မာတိကာသို့ ခုန်သွားရန်

မျက်လုံး

ဝီကီပီးဒီးယား မှ
မုန်တိုင်းမျက်လုံး အတွက် ,မျက်လုံး (မုန်တိုင်း)ကိုကြည့်ပါ။.
Light from a single point of a distant object and light from a single point of a near object being brought to a focus.

မျက်လုံး သည် ခန္ဓာကိုယ် ၏ အစိတ်အပိုင်း ဖြစ်ပြီး အမြင်အာရုံ ရရန် သုံးသည်။ ၉၇ ရာခိုင်နူန်းသော တိရစ္ဆာန် များတွင် မျက်လုံးရှိကြသည်။

[] Image-resolving eyes are present in cnidaria, molluscs, chordates, annelids and arthropods.[][]

လူတို့တွင် မြင်မှု၊ ကြားမှု၊ အနံ့ရမှု၊ အရသာခံစားမှု၊ တွေ့ထိမှု တည်းဟူသော အာရုံငါးပါးတို့သည် သိမှုနာဗ်ကြော တို့ကိုအ ကြောင်းပြု၍ ဖြစ်ပေါ်လာကြသည်။ ထိုအာရုံငါးပါး အတွက် အာရုံခံအင်္ဂါ တစ်ခုစီ အသီးအခြားရှိကြသည်။ ပုံပမာ အနံ့ရမှုသည်နှာခေါင်းရင်းရှိ သိမှုနာဗ်ကြောတို့ကြောင့် ဖြစ်ပေါ်လာ၍၊ ကြားမှုသည် နား အတွင်းရှိ သိမှုနာဗ်ကြောတို့ကြောင့် ဖြစ်ပေါ်လာသည်။ အနံ့ရမှုကို နားကြောများက မဆောင်ရွက်နိုင် သကဲ့သို့ အသံကြားမှုကိုလည်း နှာခေါင်းကြော များက မဆောင်ရွက် နိုင်ကြပေ။ ထို့အတူ မြင်မှုသည်လည်း မျက်စိ၏ နောက်ဖက်၌ ရှိသော ဓာတ်ပုံကရိယာနှင့် သဏ္ဌာန်တူသည့် အလွှာအတွင်းရှိ သိမှု နာဗ်ကြောပေါ် သို့ အရိပ်ကျရောက်သာကြောင့် ဖြစ်ပေါ်လာသည်။ ထိုသိမှု နာဗ်ကြောများသည် ဦးနှောက်နှင့် ဆက်သွယ်နေမှုကို ဦးနှောက်ကသာ အုပ်ချုပ်၍ သရုပ်ဖော်ပေးလေသည်။ အရသာ ခံစားမှုသည်လည်း ထိုနည်းတူပင် ဖြစ်၏။ ထိုကြောင့် အရာဝတ္ထု တစ်ခုကို မြင်ရာ၌လည်းကောင်း၊ အသံကြား၌လည်းကောင်း အနံ့ခံရာ၌ လည်းကောင်း၊ အရသာ ခံစားရာ၌ လည်းကောင်း၊ တွေ့ထိရာ၌ ဦးနှောက်ကသာလျှင်ဦးစီး၍ ထိုအာရုံများကို ဖြစ်ပေါ်လာစေသည်။

ကင်မရာခေါ် ဓာတ်ပုံရိုက်ကရိယာသည် မှန်ဘီလူး နေရာမှ အလင်းကို ဝင်စေ၏။ ထိုမှန်ဘီလူးရှိ အပေါက်ကို ဒိုင်ယာဖရမ်ခေါ် အဖုံးရှင်ကလေးဖြင့် ကြီးစေ ငယ်စေ နိုင်လေသည်။ ဓာတ်ပုံရိုက် ကရိယာ၏ နောက်ပိုင်းတွင် အလင်းမိလွယ်သော ကော်ပြားတစ်ခုရှိ၏။ ထိုကော်ပြားပေါ်တွင် မှန်ဘီလူးမှ ဝင်လာသော အလင်းသည် ဝတ္ထု၏ ရုပ်ပုံကို စောက်ထိုး ထင်ပေါ်စေသည်။ ဓာတ်ပုံရိုက်သူသည် ရိုက်လိုသည့် ပစ္စည်းပုံကို ပြတ်ပြတ်သားသား ထင်ရှားစေရန် ဓာတ်ပုံရိုက် ကရိယာကို ရှေ့တိုးနောက်ဆုတ် လုပ်သည်ကို သတိမူမိကြပေလိမ့်မည်။ မျက်စိသည် သဘောအားဖြင့် ဓာတ်ပုံရိုက် ကရိယာနှင့် တူသည့်ပြင် ထိုထက်ပို၍ ကောင်းမွန်သေးသည်။ ဓာတ်ပုံရိုက် ကရိယာမှာကဲ့သို့ မျက်လုံးအိမ်၏ နောက်ပိုင်းတွင် ပုံဖမ်း ကော်ပြားသဘောမျိုးရှိသော ရက်တီးနားခေါ် အလွန် သိမ့်မွေ့နူးညံ့သောမြင်လွှာရှိသည်။ ဓာတ်ပုံရိုက် ကရိယာမှာကဲ့သို့ ရုပ်ပုံပြတ်သားစွာ ထင်ပေါ်စေရန် မြင်လွှာကို ရှေ့တိုးနောက်ငင် လုပ်ရန်မလို အလိုအလျောက် ချိန်ပြီးသား ဖြစ်လေသည်။

မျက်လုံး တစ်ခုလုံးသည် ဓာတ်ပုံရိုက် ကရိယာကဲ့သို့ပင် ပြုမူလေသည်။ မျက်လုံးများတွင် အသားအရေမှာ ကဲ့သို့ တစ်ရှူးများ ရှိ၏။ မျက်လုံး၏ အပေါ်ယံ မျက်လွှာကို မျက်ဖြူလွှာဟု ခေါ်သည်။ ထိုမျက်ဖြူ အလယ်တည့်တည့်ရှိ ထုတ်ချင်းပေါက် မြင်ရသော နေရာကို မျက်ကြည်ဟု ခေါ်သည်။ ထိုခိုင်မာသော အထပ်အတွင်း၌ မည်းနက်၍ ပါးလွှာသော အထပ်တစ်ခု ရှိသည်။ ထိုအထပ်သည် ဓာတ်ပုံရိုက်ကရိယာ သေတ္တာအတွင်းတွင် သုတ်၍ထားသော ဆေးနက်နှင့် တူလေသည်။ ထိုအထပ်ကို မျက်စိသွေးကြောလွှာဟု ခေါ်သည်။ ထိုမျက်စိသွေးကြောလွှာ၏ အစိတ်အပိုင်း အချို့သည် မျက်စိမှန်ခုံးပေါ်သို့ အနည်းငယ် ရောက်လျက်နေသည်။

မျက်စိတွင် အရောင်ရှိသော အပိုင်းကို မျက်နက်ဝန်းဟု ခေါ်သည်။ ဆံပင်နှင့် အရေမှာကဲ့သို့ပင် မျက်နက်ဝန်းတွင် အရောင်မြောက်မြားစွာရှိသောအခါ မျက်စိ၏ အရောင်သည် အညိုရင့်ရောင်ရှိသည်။ မျက်နက်ဝန်းတွင် အရောင်အနည်းငယ်သာရှိလျှင် မျက်စိသည်ပြာနေသည်။ မျက်စိတွင် အလွန် မည်းနက်သော မျက်ဆန် ရှိ၏။ မျက်ဆန်သည် အလင်းဝင်သော ပြတင်းပေါက်ပိုင်း ဖြစ်သည်။

မျက်ဆန်ထဲသို့ ဝင်လာသော အလင်းသည် မျက်စိမှန်ခုံးကို ဖြတ်၍ မြင်လွှာပေါ်သို့ကျရောက်သည်။ မျက်စိမှန်ခုံးကို ဖြတ်၍ မြင်လွှာပေါ်သို့ ကျရောက်သည်။ မျက်ဆန် မည်းနက်ရခြင်း အကြောင်းမှာ မျက်စိ၏ အတွင်းဘက်သည် မည်းနက်နေသောကြောင့်ပင် ဖြစ်သည်။ မြင်လွှာသည် မျက်စိသွေးကြောလွှာ အနက်ထပ်၏ အတွင်းဘက်တွင်ရှိသော ပါးလွှာ၍ သိမ့်မွှေ့သည့်အလွှာ အထပ်ဖြစ်သည်။

မျက်စိမှန်ခုံး၏ ရှေ့ပိုင်းတွင် အက်ကွီယပ်ဟျူးမားခေါ် အရည်ကျဲတစ်မျိုးဖြင့် ပြည့်၍ နောက်ဖက်တွင်ကား ဗစ်ထရီယပ်ဟျူးမားခေါ်ကြည်လင်သော အရည်ပျစ် ဖြင့် ပြည့်လျက်ရှိသည်။ မျက်စိသည် ဓာတ်ပုံရိုက် ကရိယာကဲ့သို့ မျက်စိမှန်ခုံးမှ အလင်းကို ဝင်လာစေပြီးလျှင် မြင်လွှာပေါ်တွင် ရုပ်ပုံကို ထင်ပေါ်စေသည်။ မျက်လုံးကို သေးငယ်သော ကြွက်သား ၆ ခုက ထိန်း၍ ထားသည်။ ထိုကြွက်သား ၆ ခုတို့အနက် ၄ ခုသည် တည့်တည့်တန်းဆွဲ၍ ထားသည်။ ကျန် ၂ ခုမှာ ကား ဘေးသို့ဆွဲထားသည်။ ပထမကြွက်သား ၄ ခုကြောင့် မျက်လုံးသည် ရှေ့သို့လည်းကောင်း၊ ဘေးသို့လည်းကောင်း စောင်း၍ကြည့်နိုင်သည်။ ဒုတိယ ကြွက်သား ၂ ခုကြောင့် မျက်လုံးသည် အထက်မှအောက်သို့၊အောက်မှအထက်သို့လည်းကောင်း၊ ဘေးသို့လည်းကောင်း လှည့်ကာ ကြည့်ရှုနိုင်သည်။

မျက်နက်ဝန်းတွင် အတွင်းကြွက်သားများ ရှိသည်။ ထိုအတွင်း ကြွက်သားများသည် အလင်းရောင်များသောအခါ မျက်ဆန်ကိုကျဉ်းစေနိုင်၍ အလင်းရောင် နည်းသောအခါ မျက်ဆန်ကို ချဲ့ပေးနိုင်သည်။ ဤနည်းဖြင့် အဝေးနှင့်အနီးရှိ ပစ္စည်းများကို မျက်စိဖြင့် မြင်နိုင်သည်။ အတွင်း ကြွက်သားများသည် အလိုအလျောက် မျက်စိမှန်ခုံးများ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲနေစေ၍ မြင်လွှာပေါ်တွင် ဝတ္ထုမှလာသော အလင်းတန်းများကို ကျရောက်စေပြီး လျှင် ဝတ္ထု၏ ရုပ်ပုံကို ပြတ်သားစွာ ထင်ပေါ်စေနိုင်သည်။

ထိုအတွင်း ကြွက်သားများကြောင့် မျက်စိမှန်ခုံးသည် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်သည်။ အသက်အရွယ်ကြီးရင့်သူများတွင် အတွင်း ကြွက်သားများ သည် မည်မျှပင် မျက်စိမှန်ခုံးကို ပြုပြင်သော်လည်း များစွာ ခုံးနိုင်တော့မည် မဟုတ်သည့်ပြင် ပြားမြဲ ပြားလျက် ရှိနေတတ်သည်။ ထိုသို့ ပြားလျက်ရှိသော မှန်ခုံးများသည် အဝေးရှိ ဝတ္တုပစ္စည်းများမှလာသော အလင်းတန်းမျာကို အနီးရှိဝတ္တုပစ္စည်းများမှ လာသော အလင်းတန်းများထက် ပို၍ မြင်လွှာပေါ်တွင် စုဆုံ ကျရောက်စေနိုင်သည်။ ထိုကြောင့် အသက်ကြီးရင့်သူများသည် အဝေးရှိ ပစ္စည်းများကို အနီးရှိ ပစ္စည်းများထက် ပို၍ ထင်လင်းစွာ မြင်နိုင်ကြခြင်း ဖြစ်လေသည်။

မျက်နက်ဝန်းသည် ကြွက်သားဖြင့်ပြီး၍ မျက်စိအတွင်းသို့ အလင်းကို လိုသလောက်သာလျှင် ဝင်ခွင့်ပြုသည်။ မှောင်နေသောအခန်းတွင်းမှ အလင်းဖက် သို့ လူတစ်ယောက် ထွက်လာသောအခါတွင် မျက်ဆန် ကျဉ်းသွားသည်ကို သတိမူမိကြပေလိမ့်မည်။ ကြောင်များ၏ မျက်စိများကို ဂရုစိုက်၍ ကြည့်မိလျှင် ညဉ့်အချိန်တွင် မျက်ဆန်ပို၍ ကြီးလာသည် ကို တွေ့ရပေမည်။ ထိုအခါတွင် အလွန်မှိန်သည့် အလင်းရောင်ပင် ကြောင်၏ မျက်စိတွင်းသို့ ဝင်နိုင်သောကြောင့် ကြောင်များသည် အမှောင်ထဲတွင် မြင်နိုင်ကြခြင်း ဖြစ်သည်။

နေ့အခါ၌ ကြောင်၏ မျက်စိတွင် အလွန်ကျဉ်းမြောင်းသော မျက်ဆန်ကိုသာလျှင် မြင်နိုင်သည်။ မြင်လွှာသည် အလင်းမိလွယ်သော ဖလင်ကော်ပြားကဲ့သို့ဖြစ်၍ မျက်စိတွင် အလွန်အံ့ဩဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြင်လွှာတွင် နဗ်ကြောထပ်ပေါင်း ၁၁ ထပ်ရှိသည်။ အထူး ဆဲကလေးများရှိသည့် မြင်လွှာအပိုင်းသည် အလင်းရောင်တိုက်ရိုက်ကျရောက်သော အပိုင်းဖြစ်သဖြင့် အရေးအကြီးဆုံး ဖြစ်သည်၊ ထို ဆဲကလေးများသည် မြင်လွှာ၏ ရှေ့ဖက်တွင်မရှိ၊ မည်းနက်သောမျက်စိသွေးကြောလွှာ၏ နောက်ဖက်တွင် ရှိသည်။ မြင်လွှာတွင် အထပ်များစွာပင် ရှိသော်လည်း ထိုအထပ်များသည် ပါးလွှာသိမ်မွေ့၍ထုတ်ချင်း ပေါက် မြင်နိုင်ကြလေသည်။

ထိုဆဲများသည် အချောင်းပုံ၊ ကတော့ပုံတို့နှင့် တူသောကြောင့် ထိုဆဲတို့ကို ဆဲချောင်းများ၊ ဆဲကတော့များဟု ခေါ်သည်။ ဆဲကတော့များထက် လေးဆပို၍ ဆဲချောင်းများက များသော်လည်း ဆဲကတော့များက ပို၍ အရေးကြီးလေသည်။ မြင်လွှာအလယ်ရှိအဝါစက်တွင်ကား ဆဲကတော့များသာလျှင် ရှိသည်။ ဆဲကတော့များကို တောက်ပသော အလင်းနှင့် အရောင်များအတွက် အသုံးပြုပြီးလျှင် ဆဲချောင်းများကို မှုန်သော အလင်းအတွက် အသုံးပြုသည် မြင်လွှာမှ အဝါစက်ကလေးအားဖြင့် ဝတ္ထုပစ္စည်းများကို ထင်ရှားစွာမြင်နိုင်သည်။ ပုံနှိပ်စာလုံးများကို ဖတ်သောအခါတွင်လည်းကောင်း၊ ဝတ္ထုပစ္စည်းများကိုကွဲပြားအောင် ကြည့်သောအခါတွင် လည်းကောင်း ထိုအဝါစက်ကို အသုံးပြုသည်။ နေ့အခါတွင် ထိုအစက်ဖြင့် ထင်ရှားစွာ မြင်နိုင်သော်လည်း ညဉ့်အခါ၌ လုံးဝ မမြင်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မှုန်သည့် အလင်းတွင် အသုံးပြုရသော ဆဲချောင်းများသည် ထိုအဝါစက်တွင် လုံးဝမရှိသောကြောင့် ဖြစ်သည်။

အချို့သော သူများသည် အရောင်ကို မခွဲခြားနိုင်ကြချေ။ အစိမ်းရောင်နှင့် အနီရောင်များသည် ထိုသူတို့ မျက်စိတွင် အစိမ်း နှင့် အနီရောင် မဟုတ်ကြ တော့ဘဲ မွဲပြာရောင်သာလျှင်ဖြစ်၍ နေကြသည်။ မော်တော်ကားမောင်းသမားနှင့် မီးရထားစက်ခေါင်းမောင်းသမားတို့၏ အရည်အချင်းကို စမ်းသပ်သည့်အခါတွင် အရောင်ကို ခွဲခြား၍ မြင်နိုင်၊ မမြင်နိုင်ကိုထည့်၍ စမ်းသပ်လေသည်။ အဘယ်ကြောင့်ဆိုသော် လမ်းများရှိ အထိမ်းအမှတ်မီးများသည် အများအားဖြင့် အနီရောင် နှင့် အစိမ်းရောင်ရှိသော မီးများဖြစ်ကြသောကြောင့်တည်း။

မျက်စိနှစ်လုံးရှိမည့်အစား မျက်စိတစ်လုံးတည်းသာရှိခဲ့လျှင် မြင်ရသည့် အရာဝတ္ထုများသည် ပန်းချီကားရေးဆွဲထားဘိသကဲ့သို့အားလုံး ပြား၍ နေပေမည်။ မျက်စိနှစ်လုံးရှိခြင်းကြောင့် အလုံးကို အလုံးအတိုင်းမြင်ရ၍ အပြားကို အပြားအတိုင်း မြင်နိုင်သည်။

မျက်စိသည် ကိုယ်ခန္ဓာတွင် အသုံးဝင်၍ အလွန် သိမ်မွေ့နူးညံ့သော အပိုင်းတစ်ခု ဖြစ်၏။ အနည်းငယ်သော ဒဏ်ရာနှင့်ပင်လျှင် မျက်စိကို ဒုက္ခပေးနိုင်ပြီးလျှင် မျက်စိကို ကွယ်ပင် ကွယ်စေနိုင်လေသည်။ ထိုကြောင့် မျက်စိများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်ပေသည်။ မျက်ခွံ၊ မျက်တောင်၊ မျက်ခုံးတို့သည် ဖုံများကို ကာကွယ်ပေးသည်။ မျက်လုံးခွံနှင့် မျက်ဖြူလွှာများတွင် ဖုံမှုန့်တစ်ခုဝင်သွားလျှင် မျက်ရည်အိတ်မှ မျက်ရည်များ ကျဆင်းလာ၏။ ထိုသို့ ကျဆင်းခြင်းသည် မျက်စိကို ဆေးကြောခြင်းပင် ဖြစ်၍ ဖုံမှုန့်များ ပြန်၍ထွက်လာစေသည်။ မျက်ရည်အိတ်သည် အပေါ်နှင့်အောက် မျက်ခွံများအတွင်းရှိ၏။ မျက်ရည်အိတ်မှ မျက်ရည်ထွက်လာအောင် လုပ်သောအခါတွင် မျက်စိတွင် မျက်ရည်များပြည့်လာ၍ ပိုလျှံသော မျက်ရည်သည် နှာခေါင်းပေါက်ထဲသို့ စီးဝင်နိုင်လေသည်။ []

အခြေခံ အကျဆုံး မျက်လုံးပုံစံသည် ဆဲလ် တစ်ခုတည်း ရှိသော အလင်းအာရုံခံ စနစ်ဖြင့် စတင်သည်။ ထိုပုံစံသည် ပတ်ဝန်းကျင်တွင် အလင်းရှိမရှိသာ သိနိုင်သည်။ ၎င်းတွင် သတ္တဝါ အများစုအတွက် ဇီဝအချိန် စနစ်ပါဝင်ပြီး အချိန်ညှိရန် သုံးသည်။ တချို့ ပက်ကျိ များ သည် ပုံရိပ်အလုံးစုံကို မမြင်နိုင်ပေ၊ သို့သော် အလင်းအား ပြင်းမပြင်းကို သိနိုင်၍ ၎င်းတို့အား ပြင်းထန်သော နေရောင်ခြည် ကို ရှောင်ရှား စေနိုင်သည်။

ပိုကောင်းသော မျက်လုံးစနစ်တွင် ထိုလုပ်ဆောင်ချက် ပါဝင်သည်။ မျက်လုံးထဲ ရှိ သီးသန့်ဆဲလ် ဖြစ်သော ဂန်ဂျလီယွန် (ganglion) သည် မြင်ရန်အတွက် သာမက တခြားလုပ်ဆောင်ချက် အတွက်ပါ အလင်းကို အာရုံခံသည်။ ၎င်းတို့သည် ရတ္တီနာ (retina) ထဲ တွင် ရှိပြီး retinohypothalamic tract ခေါ် သီးသန့်လမ်းကြောင်း မှ တဆင့် အလင်းဆိုင်ရာ အချက်အလက် များကို ဦးနှောက်သို့ ပေးပို့သည်။ ထိုအချက်များကို အသုံးပြု၍ သတ္တဝါ များ က နေ့ ည ဟူ၍ ခွဲခြားသည်။ ထိုစနစ်သည် အလင်းကို မမြင်နိုင်သော အမြင်ချို့တဲ့သူ များ(တချို့) တွင်လည်း အလုပ်လုပ်သည်။

မျက်လုံး၏ ပုံသဏ္ဌန် သည် ခွက် ကဲ့သို့ရှိ၍ ထို့အတွက်ကြောင့် သတ္တဝါများကို အလင်းလာရာ အရပ် ကို မှန်းဆ စေနိုင်သည်။

ပြည့်စုံသော မျက်လုံးစနစ်သည် အရောင်အသွေး၊ လှုပ်ရှားမှု နှင့် အဆင်အပြင်တို့ ပါဝင်သော ပြည့်ဝအမြင်စနစ် ကို ထောက်ပံ့သည်။ ထိုမျက်လုံးများသည် လုံးဝန်းသော ပုံသဏ္ဌန် ရှိ၍ ရတ္တီနာ ဟုခေါ်သော အတွင်းပိုင်းတွင် ပုံရိပ်ချိန်ညှိ နိုင်သည်။

နို့တိုက်သတ္တဝါများတွင် အထူးဆဲလ် ၂ ခု ပါဝင်၍ ၎င်းတို့က အမြင်အာရုံ အသုံးပြုကာ ဦးနှောက်ကို မြင်သမျှပို့လွှတ်သည်။

အချို့တိရစ္ဆာန် များ သည် လူတို့မမြင်နိုင်သော အလင်းရောင်ခြည်များ ကို မြင်ရသည်။ ဥပမာ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် အနီအောက်ရောင်ခြည် ဖြစ်သည်။

မျက်လုံး အရှေ့ပိုင်းရှိ မှန်ဘီလူး သည် ကင်မရာ မှန်ဘီလူး ကဲ့သို့ ဖြစ်သည်။ မျက်လုံး အတွင်းပိုင်း ကြွက်သား ကို ကြုံ့ခြင်း ကြွခြင်း အားဖြင့် မှန်ဘီလူး ကို ခုံးစေ ပြားစေ နှိင်သည်။ လူအိုများတွင် ၎င်းကို ကောင်းစွာ မလုပ်နိုင်တော့ပေ။ လူများစု သည် မွေးစကတည်းက သော်လည်းကောင်း၊ နောက်ပိုင်းသော်လည်းကောင်း အမြင်ချို့တဲ့၍ မျက်မှန် သို့မဟုတ် မျက်ကပ်မှန် ကို လိုအပ်နိုင်သည်။

== Types of eye == မျက်လုံးအမျိုးအစားများ

ယခုအခါတွင် မျက်လုံးအမျိုးအစား ၁၀ မျိုးကိုသာ သိရှိသေးသည်။ ပုံရိပ်ဖမ်းစနစ် အတွက်မူ စနစ်တမျိုးတွင်သာ ရှိသည်။

မျက်လုံးကို အမျိုးအစားခွဲရန် တစ်နည်းမှာ မျက်လုံးအခန်း များ ကို ရေတွက်ခြင်း ဖြစ်သည်။ အခြေခံ မျက်လုံးတွင် မှန်ဘီလူး ရှိနိုင်သော တစ်ခန်းသာ ပါဝင်သည်။ စုပေါင်းမျက်လုံးစနစ် တွင် အခန်းများစွာ နှင့် မှန်ဘီလူး များစွာပါဝင်သည်။

မျက်လုံးများကို ပုံရိပ်လက်ခံစနစ် တည်ဆောက်ပုံအရ အုပ်စုခွဲနိုင်သည်။ ပုံရိပ်လက်ခံစနစ်သည် cillated သို့မဟုတ် rhabdomic ထဲကတစ်ခုခုဖြစ်နေနိုင်သည်။ .[] အချို့သော annelids များက နှစ်မျိုးလုံးလည်းဖြစ်နေနိုင်သည်။ .[]

=== Simple eyes === ဧကစက္ခုသည် အရိုးရှင်းဆုံးသော မျက်လုံးအမျိုးအစားဖြစ်ပြီး ၎င်းတွင် မျက်လုံး တစ်လုံးသာ ပါသည်။ ဆိုလိုသည်မှာ ဧကစက္ခုမျက်လုံးတွင် မျက်လုံးအခန်း သို့မဟုတ် ပုံရိပ်လက်ခံစနစ်တစ်ခုသာပါရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။

==== Pinhole eye ====အပ်ပေါက်မျက်လုံးစနစ်

Nautiluses have a pinhole eye

Spherical lensed eye

[ပြင်ဆင်ရန်]

==== Reflector eyes ==== ရောင်ပြန်မျက်လုံးစနစ်

Arthropods such as this carpenter bee have compound eyes

စုပေါင်းမျက်လုံးစနစ် သည် အခြေခံမျက်လုံးစနစ် နှင့် ကွာခြားသည်။ ၎င်းတွင် အလင်းအာရုံခံ အစိတ်အပိုင်း များစွာ ပါဝင်သည်။ အချို့တွင် ရာထောင်ချီ၍ ပါဝင်သည်။ ဖမ်းယူသော ပုံရိပ်ကို ဦးနှောက်သို့ အတူတကွ ပို့ဆောင်သည်။ ၎င်းကို အိုမတီဒီယမ် (ommatidium) ဟုခေါ်သည်။ အိုမတီဒီယမ် များသည် အခုံးမျက်နှာပြင်တွင် တည်ရှိ၍ ၎င်းတို့သည် နေရာ အရပ်ရပ် သို့ စူးစိုက်ကြည့်ရူနေသည်။ ထို့ကြောင့် အခြေခံ မျက်လုံးကဲ့သို့ မဟုတ်ပဲ မြင်ကွင်းအတော်များများကို မြင်နိုင်သည်။ ထို့ပြင် လျင်မြန်သော လှုပ်ရှားမှု ကိုသာမက ဖြတ်ကနဲ ကဲ့သို့ အလင်းကိုပါ အာရုံခံနိုင်သည်။

[]

Compound eyes are common in arthropods, annelids, and some bivalved molluscs[]

The compound eye of a dragonfly

ကိုးကား

[ပြင်ဆင်ရန်]
  1. Land, M.F. (1992). "The evolution of eyes". Annual Review of Neuroscience 15: 1–29. doi:10.1146/annurev.ne.15.030192.000245.
  2. Frentiu, Francesca D. (2008)၊ "A butterfly eye's view of birds"၊ BioEssays30: 1151၊ doi:10.1002/bies.20828 Unknown parameter |coauthors= ignored (|author= suggested) (အကူအညီ)
  3. ကိုးကား အမှား - Invalid parameter "<" in <ref> tag. The supported parameters are: dir, follow, group, name. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Land1992
  4. မြန်မာ့စွယ်စုံကျမ်း
  5. Fernald, Russell D. (2006)၊ "Casting a genetic light on the evolution of eyes"၊ Science313 (5795): 1914–1918၊ doi:10.1126/science.1127889 Unknown parameter |pimd= ignored (အကူအညီ); Unknown parameter |month= ignored (အကူအညီ) ကိုးကား အမှား - Invalid parameter "russell" in <ref> tag. The supported parameters are: dir, follow, group, name.
  6. Fernald, Russell D. (2006)၊ "Casting a genetic light on the evolution of eyes"၊ Science313 (5795): 1914–1918၊ doi:10.1126/science.1127889PMID 17008522 Unknown parameter |month= ignored (အကူအညီ)
  7. Völkel R.; Eisner M.; Weible K. J. (June 2003). "Miniaturized imaging systems" (PDF). Microelectronic Engineering 67-68 (1): 461–472. doi:10.1016/S0167-9317(03)00102-3. You must specify title = and url = when using {{cite web}}.မော်ကွန်းတင်ပြီးမိတ္တူ 1 October 2008 တွင် [{{{url}}} မူရင်း]အား မော်ကွန်းတင်ပြီး။ 9 November 2011 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ 1 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2011 တွင် ပြန်စစ်ပြီး။
  8. Ritchie, Alexander (1985). "Ainiktozoon loganense Scourfield, a protochordate? from the Silurian of Scotland". Alcheringa 9: 137.