မာတိကာသို့ ခုန်သွားရန်

၂၀၂၃

ဝီကီပီးဒီးယား မှ
ထောင်စုနှစ်:  ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၂၀၂၃ (MMXXIII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္ဂနွေနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၃ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊  ထောင်စုနှစ်၏ ၂၃ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၃ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၄ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဇန်နဝါရီ

[ပြင်ဆင်ရန်]
  • ၃၁ ဇန်နဝါရီ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကို ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပြီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးကြောင့် ခွင့်ပန်ကြားခဲ့သည်။

ဖေဖော်ဝါရီ

[ပြင်ဆင်ရန်]
  • ၁ ဖေဖော်ဝါရီ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်သည်။
  • ၁ ဖေဖော်ဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလအခြေအနေ ထပ်မှန် ကြေညာပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ်ရာထူး (၅) ခုနှင့်အတူ အဖွဲ့ဝင် ၃၂ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
  • ၂၈ မတ် - စစ်ကောင်စီဖွဲ့စည်းလိုက်သည့် ရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံမတင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့ညတွင် ကြေညာခဲ့သည်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ နည်းဥပဒေတွေအရ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းခြင်း ဖြစ်သည်။ []

ဇူလိုင်

[ပြင်ဆင်ရန်]
  • ၉ ဩဂုတ် - ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၇၈/၂၀၂၃ ဖြင့် ဒေါက်တာရီအေး၊ ဦးတင်မြင့်နှင့် ဒေါက်တာလှညွန့်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
  • ၂၅ ဩဂုတ် - နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် သံတမန်စာဖြင့် အကြောင်းကြားခဲ့သည်။ တီမောလက်စ်တေအစိုးရသည် မြန်မာအစိုးရ၏ သတိပေးပြောကြားမှုများကြားမှပင် NUG နှင့် ထိတွေ့ဆက်ဆံခဲ့ရာ၊ ဤလုပ်ရပ်သည် နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေပြီး အကြမ်းဖက်လုပ်ဆောင်မှုများကို အားပေးရာရောက်သောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်ဟု ထုတ်ပြန်သည်။ []

စက်တင်ဘာ

[ပြင်ဆင်ရန်]

အောက်တိုဘာ

[ပြင်ဆင်ရန်]

ဒီဇင်ဘာ

[ပြင်ဆင်ရန်]
  • ၄ ဒီဇင်ဘာ - ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄-၇ ရက်နေ့အထိ Victoria Base၊ ချင်းပြည် (Chinland) တွင် ကျင်းပခဲ့သည်။​ ညီလာခံသို့ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်များ၊​ မြို့နယ်နှင့် ဒေသ အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်။ ထိုညီလာခံမှ ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁း၃၃) နာရီတွင် အတည်ပြုခဲ့သည်။
  • ၁၇ ဒီဇင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[]
  • ၁၉ ဒီဇင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်ယုအား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် အိုမန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီဖျက်သိမ်း RFA Burmese။ 2025-7-27 တွင် ပြန်စစ်ပြီး။
  2. "Myanmar's junta kills over 100 including women, children in a deadly airstrike on village: Report" (in en)၊ India TV News၊ 12 April 2023။
  3. သတင်းထုတ်ပြန်ချက်(၅-၅-၂၀၂၃ ရက်) MOFA။ 2025-7-5 တွင် ပြန်စစ်ပြီး။
  4. သံအမတ်ကြီး ဦးတင်ယု အား ဘာရိန်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် MOI။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
  5. တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ထွက်ခွာရန် အကြောင်းကြားခဲ့ခြင်း MOFA။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
  6. ဦးတင်မောင်ဆွေအား ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
  7. "လိုင်ဇာအနီး ဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ကလေးသူငယ်တွေအပါအဝင် သုံးဆယ်နီးပါး သေဆုံး" (in my)၊ Radio Free Asia၊ ၁၀ အောက်တိုဘာ ၂၀၂၃။
  8. ဦးချမ်းအေးအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ် နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
  9. ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ် MOFA။ 2025-7-4 တွင် ပြန်စစ်ပြီး။
  10. သံအမတ်ကြီး ဦးတင်ယုအား အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် MOFA။ 2025-7-4 တွင် ပြန်စစ်ပြီး။
  11. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အား ဖျက်သိမ်းခြင်း အမျိုးသားညီညွတ်‌ရေးအစိုးရ။ 2025-6-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-15 တွင် ပြန်စစ်ပြီး။