လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ

လှဌေးဝင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူသူရဦးရွှေမန်း
ဆက်ခံသူဦးသန်းဌေး[၁]
မဲဆန္ဒနယ်ဇေယျာသီရိမြို့နယ်
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)
တာဝန်သက်တမ်း
၂၀၁၀ – ၂၀၁၅
ယခင်လူဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ဆက်ခံသူဗိုလ်ချုပ်ကြီး ခင်အောင်မြင့် [၂]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၇
ရန်ကုန်မြို့
လူမျိုးဗမာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)မာမာဝေ
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း
နိုင်ငံရေးသမား
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၇၉-၂၀၁၅
ရာထူးဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေး ဝန်ကြီးဌာန

ဗိုလ်ချုပ်ကြီး လှဌေးဝင်း (၁၉၅၇ ဖွား)သည် တပ်မတော် တွင် နံပါတ်(၃) အဆင့် စစ်ခေါင်းဆောင် ဖြစ်ခဲ့သည်။[၃] ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် ယင်းရာထူးမှ နှုတ်ထွက်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်သည်။[၄] ထိုမှတစ်ဆင့် လွှတ်တော်အမတ် အဖြစ် မြန်မာ့နိုင်ငံရေးသမား ဖြစ်လာသည်။[၅]

ပညာရေးနှင့် ရာထူးတာဝန်[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ် တွင်ဖွင့်လှစ်သည့် စစ်တက္ကသိုလ် ၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀) ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၁၄၇၉၉  ဖြစ်သည်။ သူသည် ၁၉၇၉ ခုနှစ် ကစပြီး တပ်မတော်တွင် စစ်မှုထမ်းသည်။ယင်းနောက် စစ်ဦးစီး(ဗိုလ်မှူးကြီး) ၊ အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထင်ရှားဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး(၂)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးအရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် သူရ သီဟသူရစစ်မောင်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်တို့ ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျကွယ်လွန်ခဲ့ရာ ၎င်းခရီးစဉ်တွင် သူသည် စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး)အဖြစ် လိုက်ပါခဲ့သည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

သူသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အား ဝင်ပြိုင်ရန် အတွက် ၂၀၁၈ ခုနှစ် တွင် တပ်မတော် မှ အငြိမ်းစားယူသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ်ကိုယ်စားပြုပြီး နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ် မှ နေ၍ ဝင်ပြိုင်ရာ ရွေးချယ်ခံရ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာသည်။

ချီးမြှင့်ခံရသည့်ဘွဲ့[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတ မှ ၎င်းအား သရေစည်သူ ဘွဲ့ချီးမြှင့်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဇေယျာသီရိမှာ USDP ဥက္ကဋ္ဌ နိုင်တယ်လို့ ကော်မရှင်အတည်ပြုRFA Burmese (၉ နိုဝင်ဘာ ၂၀၂၀)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက် အမှာစကား ပြောကြားMyanmar Digital News (၂၃ ဒီဇင်ဘာ ၂၀၁၅)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တပ်မတော်အနေဖြင့် ရွေးကောက်ပွဲကြီး အောင်မြင်ရန် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်မည်Myanmar Digital News (၂၇ မတ် ၂၀၁၅)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. USDP’s Hla Htay Win: ‘If I Lose, I’ll Commend the Winner and Shake Hands’The Irrawaddy (7 November 2015)။ 29 April 2024 တွင် ပြန်စစ်ပြီး။
  5. သမ္မတလောင်းများ လွှတ်တော်တွင်း အဆိုတင်VOA Burmese (၁၀ မတ် ၂၀၁၆)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။