တရုတ်ရိုးရာဘာသာ
![]() | ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား NjsBot (ဆွေးနွေး | ပံ့ပိုး) မှ ၅ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဘာသာတရား |
တရုတ်ရိုးရာဘာသာ |
---|
![]() |
အယူအဆ
|
သဘောတရား
လူ့လောက၊ လူ့သဘော ပုံစံ:
|
ကျင့်စဉ်များ
|
အသင်းအဖွဲ့များနှင့် ဘုရားကျောင်းများ
|
ပွဲတော်များ
|
တရုတ်ပြည်တွင်း ရိုးရာအယူများ အဓိက ယဉ်ကျေးမှုပုံစံများ
အဓိက အတွေးအခေါ်အယူဝါဒ ရိုးရာများ:
ရိုးရာဓလေ့ထုံးစံများ:
ပူဇော်ပသခြင်း ဓလေ့များ:
တရုတ် ကယ်တင်ခြင်းဆိုင်ရာ ဘာသာများ (ရိုးရာဘာသာများ)၊ ဂိုဏ်များ:
ကွန်ဖြူးရှပ်ဝါဒဆိုင်ရာ အဖွဲ့များ၊ ဂိုဏ်းများ:
|
ဆက်စပ်ဘာသာတရားများ
|
တရုတ်ရိုးရာဘာသာ | |||||||||||||
ရိုးရာ တရုတ် | 中國民間信仰 | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 中国民间信仰 | ||||||||||||
|
တရုတ် ရိုးရာဘာသာတရား ကို (တရုတ်တွင်)အများလက်ခံကိုးကွယ်သော ဘာသာတရားတစ်ခုအဖြစ် အသိများ၍ တရုတ်ပြည်ပြင်ပတွင်ပျံ့နှံ့နေထိုင်သော တရုတ်လူမျိုးများအပါအဝင် တရုတ်ယဉ်ကျေးမှုနယ်ပယ်မှသူများနှင့် သက်ဆိုင်သည်။ 'တရုတ် ရိုးရာဘာသာတရား'သည် ယေဘုယျအားဖြင့် ဘာသာရေးဟုဆိုနိုင်သော နယ်ပယ်များမှ အယူဝါဒဆိုင်ရာအကျင့်အမျိုးမျိုးကွဲပြားနေမှုကို ဖော်ပြရန်သုံးစွဲသော 'ဇာစ်မြစ်တစ်ခုထက်ပိုသော' ဝေါဟာရတစ်မျိုးဖြစ်သည်။ ဗစ်ဗီယန် ဝီးက ပန်းကန်လုံးအလွတ်နှင့် နှိုင်းယှဉ်ဖော်ပြပြီး ထိုပန်းကန်အလွတ်ထဲတွင် အဓိကဘာသာတရားများဖြစ်သော ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဘာသာ၊ ရောနှောပေါင်းစပ်သွားသော အခြားတရုတ်ဘာသာတရားများ (သို့) ခရစ်ယာန်ဘာသာ (ကသလစ်) နှင့် ဟိန္ဒူဘာသာတို့တွင် ပါဝင်သော အကြောင်းအရာများကို အမျိုးမျိုးဖြည့်နိုင်သည်ဟု ဆိုသည်။[၁] ထိုရိုးရာယုံကြည်မှုထဲတွင် သဘာဝစွမ်းအားနှင့် ဘိုးဘေးများကို ပူဇော်ကန်တော့ခြင်း၊ မကောင်းဆိုးဝါး(စွမ်းအား)များကို နှိမ်နင်းခြင်း၊ ဧကရာဇ်ဘုရင်များ၊ လူသားများသာမက နတ်ဒေဝါများကပါ အကျိုးသက်ရောက်နိုင်သော အရှိတရား၊ သဘာဝတရား၊ စကြဝဠာ၏ ကြောင်းကျိုးဆီလျော်စွာဖြစ်တတ်သည့် အစီအစဉ်သဘောကို ယုံကြည်ခြင်းများ ပါဝင်သည်။[၂] ထိုသို့ယုံကြည်ကိုးကွယ်ရာတွင် ရှန် (神 ဟုခေါ်သော နတ်ဒေဝါများ၊ ထာဝရအသက်ရှိသော တန်ခိုးရှင်အများအပြားပါဝင်ရာ ထိုသူတို့မှာ စွမ်းအားကြီးသောနတ်ဒေဝါများ၊ လူသားအပြုအမူနှင့်နီးစပ်သော နတ်များ (သို့) ရှေးဘိုးဘေးဘီဘင်များ ဖြစ်နိုင်သည်။ ဤနတ်ဘုရား၊ နတ်ဒေဝါအချို့နှင့်ပတ်သက်သော ဇာတ်လမ်းပုံပြင်များကို တရုတ်ဒဏ္ဍာရီတွင် စုစည်းဖော်ပြထားသည်။ (၁၁)ရာစု စုန့်မင်းဆက်ခေတ်ကာလတွင် ဤအယူအကျင့်များသည် ဗုဒ္ဓဘာသာ၏ ကံတရား၊ ပြန်လည်မွေးဖွားခြင်းအယူအဆ၊ တာအိုဘာသာ၌ပါရှိသော နတ်ဒေဝါတို့၏ ကြီးငယ်ဝါစဉ်သဘောတရားများနှင့် ရောနှောသွားကာ အများစုလက်ခံသော ဘာသာရေးစနစ်တစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ကာ အမျိုးမျိုး အသွယ်သွယ်သော နည်းလမ်းများနှင့် ပစ္စက္ခကာလအထိ ရှင်သန်လျက်ရှိသည်။[၃]
အမျိုးအစားများ[ပြင်ဆင်ရန်]
ရှေးခေတ်တရုတ်ဘာသာရေးများ၌ ရင်းမြစ်များ၊ ဒေသဆိုင်ရာပုံစံများ၊ တည်ထောင်သူ၏ နောက်ခံဇာစ်မြစ်၊ ဓလေ့ထုံးတမ်း၊ အတွေးခေါ်ပိုင်းဆိုင်ရာ အစဉ်အလာများစွာ ရှိသည်။ ဤသို့ အမျိုးအစားများပြားသော်လည်း အကျဉ်းချုပ်လိုက်ပါက ဘာသာရေးသဘောတရား (၄) ခု၊ စကြဝဠာသဘောတရားနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သဘောတရားဟူ၍သာ ဘုံသဘောမျိုးရှိသည်။[၄] ဘာသာရေးသဘောတရားလေးခုတွင် ကောင်းကင်ဘုံဟုခေါ်သော 'ထျန်း' (ထူးကဲသော ကိုယ်ကျင့်တရားအရည်အသွေးတို့တည်ရာ ဌာနေ) ၊ 'ချီ' ဟုခေါ်သော အသက်ရှုသွင်း/ထုတ်ခြင်း (သို့) စကြဝဠာကို လည်ပတ်စေသည့် စွမ်းအင်၊ 'ကျင့်ဆူ' ဆိုသည့် ဘိုးဘေးများကို ပူဇော်ကန်တော့ခြင်း၊ 'ပေါက်ယင်း' ဟုအမည်တွင်သည့် ကိုယ်ကျင့်တရားဆိုင်ရာ အညမညသဘောတရားများ (ကောင်းသူစံ၊ မကောင်းသူခံ) ပါဝင်သည်။ ထိုဖော်ပြပါသဘောတရားများနှင့်အတူ အခြားသော ရိုးရာအစဉ်လာ ကံတရားနှင့် ရည်မှန်းချက် သဘောတရားနှစ်ခု:[၅] 'မင့်ယွင်' ဟူသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကံလမ်းကြောင်း ၊ 'ယွမ်းဖန်' ဟုဆိုသော ကံကြမ္မာတိုက်ဆိုင်မှုများ(တနည်း အတိတ်ကံက ကျေးဇူးပြုသော ကံကြမ္မာ)[၆] (သို့) ကုသိုလ် အကုသိုလ် ကံတရား (သို့) ဖြစ်တန်ချေရှိသော ပတ်သက်ဆက်နွယ်မှုများ စသည်တို့ပါဝင်ကြသည်။ [၆]
ယင်း နှင့် ယန်း (陰陽 သည် စကြဝဠာ၏ အစီစဉ်တကျဖြစ်နေမှုကို ဖော်ပြထားသည့် ဆန့်ကျင်ဘက်သဘာဝရှိသည့် အခြေအနေနှစ်ရပ်ဖြစ်သည်[၇] စကြဝဠာစီစဉ်တကျဖြစ်နေမှုကို 'ယန်း'နှင့် အတူ ရှင်သန်ကြီးထွားမှုသဘောတရားနှင့် ယုတ်လျော့မှုသဘောတရားတို့၏ အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်မှုများဖြင့် ထိန်းထားသည်။ ယန်း (အတိုက်သဘော) ကို ယင် (အခံသဘော) ထက်ပို၍ အများလက်ခံသောဘာသာရေးတွင် နှစ်သက်ကြ၏ ။[၈][၉] လင် (靈) (သို့) သဘာဝလွန် အထွတ်မြတ်ထားရာ အရာ (ကောင်းကင်ဘုံ) သည် 'ယင်းယန်း'နှစ်ခု၏ ကြားခံဆက်သွယ်ပေးသောအရာဖြစ်၍ လောကဖန်တီးခြင်းနှင့်ပတ်သက်၍ ရှုပ်ထွေးသောစီစဉ်ကျနမှုသဘောလည်းဖြစ်သည်။[၉]
ချင်းမင်းဆက်၊ မင်မင်းဆက်များအပါအဝင် မျက်မှောက်ခေတ် တရုတ်နှင့် ထိုင်ဝမ် အစိုးရများသည် ကျေးလက်နေသူများ၏ ဘာသာရေးဆိုင်ရာကျင့်ထုံးများသည် လူမှုရေးရာ တည်ငြိမ်မှုကို အားပြုလျှင် လက်ခံကြ၍ အခြေနေမတည်ငြိမ်မှုများဖြစ်ပေါ်စေလျှင် နှိပ်ကွပ်ကြသည်။[၁၀] ၁၉၁၁ တွင် တရုတ်ပြည်အင်ပါယာခေတ်ကုန်ဆုံးပြီးနောက် အစိုးရများ၊ အထက်တန်းလွှာများသည် ခေတ်သစ်တန်ဖိုးများကို မြှင့်တင်နိုင်စေရန်အလို့ငှာ ရှေးခေတ်တရုတ်ရိုးရာဘာသာတရားကို ဆန့်ကျင်ခြင်း၊ ဖယ်ရှားရန်ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြ၍ အများစုကလည်း ရှေးခေတ်က ခေတ်မမှီတော့သော အယူစွဲများကို ရှုတ်ချကြသည်။ ရှေးခေတ်တရုတ်ရိုးရာဘာသာသည် ၂၀ရာစုနှောင်းပိုင်းတွင် ထိုင်ဝမ်၌ စတင်ပြောင်းလဲခဲ့ပြီး ၂၁ရာစုတွင် တရုတ်ပြည်မတွင်ပါ ပြောင်းလဲလာခဲ့သည်။ ယခုဆိုလျှင် ပညာရှင်များက ရိုးရာဘာသာတရားကို အကောင်မြင်သည့်ဖက်က သုံးသပ်ကြည့်ရှုကြသည်။[၁၁] မကြာသေးမီအချိန်များက တရုတ်ရိုးရာဘာသာသည် တရုတ်ပြည်၊ ထိုင်ဝမ်တို့တွင် အသစ်တဖန်ပြန်လည်ပေါက်ဖွားစပြုလာ၍ အချို့သော ပုံစံများကို ရှေးခေတ် တရုတ်ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းအဖြစ် နားလည်လက်ခံကြရာ ၎င်းတို့မှာ မာဆူးဝါဒ၊ ဖူးကျန့်အရပ်က ဆန်းညီဝါဒ[၁၂] ဟွမ်းတိ (အဝါရောင်ဧကရာဇ်) အားပူဇော်ကန်တော့ခြင်း[၁၃] နှင့် အခြားသော ဒေသဆိုင်ရာ ဝတ်ပြုပူဇော်မှုများဖြစ်သည့် လုံးဝမ်း၊ ပန်ကူး၊ ကိုင်းရှန် ဝတ်ပြုပူဇော်မှုများပါဝင်သည်။[၁၄]
ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]
ကွဲပြားမှုနှင့် စုဖွဲ့မှု[ပြင်ဆင်ရန်]
ရှေးတရုတ်ဘာသာအယူဝါဒများမှာ ခရိုင်တစ်ခုနှင့် တစ်ခုမတူချေ။ ရွာတစ်ရွာနှင့် တစ်ရွာတွင်ပင်မတူကြပေ။ မတူရသည့်အကြောင်းမှာ ဘာသာရေးဆောင်ရွက်ပုံ အလေ့အထများသည် ဒေသဆိုင်ရာလူမှုအဖွဲ့အစည်း၊ ဆွေမျိုးတော်စပ်မှု၊ ပတ်ဝန်းကျင်အနေအထားစသည်တို့အပေါ်တွင် နယ်နိမိတ်ကန့်သတ်မှုရှိသည်။ ထိုနယ်ပယ်တစ်ခုစီတွင် အခိုင်အမာဖွဲ့စည်းထားသော ဘာသာရေးအဖွဲ့များနှင့် ထိုသူတို့၏ ရိုးရာဓလေ့ကျင့်ထုံးများသည် အလွန်ကျစ်လျစ်သောပုံစံရှိ၏ ။ ဘုရားကျောင်းများ၊ ဘုရားကျောင်းအတွင်းရှိနတ်ရုပ်များသည် အမှတ်သညာဝိသေသများရှိကြ၍ ဒေသခံလူမှုအဖွဲ့အစည်းတို့၏ နေ့စဉ်ဘဝ၏ တသီးတသန့် လုပ်ဆောင်ချက်များကို ထမ်းဆောင်ပေးနိုင်သည်။[၁၅] ဒေသဆိုင်ရာ ဘာသာတရားများသည် 'ရှေးရိုးမျိုးနွယ်ကိုယ်စားပြု ဝတ်ပြုခြင်း' (totemism)[၁၆] ၊ 'အရာရာတွင် သက်ရှိ(ဝိဉာဉ်)ရှိသည်ဟူသော ဝါဒ' (animism) ၊ 'လူလောကနှင့် မမြင်နိုင်သည့်လောကတစ်ခုကို ကြားခံဆက်သွယ်ပေးသည့် ဝါဒ' (shamanism)[၁၇] စသည့် သဘာဝအလျောက် ယုံကြည်မှုများ၏ အသွင်သဏ္ဌာန်များပါရှိကြသည်။
ရှေးတရုတ်ဘာသာတရားသည် လူမှုဘဝ၏ လက္ခဏာသွင်ပြင်အားလုံး၌ ပါဝင်နေလေရာ လူမှုဗေဒပညာရှင် စီ ကေ ယန်း၏ ဦးဆောင်မှုနောက်က ပညာရှင်အများစုသည် ရှေးတရုတ်ဘာသာရေးသည် အနောက်တိုင်း၏ ဘုရားရှိခိုးကျောင်း (church) ကဲ့သို့ သီးသန့်ဆန်သော ဖွဲ့စည်းထားသည့် တည်ဆောက်ပုံမျိုးမဆန်ဘဲ မိသားစုဘဝပုံစံ၊ တစ်ဦးတစ်ယောက်ကို အသားမပေးသော အများနှင့်ဆိုင်သော ဘဝပုံစံတွင် ခိုင်ခိုင်မြဲမြဲပါဝင်သည်ဟု ရှုမြင်ကြသည်။[၁၈]
နတ် (သို့) ဘုရားကျောင်းဆိုင်ရာ အဖွဲ့များ၊ မျိုးနွယ်အခြေပြုအဖွဲ့များ၊ ဘုရားဖူးအဖွဲ့များ၊ အတည်တကျရှိသော ဝတ်ပြုသူများ၊ ဓလေ့ထုံးတမ်းများနှင့် ကိုယ်ကျင့်သီလဖော်ထုတ် ဖော်ပြမှုများ စသည်တို့သည် ဒေစဆိုင်ရာ အတိုင်းအတာအနေဖြင့် တရုတ်ဘာသာရေး၏ တူညီသောပုံစံများဖြစ်ကြသည်။[၁၅] ဘာသာရေးဆောင်ရွက်မှုများ၌ ပါဝင်ဆောင်ရွက်ရန်အလို့ငှာ မတူညီသည့် ဘာသာတစ်ခုမှ တစ်ခုသို့ ဘာသာပြောင်းလဲသည့် ကနဦး ဓလေ့ကျင့်ထုံးဆောင်ရွက်မှု၊ ဘာသာပြောင်းကြောင်း တရားဝင်အတည်ပြုမှု မလိုအပ်ပေ။[၁၅] အခိုင်အမာ တည်တန့်လျက် ရှိသော ဘာသာတရားများနှင့်မတူဘဲ တရုတ်ဘာသာရေးတွင် ဘာသာရေးကိစ္စများပါဝင်ဆောင်ရွက်ရန်အတွက် ညာသာပြောင်းလဲရန် မလိုအပ်ပေ။[၁၈]
ပါဝင်ဆောင်ရွက်ရန်အတွက် အဓိကအဆုံးအဖြတ်မှာ အယူဝါဒတစ်ခုတွင်ရှိသော တရားဒေသနာများကို ယုံကြည်ရန်မလိုအပ်ဘဲ ရှေးတရုတ်ဘာသာတရား၏ ဒေသခံအဖွဲ့တစ်ခုတွင်သာ ပါဝင်ရန်လိုအပ်သည်။ ဆိုလိုသည်မှာ ထိုသူတို့ကိုးကွယ်သော နတ်ဒေဝါများ၊ ရိုးရာဓလေ့များနှင့်အတူ အဖွဲ့အစည်း၊ ရပ်ကျေးရွာကျေး၊ မျိုးရိုးစသော ဒေသခံအဖွဲ့မျိုးတွင်သာ ပါဝင်ရန်လိုအပ်သည်။[၁၅] ဒဿနပညာရှင် တုဝေမင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို[၁၉] ယူငင်၍ ပညာရှင် ရစ်ချက် မဲ့ဒ်ဆန်က ဤသို့ဖော်ပြသည်။ ရှေးတရုတ်ဘာသာရေးသည် အခိုင်အမာရှိ၍ တည်တန့်လျက် ရှိသော လူ့သဘောလူ့လောကအတွင်း ကိုယ်ကျင့်တရားဆိုင်ရာ လူမှုအဖွဲ့အစည်းအား တည်ဆောက်ခြင်းအပေါ် အလေးပေးကာ ထိုခိုင်မာတည်တန့်သော လူ့လောကကို အကျိုးပြုခြင်း၌ အခြေတည်သော 'ပင်ကိုသဘော သာလွန်ထူးကဲသည့်' အရည်အသွေးမျိုးရှိသည်ဟု ဆိုသည်။[၂၀]
ရှေးတရုတ်ဘာသာရေးကို သင့်လျော်သည်အမည်တစ်ခုရှာရန်မှာ ၎င်းကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုရန် (သို့) ၎င်း၏ နယ်နိမိတ်စည်းကို ရှင်းရှင်းလင်းလင်း ကန့်သတ်ဖော်ပြရန် အခက်အခဲရှိပေသည်။ ရှေးဟောင်းတရုတ်ရေးရာလေ့လာမှုပညာရပ် အထူးသဖြင့် အနောင်တိုင်းသားများအဖို့ ထိုပညာရပ်က 'လူအများလက်ခံသော ဘာသာအယူဝါဒ' နှင့် 'အထက်တန်းလွှာများ ကျင့်သုံးသော အယူဝါဒ' များကို ကွဲပြားဖော်ပြရန် ကြိုးစားခဲ့ကြ၏ ။ (ဒုတိယအယူဝါဒ၌ ငွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒကို တသီးတခြား အယူဝါဒစနစ်များဟု ယူဆနိုင်သည်) တရုတ်ရေးရာလေ့လာမှုပညာရပ်သည် နောက်ပိုင်းတွင် ခေတ်သစ်လေ့လာမှုပညာရပ်များတွင် တည်ရှိသောစနစ်ဖြစ်သည့် လုံးဝဆန့်ကျင်ကြသော သဘာဝရှိသည့် အရာများကို ခွဲခြားစနစ်တစ်ခုကို ကျငိ့သုံးကာ 'ရိုးရာယုံကြည်မှုအယူအဆ' နှင့် 'ရိုးရာဘာသာတရား' ကြားရှိ ကွဲပြားမှုကို ဖော်ထုတ်ခွဲခြားခဲ့ကြသည်။ ဤ၌ ဒုတိယဖော်ပြထားသော 'ရိုးရာဘာသာတရား' ဆိုသည်မှာ အဆုံးအမ ကျမ်းစာများရှိသော ဂိုဏ်များကို ရည်ညွှန်းပါ၏ ။[၂၁]
လေ့လာမှုအများအပြားက ထောက်ရှုပြသသည်မှာ သိသာရှင်းလင်းသော ကွဲပြားမှုကို ဖော်ထုတ်ရန်မဖြစ်နိုင်ပေ။ ၁၉၇၀ပြည့်နှစ်များကစ၍ အချို့တရုတ်ရေးရာပညာရှင်များက အိန္ဒိယ၏ ဟိန္ဒူဘာသာ၊ ဂျပန်၏ ရှင်တိုဘာသာ ကဲ့သို့သော တစ်မူတည်းသော 'ရှေးတရုတ်ဘာသာ' ဆိုသည့်စိတ်ကူးဘက်သို့ တိမ်းလာကာ ထိုဘာသာက တရုတ်နိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်လိမ့်မည်ဖြစ်သည်။ တစ်မူတည်းသော အမျိုးသားဘာသာရေး စိတ်ကူးကို မထောက်ခံသော အခြားတရုတ်ရေးရာပညာရှင်များက တရုတ်ဘာသာရေးကို အဓိပ္ပာယ်များစွာပါသော စနစ်တစ်ခုအဖြစ် လေ့လာခဲ့ကြကာ စီ ကေ ယန်း၏ 'အတည်တကျ ဘာသာရေး' နှင့် 'ပျံ့နှံ့ပွားများသော ဘာသာရေး' ဟူသောခွဲခြားမှုကို ပို၍ တိုးတက်အောင် ဆောင်ရွက်ကြသည်။ 'အတည်တကျ ဘာသာရေး'သည် လူမှုရေးရာအဖွဲ့အသင်းများမှ ကင်းလွတ်သော ဘာသာရေးစနစ်ဖြစ်၍ 'ပျံ့နှံ့ပွားများသော ဘာသာရေးသည်' လောကီလူမှုအဖွဲ့အသင်းများ၏ အတွင်းကျကျ အပိုင်းဖြစ်သည်။[၂၂]
သမိုင်း[ပြင်ဆင်ရန်]
ဧကရာဇ်ခေတ် တရုတ်ပြည်[ပြင်ဆင်ရန်]
ဟန်မင်းဆက်လက်ထက်တွင် ရှေးတရုတ်ရိုးရာဘာသာတရားတွင် အဓိက နတ်ဒေဝါများကို ကိုးကွယ်ဝတ်ပြုကြသော ဘုရားကျောင်းဆိုင်ရာအဖွဲ့များအတွင်းရှိ ယုံကြည်မှုတူသော လူအများစု ပါဝင်ကြသည်။ အများအားဖြင့် ထိုဘုရားကျောင်းဆောင်များ၏ အဓိကနတ်ဒေဝါမှာ အမိကမ္ဘာမြေနတ်ဖြစ်ပြီး အခြားသောအနေအထားများ၌ သုစရိုက်တရားနှင့်ပြည့်စုံသော ပုဂ္ဂိုလ်များ(ထာဝရအသက်ရှိသူများ) 'ရှန်း' တို့ကို ကိုးကွယ်ဆည်းကပ်ကြသည်။ ယနေ့ခေတ် ရှန်းတုံးနယ်မြေကို အုပ်စိုးခဲ့သော လျိုကျန်း အားကိုးကွယ်မှုကဲ့သို့သော ယုံကြည်မှုအချို့သည် ယနေ့ခေတ်ကာလအထိပင် ရှိနေသေးသည်။[၂၃]
မြောက်ပိုင်းဝေမင်းဆက်ကာလ သုံးရာစုမှစ၍ တရုတ်ပြည်တွင် ဗုဒ္ဓဘာသာ ကျယ်ပြန့်လာခြင်းနှင့်အတူ အိန္ဒယဒေသမှ စွမ်းအားကောင်းသော လွှမ်းမိုးမှုများသည် ဤရှေးရိုးရာ တရုတ်ဘာသာကို ထိုးဖောက်လာခဲ့သည်။ မဟာပိန္နဲ (Ganesha; 象頭神 Xiàngtóushén) ကိုးကွယ်ယုံကြည်မှုသည် သက္ကရာဇ် (၅၂၃) တွင် ရှိနေပြီဟု ခိုင်ခိုင်မာမာဆိုနိုင်သည်။[၂၄] အိန္ဒိယဘာသာတရားများမှ ကူးစက်ဝင်ရောက်လာမှုများ၌ နတ်ရုပ်တု (သို့) ရုပ်ပုံ တင်ဆောင်ထားသောလှည်းများ (သို့) ပခုံးထက်တွင် ထမ်း၍တင်ဆောင်သော ဝေါယာဉ်များဖြင့် စီတန်းလှည့်လည်ခြင်းများပါဝင်၍ ထို၌ ဂီတသီချင်းသီဆိုသူများ၏ တရားစာရွတ်များဖြင့် အမှီသဟဲပြုထားသည်။[၂၃]
၁၉-၂၀ ရာစု တရုတ်ပြည်[ပြင်ဆင်ရန်]
၁၉ နှင့် ၂၀ ရာစုတို့၌ ရှေးတရုတ်ရိုးရာဘာသာတရားသည် နှိပ်ကွပ်ခြင်းခံခဲ့ရ၏ ။ ၁၈၀၀ နှစ်များနှောင်းပိုင်တွင် တိုက်ဖျဉ်ပုန်ကန်မှု (သို့) တော်လှန်ရေး (Taiping Rebellion) နှင့် သိုင်းသမားများ အုံကြွမှု (သို့) တော်လှန်ရေး (Boxer Rebellion) တို့တွင် ရှေးဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရသည်။[၂၅] ၁၉၁၁ တော်လှန်ရေးအပြီးတွင် ဘုရားကျောင်းအများစုမှာ ဖျက်ဆီးခံခဲ့ရသည်များရှိသလို ပြုပြင်မှုအချို့လုပ်ဆောင်၍ စာသင်ကျောင်းများအဖြစ်လည်း အသုံးပြုခဲ့ကြ၏ ။[၂၆] ဒုတိယ တရုတ် ဂျပန် စစ်ပွဲ အတွင်း စစ်ရေးစစ်ရာကိစ္စရပ်များအတွက် ဘုရားကျောင်းအများအပြားကို စစ်စခန်းအဖြစ်အသုံးပြုကြသကဲ့သို့ စစ်အတွင်း ပျက်စီးမှုများလည်း ရှိခဲ့ကြသည်။[၂၅][၂၇]
အတိတ်ကာလများ၌ ခေတ်စားသော ကိုးကွယ်ယုံကြည်မှုများကို ဧကရာဇ်အစိုးရမူဝါဒများဖြင့် ထိန်းသိမ်းမှုများဆောင်ရွက်ကြပြီး အချို့နတ်ဒေဝါများကို ကိုးကွယ်ရန် မြင့်တင်ရေးဆောင်ရွက်ကြ၍ အချို့နတ်များကို ကိုးကွယ်မှုမရှိစေရန် ဖိနှိပ်ကြသည်။[၂၈] ၂၀ ရာစုတွင် ဧကရာဇ်နိုင်ငံတော်ပျက်သုဉ်ခြင်းနှင့်အတူ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်း၊ အနောက်တိုင်း၏ လွှမ်းမိုးမှုရှိလာခြင်းများနှင့်တကွ ခေတ်သစ်ပညာတတ် အသိုင်းအဝိုင်း၏ အရေးကြီးသောကိစ္စရပ်သည် စာရင်းမဝင်နတ်များကို အခွင့်မရှိဘဲ ကိုးကွယ်နေခြင်းကို ထိန်းချုပ်မှု မဟုတ်တော့ဘဲ ခေတ်သစ်၊ ခေတ်အမြင်သဘောတရားအရ ရှေးရိုးရာတရုတ်ဘာသာကို တရားမဝင်အောင် လုပ်ဆောင်ခြင်း ဖြစ်လာသည်။[၂၉]
၁၉၀၄ တွင် ယခင် ဧကရာဇ်၏ အစိုးရဥပဒေစည်းမျဉ်းတစ်ခုက ဘုရားကျောင်းပိုင်ပစ္စည်းများကို သိမ်းယူ၍ စာသင်ကျောင်းများ ဆောက်လုပ်ရန် အတည်ပြုခဲ့သည်။[၂၉] အယူသည်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ ကူမင်တန်အစိုးရက "၁၉၂၈ ဘုရားကျောင်းများ၊ နတ်ဘုရားများ ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာ စံစည်းမျဉ်းများ"နှင့်အတူ ရှေးရိုးရာတရုတ်ဘာသာကို နှိပ်ကွပ်မှု ပြင်းပြင်းထန်ထန် ဆောင်ရွက်သည်။ ယင်းစည်းမျဉ်းများတွင် လူသားသူရဲကောင်းကိုးကွယ်မှုကို ကွမ်းယွီ နှင့် ကွန်ဖြူးရှပ်စ် တို့မှအပ ကျန်သော ကိုးကွယ်မှုအားလုံးကို ဖျက်သိမ်းရန်ဖြစ်သည်။[၃၀]
၁၉၄၉ ဒီမိုကရေစီလိုလားသော တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) နှင့် ကွန်မြူနစ်လိုလားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဖြစ်သော ပြည်တွင်းစစ်အပြီး တရုတ်ကွန်မြူနစ်များကြားတွင် အထက်ဖော်ပြထားသော စည်းမျဉ်းဥပဒေများကို အခြေခံအနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။[၃၀] ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဥက္ကဋ္ဌကြီး မော် လက်ထက် ၁၉၆၆ နှင့် ၁၉၇၆ ကြား 'ယဉ်ကျေးမှုတော်လှန်ရေး'သည် ရှေးတရုတ်ရိုးရာဘာသာကို နောက်ဆုံး စနစ်တကျ ဖျက်ဆီးရန် အားထုတ်မှုတစ်ခုဖြစ်သည်။ တစ်ဖက်တွင် ထိုင်ဝမ်၌ သမ္မတ ချန်ကေရှိတ် (ကျန်ကျဲ့ရှီ) က တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကို တန်ပြန်သည့်အနေဖြင့် ၎င်း၏ တရုတ်ယဉ်ကျေးမှု ခေတ်စမ်းချိန်ကာလအတွင်း ရှေးရိုးရာဘာသာတရားကို ထိန်းသိမ်း၍ မြှင့်တင်ခဲ့သည်။[၂၅][၃၀]
၁၉၇၈ လွန်ပြီးနောက် ရှေးတရုတ်ဘာသာသည် တရုတ်ပြည်မကြီးတွင် လျင်မြန်စွာ စတင်ပြန်လည်ပေါက်ဖွားလာခဲ့ပြီး ဘုရားကျောင်းဆောင်ပေါင်း သန်းချီ၍ ဆောက်လုပ်နေဆဲကာလ၊ အစမှစတင်ဆောက်လုပ်ကြသည့် ကာလည်းဖြစ်သည်။[၃၁][၃၂][၃၂] ၁၉၈၀ နှစ်များကစတင်၍ ဗဟိုအစိုးရသည် ကျေးလက်လူမှုအသိုင်းဝိုင်းများနှင့် ဆက်လျဉ်း၍ 'ဝူးဝေ' (無為) ခေါ် နူးညံ့ညင်သာသော လျစ်လျူရှုမှု အတွေးအခေါ်ဆိုင်ရာ ဝါဒတစ်ခုသို့ ပြောင်းလဲကျင့်သုံးခဲ့ကြပြီး ဒေသခံအစိုးရ၏ ဒေသခံလူမှုအဖွဲ့အစည်းနှင့် စည်းမျဉ်းပိုင်းဆိုင်ရာ ဆက်ဆံမှုအသစ်တစ်ခုသည် လက်တွေ့ကျ၍ အညမညသဘောတရား အရည်အသွေးမျိုးရှိသည်။ ဤအချက်များမှာ ရေပန်းစားသော ဘာသာရေးများအတွက် ဖွံ့ဖြိုးလာစေရန် အခွင့်အရေးအများကြီး ပေးအပ်သည့် သဘောဖြစ်သည်။[၃၂] များမကြာသေးမီနှစ်များအတွင်း အချို့သော ကိစ္စရပ်များ၌ ဒေသခံအစိုးရများသည် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မြင့်တင်ရန်ဟူသော အမည်နာမဖြင့် မူရင်း အရင်းခံဘာသာတရားများနှင့်ပတ်သက်ပြီး အကောင်းဘက်ဆန်သော၊ ထောက်ပံ့မှုရှိသော သဘောတရားများကို ကျင့်သုံးခဲ့ကြလေသည်။[၃၂][၃၃]
ရှေးတရုတ်ရိုးရာဘာသာတရား ပျောက်ကွယ်ခဲ့သည်ဟု ပြောဆိုရမည့်အစား တရုတ်နှင့် ထိုင်ဝမ်တို့တွင် ဖြစ်ပေါ်လာသော စီးပွားရေးနှင့် နည်းပညာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဤသို့ ဘာသာရေး၊ ဝါဒရေးဆန်သော အရာများကို အသစ်တဖန်ပြန်လည်ပေါက်ဖွားစေခဲ့သည်။[၃၄] ထိုပုံရိပ်များနှင့် အယူဝါဒကျင့်ထုံးများသည် ရှေးတရုတ်ရိုးရာယဉ်ကျေးမှု သဘောတရာများနှင့် ပေါင်းစပ်သွားသောကြောင့် ရှေးတရုတ်ရိုးရာ ဘာသာတရားသည် တရုတ်ပြည်၊ ထိုင်ဝမ်တို့၌နေထိုင်ကြသော ဟန်လူမျိုးတရုတ်ပြည်သူများကို ခေတ်သစ်ဖွံ့ဖြိုးမှု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စေရန် ထောက်ခံအားပေးလျက် ရှိပေတော့သည်။[၃၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Wee၊ Vivienne (1976)။ ""Buddhism" in Singapore"။ in Hassan၊ Riaz (ed.)။ In Singapore: Society in Transition။ Kuala Lumpur: Oxford University Press။ pp. 155–188။ The restriction of Christianity to Catholicism in her definition has since been broadened by the findings of other investigators.
- ↑ Teiser (1995), p. 378.
- ↑ Overmyer (1986), p. 51.
- ↑ Fan, Chen 2013. p. 5-6
- ↑ Fan, Chen 2013. p. 21
- ↑ ၆.၀ ၆.၁ Fan, Chen 2013. p. 23
- ↑ Adler (2011), p. 13.
- ↑ Teiser, 1996.
- ↑ ၉.၀ ၉.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedThien Do, 2003, pp. 10-11
- ↑ Madsen, Richard (October 2010). "The Upsurge of Religion in China". Journal of Democracy 21: 64–65. Archived 1 November 2013 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 1 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2020 တွင် ပြန်စစ်ပြီး။
- ↑ Gaenssbauer (2015), p. 28-37.
- ↑ Zhuo Xinping, "Relationship between Religion and State in the People’s Republic of China,in Religions & Christianity in Today's China. IV.1 (2014) ISSN 2192-9289. Archived 2 May 2014 at the Wayback Machine. pp. 22-23
- ↑ Sautman, 1997. pp. 80-81
- ↑ Adam Yuet Chau. "The Policy of Legitimation and the Revival of Popular Religion in Shaanbei, North-Central China". Modern China. 31.2, 2005. pp. 236-278
- ↑ ၁၅.၀ ၁၅.၁ ၁၅.၂ ၁၅.၃ Fan, Chen 2013. p. 5
- ↑ Wang, 2004. pp. 60-61
- ↑ Fenggang Yang, Social Scientific Studies of Religion in China: Methodologies, Theories, and Findings . BRILL, 2011. ISBN 9004182462. p. 112
- ↑ ၁၈.၀ ၁၈.၁ Fan, Chen 2013. p. 4.
- ↑ Tu Weiming. The Global Significance of Concrete Humanity: Essays on the Confucian Discourse in Cultural China. India Munshiram Manoharlal Publishers, 2010. ISBN 8121512204 / 9788121512206
- ↑ Madsen, Secular belief, religious belonging. 2013.
- ↑ Yang & Hu (2012), p. 507.
- ↑ Yang & Hu (2012), pp. 507-508.
- ↑ ၂၃.၀ ၂၃.၁ Overmyer (2009), p. 36-37.
- ↑ Martin-Dubost၊ Paul (1997)၊ Gaņeśa: The Enchanter of the Three Worlds၊ Mumbai: Project for Indian Cultural Studies၊ ISBN 978-8190018432. p. 311
- ↑ ၂၅.၀ ၂၅.၁ ၂၅.၂ Fan, Chen 2013. p. 9
- ↑ Overmyer (2009), p. 43.
- ↑ Overmyer (2009), p. 45.
- ↑ Overmyer (2009), p. 46.
- ↑ ၂၉.၀ ၂၉.၁ Overmyer (2009), p. 50.
- ↑ ၃၀.၀ ၃၀.၁ ၃၀.၂ Overmyer (2009), p. 51.
- ↑ Fan, Chen 2013. p. 1
- ↑ ၃၂.၀ ၃၂.၁ ၃၂.၂ ၃၂.၃ Fan, Chen 2013. p. 8
- ↑ Overmyer (2009), p. 52.
- ↑ ၃၄.၀ ၃၄.၁ Fan, Chen 2013. p. 28