ကဲရကယ်တောကြောင်

ဝီကီပီးဒီးယား မှ
ကဲရကယ်တောကြောင်
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Carnivora
မျိုးရင်း ကြောင်မျိုးရင်း
မျိုးစု Caracal
မျိုးစိတ် C. caracal
ဒွိနာမ
Caracal caracal
အမည်ကွဲ
(Schreber, 1776)
ကဲရကယ်တောကြောင် တွေ့ရှိရာဒေသ


ကဲရကယ်တောကြောင်၏ သိပ္ပံအမည်မှာ ကဲရကယ် ကဲရကယ် ဖြစ်သည်။ ကဲရကယ်ကြောင်ရိုင်းဟုလည်း ခေါ်သည်။ အာဖရိကတိုက်အရှေ့အလယ်ပိုင်းအာရှအလယ်ပိုင်းနှင့် အိန္ဒိယတို့တွင် တွေ့ရ သော ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။ ကိုယ်ထည်အရွယ်အစား အလယ်အလတ် ရှိသည်။ ကိုယ်ထည်တုတ်ခိုင်သည်။ ခြေတံရှည်သည်။ မျက်နှာတိုသည်။ နားရွက်အမွေးစုများ ရှည်သည်။ စွယ်သွားရှည်သည်။ သားမွေးမှာ အနီရောင် သမ်းသော အဝါရောင် (သို့မဟုတ်) သဲရောင် တပြင်တည်း ဖြစ်သည်။ ခါးနားတဝိုက်တွင် အရောင်ဖျော့ပြီး အနီရောင်သမ်းသော အမှတ်အသားများ ရှိသည်။ ပခုံးအမြင့် ၄၀ မှ ၅၀ စင်တီမီတာ (၁၆ မှ ၂၀ လက်မ) ရှိသည်။ ကိုယ်အလေးချိန် ၈ မှ ၁၈ ကီလိုဂရမ် (၁၈ မှ ၄၀ ပေါင်) လေးသည်။ ညအချိန်တွင် ကျက် စားသည်။[၁]

သွင်ပြင်လက္ခဏာ

ကဲရကယ်ကြောင်ရိုင်းသည် အိမ်ကြောင်ထက် အတန်ငယ်ကြီးမားသည်။ အသွေးအရောင်မှာ အောက်ပိုင်းတွင် အဖြူရောင်ရှိပြီး အပေါ်ပိုင်းမှာ နီညိုရောင် ဖြစ်သည်။ နားရွက်များမှာ အနက်ရောင်ဖြစ်ပြီး နားရွက်ဖျားရှိ အမွေး များမှာ ပန်းပွားသဖွယ်ရှည်ပြီး ဖျာလျက်နေပေသည်။ အမြီးမှာ ရှည်သည်။ မျက်စိများပေါ်တွင် အဖြူပြောက်နှစ် စက်စီ ရှိသည်။ ယင်းကြောင်ရိုင်းများသည် ချုံနွယ်ပိတ်ပေါင်း နှင့် မြက်တောများတွင် နေလေ့ရှိပြီး အသားစားသတ္တဝါမျိုး ဖြစ် သည်။ ကဲရကယ်ကြောင်ရိုင်းကို အိမ်တွင် မွေးထားပါကလည်း အလွယ်တကူ ယဉ်ပါးလာတတ်ပေသည်။ [၂]

ပျံ့နှံ့ကျက်စားပုံ

အာဖရိကတိုက်တွင် ကဲရကယ်တောကြောင်ကို ဆဟာရ သဲကန္တာရ၏ တောင် ဘက်ဒေသများတွင် တွေ့ရသည်။ သို့သော်လည်း အာဖရိကတိုက်မြောက်ပိုင်း တွင်မူ ရှားပါးသည်။ အာရှတိုက်တွင်မူ ယင်းတို့ကို အာရေဗျကျွန်းဆွယ်အရှေ့အလယ်ပိုင်းတာ့ခ်မင်နစ္စတန်နိုင်ငံဥဇဘက်ကစ္စတန်နိုင်ငံမှသည် အိန္ဒိယ အနောက်ပိုင်းအထိ တွေ့ရသည်။[၃]

ကိုးကား

  1. Sunquist, F.; Sunquist, M. (2002). "Caracal Caracal caracal". Wild Cats of the World. Chicago: University of Chicago Press. pp. 38–43. ISBN 978-0-226-77999-7.
  2. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ
  3. Avgan, B.; Henschel, P.; Ghoddousi, A. (2016). "Caracal caracal". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.