အာရုံကြောစနစ်

ဝီကီပီးဒီးယား မှ
အာရုံကြောစနစ်ပြပုံ

အာရုံကြောစနစ်သည် သတ္တဝါတို့တွင် အလွန်ရှပ်ထွေးလှသော အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်ပိုင်းများသို့ အချက်အလက်များပေးပို့ခြင်း ၊ ၎င်းတို့မှ တဖန် အချက်အလက်များ လက်ခံရယူခြင်းဖြင့် သတ္တဝါတို့၏ လှုပ်ရှားမှုနှင့် အာရုံခံစားမှုကို ထိန်းညှိပေးသည်။ အာရုံကြောစနစ်သည် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိသော ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို သိရှိပြီး ဟော်မုန်းစနစ်နှင့် တွဲဖက်လုပ်ဆောင်၍ ၎င်းအပြောင်းအလဲများကို တုံ့ပြန်စေသည်။[၁]
အာရုံကြောတစ်သျှူးများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၅၀ မှ ၆၀၀အတွင်းမှစကာ တီကောင်ကဲ့သို့ သက်ရှိများ၌ စတင်တည်ရှိခဲ့သည်။
ကျောရိုးရှိ သတ္တဝါများတွင် ၎င်းကို ဗဟိုအာရုံကြောစနစ် နှင့် အစွန်အဖျားအာရုံကြောစနစ်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ဗဟိုအာရုံကြောစနစ်တွင် ဦးနှောက် နှင့် ကျောရိုးနဗ်ကြောစည်း တို့ပါဝင်သည်။ အစွန်အဖျားအာရုံကြောစနစ်တွင်မူ ဗဟိုအာရုံကြောစနစ် နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ချိတ်ဆက်ထားသော ရှည်လျားပြီး ထုပ်ပိုးထားသည့် နဗ်အမျှင်တန်းများပါရှိသည်။

တည်ဆောက်ပုံ[ပြင်ဆင်ရန်]

အာရုံကြောစနစ်(နားဘတ်စ်)ဆိုသည့် အမည်သည် နဗ့်ဟူသော ဦးနှောက်နှင့် ကျောရိုးနဗ်ကြောစည်းတို့မှ ထွက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဖြန့်ကျက်ဆက်စပ်ထားသည့် ဆလင်ဒါပုံ အာရုံကြောမျှင်တန်းများမှ လာသည်။[၂]ရှေး အီဂျစ်၊ဂရိ နှင့် ရောမခေတ်တို့တွင် နဗ့်ကြောများကိုသတိထားမိသော်လည်း[၃] အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံကိုမူ အဏုကြည့်ကိရိယာသုံးလို့ မလေ့လာနိုင်သေးခင်အထိ နားမလည်ခဲ့ကြပေ။[၄]

ဆဲလ်[ပြင်ဆင်ရန်]

အာရုံကြောစနစ်တွင် အာရုံကြောဆဲလ်(neuron) နှင့် ကွန်ယက်ဆဲလ်(glial cell)ဟူ၍ ဆဲလ်နှစ်မျိုးပါဝင်သည်။

အာရုံကြောဆဲလ်[ပြင်ဆင်ရန်]

အာရုံကြောစနစ်သည် ထူးခြားသောဆဲလ်တစ်မျိုးဖြစ်သော အာရုံကြောဆဲလ်(Neuron)တည်ရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည်။[၅]အာရုံကြောဆဲလ်သည် အခြားသောဆဲလ်များနှင့် ကွာခြားမှုတော်တော်များများရှိသော်လည်း ၎င်းတို့၏ အခြေခံကျသော လုပ်ဆောင်ချက်မှာ နဗ်ကြောစုံ(synapse)မှတစ်ဆင့် အခြားဆဲလ်များနှင့် ဆက်သွယ်ခြင်းဖြစ်သည်။ နဗ်ကြောစုံဆိုသည်မှာ အချက်ပေးမှုများ လျင်မြင်စွာဖြတ်သန်းသွားနိုင်သည့် မော်လီကျူးဆိုင်ရာလုပ်ဆောင်ချက်ပါဝင်သည့် ဆဲလ်အမြှေးပါးနှစ်ခုဆုံမှတ်ဖြစ်သည်။[၆]အာရုံကြောဆဲလ်အများစုတွင် နဗ်ကြောဝင်ရိုး(axon)တစ်ခုစီပါရှိသည်။ နဗ်ကြောဝင်ရိုးသည် အာရုံကြောဆဲလ်နှင့် ဝေးကွာသော ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို ရောက်နိုင်ကာ ထောင်ပေါင်းများစွာသော နဗ်ကြောစုံဆိုင်ရာ ထိတွေ့မှုများ ပြုလုပ်နိုင်သော ဆဲလ်လက်တံတစ်ခုဖြစ်သည်။[၇]နဗ်ကြောဝင်ရိုးသည် နဗ်ကြောအစည်းအနှောင်များအကြားမှ ‌ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်ရှိနိုင်သည်။



ကိုးကား[ပြင်ဆင်ရန်]

  1. Tortora, G.J., Derrickson, B. (2016). Principles of Anatomy and Physiology (15th edition). J. Wiley. ISBN 978-1-119-34373-8.
  2. Kandel ER, Schwartz JH, Jessel TM, eds. (2000). "Ch. 2: Nerve cells and behavior". Principles of Neural Science. McGraw-Hill Professional. ISBN 978-0-8385-7701-1.
  3. Finger S (2001). "Ch. 1: The brain in antiquity". Origins of neuroscience: a history of explorations into brain function. Oxford Univ. Press. ISBN 978-0-19-514694-3.
  4. Finger, pp. 43–50
  5. Kandel ER, Schwartz JH, Jessel TM, eds. (2000). "Ch. 2: Nerve cells and behavior". Principles of Neural Science. McGraw-Hill Professional. ISBN 978-0-8385-7701-1.
  6. Kandel ER, Schwartz JH, Jessel TM, eds. (2000). "Ch. 2: Nerve cells and behavior". Principles of Neural Science. McGraw-Hill Professional. ISBN 978-0-8385-7701-1.
  7. Kandel ER, Schwartz JH, Jessel TM, eds. (2000). "Ch. 4: The cytology of neurons". Principles of Neural Science. McGraw-Hill Professional. ISBN 978-0-8385-7701-1.