IFAD
Wikipedia မှ
အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (အိုင်အက်ဖ်အေဒီ) (International Fund for Agricultural Development, IFAD) သည် ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။ အီတလီနိုင်ငံ ရောမမြို့တွင် ဗဟိုဌာနချုပ်ထားရှိသည့် ယင်းအဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဆင်းရဲနွမ်းပါးသူ ၇၅ % ခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ သို့သော်လည်း စိုက်ပျိုးရေးလုပ်ငန်းမှာ အစိုးရများ ထောက်ပံ့မှုများ၏ ၄ % ကိုသာ ခံစားခွင့်ရှိသည်။
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |