ဂျိန်းဘာသာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာတရား
ဂျိန်းဘာသာ In-jain.svg

Jain Prateek Chihna.svg
သမိုင်း
ခရစ်တော်မပေါ်မီ ၆-ရာစု
ဆရာ (အစရိယ)
ဝါဓမ္မနမဟာဝီရ
အယူဝါဒ
ဂိုဏ်းများ
ဒီဂမ္ဘရ - ဆွီဂမ္ဘရ
နိုင်ငံနှင့်ဒေသများ
အိန္ဒိယ, ဘယ်လ်ဂျီယံနိုင်ငံ, ကနေဒါ, ဟောင်ကောင်, ဂျပန်, စင်္ကာပူ, အမေရိကန်ပြည်ထောင်စု

Rishabhdev, believed to have lived over a million years ago, is considered the founder of Jain philosophy for this cosmic age.

ဂျိန်းဘာသာသည် ခရစ်တော်မပေါ်မီ ၆-ရာစုတွင် ဝါဓမ္မာနမဟာဝိရက ဟိန္ဒူဘာသာနှင့် ခွဲခြား၍ ထူထောင်သော ဘာသာတစ်ရပ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ကိုးကွယ်သူအများအပြား ရှိသည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်သူ တစ်သန်းခွဲခန့် ရှိသည်။ ဂျိန်းဘာသာတည်ထောင်သူ မဟာဝီရ(ခေါ်) နိဏ္ဌဋနာလပုတ္တကို ဘက်ဆာရနယ်၌ ခရစ်တော် မပေါ်မီ ၅၉၉ တွင် ဖွားမြင်၍ အသက် ၄၂-နှစ်တွင် ဉာဏ်အမြင်ရကာ နှစ် ၃၀ တရားဟောပြီးနောက် အနိစ္စရောက်သွားသည်။ ရုပ်ထုကိုးကွယ်ရာ မထားခေျ။ ကံနှင့် ဘဝသစ်ဖြစ်ပေါ်မှုကို လက်ခံသည်။ ဒီဂမ္ဘရနှင့် ဆွီဂမ္ဘရ ဟူ၍ နှစ်ဂိုဏ်း ကွဲပြားသည်။ [၁]


ဂျိန်းဘာသာသည် အိန္ဒိယနိုင်ငံတွင် ကိုးကွယ်ကျင့်သုံးကြသော ဘာသာတစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေး လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ ၎င်း၏ အတွေးအခေါ်နှင့် ကျင့်စဉ်များတွင် ကိုယ့်အားကိုယ်ကိုး၍ မိမိ၏ စိတ်ဝိဉာဉ်ကို မြင့်မြတ်ရာသို့ ရောက်ရှိရန် နှင့် လွတ်မြောက်ရန်အတွက်ကို အဓိက ထားသည်။ မိမိ၏ ကိုယ်တွင်းရှိ ရန်သူကို အောင်နိုင်ပြီး ကြီးမြတ်သော အဖြစ်သို့ ရောက်ရှိသော စိတ်ဝိဉာဉ်ကို ဂျိန်းဘာသာတွင် ဂျိန သို့မဟုတ် အောင်မြင်သူ၊ အောင်နိုင်သူ ဟု ခေါ်ကြသည်။ ဂျိန်းဘာသာကို ရှာမန (Shramana ) (ကိုယ့်အားကိုယ်ကိုး တရား) သို့မဟုတ် နာဂရန်သာ (Nirgrantha ) အတွယ်အတာမဲ့ ဟု ရှေးခေတ်ကျမ်းစာများတွင် ညွှန်းဆိုလေ့ ရှိကြသည်။ ဂျိန်းဘာသာအား အထွတ်အထိပ်သို့ရောက်စေသောသူမှာ ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်သော မဟာဝီရ(ခေါ်) နိဏ္ဌဋနာလပုတ္တ ဖြစ်သည်။

ဂျိန်းဘာသာဝင်တို့သည် တိရစ္ဆာန်များကို ညှင်းပန်းမှုနဲ့ သတ်ဖြတ်မှုမဖြစ်ရအောင် ထွန်ယက်စိုက်ပျိုးသည့် အသက်မွေးဝမ်းကြောင်းအမှုကို မပြုလုပ်ပဲ ကုန်သွယ်စည်းပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်သောကြောင့် ကြွယ်ဝချမ်းသာကြပြီး အသိပညာရှင်၊ အနုပညာရှင်များ ဖြစ်ခဲ့ကြသည်။ အုပ်ချုပ်သူ အာဏာပိုင်လုပ်ခြင်းသည် လူနှင့်တိရစ္ဆာန်​ကို ညှင်းပန်းရာ ကျသည်ဟု ဆိုပြီး ဂျိန်းဘာသာဝင်များသည် အုပ်ချုပ်သူ ဖြစ်အောင် မကြိုးစားခြင်းကြောင့် ဂျိန်းဘာသာသည် ခေတ်အဆက် ဘုရင်များ၏ ချီးမြှောက်ခြင်းကို မခံခဲ့ရ၍ သာသနာပြန့်ပွားမှုနှုန်း အားနည်းခဲ့ပြီး၊ လူနည်းစုသာသနာသာ ဖြစ်ခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ