မိုင်းပွန်ဟော်နန်း
ပုံပန်းသွင်ပြင်
မိုင်းပွန်ဟော်နန်း | |
---|---|
အထွေထွေ အချက်အလက်များ | |
လိပ်စာ | မိုင်းပွန်မြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
ကိုဩဒိနိတ် | 20°48′50″N 97°27′25″E / 20.814°N 97.457°Eကိုဩဒိနိတ်: 20°48′50″N 97°27′25″E / 20.814°N 97.457°E |
မိုင်းပွန်ဟော်နန်း (ရှမ်း: ႁေႃၸဝ်ႈၾႃႉမိူင်းပွၼ်) သို့မဟုတ် မိုင်းပွန်ဟော် သည် မိုင်းပွန်နယ်ကို အုပ်ချုပ်သော စော်ဘွားများ နေထိုင်ခဲ့ရာ နေရာ ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး အာဇာနည်အဖြစ် သတ်မှတ်ခံထားရသော မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ နေထိုင်ရာနေရာအဖြစ်လည်း သိကြသည်။[၁][၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟော်နန်းကို ၁၈၈၇ ခုနှစ်ခန့်တွင် စဝ်ခွန်တိက ဆောက်လုပ်ခဲ့သည်။[၁][၂]
၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက်တွင် ဟော်နန်းအား အသုံးပြုမှု မရှိတော့ပေ။ ဒေသခံဘုန်းတော်ကြီးကျောင်းများက ဟော်နန်းအား ပြန်လည်ပြုပြင်ရန်အတွက် အလှူခံခြင်းများ ပြုလုပ်ခဲ့သည်။[၁]
၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်က ဟော်နန်းအား ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကြေညာခဲ့သည်။[၃] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြင်ဆင်ခြင်း ပြီးစီးခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Renovations at Mongpawn Palace fall short of funds (in en) (2017-11-28)။ 2023-12-28 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Myat, Zaw Lin (2016). "Heritage in the Myanmar Frontier: Shan State, Haws, and Conditions for Public Participation". Columbia University Graduate School of Architecture, Planning and Preservation. doi: .
- ↑ ထက်နိုင်ဇော်။ "သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်" (in my)၊ The Irrawaddy၊ 2020-09-28။
- ↑ "Chairman of State Administration Council Prime Minister Senior General Min Aung Hlaing inspects reconstruction of Haw Palace (Haw Hkum Tsamvi) of Hsenwi Sawbwa Hkun Hsang Ton Hong"၊ Myawaddy၊ 2023-04-09။