ညောင်ရွှေယဉ်ကျေးမှုပြတိုက်
ညောင်ရွှေယဉ်ကျေးမှုပြတိုက် | |
---|---|
ယခင်အမည် | ညောင်ရွှေဟော်နန်း |
တည်ထောင်ခြင်း | ၁၉၁၃ |
တည်နေရာ | ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | ကိုဩဒိနိတ်: 20°39′47″N 96°56′06″E / 20.663°N 96.935°E |
အသိအမှတ်ပြုမှု | သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန |
ညောင်ရွှေယဉ်ကျေးမှုပြတိုက် သည် ညောင်ရွှေရှမ်းစော်ဘွား စဝ်ရွှေသိုက် အပါအဝင် ရှမ်းပြည်စော်ဘွားများ၏ အထိမ်းအမှတ်ပြတိုက်တစ်ခု ဖြစ်သည်။[၁] ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ နန္ဒာဝန်ရပ်ကွက်တွင် တည်ရှိပြီး စဝ်ရွှေသိုက်၏ နန်းတော်ဟောင်း ဖြစ်ကာ ညောင်ရွှေဟော် (ရှမ်း: ႁေႃယွင်ႁူၺ်ႈ) ဟူ၍လည်း သိကြသည်။[၂]
ပြတိုက်ကို အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီမှာ ညနေ ၃ နာရီခွဲအထိ ဖွင့်လှစ်ထားသည်။ [၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၀၈ ခုနှစ်တွင် နန်းတော်ဟောင်းမှာ မီးလောင်ပျက်စီးခဲ့ပြီးနောက် ညောင်ရွှေနယ်ကို အုပ်ချုပ်သူ စောမောင်က ၁၉၁၃ ခုနှစ်တွင် ညောင်ရွှေဟော်ကို တည်ဆောက်ခဲ့သည်။[၁] မန္တလေးနန်းတော်နှင့် ရိုးရာရှမ်းဟော်နန်းများ၏ ဒီဇိုင်းကို ပေါင်းစပ်ဆောက်လုပ်ထားပြီး ၁၀ နှစ်ကြာတည်ဆောက်ခဲ့ရကာ ကုန်ကျငွေမှာ မြန်မာကျပ်ငွေ ၃၀၀,၀၀၀ ဖြစ်သည်။[၁] ပင်မအဆောက်အဦးတွင် ဘုံခုနစ်ဆင့်ပါ ပြာသာဒ် ပါရှိသည်။[၁] အထပ်နှစ်ထပ် ပါဝင်ကာ ပင်မဧည့်ခန်းဆောင်၊ လေသာခန်းမဆောင်နှင့် အတွင်းခန်းမဆောင် တို့ပါဝင်သည်။[၁] စော်ဘွားမိသားစုဝင်များအတွက် နေထိုင်ရန်သီးခြားခန်းမဆောင်များလည်း ပါဝင်သည်။[၁][၂]
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက အာဏာသိမ်းခဲ့ရာတွင် ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သူ စဝ်ရွှေသိုက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အစိုးရက ဟော်နန်းအား နိုင်ငံပိုင်သိမ်းခဲ့ကာ ရှမ်းစော်ဘွားများပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။[၄][၅] ၂၀၀၃ ခုနှစ်တွင် ညောင်ရွှေယဉ်ကျေးမှုပြတိုက်အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၅] ၂၀၀၆ ခုနှစ်တွင် ပြတိုက်ရှိ ထိန်းသိမ်းပြသထားသော ပစ္စည်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။[၄] ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဗုဒ္ဓပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။[၄] ၂၀၁၄ ခုနှစ်တွင် ပြတိုက်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Nyaungshwe Cultural Museum and Shan Saophas’ costumes (in en) (2019-07-06)။ 2023-12-27 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Monroe၊ Tara။ "Secrets of a Shan Palace"၊ The Irrawaddy၊ May 2005။
- ↑ Nyaungshwe - Around Inle, Myanmar - Myanmar's Net။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2019 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ Forbidden Glimpses of Shan State (November 2009)။ 26 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 February 2024 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ ၅.၂ Htet Naing Zaw။ "Residence of Burma’s First President to Become Heritage Site"၊ The Irrawaddy၊ 2016-09-08။
ဤ မြန်မာနိုင်ငံရှိ ပြတိုက်များနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |