NGC 3982
NGC 3982 | |
---|---|
လေ့လာရေး ဒေတာ (J2000 epoch) | |
ကြယ်စုတန်း | အာရှာ မေဂျာ |
ညာဘက် တိမ်းစောင်းမှု | 11° 56′ 28.1″[၁] |
နိမ့်ဆင်းမှု | +55° 07′ 31″[၁] |
အနီရောင်အရွေ့ | ၁၁၀၉ ± ၆ km/s[၁] |
ကော့စမစ် အကွာအဝေး လှေကား | 68.1 ± 2.5 Mly (20.89 ± 0.77 Mpc)[၂] |
ဂယ်လက်ဆီ ခွဲခြားမှု | SAB(r)b[၁] |
ထောင့်ဖြတ် အချင်း (V) | 1′.7 × 1′.5[၁] |
မြင်သာသော အရွယ်အစား (V) | ၁၂.၀[၁] |
အခြား ဂုဏ်သတ္တိများ | |
UGC 6918,[၁]PGC 37520[၁] | |
NGC 3982 သည် အလယ်အလတ်တန်းစား ခရုပတ်ပုံစံ ဂလက်ဆီဖြစ်ပြီး ကြယ်စုတန်း အာရှာ မေဂျာမှ အလင်းနှစ် သိန်းပေါင်း ၆၈ ကွာဝေးသည်။ ယင်းအား UGC 6918 ဟုလည်းသိထားသည်။ ၁၇၈၉ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဝီလီယံ ဟာရှယ်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ဂြိုဟ်ဆိုင်ရာ နက်ဗျူလာဟု မှားယွင်းသတ်မှတ်ခဲ့သည်။[၃] NGC 3982 သည် M109 Group ၏ အစိတ်အပိုင်းဖြစ်သည်။ မြင်သာသော အရွယ်အစား ၁၂.၀ တွင် မြင်နိုင်ရန် တယ်လီစကုပ် လိုအပ်မည်ဖြစ်သည်။ တယ်လီစကုပ်အသေးစားဖြင့်ကြည့်ပါက ဂယ်လက်ဆီသည် အလွန်မှေးမှိန်စွာ ပေါ်လာမည်ဖြစ်သည်။
ယေဘုယျ
[ပြင်ဆင်ရန်]NGC 3982 သည် Seyfert ဂယ်လက်ဆီဖြစ်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီ၏ သုံးပုံတစ်ပုံအရွယ်အစားရှိသော အလင်းနှစ် ၃၀၀၀၀ အထိ ကျယ်ပြောလှသည်။ ဂယ်လက်ဆီသည် မိမိတို့ဆီမှ တစ်က္ကန့်လျင် ၁၁၉ ကီလိုမီတာနှုန်းဖြင် ဝေးရာသို့ပြေးနေသည်။ ဂယ်လက်ဆီသည် ကျွန်တော်တို့ မိခင်ဂယ်လက်ဆီနှင့် ဆင်တူကာ အလယ်ဗဟိုတွင် တွင်းနက်တည်ရှိပြီး ခရုပတ်လက်မောင်းအနားတွင် ကြယ်များ ဖွဲ့တည်လျက်ရှိသည်။[၄] ယင်းနေရာများတွင် ဆူပါနိုဗာများအား ရှာတွေ့ရတတ်သည်။
ဆူပါနိုဗာ 1998aq
[ပြင်ဆင်ရန်]၁၉၉၈ ခုနှစ်တွင် NGC 3982 တွင် ဆူပါနိုဗာတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအား ဗြိတိသျှလူမျိုး ဝါရင့်နက္ခတ္တပညာရှင် Mark Armstron မှ ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိချိန်တွင် မြင်သာသော အရွယ်အစား ၁၄.၉ ရှိခဲ့သည်။ ယင်းသည် ၂ ရက်ခန့် တောက်ပနေခဲ့သည်။ ဆူပါနိုဗာဖြစ်ရပ်များသည် နှစ်တစ်ရာကြာတိုင်း ဖြစ်ပွားလေ့ရှိကာ နက္ခတ္တပညာရှင်များသည် NGC 3982 အား အဆင့်မြင့်တယ်လီစကုပ်များဖြင့် လေ့လာရန် စိုင်းပြင်လျက်ရှိကြသည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ NASA/IPAC Extragalactic Database။ Results for NGC 3982။ 2006-11-16 တွင် ပြန်စစ်ပြီး။
- ↑ Riess, Adam G. (2005). "Cepheid Calibrations from the Hubble Space Telescope of the Luminosity of Two Recent Type Ia Supernovae and a Redetermination of the Hubble Constant". Astrophysical Journal 627 (2): 579–607. doi: . Bibcode: 2005ApJ...627..579R.
- ↑ NGC 3982. Students for the Exploration and Development of Space. Retrieved March 3, 2009
- ↑ Circumnuclear Star Forming Activity in NGC 3982။ IOP Publishing (21 April 2008)။ 25 June 2014 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်
[ပြင်ဆင်ရန်]- Spiral Galaxy NGC 3982 @ SEDS NGC objects pages Archived 27 September 2006 at the Wayback Machine.
- The Distance to Supernova 1998aq in NGC3982 Arxiv, 2001
- NGC 3982 at ESA/Hubble Archived 11 March 2009 at the Wayback Machine.
- Circumnuclear Star Forming Activity in NGC 3982 Archived 4 March 2016 at the Wayback Machine.