ပယ်ဆောက်ချိန်

ဝီကီပီးဒီးယား မှ
ဦးပယ်ဆောက်ချိန်
白所成
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူဖွဲ့စည်းပုံ စတင်
မဲဆန္ဒနယ်လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် ၂
ကိုယ်ရေး အချက်အလက်များ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်

ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ယင်: Bái Suǒchéng) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။

အတ္ထုပ္ပတ္တိ

၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[၁]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[၂]

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[၃] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[၄] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[၅]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. Interview on Kokang။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  2. Why civil war in northern Myanmar matters to China။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  3. Does the junta use drugs as a weapon in Burma’s politics?။ 23 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
  4. Tens of thousands flee war, airstrikes in Kokang region။ Democratic Voice of Burma။ 24 February 2015 တွင် ပြန်စစ်ပြီး။
  5. Bai Xuoqian, head of the Kokang Self-Administered။ Shan Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။