ကန္ဒရဝတီဟော်နန်း

ဝီကီပီးဒီးယား မှ
ကန္ဒရဝတီဟော်နန်း
Map
အထွေထွေ အချက်အလက်များ
လိပ်စာလွိုင်ကော်မြို့ကယားပြည်နယ်မြန်မာနိုင်ငံ
ကိုဩဒိနိတ်19°40′08″N 97°12′14″E / 19.669°N 97.204°E / 19.669; 97.204ကိုဩဒိနိတ်: 19°40′08″N 97°12′14″E / 19.669°N 97.204°E / 19.669; 97.204

ကန္ဒရဝတီဟော်နန်း သို့မဟုတ် ကန္ဒရဝတီဟော် သည် ကန္ဒရဝတီနယ်ကို အုပ်ချုပ်ခဲ့သူများ နေထိုင်ခဲ့ရာ ဟော်နန်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ချိန်တွင် ကယားပြည်နယ်အတွင်း မပျက်စီးဘဲ ကျန်ရှိနေသည့် တစ်ခုတည်းသော နန်းတော် ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကန္ဒရဝတီဟော်နန်းကို ၁၉၁၂ ခုနှစ်မှ ၁၉၁၆ ခုနှစ်အတွင်း စောဖျာဒူ စဝ်ခွန်လီ က ဆောက်လုပ်ခဲ့သည်။[၁][၂] ဗြိတိသျှ၊ အိန္ဒိယနှင့် မြန်မာ ဗိသုကာပုံစံများဖြင့် ရောစပ်ဆောက်လုပ်ထားသည်။[၁]

ဒုတိယကမ္ဘာစစ်အတွင်း ဒေသတွင်းရှိ အခြားဟော်နန်းများ ပျက်စီးခဲ့သော်လည်း ကန္ဒရဝတီဟော်နန်းမှာ မပျက်စီးဘဲ ကျန်ရှိခဲ့သည်။[၂]

ဟော်နန်းတွင် နောက်ဆုံးနေထိုင်သွားခဲ့သည့် စော်ဘွားမှာ စဝ်လဝီ ဖြစ်သည်။[၁] ၁၉၈၇ ခုနှစ်တွင် စဝ်လဝီ ကွယ်လွန်ခဲ့ပြီးနောက် သားသမီးများဖြစ်သော စဝ်လဖော်နှင့် စဝ်ခေမာဝတီ တို့က ဟော်နန်းအား အမွေဆက်ခံခဲ့ကြသည်။[၁] ၁၉၉၄ ခုနှစ်တွင် စဝ်လဖော်နှင့် စဝ်ခေမာဝတီ တို့က ဘုန်းကြီးကျောင်းအဖြစ် ဟော်နန်းအား လှူဒါန်းခဲ့သည်။ လက်ရှိအချိန်တွင် သီရိမင်္ဂလာပုံ ကျောင်း အဖြစ်အမည်တွင်ပြီး ဟော်ကြီးဘုန်းကြီးကျောင်းဟုလည်း ခေါ်ဆိုကြသည်။[၂][၁][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Myat, Zaw Lin (2016). "Heritage in the Myanmar Frontier: Shan State, Haws, and Conditions for Public Participation". Columbia University Graduate School of Architecture, Planning and Preservation. doi:10.7916/D8X34XKR. 
  2. ၂.၀ ၂.၁ ၂.၂ မြတ်စုမွန်။ "စောဖျာတို့ရဲ့ ဌာနေက လွိုင်ကော်ဟော်နန်း" (in my)၊ The Irrawaddy၊ 2014-10-09။ 
  3. ကန္တာရဝတီဟော်နန်း (in my)။ 2023-12-28 တွင် ပြန်စစ်ပြီး။