စိန်ဝင်းအောင်
စိန်ဝင်းအောင် Sein Win Aung | |
---|---|
မန္တလေးမြို့တော်ဝန် နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၇ ဇွန် ၁၉၉၅ – ၃၀ ဇွန် ၁၉၉၈ | |
နိုင်ငံတော်အကြီးအကဲ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ |
ယခင်လူ | ဒုတိယဗိုလ်မှူးကြီး ထွန်းကြည် |
ဆက်ခံသူ | ဗိုလ်ချုပ်ရဲမြင့် |
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး | |
တာဝန်သက်တမ်း ၁၀ မေ ၂၀၀၁ – ၁၅ ဧပြီ ၂၀၀၃ | |
ယခင်လူ | ဦးဘဌေးချစ်[၂] |
ဆက်ခံသူ | ဦးသိန်းလွင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မန္တလေးမြို့၊ မြန်မာနိုင်ငံ |
ကြင်ဖော်(များ) | ဒေါ်ထွေးရည် |
ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးစိန်ဝင်းအောင် သည် မန္တလေးမြို့၏ ဒုတိယမြောက်မြို့တော်ဝန်[၃] ၊ သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။ ထို့အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
မိသားစု
[ပြင်ဆင်ရန်]ဦးစိန်ဝင်းအောင်ကို ဦးတင်အောင်၊ ဒေါ်ရင်ရင်တို့က မန္တလေးမြို့ မလွန်၊ ခဲလန်တန်းတွင် မွေးဖွားခဲ့သည်။ ဗမာလူမျိုးဖြစ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ထွေးရည်ဖြစ်သည်။
ထမ်းဆောင်ခဲ့သောတာဝန်များ
[ပြင်ဆင်ရန်]တပ်မတော်
[ပြင်ဆင်ရန်]ခလရ(၆)၊ (၇၂)၊ (၉၄)၊ (၉၅)တို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး (တတိယတန်း)နှင့် စစ်ဦးစီးမှူး (ပထမတန်း)တာဝန်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့ရုံးတွင် စစ်ဦးစီးမှူး(ဒုတိယတန်း) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ခုနှစ်မှ ၁၉၉၅ခုနှစ်အထိ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်တွင် ဗျူဟာမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]
အစိုးရအဖွဲ့
[ပြင်ဆင်ရန်]၁၉၉၅ခုနှစ်မှစ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ခုနှစ်အထိဖြစ်သည်။ ၁၉၉၈ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ လာအိုနိုင်ငံ[၅] ၊ တရုတ်နိုင်ငံ[၂] နှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်၊ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။
နောက်ပိုင်းအလုပ်အကိုင်
[ပြင်ဆင်ရန်]လူမှုရေးလုပ်ငန်းများအဖြစ် မန္တလေးတက္ကသိုလ်နှင့် အမျိုးသားအထက်တန်းကျောင်းတို့၏ အသင်းအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ[၆] ၊ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်၊ ဦးသိန်းစိန်အစိုးရ၏ သာသနာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့အလင်းသတင်းစာ (၁၉.၁၁.၂၀၂၂)။
- ↑ ၂.၀ ၂.၁ The Myanmar Ambassador in Beijing။
- ↑ Mandalay Urban Development Project inspected။
- ↑ ကလောင်စုံ။ တိုက်ပွဲဝင်တပ်မှူးများ။
- ↑ Secretary-2 exchanges views with Laotian leaders to further strengthen relations, cooperation Myanmar goodwill delegation concludes La0 PRD visit။
- ↑ “Spring Line: First China Gourmet Festival Opened in Yangon, Myanmar”။
- ↑ သမ္မတ အကြံပေးတွေ ထပ်ခန့်။