နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Nuclear Non-Proliferation Treaty
နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်
NPT parties.svg
Participation in the Nuclear Non-Proliferation Treaty

လက်မှတ်ထိုး 1 July 1968
တည်နေရာ Moscow, Russia; London, UK; Washington DC, United States
သက်ရောက် 5 March 1970
အခြေနေ Ratification by the Soviet Union, the United Kingdom, the United States, and 40 other signatory states.
ပါတီများ ၁၉၀ (အပြည့်အစုံစာရင်း)[၁]
non-parties: India, Israel, North Korea, Pakistan and South Sudan
တာဝန်အပ်နှင်းခြင်း Governments of the United States of America, the United Kingdom of Great Britain and Northern Ireland, and the Union of Soviet Socialist Republics
ဘာသာစကားများ English, Russian, French, Spanish and Chinese
Nuclear Non-Proliferation Treaty at Wikisource

နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT သို့မဟုတ် NNPT)သည် နျူကလီးယားလက်နက်များ (ပျံ့နှံ့မှု)ကို ကန့်သတ်သည့် စာချုပ်ဖြစ်သည်။ စာချုပ်သည် ၁၉၇၀ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင် အသက်ဝင်လာပြီး ၊ လက်ရှိတွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ စာချုပ်တွင်ပါဝင်နေသည်။ ၎င်းတို့အထဲမှ ငါးနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုထားသည်။ ထိုငါးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရုရှားနိုင်ငံ၊ အင်္ဂလန်၊ ပြင်သစ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဖြစ်ကြသည်။ (ထိုငါးနိုင်ငံများပင်လျှင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။)

အဖွဲ့ဝင်မဟုတ်သည့် လေးနိုင်ငံသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။သို့မဟုတ်သိထားကြသည်။ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့်မြောက်ကိုရီးယားနိုင်ငံ တို့သည်ပြောင်ပြောင် တင်းတင်း နျူကလီးယား လက်နက်များ စမ်းသပ်ကြပြီး၊ ပိုင်ဆိုင်ထားသည်ဟု ကြေညာထားသည်။ အစ္စရေးနိုင်ငံသည် သူ၏ကိုယ်ပိုင်နျူကလီးယားလက်နက်များ အစီအစဉ်ကို မူဝါဒတစ်ခုနှင့် စပ်လျဉ်း၍အမှောင်ချထားသည်။ မြောက်ကိုရီးယားသည် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် ချိုးဖောက် နုတ်ထွက်သွားသည်။စာချုပ်ကို အိုင်ယာလန် နှင့် ဖင်လန် တို့မှ အဆိုပြုခဲ့ကြပြီး၊ စတင် လက်မှတ်ရေးထိုးသည့်နိုင်ငံများဖြစ်သည်။

NPT တွင် “မဏ္ဍိုင်များ”[ပြင်ဆင်ရန်]

NPT တွင် နိဒါန်းပိုင်းနှင့်အပိုဒ် ဆယ့်တစ်ပိုဒ်ပါရှိသည်။ NPT တွင် “မဏ္ဍိုင်များ” ၏ ခံယူချက်ကို မည်သို့မျှ မတွေ့ရသော်လည်း ၊ တစ်ခါတစ်ရံတွင် စာချုပ်ကို မဏ္ဍိုင်သုံးရပ်စနစ်ဟု အဖွဲ့ဝင်များကြားတွင် မျှတသောတာဝန်တစ်ရပ်အနေဖြင့် အဓိပ္ပါယ်ပြန်ဆိုထားကြသည်မှာ – 1. မပြန့်ပွားရေး 2. လက်နက်ဖျက်သိမ်းရေး နှင့် 3. နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ သုံးစွဲရေးတို့ဖြစ်သည်။ စာချုပ်အပေါ် ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးများကို အဖွဲ့ဝင်များ၏ နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် ပြန်လည်သုံးသပ်သည့် ညီလာခံများဟု ခေါ်ဆိုသည်။ ထို့အပြင် ပြန်လည်သုံးသပ်သည့် ညီလာခံများအတွက် ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ အစည်းအဝေးများကို ကြားနှစ်များတွင် ပြုလုပ်သည်။ ပြင်ဆင်ရေးကော်မတီ စည်းဝေးပွဲများကို ပြီးပြည့်စုံစေမည့် အစီရင်ခံစာများနှင့် အကြံပြုတိုက်တွန်းချက်များ ပေးပို့နိုင်ရန်အတွက် လွတ်လပ်သည့်အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင် အုပ်စုများ၊တတ်သိနားလည်သူများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းတို့သည် ကမ္ဘာအနှံ့တစ်ပြိုင်နက်တည်း ဆွေးနွေးပွဲများပြုလုပ်ကြသည်။ စာချုပ်သည် ကန့်သတ်ကာလ 25 နှစ်သာရှိရမည်ဟု မူလအစတွင် လက်ခံထားရှိကြသည်ဆိုထားသော်လည်း လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များသည် အားလုံးသောသဘောတူညီချက်အရ စာချုပ်သက်တမ်းကို ကာလအကန့် အသတ်မရှိနှင့် ချွင်းချက်များမရှိ တိုးမြှင့်ရန်၊ 1995 ခုနှစ် မေလ (11) ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပသော ပြန်လည် သုံးသပ်သည့်စည်းဝေးပွဲကြီးတွင် ဆုံးဖြတ်ခဲ့ကြသည်။နောက်တစ်ကြိမ်ပြန်လည်သုံးသပ်သည့် ညီလာခံ-ကို 2010 ခုနှစ်မေလတွင် ကျင်းပမည်ဖြစ်သည်။ NPT တွင် သာမန်အားဖြင့် အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်သည့် - မပြန့်ပွားရေး၊ လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းစွာ အသုံးပြုရေးကိုဖော်ပြထားသည်။NPT သည် ၎င်းအမည်နာမ၏ အကြံပြုချက်များအတိုင်း မပြန့်ပွားရေးဟု ဆိုထား သည်ကို ယုံကြည်သော အချို့ပုဂ္ဂိုလ်များကပင် မဏ္ဍိုင်များ၏ ခံယူချက်ကို မေးခွန်းထုတ်ကြသည်။ မေးသူများစိုးရိမ်သည်မှာ “မဏ္ဍိုင်သုံးရပ် ” ဟူသောအသုံးအနှုန်း ဝေါဟာရသည် သုံးရပ်လုံးအညီအမျှ အရေးကြိီးကြသည်ဟု တလွဲတချော်အဓိပ္ပါယ်ကောက်ယူမည့် အချက်ဖြစ် သည်။

ပထမမဏ္ဍိုင်- မပြန့်ပွားရေး[ပြင်ဆင်ရန်]

နိုင်ငံငါးနိုင်ငံကို နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့်နိုင်ငံများ (NWS) ဟု NPT မှသတ်မှတ်ထားသည်။ ၎င်းတို့မှာ - တရုတ် (1992 တွင် လက်မှတ်ထိုးသည်)၊ ပြင်သစ်(1992) ၊ ဆိုဗီယက်ယူနီယံ (1968) – (တာဝန်များနှင့် အခွင့်အရေးများကို ယခု ရုရှားဖက်ဒရေးရှင်းမှ ယူသည်)၊ အင်္ဂလန် (1968) နှင့် အမေရိကန် နိုင်ငံ (1968) (အမေရိကန် ၊ အင်္ဂလန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ သည် 1970 ခုနှစ်တွင် စတင်အသက်ဝင်လာသည့် စာချုပ်၏ မူလ သဘောတူသူများအကြားတွင် လက်နက်များ အတိအလင်း ပိုင်ဆိုင်ထား ကြသူများဖြစ်သည်။) ထိုငါးနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံလည်း ဖြစ်သည်။

ထိုလက်နက်ပိုင်ဆိုင်သော NWS ငါးနိုင်ငံတို့သည် နျူကလီးယားလက်နက်မရှိသည့် နိုင်ငံ (NNWS) တစ်ခုသို့ နျူကလီးယားလက်နက်များ” သို့မဟုတ် “ပေါက်ကွဲစေတတ်သည့် နျူကလီးယားပစ္စည်းများ” နှင့် “မည်သည့်နည်းနှင့်မျှ အကူအညီပေးခြင်း၊ အားပေးခြင်းနှင့် ဖြားယောင်းသွေးဆောင်ခြင်း” ၊ လွှဲပြောင်းပေးခြင်းတို့ကို မပြုလုပ်ရန်သဘောတူညီခဲ့ကြသည် (အပိုဒ် I)။ စာချုပ်တွင် ပါဝင်သည့် နျူကလီးယားလက်နက်မရှိသည့် နိုင်ငံများ (NNWS) သည် နျူကလီးယားလက်နက်များ (NPT) ကို “လက်ခံခြင်း” ၊ “ထုတ်လုပ် တပ်ဆင်ခြင်း” သို့မဟုတ် “ရယူခြင်း” သို့မဟုတ် “နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် မည်သည်အကူအညီကိုမျှ ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်း” မပြုလုပ်ရန်သဘောတူသည်။နျူကလီးယားလက်နက်မရှိသည့် အဖွဲ့ဝင်နိုင်ငံများသည် ငြိမ်းချမ်းစွာအသုံးပြုခြင်းများမှ နျူကလီးယားစွမ်းအင်ကို နျူကလီးယားလက်နက်များ သို့မဟုတ် အခြားသော ပေါက်ကွဲစေတတ်သည့် နျူကလီးယားပစ္စည်းများအဖြစ်သို့ ပြောင်းလဲ ခြင်းအား အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ကာကွယ်ထားရှိမှုများကို လက်ခံရန်သဘောတူသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော အဖွဲ့ဝင် (NWS )ငါးနိုင်ငံတို့သည် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာမှု သို့မဟုတ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံနှင့်မဟာမိတ်ဖွဲ့ပြီး ၊ သမရိုးကျတိုက်ခိုက်လာမှုတို့ကို တုံ့ပြန်သည့် အနေမှလွဲ၍ နျူကလီးယားလက်နက်မရှိသည့်အဖွဲ့ဝင် နိုင်ငံကို နျူကလီးယားလက်နက် သုံးစွဲပြီးမတိုက်ခိုက်ရန် အာမခံရ မည်။ သို့သော်လည်း ဤအာမခံမှုများသည် စာချုပ်ထဲသို့သမရိုးကျ ထည့်သွင်းရေးဆွဲထားခြင်းမရှိပဲ ၊ တိကျသည့် အသေးစိပ်အချက်များသည် အချိန်ကြာလာသည်နှင့်အမျှ အမျိုးမျိုးကွဲပြားလာသည်။ 1959 မှ 1991 အထိ နျူကလီးယား လက်နက်မရှိသည့် မြောက်ကိုးရီးယားနိုင်ငံကို ချိန်ရွယ်ထားသည့် နျူကလီးယားထိပ်ဖူးများ အမေရိကန်နိုင်ငံတွင်လည်း ရှိခဲ့သည်။ ယခင်အင်္ဂလန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး ဂေါ့ဖ်ဟွန်း (Geoff Hoon)သည် “ဆိုးယုတ်သောနိုင်ငံများ”မှ သမရိုးကျ မဟုတ်သော တိုက်ခိုက်မှုကိုတုံ့ပြန်ရန် နိုင်ငံ၏ နျူကလီးယားလက်နက်များ သုံးစွဲမည့်ဖြစ်နိုင်ခြေကိုရှင်းလင်းစွာ တင်ပြ ထားသည်။2006 ခုနှစ် ဇန္နဝါရီလတွင် ပြင်သစ်သမ္မတ ဂျက်ချီရက် (Jacques Chirac) ညွှန်ပြသွားသည်မှာ ပြင်သစ် အပေါ် နိုင်ငံတစ်ခု၏ အထောက်အပံ့ဖြင့် အကြမ်းဖက်မှုတစ်ရပ်ဖြစ်ပွားခဲ့လျှင် ၊ “ဆိုးယုတ်သောနိုင်ငံ”၏ အင်အားဗဟိုချက် များကို အသေးစားနျူကလီးယားလက်နက်များဖြင့် ပြန်လှန်တိုက်ခိုက်နိုင်ကြောင်း ဖြစ်သည်။

ဒုတိယမဏ္ဍိုင် – လက်နက်ဖျက်သိမ်းရေး[ပြင်ဆင်ရန်]

မပြန့်ပွားရေး စာချုပ်၏နိဒါန်းတွင်ပါဝင်သည်မှာ စာချုပ်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ၏လိုလားချက်ဖြစ် သော အပြည်ပြည်ဆိုင်ရာတင်းမာမှု ပြေလည်စေရေးနှင့် နိုင်ငံတကာယုံကြည်မှု အားပြည့်စေရေးတို့အတွက် ၊ တစ်ချိန်ချိန်တွင် နျူကလီးယားလက်နက်များ ထုတ်လုပ်မှုရပ်တန့်သွားသည့် အခြေအနေများဖြစ်ပေါ်လာစေရေး ဖြစ်သည်။ စာချုပ် တွင်ပါသည့် အထွေထွေနှင့်အပြီးသတ်လက်နက် ဖျက်သိမ်းရေးသည် အဓိကအနေဖြင့် နျူကလီးယားလက်နက်များနှင့် ယင်းလက်နက်များကို သယ်ဆောင်ထားသည့်ယာဉ်များကိုပါ နိုင်ငံတော်လက်နက်တိုက်များမှ အပြီးအပိုင်ရှင်းလင်းရေး တို့ဖြစ်သည်။

မပြန့်ပွားရေးစာချုပ်၏ (အပိုဒ် VI)တွင် သုံးထားသည့်စကားရပ်သည် မပြန့်ပွားရေး လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအပေါ် နျူကလီးယားနှင့် ပတ်သက်သော အထွေထွေလမ်းညွှန်ချက်များနှင့် အားလုံးသော လက်နက်ဖျက်သိမ်းရေးဟူသော မရေ ရာသည့် တာဝန်ဝတ္တရားတစ်ခုတည်းကိုသာ အငြင်းပွားစရာချမှတ်ထားသည်။ (အပိုဒ် VI)ဆိုထားသည်မှာ “လက်မှတ်ရေးထိုး ထားသည့်နိုင်ငံတိုင်းသည် အကျိုးရှိသောဆောင်ရွက်မှုများနှင့် ပတ်သက်သည့် နျူကလီးယားလက်နက်များ ပြိုင်ဆိုင် မှုကို စောလျင်စွာရပ်ဆိုင်းရေး ၊ အထွေထွေနှင့် အပြီးသတ်လက်နက်ဖျက်သိမ်းရေးစာချုပ်တစ်ရပ်၏ ထိရောက်သောနည်းလမ်းများအပေါ် သဘောရိုးဖြင့် လိုက်နာညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။” [9] ဤပြန်ဆိုထားမှုအောက်တွင် ၊ (အပိုဒ် VI)သည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ ၊ လက်နက်ဖျက်သိမ်းရေးစာချုပ်တွင် အမှန်တကယ် ပါဝင်လာရန် အတင်းအကြပ် တောင်းဆိုထားခြင်း မရှိပါ။ ယင်း(အပိုဒ် VI)သည် အဖွဲ့ဝင်နိုင်ငံများကို “သဘောရိုးနှင့်ညှိနှိုင်းဆွေးနွေးခြင်း” တစ်ခုတည်း ကိုသာ တောင်းဆိုထားသည်။

အခြားတစ်ဘက်တွင် ၊ အချို့သောအစိုးရများ ၊ အထူးသဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွင် ပါဝင်သည့် နျူကလီးယားလက်နက်မရှိသည့်နိုင်ငံများသည် (အပိုဒ် VI)၏ အသုံးအနှုန်းဝေါဟာရကို မရေရာမသေချာသည်မှလွဲ၍ မည်သည်မျှမရှိဟု ဘာသာ ပြန်ဆိုထားကြသည်။ ၎င်းတို့၏အမြင်တွင် (အပိုဒ် VI)သည် မပြန့်ပွားရေး စာချုပ်မှ အသိအမှတ်ပြုထားသော နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများသည် နျူကလီးယားလက်နက်များကို မိမိတို့ဘာသာမိမိတို့ ဖျက်သိမ်းရန်အတွက် လုပ်ရိုး လုပ်စဉ်နှင့် သီးသန့်တာဝန်ဝတ္တရားဖြစ်ပြီး၊ ထိုနိုင်ငံများသည် မိမိတို့၏ဝတ္တရားများကို ပြည့်မှီအောင် မဆောင်ရွက်နိုင်ကြဟု ထောက်ပြပြောဆိုကြသည်။ လက်နက်ဖျက်သိမ်းရေး ညီလာခံသို့တက်ရောက်လာကြသည့် အချို့သောအစိုးရကိုယ်စားလှယ် တော်များသည် အပြီးသတ်နှင့်တစ်ကမ္ဘာလုံး လက်နက်ဖျက်သိမ်းရေး အဆိုပြုချက်များကို အင်တိုက်အားတိုက် တင်သွင်း ခဲ့ကြသော်လည်း၊ ထိုအဆိုပြုချက်များမှ လက်နက်ဖျက်သိမ်းရေးစာချုပ် မထွက်ပေါ်ခဲ့ပါ။လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများ ၏ ဝေဖန်ရေးသမားများသည် အထူးသဖြင့် စစ်အေး ခေတ်ကာလနောက်ပိုင်းတွင် နိုင်ငံကြီးများ မိမိလက်နက် ကို မိမိဖျက်သိမ်းရေး မအောင်မြင်ရခြင်းကို ၎င်းတို့ရှုမြင်ထားသည့်အတိုင်း ထောက်ပြပြောဆိုချက်သည် စာချုပ်လက်မှတ်ရေးထိုး ထားပြီး နျူကလီးယားလက်နက်မရှိသည် နိုင်ငံအချို့ကိုဒေါသဖြစ်စေသည်။ ဤကဲ့သို့သော မအောင်မြင်မှုနှင့် ဝေဖန်ထောက်ပြမှုများသည် လက်မှတ်ထိုးထားပြီး နျူကလီးယားလက်နက်မရှိသည့်နိုင်ငံများကို စာချုပ်မှနှုတ် ထွက်ရန်နှင့် ကိုယ်ပိုင်လက်နက်တိုက်များ ထူထောင်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ပေးသည်။

အခြားသောလေ့လာသူများ အကြံပြုထားသည်မှာ မပြန့်ပွားရေးနှင့်လက်နက်ဖျက်သိမ်းရေးတို့အကြား ဆက်စပ် နေမှုသည် အခြားသောနည်းလမ်းဖြင့်လည်း ဖြစ်လာနိုင်ကြောင်း၊ ဥပမာ - အီရန်နှင့်မြောက်ကိုးရီးယားတို့၏ ပြန့်ပွားရေးခြိမ်းခြောက် မှုများကို ဖြေရှင်းရာတွင် မအောင်မြင်မှုသည် ဥပမာတစ်ရပ်အဖြစ် လက်နက်ဖျက်သိမ်းရေးအတွက် မျှော်လင့်ချက် အလား အလာများကို ပျက်စီးစေလိ့မ်မည် ဟုဆိုသည်။မည်သည့်နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံမျှ ၊ ငြင်းခုံမှုများရှိနေသေးသ၍ ၊ ၎င်းတို့၏နောက်ဆုံး နျူကလီးယားလက်နက်များကို ပယ်ဖျက်ပစ်ရန်၊ အခြားသောနိုင်ငံများသည် လက်နက်များ ရယူပိုင်ဆိုင် ထားခြင်းမရှိဟူသော ခိုင်မာသည့် ယုံကြည်မှုမရဘဲနှင့် အလေးအနက်ထား စဉ်းစားလိမ့်မည်မဟုတ်ပါ။ အခြားသော လေ့လာသူများ ထိုနည်းတူအကြံပြုထားသည်မှာ အင်အားကြီးနိုင်ငံများ၏လက်နက်များဖျက်သိမ်းရေးလွန်စွာတိုးတက်ဖြစ်ထွန်းမှုသည်ထောင်ပေါင်းများစွာသောလက်နက်များနှင့်ဖြန့်ကျက်ထားသည့်စနစ်များကို အပြီးသတ် ဖယ်ရှား ရေးအထိ ဖြစ်စေပြီး —နောက်ဆုံးတွင် ထိရောက်သော မဟာဗျူဟာမြောက် လက်နက်ငယ်များကို တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစား၍ ရယူပိုင်ဆိုင်လာကြမည်။ 2007 ခုနှစ်တွင် စာချုပ်ကျွမ်းကျင်သည် အမေရိကန်အရာရှိတစ်ဦး သတိပေးဟြေကြားထားသကဲ့သို့ အကျိုးသင့်အကြောင်းသင့် အကြုံပြုထားသည်မှာ “နျူကလီးယားလက်နက်များ အရေ အတွက်လျော့နည်းလာသည်နှင့်အမျှ စစ်အင်အား၏အဆင်တန်ဆာအဖြစ် နျူကလီးယားလက်နက်၏ “အသုံးပြုမှုနယ်ပယ်” တိုးမြှင့်လာလိမ့်မည်။ နောက်ဆုံးအဆင့်တွင် စာချုပ်သည် လက်နက်ဖျက်သိမ်းရေး မျှော်မှန်းချက်ကို တိကျစွာဖော်ဆောင်နေသလို နျူကလီးယားလက်နက်တစ်ခု သို့မဟုတ် နှစ်ခုတို့၏မဟာဗျူဟာမြောက်အသုံးပြုမှုသည်လည်း ကြီးထွားလာပေလိမ့်မည်။”

တတိယမဏ္ဍိုင် – နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး[ပြင်ဆင်ရန်]

တတိယမဏ္ဍိုင်သည် စာချုပ်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများတွင် အရပ်ဘက်သုံး နျူကလီးယား စွမ်းအင် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နျူကလီးယားနည်းပညာနှင့် ပစ္စည်းများကို လွှဲဟြေင်းပေးနိုင်ရန်ဆိုသည်ကို သဘောတူခွင့်ပြုထားသည်။ သို့ရာတွင် သဘောတူခွင့်ပြုချက်သည် ၎င်းတို့၏ နျူကလီယားအစီအစဉ်သည် နျူကလီးယား လက်နက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မသုံးစွဲပါဟုပြသနိုင်သည့် ကာလတစ်လျှောက်လုံးအတွက်သာဖြစ်သည်။ နျူကလီးယားစွမ်းအင် အစီအစဉ်ရှိသည့် အနည်းငယ်သော နိုင်ငံများသည် နျူကလီးယားစွမ်းအင်အသုံးချရေးကို စွန့် လွှတ်ရန် စိတ်ဆန္ဒများရှိစဉ်အချိန်မှစ၍ စာချုပ်အပိုဒ် IV အောက်ရှိ တတိယမဏ္ဍိုင်သည် အခြားသော နိုင်ငံများကိုလည်း ဖြစ်နိုင် သ၍ ထိုနိုင်ငံများအတိုင်း လုပ်ဆောင်ရန် ပံ့ပိုးပေးသည်။ သို့သော် အခြေအနေများအောက်တွင် နျူကလီးယားလက်နက် များထုတ်လုပ်ရန် ရည်ရွယ်ချက်သည် ခက်ခဲပါသည်။ စာချုပ်သည် ငြိမ်းချမ်းသောကိစ္စရပ်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုသည့်အချုပ်အခြာ နိုင်ငံများ၏ မလွှဲပြောင်းနိုင်ခွင့်ကို အသိအမှတ်ပြုထားသည်။ သို့သော် စာချုပ်လက်မှတ်ထိုးထားသည့် နိုင်ငံများသည် “အပိုဒ် I နှင့် II တို့နှင့် ကိုက်ညီစွာ” လုပ်ဆောင်နိုင်သည်ဆိုပြီး ၊ ဤအခွင့်အရေးကို ကန့်သတ်ထားသည်။ (စာချုပ်၏ပထမ မဏ္ဍိုင်ဟု အတည်ပြုထားသည့် အခြေခံမပြန့်ပွားရေးဝတ္တရားများ) စီးပွားရေးလောကတွင် ရေပန်းစားနေသော အပေါ့ စားရေ အသုံးပြု ဓာတ်ပေါင်းဖို နျူကလီးယားဓာတ်အားပေး စက်ရုံသည် အားပြည့်ယူရေနီယံ လောင်စာများကို သုံးနေသကဲ့သို့၊ နိုင်ငံများသည် လည်း အားပြည့်ယူရေနီယံကို ပြုလုပ်နိုင်စွမ်းရှိရမည့်အပြင် (သို့မဟုတ်) နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူနိုင်သည့် အဖြစ်သို့ရောက်ရှိသွားစေသည်။ မိုဟာမက်အယ်ဘာရာသီ(Mohamed ElBaradei)၊ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်သည် အားပြည့်စေခြင်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စွမ်းဆောင်နိုင်မှုများ ပျံ ့နှံ့လာ ခြင်းကို နျူကလီးယားမပြန့်ပွားရေး အုပ်ချုပ်မှုစနစ်၏ “အာချီလီ ၏ခြေဖနောင့်” (Achilles' heel)ဟုခေါ်ဆိုထားသည်။ 2007 ခုနှစ် စာရင်းအရ၊ နိုင်ငံပေါင်း 13 နိုင်ငံတို့တွင် အားပြည့်စေခြင်း စွမ်းဆောင်နိုင်မှုရရှိထားကြသည်။ အဘယ်ကြောင့် ဆိုသော် နျူကလီးယားဓာတ်ပြိုကွဲမှု ဖြစ်နိုင်သောပစ္စည်းကို လွယ်ကူစွာရရှိရေးသည် နိုင်ငံတစ်ခု၏ နျူကလီးယားလက်နက် များတိုးတက်လာရေး ကြိုးပမ်းမှုအတွက် အထင်ကရအတားအဆီးတစ်ခုဖြစ်သလို၊ ရှေ့လျှောက် လှမ်းရမည့်အစိတ်အပိုင်း တစ်ခုလည်းဖြစ်သည်။

"ENR" နည်းပညာ[ပြင်ဆင်ရန်]

ယူရေနီယံအားပြည့်စေမှုနှင့် ပလူတိုနီယံပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း ("ENR" နည်းပညာ ဟုလည်းခေါ်ကြသည့်) နည်းပညာကို ဆက်လက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် 2004 ခုနှစ် တွင် အမေရိကန် မူဝါဒ ၏ အဓိက အလေးထားရမည့် ကိစ္စတစ်ရပ်အဖြစ် ထုတ်ဖော်ဟြေကြားခဲ့သည်။ ENR စွမ်းဆောင်နိုင်မှုများရရှိနေသည့် နိုင်ငံများ သည် ကြောက်လန့်စရာ ဖြစ်ပြီး လိုအပ်လာသည့်အခါ လက်နက်များတွင် သုံးစွဲရန်အတွက် နျူကလီးယားဓာတ်ပြိုကွဲမှုဖြစ်နိုင်သော ပစ္စည်းများ ထုတ်လုပ်ပေးနိုင်သည်။ ဤအကြောင်းများကြောင့် ထိုနိုင်ငံများအတွက် “အမည်မဖော်သော” နျူကလီးယားလက်နက်များ အစီအစဉ်ဟု အမည်ပေးခေါ်ဆိုထားသည်။ စာချုပ်အဖွဲ့ဝင်များသည် ENR နည်းပညာကို ရပိုင်ခွင့်ရှိသည်ဆိုသော်ငြား လည်း ဖြစ်နိုင်ခြေရှိသော ပြင်းထန်သည့်ပြန့်ပွားရေး ဂယက်ရိုက်မှုများရှိသည်တို့ကြောင့် အဓိပ္ပါယ်သက်ရောက်မှုများသည် မူဝါဒ၏ဖြတ်ထားသော အနားသတ်နေရာတွင်ရောက်ရှိနေပြီး၊တရားရေးဆိုင်ရာငြင်းခုံမှုများသည် စာချုပ်၏အပိုဒ် IV နှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည် အပိုဒ် I, II, နှင့် III တို့၏အဓိပ္ပါယ်ဖော်ပြချက်များကို ဝိုင်းရံထားလျက်ရှိနေသည်။

စာချုပ်မှနုတ်ထွက်သွားသောမြောက်ကိုရီးယား[ပြင်ဆင်ရန်]

နျူကလီးယားလက်နက်မရှိသည့် နိုင်ငံများအဖြစ်နှင့် ထိုအခြေအနေကို ထိန်းသိမ်းထားသည့် စာချုပ်လက်မှတ် ရေးထိုးထားသော နိုင်ငံတို့တွင် နျူကလီးယားလက်နက်များ မတည်ဆောက်ခြင်း၏ မချိုးဖောက်သော မှတ်တမ်းရှိသည်။ သို့သော်လည်း အီရတ် သည် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ၏ ဆင့်ခေါ်ခြင်းကို ခံရပြီး စာချုပ်ပါလုံခြုံမှု အကာအကွယ်ဝတ္ထရားများကို ဖောက်ဖျက်သည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်ချမှတ်ခံရသည်။ မြောက်ကိုးရီးယားသည် စာချုပ်ပါ လုံခြုံမှုအကာအကွယ် သဘောတူညီမှုနှင့် ပတ်သက်ပြီး အမိန့်နာခံရန်နှင့် ယင်းဖောက် ဖျက်မှုများအတွက် ထပ်ခါတလဲလဲ ဆင့်ခေါ်မှုများကို တစ်ခါမျှရောက်ရှိလာခြင်း မရှိပါ။ မြောက်ကိုရီးယားသည် နောက်ပိုင်းတွင် စာချုပ်မှနုတ်ထွက်သွားပြီး များစွာသော နျူကလီးယား လက်နက်များကို စမ်းသပ်ခဲ့သည်။

အီရန်သည် သူ၏အားပြည့်စေမှုအစီအစဉ်၏ အသွင်အပြင်များကို အစီရင်ခံရန် “ကာလကြာမြင့်နေ သည့်အပေါ်တွင် အကြိမ်များစွာ ပျက်ကွက်” နေသောကြောင့် စာချုပ်ပါလုံခြုံရေး ကာကွယ်ရေးဝတ္တရားများနှင့်ပါတ်သက်ပြီး ယေဘူယျသဘောတူညီချက်မဟုတ်သည့် ဆုံးဖြတ်ချက်ဖြင့် အမိန့်နာခံရန်မရှိသည်ကို တွေ့ရှိရသည်။ လစ်ဗျား သည် 2003 ခုနှစ် ဒီဇင်ဘာလတွင် အစီအစဉ်စွန့်လွှတ်ခြင်း မတိုင်မှီအထိ လျှို့ဝှက်သော နျူကလီးယား လက်နက်များအစီအစဉ်ကို လိုက်လံရှာဖွေခဲ့သည်။ 1991 ခုနှစ်တွင် ရိုမေးနီယား နိုင်ငံသည် ယခင်အစိုးရ အဟောင်းမှ မကြေညာသည့် နျူကလီးယားဆောင်ရွက်မှုများကို အစီရင်ခံခဲ့ပြီး အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီသည် ဤအမိန့်မနာခံမှုအား လုံခြုံရေးကောင်စီသို့ သတင်းပေးခြင်းမျှနှင့်သာ အစီရင်ခံခဲ့သည်။

အချို့ဒေသများတွင် အိမ်နီးချင်းနိုင်ငံများအားလုံးသည် နျူကလီးယားလက်နက်များ အခိုင်အမာမရှိသော အချက်သည် မည်သည့်ဖိအားမဆို လျော့နည်းစေပြီး နိုင်ငံတစ်ခုချင်းသည် ထိုလက်နက်များကို မိမိတို့ကိုယ်တိုင် တည်ဆောက်ရန် ဆန္ဒဖြစ်ပေါ်လာစေသည်။ အိမ်နီးချင်းနိုင်ငံများက ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်အစီအစဉ်များဟု သိရှိထားလင့်ကစား အခြားနည်းဖြင့် မယုံကြည် မသင်္ကာမှုများရှိလာနိုင်သည်။ ဤကိစ္စတွင် စာချုပ်သည်ပြဌာန်းထားသည့်အတိုင်း ဆောင်ရွက်သည်။ 2004 ခုနှစ်တွင် မိုဟာမက်အယ်ဘာရာဒီ ထိုအချိန်က နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ညွှန်ကြား ရေးမှူးချုပ် ဟြေကြားခဲ့သည်မှာ အချို့သော ခန့်မှန်းချက်များအရ အရေအတွက်သုံးဆယ့်ငါးမှ လေးဆယ်ရှိသော နိုင်ငံများတွင် နျူကလီးယား လက်နက်များတည်ဆောက်ရန်အတွက် နားလည်တတ်ကျွမ်းမှုရရှိထားပြီးဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Treaty on the Non-Proliferation of Nuclear Weapons။ United Nations Office for Disarmament Affairs။ 2017-05-13 တွင် ပြန်စစ်ပြီး။