ဖိုဘော့စ် (ဂြိုဟ်ရံလ)
Enhanced-color image of Phobos from the en:Mars Reconnaissance Orbiter with Stickney crater on the right | |
ရှာဖွေတွေ့ရှိခြင်း | |
---|---|
ရှာဖွေတွေ့ရှိခဲ့သူ | Asaph Hall |
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | 17 August 1877 |
အခြားအမည်များ | Mars I |
ပါဝင်အရာဝတ္ထုများ | Phobosian |
ပတ်လမ်း ဂုဏ်အင်များ | |
Epoch J2000 | |
Periapsis | 234.42 km 9[၁] |
Apoapsis | 517.58 km 9[၁] |
ဆီမီး မေဂျာ ဝင်ရိုး | 9376 km[၁] (2.76 Mars radii) |
ပတ်လမ်း ဗဟိုကျမှု | 0.0151[၁] |
ပတ်လမ်း ကာလ | 91023 d 0.318 (7 h 39.2 min) |
ပျမ်းမျှ ပတ်နှုန်း | 2.138 km/s[၁] |
ပတ်လမ်း တိမ်းစောင်းမှု | 1.093° (to Mars's equator) 0.046° (to local Laplace plane) 26.04° (to the ecliptic) |
ဂြိုဟ်ရံလများ | အင်္ဂါဂြိုဟ် |
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |
ဒိုင်မင်းရှင်း | 27 × 22 × 18 km[၁] |
ပျမ်းမျှ အချင်းဝက် | 11.2667 km (41 mEarths) 1.769 |
မျက်နှာပြင် ဧရိယာ | 548.3 km2 1[၁] (3.03545 µEarths) |
ထုထည် | 783.61 km3 5 (33 nEarths) 5.339 |
ဒြပ်ထု | ×1016 kg 1.0659[၁] (77 nEarths) 1.784 |
ပျမ်းမျှ သိပ်သည်းဆ | 1.876 g/cm3[၁] |
မျက်နှာပြင် ဒြပ်ဆွဲအား | 0.0057 m/s2[၁] (581.4 µ g) |
လွတ်မြောက်အလျင် | 11.39 m/s (41 km/h)[၁] |
လှည့်ပတ်ကာလ | Synchronous |
အီကွေတာ လည်ပတ်မှု အလျင် | ၁၁.၀ km/h (၆.၈ mph) (at longest axis) |
ဝင်ရိုးတိမ်းစောင်းမှု | 0° |
Albedo | 0.071±0.012[၂] |
အပူချိန် | ≈ 233 K |
မြင်သာသော ပမာဏ | 11.8[၃] |
ဖိုဘော့စ် (/ˈfoʊbəs/ FOH-bəs, /-bɒs/ -boss,[၄] သည် အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလ ၂ စင်းထဲမှ အတွင်းပိုင်းကျသော ဂြိုဟ်ရံလတစ်စင်းဖြစ်သည်။[၅] ဂြိုဟ်ရံလ ၂ စင်းလုံးအား ၁၈၇၇ ခုနှစ်တွင် အမေရိကန် နက္ခတ္တပညာရှင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ဖိုဘော့စ်သည် ပုံစံမမှန်သော လတစ်စင်းဖြစ်ပြီး ပျမ်းမျှအချင်းဝက် ၁၁ ကီလိုမီတာရှိကာ[၁] အပြင်ဘက်ကျသော ဒိုင်မောစ်ထက် ၇ ဆ ပိုကြီးသည်။ ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ၆၀၀၀ ကီလိုမီတာ ကွာဝေးပြီး အခြားဂြိုဟ်ရံလများထက် မိခင်ဂြိုဟ်နှင့် အနီးဆုံးအကွာဝေး၌ တည်ရှိသည်။ ယင်းသည် အင်မတန် နီးကပ်လွန်းသဖြင့် အင်္ဂါဂြိုဟ် လည်ပတ်နှုန်းထက် ပိုမြန်ကာ အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် ၇ နာရီနှင့် ၃၉ မိနစ်သာ ကြာမြင့်သည်။ ရလဒ်အနေဖြင့် ယင်းသည် အင်္ဂါဂြိုဟ်၏ ကောင်းကင်ယံတွင် အနောက်ဘက်မှ ထွက်ပေါ်လာပြီး ၄ နာရီနှင့် ၁၅ မိနစ်တွင် အရှေ့ဘက်၌ ဝင်သွားသည်။ အင်္ဂါဂြိုဟ်၏ တစ်ရက်တွင် ယင်းကဲ့သို့ ၂ ကြိမ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ နေရောင်ရှိသောအရပ်၌ မျက်နှာပြင်သည် အနုတ် ၄ ဒီဂရီ စင့်ဆီးယပ်ရှိပြီး နေရောင်ကွယ်သောအရပ်၍မူ အနုတ် ၁၁၂ ရှိသည်။[၆] ဖိုဘော့စ်သည် နှစ် ၁၀၀ ကြာတိုင်း အင်္ဂါဂြိုဟ်နှင့် ၂ မီတာ ပိုမိုနီးကပ်သွားကာ နောင်နှစ်ပေါင်း ၃၀ မှ ၅၀ မီလီယံကြာပါက အင်္ဂါဂြိုဟ် မျက်နှာပြင်သို့ ထိတိုက်မိမည်ဟု ခန့်မှန်းထားသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ Mars: Moons: Phobos။ NASA Solar System Exploration (30 September 2003)။ 19 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2013 တွင် ပြန်စစ်ပြီး။
- ↑ Planetary Satellite Physical Parameters။ JPL (Solar System Dynamics) (13 July 2006)။ 29 January 2008 တွင် ပြန်စစ်ပြီး။
- ↑ Mars' Moons
- ↑ Phobos | Definition of Phobos in English by Oxford Dictionaries။ 17 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Mar's moon Phobos။ Nasa။ 16 July 2016 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ NASA – Phobos။ Solarsystem.nasa.gov။ 24 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-08-04 တွင် ပြန်စစ်ပြီး။