ဂယ်လက်ဆီ

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် နက္ခတ္တဆိုင်ရာ ဖွဲ့စည်းပုံ အကြောင်း ဖြစ်သည်။ မိမိတို့၏ ဂလက်ဆီ အတွက် နဂါးငွေ့တန်း ဂယ်လက်ဆီ ကို ကြည့်ပါ။
ခရုပတ်ပုံစံ ဂယ်လက်ဆီ NGC 1300

ဂလက်စီ (သို့) ကြယ်စု (အင်္ဂလိပ်: Galaxy) ဆိုသည်မှာ လောက(Universe) အတွင်း ဒြပ်ဆွဲမှုကြောင့် စုဝေးမိကာ ဒြပ်စုကြီးကြီးတစ်ခု (များသောအားဖြင့် ဒြပ်ကြီးလှသည့် တွင်းနက်ကြီး တစ်ခုခု)ကို ဗဟိုပြု လှည့်ပတ်နေကြသော ကြယ်များ၊ ဂြိုဟ်များ၊ ကြယ်ကြားဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် ကိုယ်ပျောက်ဒြပ်ဆန်းတို့ အစုအဝေး ဖြစ်သည်။ ကြယ်စုကြီးအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြု၍ သွားလာလှုပ်ရှား နေကြသည်။ ကြယ်စု (Galaxy) ဆိုသည့် အမည်မှာ ဂရိစာလုံး (Galaxier) မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ ဟူ၍ဖြစ်သည်။ ထို့အတွက်ကြောင့် ကမ္ဘာပါဝင်သော လက်ရှိနေထိုင်ရာ ကြယ်စင်စု(Galaxy) ကို နဂါးငွေ့တန်း ကြယ်စုကြီးဟု ခေါ်ကြသည်။

အဓိကအားဖြင့် ဂလက်ဆီ ၃ မျိုး ရှိပြီး ၎င်းတို့မှာ ဘဲဥပုံဝက်အူရစ်ပုံ နှင့် ပုံသဏ္ဌန်မမှန်သော ကြယ်စင်စု တို့ ဖြစ်ကြသည်။ အားလုံးသော ကြယ်စင်စု များသည် စကြဝဠာအတွင်းတွင် တည်ရှိကြသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးတွင် ကြယ်အစင်းပေါင်း (၂၀၀) မှ (၄၀၀) ဘီလီယံကြား တည်ရှိသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးနှင့် အနီးဆုံးကြယ်စင်စုကြီးမှာ အင်ဒရိုမီဒါ ကြယ်စင်စုကြီးဖြစ်ပြီး ကမ္ဘာမြေမှ အလင်းနှစ် (၂.၅) သိန်း ကွာဝေးသည်။ ကျွန်ုပ်တို့ မြင်နိုင်သော အကွာအဝေး သို့မဟုတ် လေ့လာရန် ဖြစ်နိုင်သော စကြဝဠာအတွင်းတွင် တည်ရှိသော ကြယ်စင်စုပေါင်းမှာ နာဆာ၏ New Horizons အာကာယာဉ်မှဒေတာများအရ ၂ ထရီလီယံ (2×1012) သို့မဟုတ် ယင်းထက်ပိုသည်ဟုဆိုသည်။[၁] ယခင် ၂၀၁၆ ခန့်မှန်းခြေအရမှာ ၂၀၀ ဘီလီယံ ဝန်းကျင် (2×1011) ဖြစ်သည်။[၂] ယေဘုယျအားဖြင့် ကြယ်များအရေးအတွက်ကဲ့သို့ပင် များပြားလှသည်။[၃][၄] (ကမ္ဘာပေါ်ရှိ သဲမှုန်အားလုံးထက် ကြယ်များအရေအတွက်က ပိုမိုများပြားလှသည်။[၅]) ဂလက်ဆီအများစုသည် အချင်း ၁၀၀၀ မှ ၁၀၀၀၀၀ parsec (အလင်းနှစ် ၃၀၀၀ မှ ၃၀၀၀၀၀ နီးပါးခန့်) အထိကျယ်ကြပြီး တစ်ခုနှင့်တစ်ခုအကွာအဝေးမှာလည်း အလင်းနှစ်ပေါင်းများစွာဖြင့် ခြားနားထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Fountain၊ Henry။ "Two Trillion Galaxies, at the Very Least"၊ The New York Times၊ 17 October 2016။ 
  2. Astronomers were wrong about the number of galaxies in universe (in en-US)။ January 14, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-14 တွင် ပြန်စစ်ပြီး။
  3. Staff (2019)။ How Many Stars Are There In The Universe?ဥရောပ အာကာသ အေဂျင်စီ။ September 23, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2019 တွင် ပြန်စစ်ပြီး။
  4. Marov၊ Mikhail Ya. (2015)။ "The Structure of the Universe"။ The Fundamentals of Modern Astrophysics။ pp. 279–294။ doi:10.1007/978-1-4614-8730-2_10ISBN 978-1-4614-8729-6
  5. Mackie၊ Glen (1 February 2002)။ To see the Universe in a Grain of Taranaki SandCentre for Astrophysics and Supercomputing။ January 7, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2017 တွင် ပြန်စစ်ပြီး။