ဥယျာဉ်ရွာ၊ တောမ

ဝီကီပီးဒီးယား မှ
ဥယျာဉ်
ရွာ
ဥယျာဉ်ရွာ
ဥယျာဉ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဥယျာဉ်
ဥယျာဉ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°52′11″N 95°55′37″E / 20.8697204589844°N 95.9269866943359°E / 20.8697204589844; 95.9269866943359ကိုဩဒိနိတ်: 20°52′11″N 95°55′37″E / 20.8697204589844°N 95.9269866943359°E / 20.8697204589844; 95.9269866943359
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်မိတ္ထီလာမြို့နယ်
ကျေးရွာအုပ်စုတောမ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဥယျာဉ်ရွာ (အင်္ဂလိပ်: Uyin)သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ်တောမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၈၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောမကျေးရွာအုပ်စုတွင် ကျား ၃၄၈၇ ဦး၊ မ ၄၃၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၇၃ ဦးနေထိုင်သည်။ [၁]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

လမ်းပန်းအဆက်အသွယ်ရေးမှာ ကုန်းလမ်းခရီးတစ်ခုသာ ရှိပြီး မိတ္ထီလာ-သာစည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွာ၏အလယ် တည့်တည့်မှဖြတ်ဖောက်ထားသည်။

ဘာသာရေး[ပြင်ဆင်ရန်]

ရွာအရှေ့ဘက်တွင် ရွာဦးဘုန်းကြီးကျောင်း တည်ရှိပြီး၊ ဆုတောင်းပြည့်စေတီများ တည်ထား ကိုးကွယ်ခဲ့ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

ပညာရေးအရေဖြင့် အမှတ်(၂၁၄)အခြေခံပညာမူလတန်းကျောင်း၊ က‌လေးသူငယ်ပြုစုပျိုးထောင်ရေးဌာန(မူကြိုကျောင်း)နှင့် ပန်းဥယျာဉ်စာကြည့်တိုက်တို့ ဖြင့် ပညာရေးနှင့် အသိပညာဗဟုသုတများကို ပြုစုပျိုးထောင်ပေးနေသည်။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

စိုက်ပျိုးရေးအား ဆန်စပါးအဓိကစိုက်ပျိုး ကြပြီး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ နေကြာ၊ ငရုပ်နှင့် ကြက်သွန် တို့ကို စိုက်ပျိုးလျက်ရှိကြသည်။ စိုက်ပျိုးရေးအတွက် အဓိကဆည်ရေသောက် စနစ်ကို အားကိုးအားထားပြုနေရပြီး၊ ၎င်းဆည်ရေအား မိတ္ထီလာကန် မှ တစ်ဆင့် ရယူသုံးစွဲကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။