အနုမြူနိုင်ငံကြီးများ

ဝီကီပီးဒီးယား မှ

ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများမှာ ၂၀ဝ၇-ခုနှစ်အထိ ကိုးနိုင်ငံမျှရှိသည်။

(၁)  အမေရိကန်၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။

(၂)  ရုရှား၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။

(၃)  ယူနိုက်တက်ကင်းဒမ်း၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။

(၄)  ပြင်သစ်၊ ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။

(၅)  တရုတ်၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကျန်ပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။

(၆)  အိန္ဒိယ၊ ပထမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇-ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။

(၇)  ပါကစ္စတန်၊ ၁၉၉၈-ခု၊

(၈)  မြောက်ကိုရီးယား၊ ၂၀ဝ၆-ခု၊

(၉)  အစ္စရေး၊ ၁၉၇၉-ခု။ အစ္စရေးကကြေညာခြင်း မရှိခဲ့ပါ။

ယခုအခါ နိုင်ငံများစွာမှာ တည်ဆောက်ထုတ်လုပ်နေကြသည်။ မြန်မာနိုင်ငံသည်လည်း နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟု သံသယရှိခြင်းခံနေရသည်။

အဏုမြူ လက်နက် ပိုင်ဆိုင်မှုပြမြေပုံ
  NPT- စာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများ(တရုတ်ပြင်သစ်ရုရှားယူနိုက်တက်ကင်းဒမ်းအမေရိကန်ပြည်ထောင်စု)

  နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် အခြားနိုင်ငံများ (အိန္ဒိယပါကစ္စတန်မြောက်ကိုရီးယား)

  နျူကလီးယား လက်နက် ပိုင်ဆိုင်သည်ဟု သံသယရှိနိုင်ငံ (အစ္စရေး)
  NATO နှင့် နျူကလီးယားလက်နက် မျှဝေသုံးစွဲနိုင်သည့် နိုင်ငံများ (ဘယ်လ်ဂျီယမ်ဂျာမနီအီတလီနယ်သာလန်တူရကီ)

  နျူကလီးယားလက်နက် ပိုင်ဆိုင်ခဲ့ဖူးသော နိုင်ငံများ (ဘီလာရုဇ်ကာဇက်စတန်ယူကရိန်းတောင်အာဖရိကနိုင်ငံ)