၂၀၂၅
ပုံပန်းသွင်ပြင်
| ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
|---|---|
| ရာစုနှစ်များ: | |
| ဆယ်စုနှစ်များ: | |
| ခုနှစ်များ: |
၂၀၂၅ (MMXXV) သည် လက်ရှိ ခုနှစ်ဖြစ်ကာ၊ ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် ဗုဒ္ဓဟူးနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၅ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၂၅ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၅ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၆ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလှည့်အပြောင်းများသည့်နှစ် ဖြစ်ပါသည်။ မတ်လတွင် အားပြင်းသောငလျင်ကြောင့် ဆုံးရှုံးမှုများပြားခဲ့ပြီး လူအများအပြားလည်း သေဆုံးခဲ့ရပါသည်။ ထို့အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးတွင်လည်း အပြောင်းအလဲများ ရှိခဲ့ပြီး အရေးပေါ်ကာလကို ထပ်မံကြေညာထားပါသည်။
ဖြစ်ပွားဆဲ ဖြစ်ရပ်များ
[ပြင်ဆင်ရန်]အဓိက ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဇန်နဝါရီ
[ပြင်ဆင်ရန်]- ၁ ဇန်နဝါရီ - အမျိုးသားညီညွတ်ရေးအစိုးရက ၎င်းတို့ ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်အသီးသီးတွင် ရာဇဝတ်မှုများဖြင့် ဖမ်းထားသော အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။[၁]
- ၄ ဇန်နဝါရီ - စစ်ကောင်စီက ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၈၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ဤလွတ်ငြိမ်းခွင့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာ ခက်အောင် အပါအဝင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသူ ခြောက်ရာနီးပါး ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။ [၂]
- ၆ ဇန်နဝါရီ - အင်ဒိုနီရှားနိုင်ငံသည် BRICS အဖွဲ့၏ ၁၀ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ [၃][၄]

- ၂၀ ဇန်နဝါရီ - ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းကျိန်ပွဲကို ကယ်ပီတယ်လ် လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သည်။ [၅]
- ၃၁ ဇန်နဝါရီ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၆/၂၀၂၅ အားဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပြီး ယခင်ကော်မရှင်အားလုံးကို ဖျက်သိမ်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် လူ (၉) ဦးဖြင့် အသစ်ဖွဲ့စည်းထားသည်။
- ၃၁ ဇန်နဝါရီ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ အမိန့်အမှတ် (၇/၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင်(၁၆)ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဖေဖော်ဝါရီ
[ပြင်ဆင်ရန်]- ၁ ဖေဖော်ဝါရီ - ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းများတွင် လုပ်ငန်းအခြေအနေများအရ၊ နိုင်ငံရေးအခြေအနေအရ အရေးပေါ်ကာလထပ်မံသက်တမ်းတိုးရန်အတွက် တစ်ညီတစ်ညွတ်တည်း ထောက်ခံဆွေးနွေးသဘောတူညီသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁ - ၂ -၂၀၂၅ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်သည်။ [၆]
- ၁၉ ဖေဖော်ဝါရီ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးကို ၎င်း၏ လက်ရှိ တာဝန်ဝတ္တရားများအပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။ [၇]
- ၂၂ ဖေဖော်ဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ [၈]
- ၂၆ ဖေဖော်ဝါရီ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချင်းပြည်ကောင်စီ (Chinland Council - CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council - ICNCC) တို့ ပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ (Chin National Council) ကို ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။ [၉]
မတ်
[ပြင်ဆင်ရန်]- ၆ မတ် - မြန်မာနိုင်ငံသည် ဂီနီဘစ်ဆောသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ပြီး၊ ယင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၆) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။[၁၀] [၁၁]
- ၁၁ မတ် - ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် ဖိလစ်ပိုင်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ [၁၂]
- ၁၅ မတ် - ကသာမြို့နယ် စစ်ဆင်းရေး
- ၂၅ မတ် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။[၁၃]
- ၂၈ မတ် - မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၄ စက္ကန့်(06:20:54 UTC)တွင် မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီး၌ ဗဟိုပြု မိုးမင့် စကေး Mw ၇.၇–၇.၉ ရှိ ငလျင် လှုပ်ခတ်ခဲ့သည်။
ဧပြီ
[ပြင်ဆင်ရန်]- ၂၁ ဧပြီ - ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီစတာပွဲတော်နေ့ နောက်တစ်ရက်နေ့ ဖြစ်သော ၂၀၂၅ ဧပြီလ ၂၁ ရက်တွင် နမိုးနီးယားရောဂါနှင့် ကွယ်လွန်ခဲ့သည်။[၁၄]
- ၂၅ ဧပြီ -
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးစိန်ဦး အား ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။ [၁၅]
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၅ အားဖြင့် ဦးမျိုးမြင့်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ [၁၆]
မေ
[ပြင်ဆင်ရန်]- ၃ မေ - လောရန့်စ် ဝေါင် ဦးဆောင်သော အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) သည် ၂၀၂၅ ခုနှစ် စင်္ကာပူ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့၏ အများစုနေရာများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။[၁၇]
၇-၈ မေ - ပုပ်ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပြီး၊ ကာဒီနယ်ဂိုဏ်းအုပ်ဆရာတော်တစ်ပါး ဖြစ်သော အမေရိကန်-ပီရူးနိုင်ငံသား Robert Francis Prevost ကို ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအသစ်က လီယို ဟူသော ဘွဲ့တော်နာမည်ကို ရွေးချယ်လိုက်ပြီး၊ ပုပ်လီယို ၁၄ အဖြစ် နန်းစံသည်။
ပုပ်ရဟန်မင်းကြီးအသစ် ပုပ်လီယို ၁၄ သည် မေလ ၈ ရက်တွင် နန်းတက်ခဲ့သည်။ - ၂၂ မေ - အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို Golden Valley Warriors (GVW) အဖွဲ့က မေလ ၂၂ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ဇွန်
[ပြင်ဆင်ရန်]- ၁ ဇွန် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈/၂၀၂၅ အားဖြင့် မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ကို ဖွဲ့စည်းတည်ထောင်သည်။ [၁၈]
- ၃ ဇွန် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉/၂၀၂၅ အားဖြင့် ဒေါက်တာ သန်းစိုးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။[၁၉]
- ၄ ဇွန် - အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု မြင့်မားသည့် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ၎င်းပိတ်ပင်မှုစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ အမေရိကန်နိုင်ငံသားများကို နိုင်ငံခြားသားများ၏ အကြမ်းဖက်မှုများမှ ကာကွယ်ရန်နှင့် အမျိုးသားလုံခြုံရေးအတွက်ဟူသော ရည်ရွယ်ချက်ဖြင့် ဤသို့ တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ [၂၀]
- ၉ ဇွန် - ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ တအာင်းပြည်၏ တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပြည်သူ့အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် တအာင်းပြည်ကောင်စီ (Ta'ang Land Council – TLC) ကို ဖွဲ့စည်းလိုက်သည်။[၂၁]
- ၁၂ ဇွန် - ဗဟိုဘဏ်က USDT အပါအဝင် နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိခိုက်စေရန် ရည်ရွယ်၍ အွန်လိုင်းမှ ဈေးကစားခြင်း၊ သတင်းအမှားဖြန့်ဝေခြင်းများ ပြုလုပ်သူများကို ထိထိရောက်ရောက် တရားစွဲဆို အရေးယူနေသည်ဟု ထုတ်ပြန်ခဲ့သည်။[၂၂]
- ၁၃ ဇွန် - ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည့်အချက်များပါဝင်သည့် "အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြဋ္ဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ခဲ့သည်။[၂၃]
- အီရန်-အစ္စရေးစစ်ပွဲ - အစ္စရေးက အီရန်၏ နျူကလီးယားစက်ရုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဟိုစိန် ဆလာမီ အပါအဝင် စစ်ဘက်မှူးများ သေဆုံးခဲ့ပြီးနောက် အီရန်ကလည်း ပြန်လည်လက်တုံ့ပြန်ခဲ့သည်။[၂၄][၂၅]
၁၉ ဇွန် - ၂၀၂၅ ခုနှစ်၊ ဇွန် (၁၉) ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို နစကက ပြဋ္ဌာန်းခဲ့ပြီး၊ ယင်းပြင်ဆင်သည့် ဥပဒေအရ အများပြည်သူ၏ ယုံကြည်လေးစားမှုကို ခံယူရရှိသူပုဂ္ဂိုလ်များ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းများဖြင့် ကော်မရှင်အဖွဲ့ခွဲကို အနည်းဆုံး သုံးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။[၂၆]
ဇွန်လ ၁၃ ရက် ၂၀၂၅ ခုနှစ် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများအတွင်း တီဟီရန်မြို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ - ၂၃ ဇွန် - မြန်မာပို့စ်မော်ဒန် စာရေးဆရာနှင့် ဗကပ၏ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးငြိမ်းအေးအိမ်သည် ရန်ကုန်မြို့၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။
- ၂၄ ဇွန် - ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency-CBDC) ထုတ်ဝေရန် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌအပါဝင် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် ကော်မတီတစ်ရပ် စစ်ကောင်စီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ဇွန် ၂၄ ရက်စွဲဖြင့် ဗဟိုဘဏ်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [၂၇]
- ၂၅ ဇွန် - စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များအကြား၂၀၂၅ ဇွန် ၂၅ ရက်၊ မနက်ပိုင်းတွင် စစ်ကိုင်းဖက်ဒရယ် ပဉ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။[၂၈]
- ၂၇ ဇွန် - နိုင်ငံရေးသမား နှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲ ကွယ်လွန်သည်။
- ၂၉ ဇွန် - တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ရာ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လယ်ပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး နှစ်ဦး နှင့် အမျိုးသား လေးဦး၊ စုစုပေါင်း ခြောက်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။[၂၉]
- ၃၀ ဇွန် - ဗဟိုဘဏ်၏ စိစစ်ချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ကုမ္ပဏီ ၁၉၇ ခုသည် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသေးသည်။ ယင်းကုမ္ပဏီများသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းများနှင့် အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိသည့်အတွက် အဆိုပါကုမ္ပဏီများနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းလိုက်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့သည်။[၃၀]
ဇူလိုင်
[ပြင်ဆင်ရန်]- ၁ ဇူလိုင် - ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ထိုင်းဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့လိုက်သည်။[၃၁]
- ၂ ဇူလိုင် - မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ၁၅၈ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ စကစဥက္ကဋ္ဌ ပေးအပ်ချီးမြှင့်သည်။ [၃၂] အမျိုးသမီး ပျူစောထီး ခေါင်းဆောင် ဒေါ်သီတာယုမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA – PC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နော်ကပေါ်ထူး၊ အနုပညာရှင် အမျိုးသမီးတချို့ အပါအဝင်သည်။ [၃၃]
- ၂ ဇူလိုင် - ချင်း စစ်မြေပြင်: ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုရမ်ဒေသတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ဟွာလ်ငိုရမ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဟွာလ်ငိုရမ် CDF က CNDF အား ၎င်းတို့နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း CNDF ကမူ ဟွာလ်ငိုရမ် CDF က ၎င်းတို့အဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၃၄] ဟွာလ်ငိုရမ် CDF နှင့် ဆက်နွှယ်နေသော ချင်းပြည်ကောင်စီက နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။ ဤအခြေအနေနှင့် ဆန့်ကျင်ဘက်တွင် CNDF နှင့် မဟာမိတ်ဖြစ်သော ချင်းညီနောင်အဖွဲ့ကလည်း တင်းမာမှုလျှော့ချလိုကြောင်း ဖော်ပြခဲ့သော်လည်း ပြင်ပတောင်လှန်ရေးအဖွဲ့အစည်းများက စစ်ရေးအကူအညီများဖြင့် ပါဝင်လာပါက CNDF ဘက်က မားမားမတ်မတ် ရပ်တည်မည်ဟု ထုတ်ပြန်သည်။ [၃၅]
- ၆ ဇူလိုင် - စစ်ကောင်စီတပ်ဖွဲ့များသည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက မိုးဗြဲမြို့ကို သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၂) တပ်ရင်းမှာမူ တော်လှန်ရေးတပ်များ မိုးဗြဲမြို့ကို သိမ်းပိုက်စဉ်ကတည်းက ကျန်ရှိနေခဲ့သည်။[၃၇]
- ၆ ဇူလိုင် - ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးပြီး၊ လွှတ်တော်နှင့် အစိုးရများ ပေါ်ပေါက်လာလျှင် ရွေးကောက်ခံအစိုးရဟူသည့် ပုံဖော်ဖန်တီးရပ်တည်ထားမှု ပျောက်သွားမည်ကို CRPH နှင့် NUG တို့ စိုးရိမ်နေကြောင်း၊ CRPH နှင့် NUG တို့သည် PDF အပါအဝင် လက်နက်ကိုင်အုပ်စုများကို အသုံးချနေကြောင်း၊ PDF အမည်ခံအပါအဝင် လက်နက်ကိုင် အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း၊ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ [၃၈]
- ၇ ဇူလိုင် - ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ရန် လက်ရှိ NUG အစိုးရသည် ခေါင်းဆောင်မှုစွမ်းရည် လုံလောက်မှုမရှိသေးသောကြောင့် အချိန်မီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။” ဟု ရေးသားထောက်ပြသည်။[၃၉]
- ၈-၁၁ ဇူလိုင် - မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေများ ကျင်းပသည်။
- ၉ ဇူလိုင် - ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း ကဏ္ဍစုံတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်စံနှုန်းများရရှိရေးအတွက် သျှမ်းပြည်တောင်ပိုင်း အမျိုးသားများ လွတ်မြောက်ရေး အဖွဲ့အစည်း (Southern Shan Nationalities Liberation Organization) ကို တည်ထောင်ကြောင်း ကြေညာခဲ့သည်။ SSNLO အဖွဲ့အစည်း ၏ လုပ်ဆောင်ချက်များအနေဖြင့် သျှမ်းပြည်တောင်ပိုင်း အတွင်းရှိ နိုင်ငံရေး/စစ်ရေး ဖော်ဆောင်နေကြသော အစုအဖွဲ့ များ အကြားတွင် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံရေး ဘုံသဘောတူညီချက် များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။[၄၀]
- မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင် ၉ ရက်နေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပနိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် သက်ဆိုင်သူအားလုံးကို တိုက်တွန်းပြောကြားခဲ့သည်။[၄၁] နောက် ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု ပြန်လည် ပြောကြားခဲ့သည်။ ထိုအစား စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်ဟု မလေးရှားတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းစာရှင်းလင်းပွဲတွင် မိုဟာမက်ဟာဆန်က ပြောကြားသည်။[၄၂]
- ၁၀ ဇူလိုင် - ရွေးကောက်ပွဲကော်မရှင်က ချင်းပြည်သစ်ကွန်ဂရက်ပါတီကို မှတ်ပုံတင်နံပါတ် (၅၇) ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ [၄၃]
- ၁၁ ဇူလိုင် - စစ်ကိုင်းမြို့နယ် ၊ လင်းတလူးကျေးရွာရှိ စစ်ရှောင်အများစုနေထိုင်သည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ခန့် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ [၄၄]
- ၁၂ ဇူလိုင် - ဥကရစ်ထတိုက်ပွဲ: ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီ အခြေစိုက် ဥကရစ်ထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ၂၀၂၅ ဇူလိုင် ၁၂ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။[၄၅]
- ၁၄ ဇူလိုင် - ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ခဲလုပ်သားတွေ နေထိုင်ရာရပ်ကွက်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခဲလုပ်သားမိသားစု ၆ ဦး သေဆုံးခဲ့သည်။[၄၆]
- ၁၅ ဇူလိုင် - ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဈေးရပ်ကွက်အပါအဝင် မြို့ပေါ်ဌာနဆိုင်ရာ ရုံးအများစုကို စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ထံမှ ၂၀၂၅ ဇူလိုင် ၁၅ တွင် သိမ်းပိုက်သည်။ [၄၇]
- ၁၆ ဇူလိုင် - ကက်သလစ် ဘာသာဝင် ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။[၄၈]
- ၁၇ ဇူလိုင် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၁/၂၀၂၅ ဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ [၄၉]
- ၁၈ ဇူလိုင် - စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကာလအတွင်း KNU က ကရင်ပြည်နယ်၏ နယ်မြေ ၆၁ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကြောင်း ISP Myanmar ၏ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။[၅၀]
- ၁၉ ဇူလိုင် - အာဇာနည်နေ့: ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်းအနားများကို တက်ရောက်ခဲ့ခြင်းမရှိခဲ့ဘဲ၊ ဒီနေ့အခမ်းအနားသို့ အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်နှင့်အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင် နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့လည်း အခမ်းအနားသို့ တက်ရောက်ကြသည်။[၅၁]
- ၂၀ ဇူလိုင် - ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်သည် အင်းစိန်ထောင်တွင် ဇူလိုင် ၂၀ ရက်၌ ကျဆုံးခဲ့သည်။ ၎င်းသည် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရချိန်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲဆိုခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် လွတ်ရက်စေ့မည်ဖြစ်သော်လည်း အဆိုပါပုဒ်မကြောင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ မဝတ်ရည်အောင်အပါအဝင် ကျောင်းသား ၅ ဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။[၅၂]
- ၂၁ ဇူလိုင် - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ကောလိပ်တစ်ခုထဲသို့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။[၅၃][၅၄]
- ၂၂ ဇူလိုင် - သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၆,၃၅၄)ဧက ရှိသော နယ်မြေကို “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်( ၇၄ /၂၀၂၅) အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက် မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။[၅၅]
- ၂၄ ဇူလိုင် - ၂၀၂၅ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အကျပ်အတည်း: နှစ်နိုင်ငံနယ်စပ်က ငြင်းပွားနယ်မြေမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ ဇူလိုင်လ ၂၄ ရက် မနက်အစောပိုင်းမှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
- အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအရ မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူရာတွင် ပွဲစားလုပ်ခဲ့သည်ဟု သတ်မှတ်ခံထားရသူများဖြစ်သည့် ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦး၊ ဦးဂျွန်နသန်ကျော်သောင်းနှင့် ၎င်းတို့၏ ကုမ္ပဏီများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများတွင် MCM ကုမ္ပဏီအုပ်စုဝင် MYANMAR CHEMICAL AND MACHINERY ကုမ္ပဏီ၊ SUNTAC ကုမ္ပဏီအုပ်စုဝင် SUNTAC TECHNOLOGIES ကုမ္ပဏီနှင့် FUNSAGA ကုမ္ပဏီတို့ ပါဝင်သည်။ ဦးစစ်တိုင်းအောင်သည် စစ်ကောင်စီအတွက် လက်နက်စက်ရုံတည်ဆောက်ရေး ကုန်ကြမ်းများ တင်သွင်းရန် လိုင်စင်ရရှိထားသူဖြစ်ပြီး ယူကရိန်းနှင့် အခြားအရှေ့ဥရောပနိုင်ငံများမှ လက်နက်များ တင်သွင်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် Justice for Myanmar တို့က ဖော်ပြထားသည်။[၅၆] [၅၇]
- အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအရ မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူရာတွင် ပွဲစားလုပ်ခဲ့သည်ဟု သတ်မှတ်ခံထားရသူများဖြစ်သည့် ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦး၊ ဦးဂျွန်နသန်ကျော်သောင်းနှင့် ၎င်းတို့၏ ကုမ္ပဏီများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများတွင် MCM ကုမ္ပဏီအုပ်စုဝင် MYANMAR CHEMICAL AND MACHINERY ကုမ္ပဏီ၊ SUNTAC ကုမ္ပဏီအုပ်စုဝင် SUNTAC TECHNOLOGIES ကုမ္ပဏီနှင့် FUNSAGA ကုမ္ပဏီတို့ ပါဝင်သည်။ ဦးစစ်တိုင်းအောင်သည် စစ်ကောင်စီအတွက် လက်နက်စက်ရုံတည်ဆောက်ရေး ကုန်ကြမ်းများ တင်သွင်းရန် လိုင်စင်ရရှိထားသူဖြစ်ပြီး ယူကရိန်းနှင့် အခြားအရှေ့ဥရောပနိုင်ငံများမှ လက်နက်များ တင်သွင်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် Justice for Myanmar တို့က ဖော်ပြထားသည်။[၅၆] [၅၇]
- ၂၇ ဇူလိုင် - ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအရ ဖြေဆိုသူစုစုပေါင်း၏ ထက်ဝက်ခန့်သာ အောင်မြင်ခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၈.၀၆ ရာခိုင်နှုန်း ရှိရာ ယမန်နှစ်ကထက် ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် မွန်ပြည်နယ်က ၅၇ ရာခိုင်နှုန်းကျော်ဖြင့် အောင်ချက်အများဆုံးဖြစ်ပြီး၊ ချင်းပြည်နယ်မှာ ၂၇ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အနည်းဆုံးဖြစ်သည်။ စစ်ကောင်စီလက်ထက် စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ဤစာမေးပွဲတွင် ကျောင်းသား/သူ ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ရာ ၉၉,၀၀၀ ကျော် အောင်မြင်ခဲ့သည်။ စာမေးပွဲဖြေဆိုပြီးနောက် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပြိုကျမီးလောင်ရာမှ အဖြေလွှာများ ပျက်စီးခဲ့သဖြင့် တိုင်း/ပြည်နယ် ၄ ခုမှ ကျောင်းသား/သူများ စာမေးပွဲပြန်ဖြေခဲ့ရသည်။ ယခင်နှစ်များ၏ အောင်ချက်များအရ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ၅၇.၉%၊ ၂၀၂၂-၂၃ တွင် ၆၇.၈၇% နှင့် ၂၀၂၁-၂၂ တွင် ၄၆.၈၈% အသီးသီးရှိခဲ့သည်။[၅၈]
- ၂၈ ဇူလိုင် -
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စိုးမြို့နယ်၊ ချာတူချက်ဈေးနှင့် သိပ်မဝေးသည့် အော်တော်ကော်ဈေးတစ်ခုတွင် ဇူလိုင် ၂၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် သေနတ်သမားအပါအဝင် လူ ၆ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Thairath ၏ သတင်းက ဖော်ပြသည်။ သေနတ်သမားသည် အချင်းဖြစ်နေရာတွင်ပင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ [၅၉]
- စစ်ကောင်စီက စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ ကို ပြဋ္ဌာန်းသည်။ ယင်းအပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ အားလည်း ပြဋ္ဌာန်းသည်။
- မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်ရန် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသည်။[၆၀]
- ၂၉ ဇူလိုင် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းသည်။ ယင်းတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ[၆၁]၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ[၆၂]၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ[၆၃]၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ[၆၄]တို့ ပါဝင်သည်။
- ၃၀ ဇူလိုင် - စကစသည် ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်သည့်နေ့ရက်ကို ၂၀၂၅ ဇူလိုင် ၃၀ ရက်စွဲဖြင့် သတ်မှတ်သည်။ [၆၅]
- ၃၁ ဇူလိုင် -
- အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စု အစိုးရအဖွဲ့ကို ယနေ့ ဇူလိုင်(၃၁)ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးညိုစောက နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာသည်။ ဦးညိုစောသည် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးအပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလည်း ပူးတွဲတာဝန်ယူရမည် ဖြစ်သည်။ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင် သုံးဆယ်ဦးပါဝင်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးတင်အော င်ဆန်း၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂)၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန(၃)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးမောင်မောင်တင်၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၄)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးထွန်းအုံက ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာကံဇော်၊ ဦးသန်းဆွေ၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနော်၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာဝါဝါမောင်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း ၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်လွင်၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း ၊ ဦးမြင့်ကြိုင်၊ ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင် တို့လည်း ပြည်ထောင်စုဝန်ကြီးများအဖြစ် ပြန်လည်ပါဝင်လာသည်ကို တွေ့ရကာ ဦးနေလင်းအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ချုပ်အဖြစ်ခန့်ထားသည်။
ဩဂုတ်
[ပြင်ဆင်ရန်]- ၃ ဩဂုတ် - ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီယတ်မြို့တွင် ကျင်းပသော PUBG Mobile World Cup (PMWC 2025) တွင် မြန်မာကိုယ်စားပြုတဲ့ Esports အသင်း Yangon Galacticos က အမှတ်အများဆုံးဖြင့် ကမ္ဘာ့ချန်ပီယံ ဆုရခဲ့သည်။[၆၆]
- ၅ ဩဂုတ် -
- ယာယီသမ္မတဟောင်း ဦးမြင့်ဆွေသည် ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ဆေးကုသမှုများ ခံယူခဲ့ပါသည်။ ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။[၆၇]
- အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် အမိန့်အမှတ်၊ ၆ /၂၀၂၅ ဖြင့် ဦးတင်အောင်စန်း အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၆၈]
- ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) ရရှိသည်။[၆၉]
- ယာယီသမ္မတဟောင်း ဦးမြင့်ဆွေသည် ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ဆေးကုသမှုများ ခံယူခဲ့ပါသည်။ ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။[၆၇]
- ၆ ဩဂုတ် - အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၂၃/၂၀၂၅ ဖြင့် ဦးကျော်ထင် အား အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၇၀]
- ၇ ဩဂုတ် -
- ယာယီသမ္မတ ဦးမြင့်ဆွေသည် နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြေညာချက်အရ ဩဂုတ်လ ၇ ရက်မှ ၁၁ ရက်နေ့အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ထားသည်။ ထိုကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ၍ လွှင့်ထူရန် ညွှန်ကြားထားသည်။[၇၁]
- ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သုံးရပ် (အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီး/ပြည်နယ်) ၏ ရွေးကောက်ပွဲနည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့သည်။ [၇၂][၇၃]
- OpenAI ၏ model အသစ်ဖြစ်သော GPT-5 ကို ထုတ်လွှင့်ခဲ့သည်။ [၇၄]
- ၁၅ ဩဂုတ်
- - အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်မြေများကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) ဖြင့် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၁၁၀ နယ် (FPTP ၈၄ နယ်၊ PR ၂၆ နယ်)၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၃၆၄ နယ် (FPTP ၃၂၂ နယ်၊ PR ၄၂ နယ်) နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် သတ်မှတ်ထားသည်။ မဲဆန္ဒနယ်မြေများ၏ အသေးစိတ်စာရင်းကို နေ့စဉ်သတင်းစာများတွင် ဖော်ပြသွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။[၇၅]
- အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် အစီအစဉ်တစ်ခုကို ဆွေးနွေးနိုင်ရန် အလက်စကာပြည်နယ်တွင် တွေ့ဆုံကြသည်။[၇၆]
- ၁၇ ဩဂုတ် - ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကနဦးသတင်းများက ဖော်ပြထားသည်။[၇၇] နောက်တွင် သေဆုံးသူမှာ လူ (၂၇)ထိ မြင့်လာသည်။ ဗုံးကြဲမှုမှာ ရွာက ပြည်သူ့ကျန်းမာရေးဆေးရုံကို ဗုံးကျခဲ့ပြီး လူ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို အဆောက်အဦတွေလည်း ပျက်စီးခဲ့သည်။[၇၈]
- ၁၈ ဩဂုတ် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ၂၀၂၅ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမည်ဟု ကြေညာခဲ့သည်။ [၇၉]
- ၁၉ ဩဂုတ် - ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာသိမ်းယူထားတဲ့ ဒီးမော့ဆိုမြို့ကို ၁၆ ရက်ကြာထိုးစစ်ဆင်ပြီးတဲ့နောက် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက် နေ့မှာ စစ်တပ်က အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်တဲ့ နယ်မြေလုံခြုံရေးနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ထုတ်ပြန်သည်။[၈၀]
- ၂၀ ဩဂုတ် -
- ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် (၁၀၂) မြို့နယ်အား ရွေးကောက်ပွဲကောက်မရှင်က သတ်မှတ်ကြေညာခဲ့သည်။ [၈၁]
- မျိုးဆက်သစ်ဝံသာနုပါတီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
- ၂၁ ဩဂုတ်
- ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်သောပုဂ္ဂိုလ်များအနေဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ ရက်တွင် ကြေညာလိုက်သည်။[၈၂][၈၃]
- ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ (၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ ရက်တွင် ကြေညာလိုက်သည်။[၈၄][၈၅]
- ၂၂ ဩဂုတ် - အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်နှင့် အခြေခံမူ (၈) ချက်ကို ထုတ်ပြန်ခဲ့သည်။ [၈၆]
- ၂၄ ဩဂုတ် - ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့များသို့ ဆက်သွယ်ထားသည့် ဂုတ်ထိပ်တံတား၏ မြောက်ဘက်ခြမ်းရှိ သံမဏိတံတားဘောင်နှင့် အုတ်နံရံဘောင်တို့အား ဆက်သွယ်ထားသည့် နေရာသည် မိုင်းခွဲဖျက်ဆီးခံရပြီး ပျက်ဆီးသွားခဲ့သည်။ [၈၇] တံတားဖျက်ဆီးခံရမှုအတွက် တိုက်ပွဲဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် အပြန်အလှန် အပြစ်တင်စွပ်စွဲမှု ရှိသည်။[၈၈]
- ၂၆ ဩဂုတ် - ထိုင်းနိုင်ငံသည် နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်များ ပေးအပ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၈၉][၉၀][၉၁]ထိုင်းနိုင်ငံတွင် နှစ်ရှည်လများ နေထိုင်နေကြသော မြန်မာစစ်ဘေးဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်သစ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ဩဂုတ် ၂၆ ရက်နေ့တွင် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။[၉၂]
- ၂၇ ဩဂုတ် -
- ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ ၃၃ နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဩဂုတ် ၂၇ ရက်မှာ ကြေညာခဲ့သည်။ [၉၃]
- ၂၈ ဩဂုတ် - ကရင်အမျိုးသားအစည်းအရုံးကို ပြည်ထဲရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၉၂၂/၂၀၂၅ ဖြင့် မတရားအသင်းအဖြစ်လည်းကောင်း[၉၄]၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့်[၉၅] အကြမ်းဖက်အုပ်စု အဖြစ် ကြေညာခဲ့သည်။ [၉၆]
- ၂၉ ဩဂုတ် - ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို မရိုးသားမှုနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများချိုးဖောက်မှုများဖြင့် စွပ်စွဲချက်အပေါ် အပြီးသတ်စီရင်ချက်ချခဲ့ရာ ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့သည်။[၉၇][၉၈]
စက်တင်ဘာ
[ပြင်ဆင်ရန်]- ၅ စက်တင်ဘာ - အနုထင် ချန်ဝီရကွန်း (Anutin Charnvirakul) ကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ထိုင်းအောက်လွှတ်တော်တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။[၉၉]
- ၉ စက်တင်ဘာ - ပါတီဝင်ဦးရေ မပြည့်မီသည့် NDF ပါတီနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ၊ DNP ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့အား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာလိုက်သည်။[၁၀၀]
- ၁၁ စက်တင်ဘာ - အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၇/၂၀၂၅) ဖြင့် ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် ၎င်းအပေါ် ပြစ်မှုထင်ရှားစီရင်ထားသည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်။[၁၀၁][၁၀၂]
- ၁၄ စက်တင်ဘာ - စက်တင်ဘာလ (၁၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၀၄ /၂၀၂၅) ဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်းကို ထုတ်ပြန်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၅၆ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့ ပါဝင်သည်။[၁၀၃]
- ၂၁ စက်တင်ဘာ -
- ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ၌ ယခင်က သတ်မှတ်ထားသော မဲဆန္ဒနယ်အားလုံး၏ တစ်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြဋ္ဌာန်းချက်ကို မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင်သာ ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ခဲ့သည်။[၁၀၄][၁၀၅]
- ဩစတြေးလျ၊ ကနေဒါ၊ ပေါ်တူဂီနှင့် ယူနိုက်တက်ကင်းဒမ်းတို့က ပါလက်စတိုင်းနိုင်ငံကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြသည်။ အဆိုပါနိုင်ငံများအနက် ကနေဒါနှင့် ယူကေတို့သည် ပထမဆုံး G7 အဖွဲ့ဝင်နိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။[၁၀၆]
အောက်တိုဘာ
[ပြင်ဆင်ရန်]- ၂၆ အောက်တိုဘာ -
- အရှေ့တီမောနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ၁၁ မြောက် တရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
- ၂၀၂၅ ကမ္ဘောဒီးယား–ထိုင်း နယ်နိမိတ် ပဋိပက္ခ အား ပြေငြိမ်းရေးသဘောတူညီချက် စာချုပ်ဖြင့် နှစ်နိုင်ငံခေါင်းဆောင်များသည် အမေရိကန်သမ္မတ ဒေါန်နယ်လ် ထရမ့် ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အဆုံးသတ်ခဲ့ကြသည်။
နိုဝင်ဘာ
[ပြင်ဆင်ရန်]ဒီဇင်ဘာ
[ပြင်ဆင်ရန်]ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၂၃ ဇန်နဝါရီ - မာရဇ္ဇ၊ အဆိုတော်နှင့် တေးရေးဆရာ (၁၉၆၇ မွေးဖွား)
- ၂၇ ဇန်နဝါရီ - မောင်ခင်မင် (ဓနုဖြူ)၊ စာရေးဆရာ၊ မြန်မာစာပေပညာရှိ နှင့် အငြိမ်းစားတက္ကသိုလ် မြန်မာစာ ပါမောက္ခ (၁၉၄၂ မွေးဖွား)
- ၇ ဖေဖော်ဝါရီ - နိုင်မြန်မာ၊ ဂီတပညာရှင်၊ ကမ္ဘာမကြေဘူး အမည်ရှိ ရေးသားသူ (၁၉၅၈ မွေးဖွား)
- ၂၀ ဖေဖော်ဝါရီ - ခင်ညွန့်ရည်၊ မြန်မာသံ အမျိုးသမီးတေးသံရှင် (၁၉၅၁ မွေးဖွား)
- ၃၁ မတ် - ဂျေညီညီ၊ တေးရေးဆရာ နှင့် အဆိုတော် (၁၉၅၃ မွေးဖွား)
- ၂၁ ဧပြီ - ဖရန်စစ်၊ ပုပ်ရဟန်းမင်းကြီး (၁၉၃၆ မွေးဖွား)
- ၅ မေ - ဦးလှစော၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း (၁၉၅၃ မွေးဖွား)
- ၂၂ မေ - ချိုထွန်းအောင်၊ အငြိမ်းစား မြန်မာ့တပ်မတော် ဗိုလ်မှူးချုပ်နှင့် သံအမတ်ကြီးဟောင်း (၁၉၅၈ မွေးဖွား)
- ၂၃ ဇွန် - ငြိမ်းအေးအိမ်၊ မြန်မာပို့စ်မော်ဒန် စာရေးဆရာနှင့် ဗကပ၏ ဒုတိယဗိုလ်မှူးကြီးဟောင်း (၁၉၅၅ မွေးဖွား)
- ၂၇ ဇွန် - အောင်ကျော်ဦး၊ ဒုတိယကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ (၁၉၅၆ မွေးဖွား)
- ၁၀ ဇူလိုင် - မောင်သာချို ၊ စာရေးဆရာ (၁၉၅၈ မွေးဖွား) ၊ ရွှေညဝါ ဆရာတော် (၁၉၆၅ မွေးဖွား)
- ၁၁ ဇူလိုင် - စိုင်းငေါင်းဆိုင်ဟိန်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း (၁၉၇၀ မွေးဖွား)
- ၇ ဩဂုတ် - မြင့်ဆွေ ၊ ယာယီသမ္မတ (၂၀၂၁-၂၀၂၄) (၁၉၅၁ မွေးဖွား)
- ၂၆ ဩဂုတ်
- ချစ်စံဝင်း၊ စာရေးဆရာနှင့် အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် (၁၉၄၀ မွေးဖွား)
- သိန်းရီ၊မြန်မာနိုင်ငံ ၏ ၃ ဦးမြောက် ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဆုရှင် (၁၉၅၁ မွေးဖွား)
- ၂၅ စက်တင်ဘာ - ဗစ်တာခင်ညို၊ စတီရီယိုခေတ်ဦး အဆိုတော် (၁၉၄၅ မွေးဖွား)
- ၂ အောက်တိုဘာ - လွန်းကြယ်၊ ပန်းချီဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ပန်းချီဆရာကြီး (၁၉၃၀ မွေးဖွား)
- ၂၄ အောက်တိုဘာ - သီရိခေတ်၊ ထိုင်းနိုင်ငံ၏ မိဖုရား (၁၉၃၂ မွေးဖွား)
အများပြည်သူ အလုပ်ပိတ်ရက်များ
[ပြင်ဆင်ရန်]- ၁ ဇန်နဝါရီ - အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့
- ၄ ဇန်နဝါရီ - လွတ်လပ်ရေးနေ့
- ၁၂ ဖေဖော်ဝါရီ - ပြည်ထောင်စုနေ့
- ၇ ဇွန် - အီဒုလ်အသွဟာ ( ကုရ်ဘာနီအီးဒ်)နေ့
- ၉ ဇူလိုင် - ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
- ၁၉ ဇူလိုင် - အာဇာနည်နေ့
အခြား နေ့ထူးနေ့မြတ်များ
[ပြင်ဆင်ရန်]- ၂၀ ဖေဖော်ဝါရီ - ချင်းအမျိုးသားနေ့
ကိုးကား
[ပြင်ဆင်ရန်]- ↑ စောရယ်။ "ရာဇဝတ်အကျဉ်းသား ၁၇၀ ခန့်ကို နှစ်သစ်ကူးတွင် NUG လွတ်ငြိမ်းခွင့်ပေး" (in Burmese)၊ Myanmar Now၊ 2024-01-01။ 8 July 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 8 July 2025။
- ↑ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် နိုင်ကျဉ်း ၆၀၀ ခန့် လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော။ Mizzima Burmese (၄ ဇန်နဝါရီ ၂၀၂၅)။ ၄ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Indonesia joins BRICS group of emerging economies (in en)။ Al Jazeera English။ 24 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-01-09 တွင် ပြန်စစ်ပြီး။
- ↑ Indonesia is admitted to the BRICS bloc of developing nations (in en)။ Associated Press (2025-01-06)။ 29 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-01-09 တွင် ပြန်စစ်ပြီး။
- ↑ "Trump sworn in a second time, says he was 'saved by God' to rescue America"၊ Reuters၊ January 20, 2025။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ။ ပြန်ကြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၂၅ တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးဇော်ဦးအား အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၂-၂-၂၀၂၅ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၃ တွင် ပြန်စစ်ပြီး။
- ↑ ချင်းအင်အားစုအားလုံး ပါသည့် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည်။ Myanmar Now။ 19 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်း (၈-၃-၂၀၂၃ ရက်)။ MOFA။ 2025-7-3 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံနှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်လိုက်ကြပြီ။ Pyi Thit Thar။ 2025-7-3 တွင် ပြန်စစ်ပြီး။
- ↑ ICC warrant served: Palace says Duterte now under police custody။ Philippine News Agency (March 11, 2025)။ 11 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 11, 2025 တွင် ပြန်စစ်ပြီး။
- ↑ ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ် (၂၅-၃-၂၀၂၅ ရက်)။ MOFA။ 2025-7-3 တွင် ပြန်စစ်ပြီး။
- ↑ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကွယ်လွန်။ RFA Burmese။ ၂၀၂၅-၇-၂ တွင် ပြန်စစ်ပြီး။
- ↑ ဦးစိန်ဦး အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်(၂၅-၄-၂၀၂၅ရက်)။ နိုင်ငံခြားရေးဝန်ကြီးဌာန။ ၂၀၂၅-၇-၃ တွင် ပြန်စစ်ပြီး။
- ↑ "ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း"၊ Ministry of Information၊ 04/25/2025။ 2025-6-5 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-6-5။
- ↑ Koh၊ Fabian (15 April 2025)။ GE2025: Parliament dissolved ahead of General Election; Nomination Day on Apr 23။ 15 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီက မြန်မာအာကာသအေဂျင်စီ(MSA) ဖွဲ့စည်းတည်ထောင်။ Mizzima။ ၂၀၂၅-၇-၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information (06/03/2025)။ 2025-6-5 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-5 တွင် ပြန်စစ်ပြီး။
- ↑ Waldenberg၊ Kristen Holmes, Alayna Treene, Kaitlan Collins, Samantha (2025-06-04)။ Trump signs proclamation to ban travel from several countries | CNN Politics (in en)။ 2025-06-05 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့အစိုးရ ဖွဲ့နိုင်ရန် တအာင်းပြည်ကောင်စီ ဖွဲ့စည်း။ DVB။ ၂၀၂၅-၇-၁၂ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားငွေဈေးမတည်ငြိမ်ရန် လူမှုကွန်ရက်များတွင် လှုံ့ဆော်နေသူများကို စောင့်ကြည့်အရေးယူနေပြီးတရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်း ဆောင်ရွက်နေသူများကို အရေးယူနိုင်ရေး အရှိန်မြှင့်မည်ဟု ဗဟိုဘဏ်ထုတ်ပြန်။ Eleven Media။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ Non – CDM များကို အရေးယူမည့်အချက်များပါဝင်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ CRPH ပြဋ္ဌာန်း။ Mizzima။ 2025-6-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-14 တွင် ပြန်စစ်ပြီး။
- ↑ Israel targets Iran's nuclear sites, killing military commanders and scientists in major attack။ BBC (13 June 2025)။ 13 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2025 တွင် ပြန်စစ်ပြီး။
- ↑ "Israel Strikes Iran's Nuclear Program, Killing Top Military Officials: Live Updates" (in en-US)၊ The New York Times၊ 2025-06-13။
- ↑ ရွေးကောက်ပွဲ ဥပဒေ တတိယအကြိမ် ပြင်ဆင် ပြဋ္ဌာန်း။ BBC Burmese (2025-6-20)။ 2025-6-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-21 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီ၏ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စီစဉ်။ Myanmar Now။ ၂၀၂၅-၇-၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု။ Mizzima။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီး ၂ ဦး အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ။ Mizzima။ 2025-6-29 တွင် ပြန်စစ်ပြီး။
- ↑ အမည်မည်းစာရင်းကြေညာခြင်း။ Ministry of Information။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ Wongcha-um၊ Panu။ "Thai court suspends PM from duty pending case seeking her dismissal" (in en)၊ Reuters၊ 2025-07-01။
- ↑ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးများအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ CINCDS။ ၂၀၂၅-၇-၆ တွင် ပြန်စစ်ပြီး။
- ↑ ပျူစောထီးခေါင်းဆောင်နဲ့ ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့ပေး (ရုပ်/သံ)။ The Irrawaddy။ ၂၀၂၅-၇-၆ တွင် ပြန်စစ်ပြီး။
- ↑ Fighting Between Chin Resistance Forces in Falam Township (in en)။ 2025-07-05 တွင် ပြန်စစ်ပြီး။
- ↑ ချင်းလူမျိုး အချင်းချင်းအကြား စစ်ရေးပဋိပက္ခမဖန်တီးဘဲ စစ်ရေးပြင်ဆင်မှုများ ချက်ချင်းရပ်ရန် ချင်းပြည်ကောင်စီ တိုက်တွန်း။ Ludu Nway Oo။ 2025-7-5 တွင် ပြန်စစ်ပြီး။
- ↑ အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်။ Chin World။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ မိုးဗြဲကို ပြန်သိမ်းပြီးနောက် မိုးဗြဲ-လွိုင်ကော်လမ်း စစ်ကောင်စီတပ် ရှင်းလင်းရေးလုပ်။ Myanmar Now။ 7 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-5 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ် နိုင်ငံနှင့်ဒေသအကျိုး လက်တွဲဆောင်ရွက်။ MOI။ ၂၀၂၅-၇-၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ NUG မဖြစ်မနေ ပြောင်းလဲရန် လိုအပ်ဟု ဒေါက်တာတေဇာဆန်း ထောက်ပြ။ DVB Burmese။ ၁၀ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း။ ဒီဗွီဘီ။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် မလေးရှား တိုက်တွန်း။ DVB Burmese။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော။ Development Media Group။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်သစ်ကွန်ဂရက်ပါတီ [New Chinland Congress (NCC) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ Ministry of Information။ 2025-7-11 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုတွင် ဒေသခံ ၃၀ ထက်မနည်းသေဆုံး။ Mizzima။ 11 July 2025 တွင် ပြန်စစ်ပြီး။
- ↑ ဥကရစ်ထစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်။ DVB။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)။ The Irrawaddy။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ နောင်ချိုတစ်မြို့လုံးနီးပါးကို စစ်တပ် ထိန်းချုပ်လိုက်ပြီ။ Myanmar Now။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ ကက်သလစ်ဘုန်းတော်ကြီးကို သတ်ဖြတ်မှု ကျူးလွန်သူ ၈ ဦးကို NUG စစ်ခုံရုံး ထောင်ဒဏ် နှစ် ၂၀ စီချ။ Myanmar Now။ 17 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်း။ Myanmar Digital News။ ၂၀၂၅-၇-၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကရင်ပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကျော်ကို KNU ထိန်းချုပ်ထားဟုဆို။ Mizzima။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ခွင့် မရပြန်၊ စစ်ခေါင်းဆောင် လွမ်းသူ့ပန်းခွေလာချ။ Mizzima။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ စစ်သုံးစစ် ကို ဆန့်ကျင်ရင်း ထောင်တွင်းအသက်ဆုံးခဲ့ရသူ မဝတ်ရည်အောင်။ BBC Burmese။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ "Bangladesh Air Force jet crashes into Dhaka school"၊ 21 July 2025။
- ↑ "16 dead as Bangladesh Air Force training jet crashes into school" (in en)၊ Daily Express US၊ 21 July 2025။
- ↑ ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်။ Forest Department။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ စစ်အုပ်စု၏ လက်နက်ပွဲစားများကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်။ DVB Burmese။ 2025-7-24 တွင် ပြန်စစ်ပြီး။
- ↑ North Korea and Non-Proliferation Designations; Burma-related and North Korea Designation Removals။ Office of Foreign Assets Control။ 2025-7-24 တွင် ပြန်စစ်ပြီး။
- ↑ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်။ DVB Burmese။ 2025-7-27 တွင် ပြန်စစ်ပြီး။
- ↑ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး။ ဆင်ဟွာသတင်း။ ၂၀၂၅-၇-၂၈ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ။ Ministry of Information။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ။ Ministry of Information။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်း။ Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ PUBG ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်း Yangon Galacticos ပထမဆုံး ဗိုလ်စွဲ။ BBC Burmese။ 3 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်။ Ministry of Information။ 4 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း။ MOI Myanmar (၅ ဩဂုတ် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပခုက္ကူစာပေဆု တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး(မမိုးမြေ) ရရှိ။ Ministry of Information။ 5 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI။ 6 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြေညာခြင်း။ Ministry of Information။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ OpenAI says latest ChatGPT upgrade is big step forward but still can't do humans' jobs။ The Guardian။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ကြေညာ။ ပြန်ကြားရေးဝန်ကြီးဌာန။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Trump-Putin meeting: Sprawling Army base that has hosted dignitaries is backdrop for talks။ USA Today။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မော်ချီးမှာ လေကြောင်းတိုက်ခံရလို့ ၁၇ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေ။ Voice of Myanmar။ ၂၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မော်ချီးဒေသကို စစ်တပ် ဗုံးကြဲမှု သေဆုံးသူ ၂၄ ဦးအထိ မြင့်တက်။ BBC Burmese။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်က ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေညာ (ရုပ်/သံ)။ The Irrawaddy။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်သောပုဂ္ဂိုလ်များ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း UEC ကြေညာ။ Eleven Media။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း အသိပေးချက် ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များထုတ်ပြန်ခြင်း။ MOI။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း UEC ကြေညာ။ Eleven Media။ 20 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားမည်ဟု NUCC ထုတ်ပြန်။ DVB။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို ပလောင် အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီး။ Eleven Media Group (၂၄ ဩဂုတ် ၂၀၂၅)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နောင်ချိုက ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ။ BBC (၂၄ ဩဂုတ် ၂၀၂၅)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာဒုက္ခသည်တွေ ထိုင်းအစိုးရ တရားဝင် အလုပ်လုပ်ခွင့် ပြု။ The Irrawaddy။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၄၂၀၀၀ ကို တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရ စီစဉ်နေ။ Narinjara။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရအစည်းအဝေး၌ အတည်ပြု။ Karen Information Center။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုသည့်အပေါ် ကုလကြိုဆို။ DVB။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ PDF နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်း။ DVB။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မတရားအသင်းအဖြစ် ကြေညာခြင်း။ MOI။ 28 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း။ Ministry of Information။ 28 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ကရင်အမျိုးသားအစည်းအရုံး (KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ။ DVB။ 28 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Thai court removes Prime Minister Paetongtarn Shinawatra from office။ aljazeera (29 August 2025)။ 29 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Thailand PM Paetongtarn Shinawatra sacked over Cambodia call (in en) (29 August 2025)။ 29 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ထိုင်းဝန်ကြီးချုပ်အသစ် အနုထင် ချန်ဝီရကူ ဖြစ်လာ။ Dawei Watch။ 6 September 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 9 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲဝင်နိုင်ရေး ဒေါက်တာအေးမောင်၏ ပြစ်မှုများကို စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေး။ Mizzima။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်။ MOI။ 14 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ကြေညာချက်အမှတ် ( ၁၀၄ / ၂၀၂၅ )။ UEC။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 September 2025 တွင် ပြန်စစ်ပြီး။
- ↑ တနိုင်ငံလုံးပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ ၄ ပုံ ၁ ပုံ မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း။ DVB။ 22 September 2025 တွင် ပြန်စစ်ပြီး။
- ↑ "UK, Canada and Australia announce formal recognition of Palestinian state" (in en)၊ BBC News၊ 2025-09-21။

