အလယ်အဖွင့်အပြန့်သရ

ဝီကီပီးဒီးယား မှ
(/ä/ မှ ပြန်ညွှန်းထားသည်)
open central unrounded vowel
ä
IPA Number304 415
Encoding
Entity (decimal)a​̈
Unicode (hex)U+0061 U+0308
X-SAMPAa_" or a

အလယ်အဖွင့်အပြန့်သရ (အင်္ဂလိပ်: open central unrounded vowel) သည် အပြေဘာသာစကားများစွာတွင် အသုံးပြုသော သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ၌ အရှေ့ [a] နှင့် အနောက် [ɑ] ကြားရှိ ဤသရသံကို ကိုယ်စားပြုဖော်ပြပေးသော အက္ခရာ တရားဝင်မရှိပေ။ ပုံမှန်အားဖြင့် ⟨a⟩ ဟူ၍သာ ရေးသားလေ့ရှိသည်။ တိကျမှုကိုအလိုရှိပါက ဖြည့်စွက်သင်္ကေတများအသုံးပြုဖော်ပြနိုင်ရာ အလယ်သရဖြစ်သည့်အတွက်ကြောင့် ⟨ä⟩ အဖြစ် ရေးသားနိုင်သည်။ အရှေ့အဖွင့်နှင့် အလယ်အဖွင့်တို့ကြားရှိ သိသာထင်ရှားမှု ဟုဆိုနိုင်လောက်သည့်အရာသည် ခေတ်နောက်ကျနေပြီဖြစ်သော သဒ္ဒဗေဒသီအိုရီများအပေါ်တွင်အခြေခံသည်၊ အခြေခံသရ [a] သည်သာ တစ်ခုတည်းသော အဖွင့်သရဖြစ်သည်၊ တစ်ဖက်တွင် [æ] ကဲ့သို့ [ɑ] သည် အဖွင့်နီးပါးသရဖြစ်သည် ... စသဖြင့် ဆွေးနွေးငြင်းခုံမှုများရှိကြသည်။[၁]

အလယ်အဖွင့်သရအတွက် ရိုးရိုးရှင်းရှင်း ⟨a⟩ ကိုအသုံးပြုလေ့ရှိကြကာ လိုအပ်ပါက အရှေ့အဖွင့်သရအတွက် ⟨æ⟩ ကို သုံးစွဲနိုင်သည်။

လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယ်၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၂] ဤသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားလှသည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။ ရံခါ၌ ဤသရကို အရှေ့အဖွင့်သရများထဲ၌ပါဝင်သည်ဟု ယူဆနိုင်သည်။ အပိတ်သရများတွင် လျှာ၏ လှုပ်ရှားမှုသည် သက်တောင့်သက်တာရှိသော်လည်း ဤ၌ သက်သက်သာသာ မရှိပေ။ အရှေ့အဖွင့်သရနှင့် အနောက်အဖွင့်သရတို့ကြား ခြားနားမှုသည် အရှေ့အပိတ်သရနှင့် အလယ်အပိတ်သရ (သို့) အလယ်အပိတ်သရနှင့် အနောက်အပိတ်သရတို့ကြား ခြားနားမှုနှင့် ဆင်တူပေသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. လင်ဘားဂစ်ရှ်ဘာသာစကားသည် ဂျာမန်နွယ်ဘာသာစကားတစ်ခုဖြစ်၍ ဒတ်ချ်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီရှိ နယ်အချို့၌ ပြောဆိုကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Geoff Lindsey, The vowel space, March 27, 2013
  2. Verhoeven (2007), p. 221.