ကန်မြဲရွာ၊ တောင်သာမြို့နယ်

ဝီကီပီးဒီးယား မှ
ကန်မြဲ
ရွာ
ကန်မြဲရွာ
ကန်မြဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကန်မြဲ
ကန်မြဲ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°15′25″N 95°18′43″E / 21.256950378418°N 95.3118896484375°E / 21.256950378418; 95.3118896484375ကိုဩဒိနိတ်: 21°15′25″N 95°18′43″E / 21.256950378418°N 95.3118896484375°E / 21.256950378418; 95.3118896484375
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မြင်းခြံခရိုင်
မြို့နယ်တောင်သာမြို့နယ်
ကျေးရွာအုပ်စုကန်မြဲ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကန်မြဲရွာ ("ကမြဲ" ဟု အသံထွက်) (အင်္ဂလိပ်: Kanmye)သည် မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်တောင်သာမြို့နယ်ကန်မြဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၅၁၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန်မြဲကျေးရွာအုပ်စုတွင် ကျား ၂၅၄၈ ဦး၊ မ ၃၄၇၃ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၂၁ ဦးနေထိုင်သည်။ [၁]

နာမည်ကျော်ကြား ကန်မြဲသားများ[ပြင်ဆင်ရန်]

မန္တလေး ဗန်းမော်ကျောင်းတိုက်ဆရာတော် အရှင်ကုမာရာဘိဝံသ၏ ဆရာဖြစ်သူ တောင်ဝှေးခေါက်ဆရာ‌တော်ဦးပွား (အရှင်သောဘိတ) ၏ ဇာတိရွာဖြစ်သည်။

ဂီတစာဆိုအကျော်အမော်တဦးဖြစ်သူ ကန်မြဲအေး‌ကျော် (၁၉၂၅-၁၉၇၈) နှင့် နာမည်ကျော် ကဗျာဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) တို့၏ ဇာတိရွာဖြစ်သည်။ ကန်မြဲရွာတွင် ဦးအေးကျော်၏ နာမည်ကျော် သီချင်းအမည်ဖြစ်သော "ပန်းရည်ဘဏ်တိုက်" အမည်ဖြင့် စာကြည့်တိုက်တစ်ခုကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ကာ ကန်မြဲရွာ ဂုဏ်ဆောင် ဆရာကြီးကဗျာဆရာတင်မိုးနှင့် ကန်မြဲကိုအေးကျော်တို့၏ ကိုယ်တစ်ပိုင်းပုံ ကြေးရုပ်တုတို့အား ထားရှိ ပြသထားသည်။



ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။