WFP

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆူဒန်နိုင်ငံ ရမ်ဘက်ဒေသသို့ အစားအစာပို့ဆောင်နေသော ကုလသမဂ္ဂမှ C-130 ဟာကျူလီကုန်တင်လေယာဉ်များ

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(ဒဗလျူအက်ဖ်ပီ)။(WFP-World Food Programme ) ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့်ပတ်သတ်သော အကူအညီများအတွက် ဌာနခွဲတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်သည်။ ဒဗလျူအက်ဖ်ပီသည် ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိ ကလေးငယ် ၅၈ သန်းအပါအဝင် လူ သန်းပေါင်း ၉၀ ကို နှစ်စဉ် စားနပ်ရိက္ခာထောက်ပံနေသည်။ [၁] သူ၏ဌာနချုပ်ရှိရာ ရောမမြို့ နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံအလိုက် အခြားရုံးခွဲ ၈၀ ကျော်မှနေ၍ ဒဗလျူအက်ဖ်ပီသည် မိမိနှင့် မိမိ၏ မိသားစုအတွက် အစားအသောက်အလုံအလောက် မထုတ်လုပ်နိုင် သို့ မစိုက်ပျိုးနိုင်သော သောသူတို့ကို ကူညီနိုင်ရန် လုပ်ဆောင်ပေးနေသည်။

ကျမ်းကိုးစာရင်း [ပြင်​ဆင်​ရန်​]