မေမြင့်မိုရ်
မေမြင့်မိုရ် | |
---|---|
မွေးဖွား | မေမြင့်မိုရ်အောင် မေ ၁၁၊ ၁၉၉၅ ရန်ကုန်မြို့ |
နိုင်ငံလူမျိုး | မြန်မာ၊ဗုဒ္ဓဘာသာ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၂–လက်ရှိ |
အရပ် | ၅ ft ၅ in (၁.၆၅ m) |
မိဘ(များ) | ဦးအောင်ကို ဒေါ်မဉ္ဇူထွဋ် |
ဆွေမျိုးသားချင်း | ရှင်းမြတ် (မောင်) |
ရရှိသည့်ဆုများ |
|
မေမြင့်မိုရ် (၁၁ မေ ၁၉၉၅ မွေးဖွား)[၁] သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။[၂]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]၁၉၉၅ ခု၊ မေလ ၁၁ ရက်တွင် ဦးအောင်ကို၊ ဒေါ်မဉ္ဇူထွဋ်တို့က ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ မေမြင့်မိုရ်အောင် ဖြစ်သည်။ မွေးချင်းမောင် ရှင်းမြတ်သည်လည်း အနုပညာအလုပ်ကိုပင် လုပ်သည်။
အမှတ် ၁ အထက်တန်းကျောင်း (ဒဂုံ) မှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ရာ ၂၀၁၆ ခုတွင် ဥပဒေပညာဘွဲ့ ရသည်။[၃]
အနုပညာခရီး
[ပြင်ဆင်ရန်]၂၀၁၂ ခုကပင် ဓာတ်ပုံမော်ဒယ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံးများ၊ ကြော်ငြာများနှင့် တေးသရုပ်ဖော်များတွင် ပါဝင်ခဲ့သည်။ ၎င်းနှစ် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်အဖြစ် ပါဝင်သည်။
၂၀၁၃ ခုတွင် ဖော်အဲဗားလုပ်ငန်းစုမှ မျက်နှာသစ်ရွေးပွဲလုပ်ရာ လူ ၁၀၀ ခန့်နှင့်ပြိုင်ရင်း "အချစ်သင်္ကေတ" ရုပ်သံဇာတ်လမ်း အတွဲ ၃ ၌ ပါဝင်ခွင့်ရသည်။[၄] ၎င်းနှစ် "ပန်းနုသွေး" ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရသည်။[၄]
၂၀၁၄ ခုတွင် "မှော်ကျောက်စာ" ရုံတင်ဇာတ်ကား၌ သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည် ၂၀၁၈ ခုရောက်မှ ရုံတင်သည်။[၅]
၂၀၁၅ ခုတွင် "မိုးပန်းပွင့်၏သင်္ကေတ" ရုံတင်ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည်လည်း ၂၀၁၈ ခုရောက်မှ ရုံတင်သည်။[၄]
၂၀၁၆ ခုတွင် ၂၀၁၇ ခု၌လွှင့်သော "ဆုံစည်းခြင်းမိုးတိမ်များ" ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရာ၌ သရုပ်ဆောင်သည်။[၄]
၂၀၁၇ ခုတွင် စာရေးဆရာမ မစန္ဒာ၏ နာမည်ကျော်ဝတ္ထု "အရိပ်" အား ရုပ်ရှင်ရိုက်သည့် ၁၉၉၇ ထွက်ဇာတ်ကားကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲတင်ဆက်ရာတွင် ပါဝင်သည်။ ၎င်းမှာ ၂၀၁၈ ခုတွင် လွှင့်သည်။[၆]
၂၀၁၈ ခု၌ စာရေးဆရာ မောင်သိန်းဆိုင်၏ "ပုဂံမြို့သူ" ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရာ၌ ပါဝင်သည်။[၇] ထိုနှစ်တွင်ပင် အဆိုပါဇာတ်လမ်းအား လွှင့်သည်။ ပထမဆုံးကျင်းပသော ကြယ်စင်ဆုပေးပွဲ (Star Awards) တွင် "မိုးပန်းပွင့်၏သင်္ကေတ" ဇာတ်ကားဖြင့် အမျိုးသမီးထွန်းတောက်ကြယ်ဆု (Female Rising Star Award) ကို ရသည်။[၈]
၂၀၁၉ ခုတွင် "ပျောက်ဆုံးနေသောအမှန်တရား" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သည်။ ၎င်းနှစ်တွင်ပင် လွှင့်သည်။ထိုနှစ်မှာပင် သူမပါဝင်ထားသော ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်သည်။[၉]
၂၀၂၀ ခုတွင် တပ်မတော်ရုပ်သံဇာတ်လမ်း "သူရဲကောင်းတို့ဒဏ္ဍာရီ" တွင်ပါဝင်သည်။
သူသည်၂၀၂၃ခုှနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို "မုန်းခွင့်"ဖြင့် ရရှိထားသည်
မိသားစုဘဝ
[ပြင်ဆင်ရန်]ရရှိခဲ့သော ဆုများနှင့် ဆန်ခါတင်များ
[ပြင်ဆင်ရန်]ခုနှစ် | ဆု | ကဏ္ဍ | ပါဝင်သော လုပ်ဆောင်မှု | ရလဒ် |
---|---|---|---|---|
၂၀၁၈ | Star Award | Rising Star Award (အမျိုးသမီး) | မိုးပန်းပွင့်ရဲ့သင်္ကေတ | ဆုရရှိ |
၂၀၂၃ | မြန်မာ့ရုပ်ရှင် ထူးချွန်ဆု | အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု | မုန်းခွင့် | ဆုရရှိ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ စပယ်။ "အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ မေမြင့်မိုရ်"၊ Duwun၊ 2018-05-12။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2018။
- ↑ "မအိမ်ကံနဲ့ ပတ်သက်ပြီး "ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး" လို့ မေမြင့်မိုရ်ပြော" (in my)၊ The Irrawaddy၊ 6 September 2018။
- ↑ Nyein။ "ဥပဒေဘွဲ့ ရရှိသွားပြီ ဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်"၊ Myanmarload၊ November 16, 2017။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 March 2019။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ Lin၊ Tun။ "စုစုလှိုင်အဖြစ် ပရိသတ်တွေ လက်ခံနိုင်မလားဆိုတာ ရင်ခုန်နေတဲ့ မေမြင့်မိုရ်" (in my)၊ Moda Magazine၊ 29 July 2017။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 13 September 2019။
- ↑ "လုလုအောင်ကြော်ငြာတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာလတွင် ရုံတင်တော့မည်" (in my)၊ Mizzima၊ 21 September 2017။
- ↑ ""အရိပ်" ဇာတ်ကားမှာ စုစုလှိုင်အဖြစ် မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မည်" (in my)၊ The Irrawaddy၊ 24 April 2018။
- ↑ Nwe Mon Phyo။ "ပုဂံမြို့သူဖြစ်ခဲ့ရတဲ့ မေမြင့်မိုရ်"၊ 7 Day Daily၊ 2018-10-03။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 March 2019။
- ↑ "ဒီနှစ် သင်္ကြန်အစီအစဉ်တွေ ပြောပြတဲ့ သရုပ်ဆောင် မေမြင့်မိုရ်" (in my)၊ The Irrawaddy၊ 13 April 2019။
- ↑ "ဖေ့စ်ဘွတ်ခ်ဆယ်လီ ကာရိုက်တာ အကြောင်းပြောတဲ့ မေမြင့်မိုရ်" (in my)၊ 7Day News၊ 16 September 2019။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2019။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မေမြင့်မိုရ်
အင်စတာဂရမ် ပေါ်ရှိ မေမြင့်မိုရ်