အနုမြူနိုင်ငံကြီးများ
ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများမှာ ၂၀ဝ၇-ခုနှစ်အထိ ကိုးနိုင်ငံမျှရှိသည်။
(၁) အမေရိကန်၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။
(၂) ရုရှား၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။
(၃) ယူနိုက်တက်ကင်းဒမ်း၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။
(၄) ပြင်သစ်၊ ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။
(၅) တရုတ်၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကျန်ပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။
(၆) အိန္ဒိယ၊ ပထမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇-ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။
(၇) ပါကစ္စတန်၊ ၁၉၉၈-ခု၊
(၈) မြောက်ကိုရီးယား၊ ၂၀ဝ၆-ခု၊
(၉) အစ္စရေး၊ ၁၉၇၉-ခု။ အစ္စရေးကကြေညာခြင်း မရှိခဲ့ပါ။
ယခုအခါ နိုင်ငံများစွာမှာ တည်ဆောက်ထုတ်လုပ်နေကြသည်။ မြန်မာနိုင်ငံသည်လည်း နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟု သံသယရှိခြင်းခံနေရသည်။