၃၁ ရက်တွင် ပင်တောင်ရွာ အုပ်ချုပ်ရေးမှူး ဦးထီမြို လုပ်ကြံခံရသည်နောက် စစ်သားနှင့်ရဲများက ယင်းရွာအပါအဝင် အနီးအစပ်ရှိကျေးရွာများကို ရှာဖွေစစ်ဆေးသည်။ ပင်တောင်ရွာ အနောက်တောင်ဘက် ၂ မိုင်အကွာ ဝန်ချုံးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပြီးနောက် ရွာတွင်းသို့ လာရောက်ကာ အိမ် ၃ လုံး မီးရှို့သည်။ အိမ် ၁၅ လုံးကို မွှေနှောက်ရှာဖွေသည်။ [၂]

ဩဂုတ်လ ၂၉ ရက်တွင် တပ်ခွဲ ၂ ခွဲ ရွာတွင်း၌ တပ်စွဲထားသည်။ [၃] စက်တင်ဘာ ၂ နေ့လယ်ပိုင်းတွင် ရွာမှ မီးတောက်များတက်လာခြင်းကြောင့် အိမ်များကို မီးရှို့နေသည်ဟု စစ်ပြေးရှောင် ရွာသားတို့က ယူဆကြ၏။ [၄]

ကိုးကား[ပြင်ဆင်ရန်]