အောင်ကို (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
သူရ

​အောင်ကို
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဦးကိုကို
ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကန်ပက်လက်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-01-04) ၄ ဇန်နဝါရီ၊ ၁၉၄၈ (အသက် ၇၆)
​ကျောက်ပန်း​တောင်းမြို့၊ မန္တ​လေးတိုင်း​ဒေသကြီး
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
ကြင်ဖော်(များ)​မြင့်မြင့်ရီ
သားသမီး
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၆၉-၁၉၉၇
ရာထူး ဗိုလ်မှူးချုပ်

ဦး​အောင်ကို (သူရဦး​အောင်ကို) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။

လွှတ်​တော်ကိုယ်စားလှယ်

ဗိုလ်မှူးချုပ်​ဟောင်းတစ်ဦးဖြစ်သူ သူရဦး​အောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်​ရေး​ကော်မတီဝင်ဆစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥ​ရောပသမဂ္ဂ၏ ပိတ်ဆို့အ​ရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[၁]၂၀၀၇ခုနှစ်တွင် ဩစ​တြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [၂]

၂၀၁၀​ရွေး​​ကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်​ရေးပါတီမှ အ​ရွေးခံခဲ့ရသည်။​​နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်​ရေးဗဟို​ကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦး​အောင်ကိုပါ ပါဝင်ခဲ့သည်။

ဝန်ကြီး

ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်​မောင် လက်​အောက်၌ သာသနာ​ရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို​ကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်း​ရေးမှူးဖြစ်ခဲ့သည်။[၃]သူသည် ပြည်သူ့လွတ်​တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီး​သော မိတ်​ဆွေဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟို​ကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[၄]

၂၀၁၅​ရွေး​ကောက်ပွဲအပြီးတွင် ကြံ့ခိုင်​ရေးပါတီမှ နှုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[၅]ဝန်ကြီးဌာန၂ခု​ပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်​ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[၆]

ကိုးကား

  1. Burma-Myanmar Council Decision 2003-461 CFSP
  2. BANKING (FOREIGN EXCHANGE) REGULATIONS 1959 DIRECTION RELATING TO FOREIGN CURRENCY TRANSACTIONS AND TO BURMA
  3. President U Thein Sein re-elected as Myanmar's ruling party leader - Xinhua | English.news.cn။ 2016-03-22 တွင် ပြန်စစ်ပြီး။
  4. Lwin၊ Ei Ei Toe။ EXCLUSIVE: Speaker makes political comeback bid
  5. Thu၊ Mratt Kyaw။ The state of the Sangha။ 8 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2019 တွင် ပြန်စစ်ပြီး။
  6. Times၊ The Myanmar။ Daw Aung San Suu Kyi to join government as NLD reveals cabinet