မာတိကာသို့ ခုန်သွားရန်

ခံစားသိရှိ

ဝီကီပီးဒီးယား မှ
ပုံတစ်မျိုးမကစီအဖြစ် ခံစားသိဖတ်မိနိုင်သော "နက္ကာ ကုဗတုံးပုံ" နှင့် "ရူဘင် ပန်းအိုးပုံ"


စိတ်သဘော ပါရှိသော (အာရုံကြောစနစ် ရှုပ်ရှုပ်စွမ်းစွမ်း ရှိသော) သက်ရှိ တို့၏ လျှပ်ဖတ်သိရှိမှု (သို့) ခံစားသိရှိမှု (အင်္ဂလိပ်: perception) ဆိုသည်မှာ -
တွေ့ကြုံလာရသော အကြောင်းအချက်များကို၊ ပတ်ဝန်းကျင်ကို သိနားလည်နိုင်ခြင်း အလို့ငှာ၊
လှုံ့ဆော်ချက်သဘော အကြောင်းအချက်များ (infromation) ကို သက်ရှိ၏ စိတ်အားဖြင့် စုစည်းခံစားခြင်း၊ ခွဲခြားသိရှိခြင်း၊ နောက်ဆုံး၌ သဘောလျာကာ နားလည်ယူခြင်း လုပ်ငန်းလေးများ ဖြစ်၏။[၁]

သက်ရှိတို့စိတ်၌ ခံစားသိရှိမှု ဖြစ်မြောက်တိုင်းတွင်၊ အာရုံကြောစနစ် အတွင်း ကိုယ်တွင်းလျှပ်လှိုင်းများ ပါဝင်နေသည်သာ ဖြစ်ပြီး၊ ၎င်းတို့၏ အကြောင်းခံ ဖြစ်ထသော (လှုံဆော်မှုဟူသော ဒြပ်နှင့်စွမ်းအင်တို့ အဖြစ်မှ ဦးနှောက်ဖတ်ရှုဖွယ် လျှပ်လှိုင်းစဉ်များ အဖြစ် ပြောင်းလဲပေးသော) ထိခတ်လျှပ်ပြောင်းမှုတို့သည် ရူပ(ဓာတ်သရုပ်) နှင့် ဓာတု(ဓာတ်ပြုမှု) သဘောတရားများကြောင့် ဖြစ်ပျက်ကြ၏။[၂]
သာဓကအားဖြင့် အမြင်အာရုံ ဟူသည့်အရာ ၏ အရင်းခံဖြစ်စဉ်မှာလည်း အလင်းစွမ်းအင်စလေးများ က မျက်လုံးအတွင်းရှိ အလင်းခတ်လွှာ (retina) ကို လာရောက် ထိမှန်ခြင်းကြောင့် (ဦးနှောက် ဖတ်ရှုဖွယ်) ဆိုင်ရာ လျှပ်လှိုင်းအချက်ပြမှုများကို အာရုံကြော ကွန်ရက် အတွင်းသို့ ထုတ်လွှတ်ပေးမိခြင်း ရူပ၊ ဓာတုသဘောတို့အတိုင်း ဖြစ်ပေါ်၏။ အသံကြားခြင်း သို့မဟုတ် အကြားအာရုံ မှာလည်း ထိုနည်းတူ၊ အသံလှိုင်းတုန်ခါမှု (ဖိအားအပြောင်းအလဲ) တို့၏ ပုံစံအလျောက် ဆိုင်ရာ လျှပ်လှိုင်းအချက်ပြမှုများကို နားအတွင်း အာရုံခံအင်္ဂါငယ်လေးများမှ ထုတ်လွှတ်ပေးနေခြင်း ဖြစ်၏။

ထိုသို့ အလင်း၊ တုန်ခါမှု(အသံ) စသော ပြင်ပ လှုံဆော်ချက်များက တူညီနေသည့်တိုင်း သက်ရှိ တဦးနှင့်တဦး ဖမ်းယူခံစားမိပုံ (perception)ချင်း အထိုက်အလျောက် ကွာခြားနိုင်မှုကိုလည်း နယ်ပယ်အသီးသီး၌ လေ့လာလျက် ရှိကြပါ၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. Schacter၊ Daniel (2011)။ Psychology။ Worth Publishers။ ISBN 978-1-4292-3719-2
  2. Goldstein (2009) pp. 5–7