ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

ဝီကီပီးဒီးယား မှ
မဟာဂန္ဓာရုံဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဂိုဏ်းရွှေကျင် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ)
ကျောင်းတိုက်မဟာဂန္ဓာရုံကျောင်းတိုက်
ကျော်ကြားမှုကျမ်းစာပြုစုခြင်း
ပညာရေးပထမပြန်၊ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ
အခြားအမည်များမဟာဂန္ဓာရုံဆရာတော်
ဓမ္မအမည်ဇနက
ရဟန်း အမည်ဇနကာဘိဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုး မြန်မာ
မွေးဖွားမောင်ဌေးလွင်
(1900-02-27)၂၇ ဖေဖော်ဝါရီ၊ ၁၉၀၀
စစ်ကိုင်းတိုင်းရွှေဘိုခရိုင်
ဝက်လက်မြို့နယ်၊ သရိုင်ကျေးရွာ
ကွယ်လွန်ဒီဇင်ဘာ ၂၇၊ ၁၉၇၇(1977-12-27) (အသက် ၇၇)
၁၃၃၉ ခု နတ်တော်လပြည့်ကျော်(၂)ရက်
မိဘဦးဇောတိနှင့် ဒေါ်အုန်းလှိုင်
ဘာသာရေးရာ
ဆရာ(များ)အရှင်ဉာနာဘိဝံသ
ဂုဏ်ပြုခံရမှုများ
  • အဂ္ဂမဟာပဏ္ဍိတ (၁၃၁၂)
  • ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက
  • ဆဋ္ဌသံဂီတိဘာရနိတ္တာရက
  • ဆဋ္ဌသံဂီတိပါဠိပဋိဝိသောဓက
  • ဆဋ္ဌသံဂီတိဩသာနသော ဇေယျပတ္ထပါဌ (၁၃၁၅)

အရှင်ဇနကာဘိဝံသသည် မြန်မာနိုင်ငံသာသနာဝင်တွင် ထင်ရှားကျော်ကြားခဲ့ပြီး ကျမ်းစာများပြုစုကာ သံဃာတော်များအား ဗုဒ္ဓစာပေများ ပို့ချပေးတော်မူခဲ့သည့် ရဟန်းတစ်ပါး ဖြစ်သည်။ “ဘာသာဋီကာ”ကျမ်းများ ပြုစုတော်မူခဲ့ခြင်းကြောင့် ၂၀ ရာစု ရှင်မဟာဗုဒ္ဓဃောသ ဟု သာသနာတော်နယ်တွင် ကျော်ကြားပြီး ဒေါက်တာသန်းထွန်းက ၂၀ ရာစု မြန်မာနိုင်ငံ၏ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့သည်။

ငယ်ဘဝ

၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၄)ရက် (၁၉၀ဝ-ပြည့်နှစ်၊ ဖေဖော်ဝါရီလ-၂၇ရက်) အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့။ ငယ်မည်မှာ မောင်ဌေးလွင်ဖြစ်သည်။

ပညာရေး

သရိုင်ရွာ ပင်းကျောင်းဆရာတော်ထံတွင် စတင်၍ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင်ရိုးကောင်းစွာ ပေါက်မြောက်ခဲ့ပြီး၁၂၆၆ ခုနှစ်တွင် ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၂၇၄ - အသက်(၁၂)နှစ်အရွယ်တွင် မန္တလေးမြို့အနောက်ပြင် ဝိသုဒ္ဓါရုံ၊ ဇီးပင်ကျောင်းတိုက်၌(မြောင်းမြဆရာတော်ဖြစ်လာမည့်) ဘုန်းတော်ကြီး-ရှင်ဉာနာဘိဝံသထံတွင် ဆက်လက်ပညာသင်ကြားသည်။ ၁၂၇၅ တွင် ဒုတိယအကြိမ်ရှင်သာမဏေပြုပြီး နှစ်နှစ်အကြာ အသက်(၁၅)နှစ် အရွယ်၌ ပထမငယ်တန်းအောင်မြင်ခဲ့သည်။ ၁၂၇၈ - အသက်(၁၆)နှစ်သားတွင် ပထမလတ်တန်းအောင်၍ အရှင်ဉာနာဘိဝံသကိုပင် ဥပဇ္ဈာယ်ပြုကာ သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး ဘွဲ့မှာရှင်ဇနကဖြစ်သည်။ ၁၂၇၉ - ပထမကြီးတန်းအောင်သည်။ ၁၂၈၀ - တပေါင်းလပြည့်တွင် ပလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်သည်။

စာပေစတင်ပို့ချခြင်း

၁၂၈၁ ခုနှစ် ရဟန်းဘဝတွင် နယုန်လပြည့်နေ့၌တစ်ကြိမ်၊ တပေါင်းလပြည့်နေ့၌တစ်ကြိမ် သိက္ခာထပ်သည်။ ပထမကြီးတန်းအောင်ပြီးနောက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူးသည်။ စာဝါတက်ခိုက် ရဟန်း(၃)ဝါအရတွင် ပညာထက်မြက်ထူးချွန်မှုကြောင့် ဂဏဝါစက စာချအဖြစ်ချီးမြှောက်ခံရပြီး စာဝါချပေးသည်။ ပခုက္ကူတွင် (၄) ဝါစာချပြီးနောက် မန္တလေးမဟာဝိသုဒ္ဓါရုံကျောင်းတိုက်သို့ ပြန်ကြွသည်။ ၁၂၈၃ - ကဆုန်လဆန်း(၁)ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ်တင်မြှောက်ခံရသည်။ ၁၂၈၇ ပထမကျော်တန်းအောင်မြင်သည်။ ၁၂၈၉ - ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့ရသည်။ ထို့နောက် အဘယာရာမဆရာတော်ခေါ်ယူသည့်အတွက် မန္တလေးအနောက်ပြင် အဘယာရာမရွှေဂူတိုက်သစ်သို့ပြောင်းရွှေ့ပြီး စာဝါများပို့ချပေးခဲ့ရ၏။

ကျမ်းစာများ ပြုစုခြင်း

၁၂၉၀ ခုနှစ် ရဟန်း (၁၀) ဝါအရတွင် မိမိ၏ မွေးနေ့ဖြစ်သော တပို့တွဲလကွယ်နေ့၌ သင်္ဂြိုဟ်ဘာသာဋီကာကို စတင် ပြုစုသည်။ ၁၂၉၃ ခု သင်္ဂြိုဟ်ဘာသာ ဋီကာကိုပြုစုနေစဉ် ဖခင်ဒကာကြီးနှင့် အဘယာရာမ ဒကာကြီးတို့ တောင်းပန်သည့်အတွက် ရတနာ့ဂုဏ်ရည်ကိုပြုစုပြီး ထုတ်ဝေသည်။ (ပထမဆုံး ပုံနှိပ်ထုတ်ဝေသောကျမ်းစာဖြစ်သည်။) ထို့နောက်အခြေပြုသင်္ဂြိုဟ်၊ အခြေပြုသဒ္ဒါ သင်္ဂြိုဟ်ဘာသာဋီကာ၊ ကိုယ်ကျင့်အဘိဓမ္မာ စသည်ဖြင့် ကျမ်း များဆက်ကာဆက်ကာ ပြုစုသည်။ သဂြိုဟ်ဘာသာဋီကာကို စတင်ရေးသားချိန်မှပြီးစီးချိန်ထိ(၈)နှစ်အချိန်ယူပြုစုခဲ့ရသည်။ အဘယာရာမကျောင်းတိုက်တွင် (၁၂) နှစ်ကျော်သတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခြင်းဟူသော တာဝန်များယူရသည့်အပြင် အဘယာရာမဆရာတော်ကြီးကိုလည်းကူညီဆောင်ရွက်ပေးရသည်။ ၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင်တောင်မြို့သို့ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဌာန်းကျောင်းတိုက်တွင် ဗုဒ္ဓဘာသာ သင်ခန်းစာများ အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိရေးသားပြုစုပေးခဲ့သည်။

မဟာဂန္ဓာရုံစာသင်တိုက် စည်ပင်လာခြင်း

၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင်တောင်မြို့သို့ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဌာန်းကျောင်းတိုက်တွင် သီတင်းသုံးသည်။ဆရာတော်သည် မဟာဂန္ဓာရုံကျောင်းတိုက်ကို စနစ်တကျတည်ထောင်ပြီး စာဝါများပို့ချပေးခဲ့ရာ (၃၇)နှစ်အတွင်း ကျောင်းဆောင်(၁၀ဝ)ကျော်၊ သံဃာ(၅၀ဝ)ကျော်အထိ တိုးပွားလာသည်။ ထိုကာလအတွင်း ကျောင်းနေ သံဃာတို့ကို နေ့စဉ်တစ်နေ့လျှင် စာ(၃)ဝါပို့ချပေးပြီး စာပေကျမ်းဂန်များလည်း ဆက်လက်ပြုစုသည်။ မဟာဂန္ဓာရုံတိုက်တွင် ငယ်ရွယ်သော သာမဏေများ၊ ရဟန်းများကို ရွေးချယ်လက်ခံပြီး စနစ်တကျပြုပြင်သည်။ စည်းကမ်းချက်များကို တိတိကျကျ ချမှတ်အကောင်အထည်ဖော်သည်။ မိမိကိုယ်တိုင် ဝိနည်းနှင့်အညီကျင့်သုံးပြီး ကျောင်းနေသံဃာများကိုလည်း တိတိကျကျကျင့်သုံးလိုက်နာတတ်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။ မည်မျှစာတတ်စေ စိတ်ကောင်းမရှိလျှင် သာသနာ့အကျိုး မဆောင်ရွက်နှိုင်ဟုခံယူကာ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ စာတတ်ဖို့ကဒဿမစသည်ဖြင့် အရေးပါမှုအတိုင်းအတာအလိုက်မူချ ကြပ်မတ်ခဲ့သည်။ ထို့ကြောင့် စံပြကျောင်း အဖြစ်ထင်ရှားလာခဲ့သည်။ မန္တလေးပရိယတ္တိသာသနာ့ဟိတအသင်းကြီးအတွက် သာမဏေစာတော်ပြန်ပွဲ စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့သည်။ ကျောင်းများတွင် ဗုဒ္ဓဘာသာသင်ခဏ်းစာများ သင်ကြားပေးရေးအစီအစဉ်အရ (နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်သဖြင့်) မူလတန်းများအတွက်ဗုဒ္ဓဘာသာလက်စွဲ သင်ခန်းစာများပြုစုခဲ့သည်။ ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကျောင်း များအတွက်လည်း ဗုဒ္ဓဘာသာသင်ခန်းစာများ အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိရေးသားပြုစုပေးခဲ့သည်။

မဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာ​တော်များ နံနက်ပိုင်း ​မေတ္တာပို့ကြစဉ်

သာသနာရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်မှု

၁၃၁၂ ခု လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အစိုးရက ပထမဆုံးဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရရှိသည်။ ၁၃၁၅ ခု ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက၊ ဆဋ္ဌသံဂီတိဘာရနိတ္တာရက၊ ဆဋ္ဌသံဂီတိပါဠိပဋိဝိသောဓက၊ ဆဋ္ဌသံဂီတိဩသာနသော ဇေယျပတ္ထပါဌက အဖြစ်တင်မြှောက်ခြင်းခံရသည်။ ၁၃၂၆ ခုတွင် မှော်ဘီသာသနာသန့်ရှင်းပြန့်ပွားရေးအစည်းအဝေး၏ ဦးဆောင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရသည်။ ၁၃၃၇ ခု ပဲခူးမြို့၌ကျင်းပသော ရွှေကျင်နိကာယ (၁၁) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် အစည်းအဝေးမှ တွဲဖက်သာသနာပိုင် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌအဖြစ်)တင်မြှောက်ခြင်းခံရသည်။ ဆရာတော်သည် ကျမ်းပေါင်း(၆၃)ကျမ်းရေးသား ပြုစုခဲ့ရာ သင်္ဂြိုဟ်ဘာသာဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်ဖြင့် ဘာသာဋီကာအမည်တပ်သော ကျမ်းအများအပြားပါဝင် ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ဘာသာသွေး၊ အနာဂါတ်သာသနာ၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စသည်တို့သည် ထင်ရှား၏။ ပျံလွန်တော်မူကာနီး(၂)ရက်အလိုတွင်သုတ်မဟာဝါဘာသာဋီကာကျမ်းကို အဆုံးသတ်ခဲ့သည်။ ပျံလွန်တော်မမူမီ (၁၃)ရက်အလိုတွင် မိမိ၏ ထေရုပ္ပတ္တိကို တစ်ဘဝသံသရာအမည်ဖြင့် ရေးသားပြုစုခဲ့သည်။ ၁၃၃၉ ခု နတ်တော်လပြည့်ကျော်(၂)ရက် (၁၉၇၇-ဒီဇင်ဘာ-၂၇-ရက်) အင်္ဂါနေ့ညနေ ၄ နာရီ ၃၀ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူမည့် နေ့လယ်အထိ သုတ်ပါထေယျ အဌကထာကို စာချပေးခဲ့၏။

ထင်ရှားသော ကျမ်းဂန်စာအုပ်များ(အချို့)

  1. အခြေပြုသင်္ဂြိုဟ်
  2. အခြေပြုသဒ္ဒါ
  3. သင်္ဂြိုဟ်ဘာသာဋီကာ
  4. အနာဂါတ်သာသနာရေး
  5. ကိုယ်ကျင့်အဘိဓမ္မာ
  6. ရတနာ့ဂုဏ်ရည်
  7. ဗုဒ္ဓဘာသာသင်ခန်းစာများ(၉)တွဲ
  8. ဘာသာသွေး
  9. သုတ်မဟာဝါ-ဘာသာဋီကာ
  10. ဘာသာရေး ပြဿနာများ
  11. ရုပ်ပုံရှင်ကျင့်ဝတ်
  12. လူချမ်းသာ
  13. ဗုဒ္ဓါနုဿတိဘာဝနာ
  14. နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
  15. တစ်ဘဝသံသရာ(ကိုယ်တိုင်ရေးထေရုပ္ပတ္တိ)
  16. ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်
  17. အခြေပြု ပဌာန်း
  18. သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအဖြေများ
  19. ဘုရားဥပဒေတော်ကြီး

ဆရာတော် ရေးသားခဲ့သော ကျမ်းဂန်စာအုပ်များကို ဓမ္မဒေါင်းလုဒ် Dhammadownload က စုစည်းထားရှိသည်။[၁]

တရားတော်များ

ဆရာတော် ဟောကြားခဲ့သော တရားတော်များကို ဓမ္မဒေါင်းလုဒ် Dhammadownload က စုစည်းထားရှိသည်။[၂]

တရားခေါင်းစဥ်များ

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော တရားတော်များ စုစည်းမှု (MP3)

၁။ ပူဇာတေး

၂။ အခြေပြုပဌန်း (၁)

၃။ အခြေပြုပဌန်း (၂)

၄။ အခြေပြုပဌန်း (၃)

၅။ အခြေပြုပဌန်း (၄)

၆။ အခြေပြုပဌန်း (၅)

၇။ အခြေပြုပဌန်း (၆)

၈။ အခြေပြုပဌန်း (၇)

၉။ အခြေပြုပဌန်း (၈)

၁၀။ အခြေပြုပဌန်း (၉)

၁၁။ အခြေပြုပဌန်း (၁၀)

၁၂။ အခြေပြုပဌန်း (၁၁)

၁၃။ အခြေပြုပဌန်း (၁၂)

၁၄။ အခြေပြုပဌန်း (၁၃)

၁၅။ အခြေပြုပဌန်း (၁၄)

၁၆။ အခြေပြုပဌန်း (၁၅)

၁၇။ အခြေပြုပဌန်း (၁၆)

၁၈။ အခြေပြုပဌန်း (၁၇)

၁၉။ သူတော်ကောင်းလက္ခဏာ

၂၀။ နိဗ္ဗာန်ချန်းသာ

၂၁။ ပေါရိဿဒ

၂၂။ ရွှေဟင်္သာမင်း

၂၃။ အမေးအဖြေ (၁)

၂၄။ အမေးအဖြေ (၂)

၂၅။ စိတ်တစ်ဆယ့်လေးပါး

၂၆။ ဗုဒ္ဓပါရမီ

၂၇။ ခန ္တီပါရမီ

၂၈။ သာသနာသန့်ရှင်းရေး

၂၉။ ရွဲကုန်သည်

၃၀။ ဓမ္မဗိမ္မာန်

၃၁။ ဓမ္မပါလ

၃၂။ ဘဝနေနည်း

၃၃။ ဗုဒ္ဓဘာသာ သာသနာ

၃၄။ သံဝေဂတရားတော်

၃၅။ သီလအကျိုး

၃၆။ သစ္စာပြုတရားတော်

၃၇။ ဓမ္မသောက

၃၈။ ခေမာမိဘုရား၏ မဂ်ဖိုရပုံ

၃၉။ အနာဂါတ်သာသနာ (၁)

၄၀။ အနာဂါတ်သာသနာ (၂)

၄၁။ ပုဏ္ဏားခြောက်ယောက်

၄၂။ လူအများသိသင့်သောကျောင်းအလှူ

၄၃။ သံဃာ့ဂုဏ်ရည်

၄၄။ ကံနှင့် ကံအကျိုးတရား

၄၅။ ရဌပါလသုတ္တန်

၄၆။ ဘဝတစ်ခု၏ ကံတရား

၄၇။ ဗုဒ္ဓဘာသာ

၄၈။ အနတ္တလက္ခဏာသုတ်(၁)

၄၉။ အနတ္တလက္ခဏာသုတ်(၂)

၅၀။ အနတ္တလက္ခဏာသုတ်(၃)

၅၁။ အနတ္တလက္ခဏာသုတ်(၄)

၅၂။ အနတ္တလက္ခဏာသုတ်(၅)

၅၃။ မဟာသမယသုတ်

၅၄။ ဗောဇ္ဈင်သုတ်

၅၅။ ဗောဇ္ဈင်သုတ်

၅၆။ ဓမ္မစကြာနိဒါန်း

၅၇။ ဓမ္မစကြာ ပါဠိတော်

၅၈။ ဓမ္မစကြာ အကျင့်သုံးပါး

၅၉။ ဓမ္မစကြာ သမ္မဒိဌိနှင့် ဒုက္ခသစ္စာ

၆၀။ ဓမ္မစကြာ သမုဒယသစ္စာ

၆၁။ ဓမ္မစကြာ နိရောဓသစ္စာ

၆၂။ ဓမ္မစကြာ နိဗ္ဗာန်အေးမြရည်မှန်းဆ

၆၃။ ဓမ္မစကြာ မဂ္ဂသစ္စာ

၆၄။ ဓမ္မစကြာ ဝီရိယခန်း

၆၅။ ဓမ္မစကြာ ဉာဏ်တော်ခန်း

၆၆။ ဓမ္မစကြာ တရားတော်နိဂုံး

၆၇။ မြို့မသြဝါဒ(၁)

၆၈။ မြို့မသြဝါဒ(၂)

၆၉။ မြို့မသြဝါဒ(၃)

၇၀။ မြို့မသြဝါဒ(၄)

၇၁။ ကိုယ့်ကိုယ်ကိုအချစ်ဆုံး

၇၂။ ခန္ဓာဒုက္ခတရားတော်

၇၃။ အချစ်ဆုံးတရားတော်

၇၄။ ဗိုလ်ငါးပါး

၇၅။ မေတ္တဘာဝနာ

၇၆။ မိတ်ဆွေစောင့်ရှောက်နည်း

၇၇။ မဂ္ဂင်ယာဉ်ပျံတော်

၇၈။ တောရိပ်ပျော်

၇၉။ မဟာသမယသုတ်

၈၀။ မဟာသမယသုတ်

၈၁။ ရတနာသုတ်

၈၂။ ဗောဗ္ဈင်သုတ်

၈၃။ အဿနာတိရသုတ်

၈၄။ ပရိတ်တရားတော် (၁)

၈၅။ ပရိတ်တရားတော် (၂)

၈၆။ ပရိတ်တရားတော် (၃)

၈၇။ ပရိတ်တရားတော် (၄)

၈၈။ ပရိတ်တရားတော် (၅)

၈၉။ ပရိတ်တရားတော် (၆)

၉၀။ ပရိတ်တရားတော် (၇)

၉၁။ ပရိတ်တရားတော် (၈)

၉၂။ မရဏာနုဿတိ

၉၃။ ကမ္မဌာန်းဉာဏ်ပါ

(၇.၀၅.၁၉၆၃) မှ (၉.၀၅.၁၉၆၃) ထိ YABA အသင်း ကြီးမှ ကြီး မှူး ကျင်းပသော ဗုဒ္ဓဘာသာသင်တန်းဖွင့်ပွဲ ကြီး အတွက် မြို့မ အမျိုးသမီး ကျောင်းတွင် ဟောကြားသောတရားတော်

၁။ တရားတော် အပိုင်း -၁

၂။ တရားတော် အပိုင်း -၂

၃။ တရားတော် အပိုင်း -၃

၄။ တရားတော် အပိုင်း -၄

၅။ တရားတော် အပိုင်း -၅

၆။ တရားတော် အပိုင်း -၆

၇။ တရားတော် အပိုင်း -၇

၈။ တရားတော် အပိုင်း -၈

၉။ တရားတော် အပိုင်း -၉

၁၀။ တရားတော် အပိုင်း -၁၀

၁၁။ တရားတော် အပိုင်း -၁၁

၁၂။ တရားတော် အပိုင်း -၁၂

၁၃။ တရားတော် အပိုင်း -၁၃

၁၄။ တရားတော် အပိုင်း -၁၄

၁၅။ တရားတော် အပိုင်း -၁၅

၁၆။ တရားတော် အပိုင်း -၁၆

၁၇။ တရားတော် အပိုင်း -၁၇

၁၈။ တရားတော် အပိုင်း -၁၈

၁၉။ တရားတော် အပိုင်း -၁၉

၂၀။ တရားတော် အပိုင်း -၂၀

၂၁။ တရားတော် အပိုင်း -၂၁

၂၂။ တရားတော် အပိုင်း -၂၂

၂၃။ တရားတော် အပိုင်း -၂၃

၂၄။ တရားတော် အပိုင်း -၂၄

၂၅။ တရားတော် အပိုင်း -၂၅

၂၆။ တရားတော် အပိုင်း -၂၆

၂၇။ တရားတော် အပိုင်း -၂၇

၂၈။ တရားတော် အပိုင်း -၂၈

ဦးအုံးကိုကို (မြိတ်)မှ ထုတ်လုပ်မှု့စရိတ်လှူဒါန်း၍ ဦးတင်လှ (မြန်မာ့အသံ)စီစဉ်ထားသော ဆရာတော်ဘုရားကြီး၏ ဘဝဇာတ်ကြောင်း တစ်ဘဝသံသရာ MP3
တစ်ဘဝသံသရာ

၁။ အဖွင့်

၂။ အခန်း (၁)၊ လူ့ဘဝ၊ လူ့ခန္ဓာ

၃။ အခန်း (၂)၊ အမိမြန်မာပြည်

၄။ အခန်း (၃)၊ ပြည်ရွှေဘို

၅။ အခန်း (၄)၊ ရွာရွှေရိုင်

၆။ အခန်း (၅)၊ မွေးဖွားပြီးလစ် ရွယ်ငါးနှစ်

၇။ အခန်း (၆)၊ ငါးနှစ်ကျော်ဝယ် ဆယ်နှစ်ရွယ်

၈။ အခန်း (၇)၊ ဆယ်နှစ်လွန်တစ် ဆယ့်ငါးနှစ်

၉။ အခန်း (၈)၊ ဆယ့်ငါးလွန်ကြွယ် သက်နှစ်ဆယ်

၁၀။ အခန်း (၉)၊ နှစ်ဆယ်လွန်ကွယ် သက်လေးဆယ်

၁၁။ အခန်း (၁၀)၊ သုံးဆယ်လွန်ကွယ် သက်လေးဆယ်

၁၂။ အခန်း (၁၁)၊ လေးဆယ်ကျော်ဝယ် သက်ငါးဆယ်

၁၃။ အခန်း (၁၂)၊ ငါးဆယ်လွန်လျှင်း ခြောက်ဆယ်တွင်း

၁၄။ အခန်း (၁၃)၊ ခြောက်ဆယ်ကျော်ဝယ် သက်ငါးဆယ်

၁၅။ အခန်း (၁၄)၊ ခုနှစ်ဆယ်ကျော်ဝယ် ရှစ်ဆယ်ရွယ်

၁၆။ အခန်း (၁၅)၊ အသက် (၇၂)နှစ်အတွင်း ဖြစ်စဉ်

၁၇။ အခန်း (၁၆)၊ အသက် (၇၃)နှစ်အတွင်း ဖြစ်စဉ်

၁၈။ အခန်း (၁၇)၊ အသက် (၇၄)နှစ်အတွင်း ဖြစ်စဉ်

၁၉။ အခန်း (၁၈)၊ အသက် (၇၅)နှစ်အတွင်း ဖြစ်စဉ်

၂၀။ အခန်း (၁၉)၊ အသက် (၇၆)နှစ်အတွင်း ဖြစ်စဉ်

၂၁။ အခန်း (၂၀)၊ အသက် (၇၇)နှစ်အတွင်း ဖြစ်စဉ်

၂၂။ အခန်း (၂၁)၊ အသက် (၇၈)နှစ်အတွင်း ဖြစ်စဉ်

၂၃။ နိဂုံး

ဗုဒ္ဓဘာသာသင်ခန်းစာ

၁။ အဖွင့် နိဒါန်း

၂။ သူငယ်တန်း

၃။ ပထမတန်း

၄။ ဒုတိယတန်း ဘုရားဂုဏ်တော်

၅။ တတိယတန်း တရားဂုဏ်တော်

၆။ စတုတ္ထတန်း သံဃဂုဏ်တော်

၇။ ပဉ္စမတန်း ဗုဒ္ဓရတနာ

၈။ ဆဌမတန်း ဓမ္မရတနာ

၉။ သတ္တမတန်း သံဃရတနာ

၁၀။ အဌမတန်း ဥပသကာ

အနာဂတ်သာသနာရေး

၁။ အဖွင့် နိဒါန်း

၂။ ဗုဒ္ဓရတနာအခန်း

၃။ ဓမ္မရတနာအခန်း

၄။ အနတ္တလက္ခဏာသုတ်တော်

၅။ ပဋိစ္စသမုပ္ပတရားတော်

၆။ အနာဂတဘယသုတ်တော်

၇။ သံဃာ့ရတနာအခန်း

၈။ မြန်မာပြည်သာသနာခန်း

၉။ အနာဂတ်သသနာခန်း

ကိုယ်ကျင့်အဘိဓမ္မာ

၁။ နိဒါန်း

၂။ အခန်း(၁) ပရမတ်နှင့် စိတ်အကြောင်း

၃။ အခန်း(၂) အကုသိုလ်စေတသိတ်

၄။ အခန်း(၃) ကောင်းသောစေတသိတ်

၅။ အခန်း(၄) စိတ်ကောင်း၊ စိတ်ဆိုး

၆။ အခန်း(၅) စရိုက်ဝါသနာ

၇။ အခန်း(၆) ပုညကြိယာဝတ္ထု

၈။ အခန်း(၇) ကံနှင့်စပ်

၉။ အခန်း(၈) စုတေခါနီး

၁၀။ အခန်း(၉) ပဋိသန္ဓေနှင့် စပ်၍မှတ်ဖွယ်

၁၁။ အခန်း(၁၀) ကာလရေကြည် ရုပခန္ဓာ

၁၂။ အခန်း(၁၁) ဘုံနှင့်စပ်၍

သာသနာ့အသက်

၁။ အဖွင့်

၂။ နိဒါန်း

၃။ သာသနာ့အသက်

၄။ ရွှေငွေကို မကိုင်ခံ

၅။ ဆွမ်းဆံစိမ်း

၆။ အချိုပွဲဘုန်းပေးခါနီး

၇။ ရဟန်းတော်များထံ

၈။ သူတော်ကောင်းတို့အလှူ

၉။ အစွန်းသုံးပါးမလွတ်

၁၀။ ဘာသာရေးပြဿနာ

၁၁။ ဒါနနှင့်စပ်သော မေးခွန်း

၁၂။ ကောင်းမှုနှင့်စပ်သော မေးခွန်း

၁၃။ အကုသိုလ်နှင့်စပ်သော မေးခွန်း

၁၄။ ရဟန်းတော်များဝိနည်း မေးခွန်း

၁၅။ နိဂုံး

၁၆။ စစ်တပ်တရားတော်

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ

၁။ အဖွင့်နိဒါန်း

၂။ ကျောင်းဒကာနှင့် ကျောင်းအမ

၃။ သတ္တလောကသိတော်မူပုံ

၄။ စကားပြောခြင်းကိစ္စ

၅။ မဟာပဒေသ (၄)ပါး

၆။ မလ္လာမင်းတို့လာ၍ ရှိခိုးခြင်း

၇။ ဆင်ပျံတော်ရတနာ

ကိုးကား