ညီညီအောင်

ဝီကီပီးဒီးယား မှ
ဒေါက်တာ

ညီညီအောင်
ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
တာဝန်သက်တမ်း
၄ ဧပြီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဦးစိုင်းအိုက်ပေါင်း (သစ်တော သတ္တုဝန်ကြီး)
ဆက်ခံသူဦးစိုင်းလိတ် (ကောင်စီဝင် )
ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူစိုင်းဘထွန်း
ဆက်ခံသူဒေါက်တာညီညီအောင်
မဲဆန္ဒနယ်နောင်ချိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ
အနိုင်ရမဲ အရေအတွက်၁၁,၈၇၇ (၃၆.၉၄%)
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ယခင်လူဒေါက်တာညီညီအောင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်နောင်ချိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ
အနိုင်ရမဲ အရေအတွက်၁၉,၉၆၉ (၅၁.၈၅%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၇၁-၁၂-0၈) ဒီဇင်ဘာ ၈၊ ၁၉၇၁ (အသက် ၅၂)
ဆိပ်ဖြူမြို့မြန်မာနိုင်ငံ
လူမျိုး မြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိခင်ကျောင်းမဟီဒေါ တက္ကသိုလ် မန္တလေးဆေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ဆရာဝန်၊ လူမှုရေးလုပ်ကိုင်သူ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဒေါက်တာညီညီအောင်သည် မြန်မာနိုင်ငံသား အမျိုးသား အထွေထွေရောဂါကုဆရာဝန် ငှက်ဖျားဆရာဝန်၊ လူမှုကျန်းမာပညာရှင် လူမှုရေးလုပ်ငန်းလုပ်သူ စိုက်ပျိုးရေးသမား၊ နိုင်ငံရေးသမား နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ်က ဆိပ်ဖြူမြို့တွင် ဖွားမြင်ခဲ့သည်။[ကိုးကားချက်လိုသည်]

ပညာရေး[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ်တွင် ဇီးဖြူပင်ရွာရှိ အခြေခံပညာအလယ်တန်း(ယခုအထက်တန်း)ကျောင်းတွင် စတင်ပညာသင်ယူခဲ့သည်။ ၁၉၈၀ တွင် ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အဆိုပါကျောင်းမှပင် အောင်မြင်သည်။ အရေးအခင်းဖြစ်ပွားနေချိန်ဖြစ်သဖြင့် သုံးနှစ်ခန့် ပညာသင်ယူမှု ရပ်နားခဲ့ရသည်။[ကိုးကားချက်လိုသည်]

၁၉၉၁ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တွင် တက်ရောက်ပညာသင်ကြားသည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၁၉၉၁ နှင့် ၁၉၉၇ ခုနှစ်များတွင် ကျောင်းများပိတ်သည်ကို ကြုံရပြန်သည်။ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးနှစ်အပိုင်း (ခ) အောင်မြင်ပြီး ဆေးပညာဘွဲ့ ရရှိသည်။[ကိုးကားချက်လိုသည်]

၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါ တက္ကသိုလ်တွင် သပြေပညာရေးဗဟိုဌာန၏ ပညာသင်ဆုအစီအစဉ်၊ မဟီဒေါတက္ကသိုလ်ပညာသင်ကင်းလွတ်ခွင့်အစီအစဉ်များဖြင့် လူမှုကျန်းမာသိပ္ပံပညာနိုင်ငံတကာမဟာတန်းတွင် တက်ရောက်ပညာသင်ယူခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အဆိုပါတက္ကသိုလ်မှပင် လူမှုကျန်းမာသိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။[၁]

အလုပ်အကိုင်[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ်တွင် မကွေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး (တိုင်းဆေးရုံကြီး)တွင် အလုပ်သင်ဆရာဝန် အဖြစ်လုပ်ကိုင်သည်။[ကိုးကားချက်လိုသည်]

၂၀၀၀ ပြည်နှစ်တွင် မယ်ဒီမြန်မာဆေးကုမ္ပဏီတွင်ဆေးကိုယ်စားလှယ်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဆေးကုမ္ပဏီအလုပ်လုပ်နေစဉ် ပုဂ္ဂလိကဆေးရုံများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ကိုယ်ပိုင်ဆေးခန်းအချို့တွင် အထွေထွေရောဂါကုဆရာဝန်အဖြစ်လည်းကောင်း လုပ်ကိုင်သည်။ သုတေသနစီမံချက်များတွင်သုတေသနဆရာဝန်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့ တော်ဝင်ဆေးရုံတွင် တာဝန်ခံဆရာဝန်အဖြစ်လုပ်ကိုင်သည်။ ၂၀၀၇ ခုနှစ်တွင် ငှက်ဖျားစီမံချက်ဆရာဝန်အဖြစ်လုပ်ကိုင်သည်။ ၂၀၁၁ ခုနှစ်တွင် ပညာသင်ဆုရရှိသဖြင့် ငှက်ဖျားဆရာဝန်အလုပ်မှ ထွက်ပြီး ပြည်ပတွင် သွားရောက်ပညာသင်ကြားသည်။[ကိုးကားချက်လိုသည်]

ပညာသင်ပြန်လာအပြီး ၂၀၁၃ ခုနှစ်တွင် ငှက်များစီမံချက်တွင် လ အနည်းငယ်လုပ်ကိုင်ပြီးနောက် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ကရုဏာအခမဲ့အာယုဒါနဆေးခန်း ထူထောင်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ အဆိုပါဆေးခန်းတွင် အခမဲ့ အထွေထွေရောဂါကုဆရာဝန်အဖြစ် အချိန်ပိုင်း ကုသိုလ်ဖြစ်လုပ်ကိုင်ပေးခဲ့သည်။ တချိန်တည်းတွင် စိုက်ပျိုးရေးလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။[ကိုးကားချက်လိုသည်]

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နောင်ချိုမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။[၂] ၂၀၁၆ ဧပြီလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နောင်ချိုမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မြေမှပင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယအကြိမ်အရွေးခံရပြီး တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်လာသည်။[၃]

၂၀၂၁ ဖော်ဖော်ဝါရီလ (၁) ရက်နေ့ တွင် မြန်မာ့တပ်မတော်၏ ခေတ္တ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]