အောင်ရေချမ်း
| အောင်ရေချမ်း | |
|---|---|
| မွေးဖွား | ဇူလိုင် ၇၊ ၁၉၉၁ ရန်ကုန်, မြန်မာ |
| နိုင်ငံလူမျိုး | မြန်မာ |
| မိခင်ကျောင်း | အဝေးသင်တက္ကသိုလ်(ရန်ကုန်) |
| အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ် |
| တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၀–လက်ရှိ |
| အရပ် | ၅ ft ၉ in (၁.၇၅ m) |
| အိမ်ထောင်ဖက်(များ) | ခိုင်မာဝင်း (လက်ထပ် 2024) |
| မိဘ(များ) | ဦးနေထွန်း + ဒေါ်လှစိန်သာ |
အောင်ရေချမ်း (အင်္ဂလိပ်: Aung Yay Chan; ၁၉၉၁ ခုနှစ် ဇူလိုင်လ ၇ ရက်) သည် မြန်မာ့ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူသည် ပျားရည်အိုင် (၂၀၁၈), ကျွန်မကမဟေသီ (၂၀၁၉), ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် (၂၀၂၀), တစစ်တမက် ကိုယ်နှင့်သက်ကို (၂၀၂၀), မဟူရာပုလဲ (၂၀၂၃) စသော ရုပ်မြင်သံကြားဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထင်ရှားလာသည်။[၁][၂][၃]
ငယ်စဉ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]အောင်ရေချမ်းကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၎င်း၏ မိဘများမှာ သံတွဲမြို့မှ ဇာတိဖြစ်ပြီး ညီအကိုသုံးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အောင်ရေချမ်းသည် ရန်ကုန်အင်းစိန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) (BEHS 1 Insein) တွင် ပညာသင်ကြားခဲ့သည်။
အသက်မွေးဝမ်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ်တွင် အောင်ရေချမ်းသည် ပထမဆုံးအကြိမ်အဖြစ် ဇာတ်ရုပ်သရုပ်ဆောင်မှုအလုပ်တွင် ပါဝင်ကာ အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် Forever Group မှ စီစဉ်သည့် ဓာတ်ပုံပြိုင်ပွဲတစ်ခုတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် MRTV-4 Talent သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၂၀၁၂ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ဒရာမာဇာတ်လမ်းတွဲ ထာဝရမန္တလေး တွင် အောင်မင်းခန့်၊ ခြူးလေးနှင့် မြတ်သူသူ တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ ဝင်္ကပါစံအိမ် တွင် အောင်မင်းခန့်၊ ပိုးကြာဖြူခင်၊ ဆောင်းဝတ်ရည်မေ နှင့် မြတ်သူသူ တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ တခြားသည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲဖြစ်သော ဆုံစည်းခြင်းမိုးတိမ်များ တွင်လည်း ပါဝင်ခဲ့သည်။
ပို၍လှသောမနက်ဖြန် ဇာတ်လမ်းတွဲတွင် အောင်မင်းခန့်၊ နတ်ခတ်နှင့် ခြူးလေးတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ပျားရည်အိုင် ဇာတ်လမ်းတွဲတွင် မေမီကိုကို၊ မြတ်သူသူ တို့နှင့်အတူ ကိုတင်ဖေ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ရသမော်ကွန်းအလင်္ကာ ဇာတ်လမ်းတွဲတွင် ရသ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ မင်းမျိုးနွယ် ဇာတ်ကောင်ဖြင့် ဝင့်ယမုံနိုင်နှင့် သံသာမိုးသိမ့် တို့နှင့်အတူ ကျွန်မကမဟေသီ ဒရာမာဇာတ်လမ်းတွဲတွင် အဓိကအခန်းကဏ္ဍဖြင့် ပါဝင်ခဲ့သည်။
ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲတွင် ခန့်စည်သူနှင့် ခိုင်သင်းကြည်တို့နှင့်အတူ မျိုးသွင်ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။ ထို့အပြင် ကျော်ဆုနှင့် မေမြင့်မိုရ် တို့နှင့်အတူ တစစ်တမက် ကိုယ်နှင့်သက်ကို ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။
မေမီကိုကိုနှင့်အတူ မဟူရာပုလဲ ဒရာမာဇာတ်လမ်းတွဲတွင် သက်ဦးမောင် ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
မင်းတော်ဝင်းနှင့် နန်းစုဦးတို့နှင့်အတူ Lightless Night နှင့် Brightest Day ဒရာမာဇာတ်လမ်းတွဲများတွင် ခွန်းဝင်းဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
Blue Sea and Blue Sky ဒရာမာဇာတ်လမ်းတွဲတွင် ငြိမ်းဦး ဇာတ်ကောင်ဖြင့် မေမီကိုကိုနှင့် အင်ကြင်းထူး တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ညီလင်းညို ဇာတ်ကောင်ဖြင့် မင်းဦးနှင့် ခင်ဝင့်ဝါ တို့နှင့်အတူ နင့် ဒရာမာဇာတ်လမ်းတွဲများတွင်လည်း ပါဝင်ခဲ့သည်။
ရုပ်ကူးခဲ့သောရုပ်ရှင်များ
[ပြင်ဆင်ရန်]ရုပ်သံ
[ပြင်ဆင်ရန်]| ခုနှစ် | ဇာတ်လမ်းအမည် | မြန်မာအမည် | မှတ်ချက် |
|---|---|---|---|
| ၂၀၁၄ | Forever Mandalay | ထာဝရမန္တလေး | MRTV-4 |
| ၂၀၁၅ | Winkabar San Eain | ဝင်္ကပါစံအိမ် | |
| ၂၀၁၆ | Better Tomorrow | ပို၍လှသောမနက်ဖြန် | |
| ၂၀၁၇ | Sone See Chin Moe Tain Myar | ဆုံစည်းခြင်းမိုးတိမ်များ | |
| ၂၀၁၈ | Pyar Yay Aine | ပျားရည်အိုင် | |
| Yatha Mawkun Alinkar | ရသမော်ကွန်းအလင်္ကာ | ||
| ၂၀၁၉ | I'm Mahaythi | ကျွန်မကမဟေသီ | |
| ၂၀၂၀ | Sue Pann Khwai Thwe Bayet Hnint Pay Ywat Leik Nahtaung Sin | ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် | |
| Legends of Warriors | တစစ်တမက်ကိုယ်နှင့်သက်ကို | ||
| ၂၀၂၃ | Mahuyar Pearl | မဟူရာပုလဲ | |
| Lightless Night and Brightest Day | အလင်းမဲ့ည အတောက်ပဆုံးနေ့ | Mahar | |
| Blue Sky and Blue Sea | ပင်လယ်ပြာပြာ မိုးပြာပြာ | Fortune TV | |
| Nint | နင့် | CANAL + | |
| ၂၀၂၄ | Yin Phwint Pya Chin Thi | ရင်ဖွင့်ပြချင်သည် | Mahar |
| ၂၀၂၅ | Atta Sue | အတ္တဆူး | M Entertainment Chanal |
| The Loom | လွန်း | CANAL + |
ရုပ်ရှင်
[ပြင်ဆင်ရန်]| ထုတ်လုပ်နှစ် | ဇာတ်ကား | အမည် (မြန်မာ) |
|---|---|---|
| ၂၀၁၉ | Yoma Paw Kya Tae Myet Yay | ရိုးမပေါ်ကျတဲ့မျက်ရည် |
| ၂၀၂၀ | 8 Seconds Silence | |
ရုပ်ရှင် (Film)
[ပြင်ဆင်ရန်]| ထုတ်လုပ်နှစ် | ဇာတ်ကား | အမည် (မြန်မာ) |
|---|---|---|
| ၂၀၁၄ | Mhone | မှုံ |
| A Phyu Yaung Thet Tant | အဖြူရောင်သက်တန့် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "အောင်ရေချမ်း၏ဘဝဖြတ်သန်းမှု" (in my)၊ Eleven Media Group၊ 11 April 2019။
- ↑ "ပရိသတ်တွေမှန်းပေးကြပေမယ့်ကိုယ်တိုင်အကယ်ဒမီမမှန်းအောင်ရေချမ်း" (in my)၊ The Irrawaddy၊ 26 February 2020။
- ↑ "ဗီလိန်ဇာတ်ကောင်အတွက်အောင်ရေချမ်းရဲ့ခံယူချက်" (in my)၊ 7Day News၊ 16 November 2019။ 19 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 29 June 2020။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ အောင်ရေချမ်း