အီရန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အီရန်နိုင်ငံ မြေအကျယ်အဝန်း၏ သုံးပုံတစ်ပုံသည်သာလျှင် လယ်ယာစိုက်ပျိုးရန် အဆင်ပြေပြီး ကျန်မြေနေရာတို့သည် ရေအလုံအလောက်မရှိသည့်အတွက်လည်းကောင်း၊ မြေသားမကောင်းသည့်အတွက်ကြောင့်လည်းကောင်း လယ်ယာစိုက်ပျိုးမှုမပြုနိုင်ပေ။ နိုင်ငံ၏၁၂% သာလျှင် လယ်ယာစိုက်ပျိုးမှု ပြုနိုင်ပေသည်။ (ထိုသို့စိုက်ပျိုးမှုများတွင် လယ်ထွန်စိုက်ပျိုးခြင်း ၊ သစ်သီး၀လံစိုက်ပျိုးခြင်း ၊ နွယ်ပင်ခြံများပါဝင်သည်) သို့သော် စိုက်ပျိုးမှုများတွင် ရေသွင်းစိုက်ပျိုးမှုသည် သုံးပုံတစ်ပုံမျှပင် မရှိချေ။ လယ်ယာစိုက်ပျိုးရာတွင် ၉၂% ၏အဓိက လိုအပ်ချက်သည် ရေဖြစ်သော်လည်း (ရေရှားပါးသည့်အတွက်) ကျန်စိုက်ပျိုးမြေနေရာများတွင် ရေပေးခြင်းမရှိပဲ စိုက်ပျိုးမှုများ ပြုလုပ်ကြလေသည်။ အီရန်နိုင်ငံ အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့သည် မြေဆီလွှာ ကောင်းသော ဒေသများဖြစ်ကြသည်။ အီရန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုသည် ရာခိုင်နှုန်းအားဖြင့် ၉၆% ရှိသည်။[၁]

၃% သောမြေနေရာများသည် ကျွဲ၊ နွား စသည့်တို့၏ စားကျက်များဖြစ်ပြီး ထိုမြေနေရာများမှ ၎င်းတို့အတွက် အစားအစာထုတ်လုပ်သည်။ ထိုမြေနေရာများမှာ များသောအားဖြင့် စိုစွတ်မှုနည်းသော တောင်တန်း​​​ဒေသများနှင့် အီရန်နိုင်ငံအလယ်ပိုင်းရှိ လွင်ပြင်များ ဖြစ်ပေသည်။

အီရန်နိုင်ငံရှိ မြေနေရာများအနက် ၅၃ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးမှုလုပ်ငန်းများ လုပ်ဆောင်မှုမရှိချေ။

  • နိုင်ငံ၏ ၃၉ ရာခိုင်နှုန်းမြေနေရာများသည် ဆားပင်လယ်များနှင့် မာကျောသော ကျောက်တုံးကျောက်တောင်များ ဖြစ်ပေသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ရန် မလွယ်ကူလှချေ။
  • ထို့ပြင် နိုင်ငံ၏ ၇ ရာခိုင်နှုန်းသည် သစ်တောကြီးများ ဖုံးအုပ်လျက်ရှိသည်။
  • ကျန် ၇ ရာခိုင်နှုန်းသည် မြို့ပြများ၊ လမ်းများ၊ ကျေးရွာများ နှင့် စက်ရုံများ ဖြစ်သည်။

၂၀ ရာစု ပြီးဆုံးသွားပြီးနောက်ပိုင်း အီရန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးမှုမှ ဝင်သော နိုင်ငံတော် ဝင်ငွေသည် အခြားသောစီးပွားရေးမှာ ရရှိသော ဝင်ငွေများထက်သာ၏။ လယ်ယာမြေတို့သည် များသောအားဖြင့် ၂၅ ဧက ထက်နည်းပြီး (၁၀)ဧက မျှသာ ရှိသည့်အတွက် လယ်သမားအများ စုသည် ရွာများမှ မြို့ပေါ်သို့ တက်လာခဲ့ကြသည်။ ၎င်းအပြင် ရေရှားပါးမှုနှင့် စိုက်ပျိုးမှုနည်းစနစ်များ၊ ၎င်းအပြင် ရေရှားပါးမှုအပြင် မြေဆီလွှာ မကောင်းမှုများနှင့် စိုက်ပျိုးမှုနည်းစနစ်များ ဟောင်းနွမ်းလာခဲ့မှုကြောင့်လည်း ထိုသို့ပြောင်းရွှေ့ ခဲ့ကြရသည်။

ထိုအကြောင်းအရာများအားလုံးတို့သည် ကုန်ထွက်နည်းပါးမှုနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှု များကို အထောက်အကူပြုပေးသည်။ အီရန်နိုင်ငံတော်လှန်ရေး ပြီးဆုံးသွားပြီးနောက်ပိုင်း ၁၉၇၉ ခုနှစ်တွင် ကိုယ်ပိုင်လယ်ယာလုပ်ကိုင်ခွင့်ကို တောင်းဆိုလာခဲ့ကြသည်။ ထိုမှ တဆင့် လယ်လုပ်သားများသည် လယ်ပိုင်ရှင်ဘ၀သို့ ရောက်ရှိခဲ့ပြီးနောက် ဥပဒေဆိုင်ရာအငြင်းပွားမှုများသည်လည်း တစ်ဘက်မှ ဖြစ်ပေါ်လာခဲ့လေသည် ။ ၁၉၈၀ ထိ ထိုအကြောင်းအရာအပေါ် အငြင်းပွားမှုများ ရှိခဲ့ပြီးနောက် လယ်လုပ်ငန်းအရင်းရှင်တို့သည် လည်း လုပ်ငန်းတွင်းရင်းနှီးမြှုတ်နှံမှုများ ထပ်မံမလုပ်ကြတော့ချေ။ ထိုသို့ဖြင့် ၁၉၉၀ ခုနှစ်တွင် အစိုးရမှ ဦးဆောင်ကြိုးပမ်းကာ အီရန် ကိုယ်ထူကိုယ်ထ လယ်ယာစီးပွားရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လာခဲ့သည်။ ထိုမှတဆင့်နိုင်ငံတွင် စားသောက်ကုန်များကို ဖူလုံစေခဲ့သည်။

စိုက်ပျိုးမြေအသုံးပြုပုံနှင့် ရေသွင်းစိုက်ပျိုးပုံ[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ မြေအသုံးပြုမှု

မိုးရွာသွန်းမှုသည် အမှန်တကယ်တော့ တနှစ်လျှင် မိုးရေချိန် ၈၀၀ မီလီမီတာ ရွာသွန်းမှုရှိရမည် ဖြစ်သော်လည်း အီရန်နိုင်ငံတွင် မိုးရွာသွန်းမှုသည် တနှစ်လျှင် ၂၂၀ မီလီမီတာ သာရွာသွန်းသည့်အတွက် အီရန်သည် လယ်ယာစိုက်ပျိုးမှုကို အဓိက ဦးစားပေးမလုပ်ချေ။ တစ်နိုင်ငံလုံး၏ အကျယ်အဝန်းသည် ၁၆၃၆၀၀၀ ဧရိယာစတုရန်းကီလိုမီတာ ကျယ်ဝန်းသော်လည်း ထိုအကျယ်အဝန်း၏ ၁၂ ရာခိုင်နှုန်းသာလျှင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းရှိသည်။ ယခုချိန်တွင်လည်း နိုင်ငံအကျယ်အဝန်း၏ ၆၃ ရာခိုင်နှုန်း သည် စိုက်ပျိုးရန်မြေနေရာများ ရှိနေသော်လည်း စိုက်ပျိုးမှုမလုပ်ကြပေ။ လက်ရှိစိုက်ပျိုးရေးလုပ်လျက်ရှိသော ဒေသများကို ချုံ၍ ပြောရမည်ဆိုလျှင် ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁၈၅၀၀၀ သာရှိပေသည်။[၂]

အီရန်နိုင်ငံတွင် မိုးရေဖြင့်စိုက်ပျိုးခြင်းနှင့် ရေသွင်းစိုက်ပျိုးခြင်း ပုံစံနှစ်မျိုးလုံးဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပြုလုပ်ကြသည်။ ၂၀၀၅ ခုနှစ်တွင် အချို့သည် ဧကပေါင်း ၁၃.၀၅ သန်းအကျယ်အဝန်းရှိ စိုက်ခင်းများ၏ ၅၀.၄၅ ရာခိုင်နှုန်းကို ရေသွင်းစိုက်ပျိုးကြပြီး ကျန် ၄၉.၅၅ ရာခိုင်နှုန်းကို မိုးရေကိုအမှီသဟဲပြု၍ စိုက်ပျိုးမှုများ ပြုလုပ်ကြသည်။ ၂၀၁၃ခုနှစ်တွင် ရေသွင်းစိုက်ပျိုးမှုအရှိန်သည် ပိုမိုတိုးတက်လာပြီး ဧကပေါင်း ၈ သန်းထိ ရေသွင်းစိုက်ပျိုးမှုများ ဖြစ်ထွန်းလာခဲ့သည်။ ကျန် ဧက ၁၀ သန်းကျော်သည် မိုးရေကိုသာ အမှီသဟဲပြုလျှက်ရှိနေသည်။[၃]

မိုးရွာသွန်းမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု[၄]
မတ်လ ၂၀၀၁ မတ်လ ၂၀၀၃ မတ်လ ၂၀၀၅ မတ်လ ၂၀၀၇ မတ်လ ၂၀၀၈ မတ်လ ၂၀၀၉ မတ်လ ၂၀၁၀ မတ်လ ၂၀၁၁
ကုန်ထွက်နှုန်းတန်ချိန် (သန်း) ၆၅ ၈၀ ၈၇ ၉၇ ၉၂ ၇၀ ၉၁ ၉၉
မိုးရေချိန်(မီလီမီတာ) ၅၂ ၇၀ ၆၉ ၆၂ ၇၅ ၅၁ ၆၁ ၆၉

ကောက်ပဲသီးနှံနှင့် အပင်များ[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ် အီရန်စိုက်ပျိုးရေးထွက်ကုန်ပြ မြေပုံ
အာမွလ် ဒေသမှ မျိုးကောင်းဆန် စိုက်ခင်း တစ်ခု

အီရန်နိုင်ငံတွင် နိုင်ငံရပ်ဝန်းဒေသအသီသီး၏ အပူချိန်လိုက် စိုက်ပျိုးမှုအမျိုးမျိုး ပြုလုပ်နိုင်သည်။ ဥပမာ ဂျုံစိုက်ပျိုးခြင်း၊ ဆန်စိုက်ပျိုးခြင်း၊ ပြောင်းစိုက်ပျိုးခြင်း အပြင် အခြားသော သစ်သီး၀လံများဖြစ်သော စွံပလွံသီး၊ သဖန်းသီး သလဲသီး ၊ သခွားမှည့်သီး နှင့် စပျစ်သီး တို့ကို စိုက်ပျိုးသည်။ ထို့ပြင် ဟင်းသီးဟင်းရွက်များ၊ ဝါဂွမ်း၊ သကြားဥ၊ ကြံနှင့် ပစ်တာ (အစိမ်းဖျော့ရောင် အခွံမာစေ့တစ်မျိုး) တို့ကို အဓိက ထားစိုက်ပျိုးသည်။ ပစ်တာစေ့သည် ကမ္ဘာပေါ်တွင် အီရန်မှ အထွက်ဆုံးဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ပစ်တာအထွက်နှုန်း ၄၀ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့သည်။[၅] ၎င်းအပြင် နေကြာကဲ့သို့သော အစေ့ အမျိုးမျိုး၊ သံလွင်ဆီ၊ ဟင်းမဆလာ အမှုန့်အမျိုးမျိုးတို့လည်း ထွက်ပြန်သေးသည်။ အီရန် ဇာဖရာန် သည် အကောင်းဆုံးနှင့် ကမ္ဘာပေါ်တွင် ၈၁ ရာခိုင်နှုန်းသော ဇာဖရာန် သည် အီရန်မှထွက်သည်။ တဖန် စပျစ်ခြောက်ကိုလည်း အကြီးအကျယ် ဖြန့်ဖြူးပြန်သည်။ ကမ္ဘာတွင် စပျစ်ကုန်ထုတ်လုပ်မှု၌ အီရန်သည် တတိယအကြီးဆုံးဖြစ်ပေသည်။ ထို့ပြင်အီရန်တွင် လက်ဘက်ခြောက် ၊ ဆေးရွက်ကြီးနှင့် ဇေရီရှ် ဟုခေါ်သော (ပါးမွှားသည့်အပင်ငယ်မှထွက်သော ဟင်းသီးဟင်းရွက်အမျိုးအစား ) စသဖြင့်တို့သည်လည်း အလွန်အထွက်ကောင်းလေသည်။ ထိုကုန်ပစ္စည်းများနှင့်ပတ်သက်ပြီးလည်း အီရန်နိုင်ငံသည် အစွမ်းကုန် ထုတ်လုပ်မှုပြုပေးနိုင်သော နိုင်ငံဖြစ်သည်။ လက်ရှိအနေအထားတွင် ဘရဆေးပင်အမျိုးပေါင်း၂၀၀၀ ကျော် စိုက်ပျိုးထားသည်ကိုလည်း အီရန်နိုင်ငံတွင် တွေ့မြင်နိုင်သည်။ ထိုမှ အမျိုးပေါင်း ၁၀၀ သာလျှင် ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုလျက်ရှိသည်။ အီရန်၏ သဘာ၀ပေါက်ပင်များသည် ဥရောပနိုင်ငံ၏ထက် လေးဆ ပိုလာသည်ကို တွေ့ရှိရသည်။[၆]

ဂျုံဆန်မုယောစပါး များမှာ နိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဖြစ်သည်။ အမြဲတမ်းထွက်ရှိနိုင်ရန်လည်း အထူးစီမံထားလေသည်။ အဆိုပါကဏ္ဍ မြင့်မားရေးအတွက် စည်းမျဉ်းများ ချမှတ်ထားလေသည်။ ကုန်သည်များသည် မိမိတို့၏ အခြားကောက်ပဲသီးနှံတွင် ဆုံးရှုံးမှုများ အတွက် အထက်ပါ ကုန်ပစ္စည်းများမှ ရသောဝင်ငွေသည် ၎င်းတို့အတွက် အထောက်အပံ့ဖြစ်လေသည်။[၇]

ဂျုံ-၂၀၀၇ ခုနှစ်တွင် အီရန်မှ ဂျုံတန်ချိန် ၆၀၀၀၀၀ ခန့် တင်ပို့ရောင်းချခဲ့သည်။ (မလီယန်အားဖြင့် ၁၅ မီလီယန် တန်ချိန်မျှ ဖြစ်သည်)[၈] ခန့်မှန်းခြေ ၆ သန်းတန်ချိန်ဂျုံကို အခြားသော ၁၅ နိုင်ငံမှ ၂၀၀၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ခုနှစ်တွင် မိုးခေါင်ရေရှားခဲ့သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် အီရန်သည် ကမ္ဘာပေါ်တွင် ဂျုံတင်ပို့သည့်နိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။[၉] ၂၀၁၀ တွင် ဂျုံထုတ်လုပ်မှုနှုန်းသည် တန်ချိန် ၁၄ သန်းသို့ရောက်ရှိ မြင့်မားခဲ့သည်အတွက်[၁၀] ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ၊ ကမ္ဘာ၏ ဦးဆောင်ဂျုံထုတ်လုပ်သူများတွင် အမှတ်စဉ် ၁၂ နေရာကို ပိုင်ဆိုင်ထားလေသည်။ ၂၀၁၁ ခုနှစ်တွင် ပျမ်းမျှထုတ်လုပ်မှုသည် တန်ချိန်၁၄ သန်း ဖြစ်သည်။[၁၁]

ဆန်- အီရန်၏ တစ်နှစ်လျှင် စုစုပေါင်းဆန်ထုတ်လုပ်မှုမှာ၂.၂ သန်း တန်ချိန် ဖြစ်ပြီး ထိုနေရာတွင် ရပ်တည်လျက်ရှိသည်။ သို့သော် နိုင်ငံတွင်း တစ်နှစ်စားသုံးမှုသည် ၂၀၀၈ ခုနှစ်တွင် တန်ချိန် ၃ သန်းဖြစ်သည်။ အီရန်သည် ယူအေအီးနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့မှ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၃၀,၀၀၀ တင်သွင်းခဲ့သလို ၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၁.၄ သန်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ တင်သွင်းခဲ့သည်။[၁၂] ၂၀၁၀ ခုနှစ်တွင် အီရန်၏ ဆန်တင်သွင်းမှု ၄၀% ထိကျဆင်းခဲ့လေသည်။[၁၃] ထို့ပြင်အီရန်သည် ၂၀၁၁ ခုနှစ်တွင် ဆန်စပါးထုတ်လုပ်မှုနှုန်းသည် သန်း ၂.၄ တန်ချိန်ထိ မြင့်တက်လာခဲ့သော်လည်း ယခင်နှစ်တွင် ၂.၃ သာရှိခဲ့သည်။ ၂၀၀၉ တွင် အီရန်သည် ဆန်ထွက်မှု ၃၈၀၀ ယူနစ်ဖြစ်ခဲ့သည်။[၁၄] အီရန်တွင် ပျမ်းမျှလူတစ်ဦးချင်း၏ ဆန်စားသုံးမှုမှာ ၄၅.၅ ကီလို ဖြစ်ပြီး အီရန်နိုင်ငံသားတို့သည် အကြီးမားဆုံး ဆန်စားသုံးသူများအနက် ၁၃ နေရာတွင် ရှိသည်။[၁၅] အီရန်နိုင်ငံမြောက်ပိုင်းတွင် ဆန်အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး နှစ်ပေါင်းများစွာအတွက် မာဇင်ဒရာန်းနှင့် ဂီလားန်ပြည်နယ်တွင် အမြောက်အများ စိုက်ပျိုးထားလေသည်။ အီရန်မြောက်ပိုင်းတွင် ဆန်အမျိုးအစားကောင်းများ ဖြစ်သော သွာရုမ် ၊ ဟာရှင်မီ၊ ဟစနီရှရီးဖ် ၊ ဂရီးဘ် အစရှိသော ဆန်အမျိုးအစားများကို ထွန်ယက်စိုက်ပျိုးလေသည်။[၁၆]

သကြား- အီရန်သကြားအခြေအနေသည် ၂၀၀၈ ခုနှစ်တွင် တန်ချိန် ၄၀၀,၀၀၀မှ ၆၀၀,၀၀၀ ထိ ရှားပါးလာခဲ့သည်။ ပြည်ပမှ သကြားများ ဈေးပေါပေါဖြင့် ဝင်ရောက်လာသည့်အတွက် ပြည်တွင်းသကြားကုန်သည်များနှင့် ထုတ်လုပ်သူများသည် အခက်အခက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ထို့အတွက်ကြောင့် ပြည်တွင်း သကြားထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုသို့ဖြစ်လာမှု၏ အဓိက အကြောင်းအရင်းမှာ ပြည်ပမှ သကြားတင်သွင်းလာမှုကြောင့် ဖြစ်ပေသည်။[၁၇]

ပစ်တာစေ့: အီရန်သည် ကမ္ဘာ့အကြီးဆုံး ပစ်တာ ထုတ်လုပ်တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ အဓိကထား တင်ပို့ရောင်းချသောနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံတို့ ဖြစ်သည်။ ရေနံနှင့် ကော်ဇောပြီးနောက် ပစ်တာစေ့ သည် အီရန်နိုင်ငံ၏ အဓိက တတိယအကြီးမားဆုံး စီးပွားရေး ဖြစ်သည်။၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄၀ သန်း တန်ဖိုးရှိ ပစ်တာ တန်ချိန် ၂၀၀,၀၀၀ ကို တင်ပို့ရောင်းချခဲ့သည်။ လူဦးရေ ၃၅၀,၀၀၀ ကျော်တို့သည် ပစ်တာခြံများတွင် အလုပ်လုပ်ကိုင်ကာ ထိုမှ ရရှိသော ဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်း ကြလေသည်။ ထိုပစ်တာခြံများသည်  အီရန်၏ အရှေ့တောင်ဘက်ရှိ အလွန်ကျယ်ဝန်းသော လွင်ပြင်များတွင် ရှိ၏။ ၂၀၁၀ တွင် အီရန်၏ ပစ်တာဈေးကွက် ပိုင်ဆိုင်မှုသည် ကမ္ဘာ့ ပစ်တာ ဈေးကွက်တွင် ၅၀ ရာခိုင်နှုန်းရှိသည်။

ကုံကုမံ-  (Saffron) ဟု ခေါ်သော ကုံကုမံကို နိုင်ငံ၏ ဒေသအသီးသီးတွင် စိုက်ပျိုးသော်လည်း အများဆုံး စိုက်ပျိုးသော ဒေသများမှာ ခိုရာစန်ပြည်နယ်၏ မြောက်ဘက် နှင့်တောင်ဘက် အပြင် အရှေ့မြောက်ဘက်ပိုင်းတို့ ဖြစ်သည်။ အီရန်၏ ကုံကုမံကို အာရပ်စော်ဘွားနိုင်ငံများ၊ စပိန်နိုင်ငံ၊ ဂျပန်၊ တာ့ခ်မင်နစ္စတန်၊ ပြင်သစ်၊ အီတလီနိုင်ငံနှင့် အမေရိကန် အထိ ပို့ဆောင်ရောင်းချသည်။ ၂၀၁၀ ခုနှစ်တွင် ခိုရာစန် ပြည်နယ်အရှေ့မြောက်ပိုင်းမှ ထွက်သော ဒေါ်လာ ၁၅၆.၅ သန်းတန်ဖိုးရှိ ကုံကုမံတန်ချိန် ၅၇ ကို နိုင်ငံပေါင်း၄၁ နိုင်ငံသို့ ပို့ဆောင်ရောင်းချခဲ့သည်။ ကုံကုမံ ထုတ်လုပ်စရိတ်များ မြင့်တက်ကြီးမားလာမှုကြောင့် ပန်း၏ပွင့်ဖက်နှင့် အခြားအရာများကို အစားအသောက်တွင် ထည့်သော အမွှေးနံ့သာများ ပြန်လည် ထုတ်လုပ်လေသည်။ အီရန်သည် ကုံကုမံ ထုပ်လုပ်သော အကြီးမားဆုံးနိုင်ငံဖြစ်သလို ၎င်း၏ထုတ်လုပ်မှုအား ၉၃.၇ ရာခိုင်နှုန်းရှိသည်။

လက်ဖက်ခြောက်- လက်ဖက်ထုတ်လုပ်မှု သည်၂၀၀၇  ခုနှစ်တွင် ၁၉၀,၀၀၀ တန်ချိန်၊ ၂၀၀၄ တွင် ၁၃၀,၀၀၀ တန်ချိန် ထုတ်လုပ်ခဲ့သည်။ နှစ်စဉ် လက်ဖက်ခြောက်တန်ချိန် ၇၅,၀၀၀ ပြည်ပမှ ခိုးယူတင်သွင်းခဲ့ကြသည်။

ဥယျာဉ်ခြံထွက်: စတုတ္ထမြောက်အစီအစဉ် ပြီးဆုံးချိန်ထိ  ဥယျာဉ်ခြံထွက် တန်ချိန် ၁၉ သန်းထုတ်လုပ်သွားမည် ဖြစ်သည်။(၂၀၀၅-၁၀)

သစ်သီး၀လံ : အီရန်သည် နှစ်စဉ် သစ်သီး၀လံအမျိုးမျိုး တန်ချိန် ၃၅၀၀၀ ကို နိုင်ငံပေါင်း ၃၆ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ၎င်း၏တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ ၂၀.၈ သန်း ရှိသည်။ ၂၀၀၈ အီရန်သည် အသီးများကို ထုတ်လုပ်ရောင်းချ သူများတွင် အကြီးမားဆုံးဖြစ်သည်။ ဥပမာ တူးသ် အသီး၊ စွံပလွံသီး၊ သလဲသီး ချယ်ရီသီး၊ သဖမ်းသီး စသဖြင့်တို့ ဖြစ်သည်။

မွေးမြူရေး[ပြင်ဆင်ရန်]

အီရန် သိုးကျောင်းသားတစ်ဦး သိုးများကျောင်းနေပုံ။ အီရန်အနောက်မြောက်ပိုင်း (၂၀၀၈)

အီရန်နိုင်ငံသည် မွေးမြူရေးတွင်လည်း ကျော်ကြားလေသည်။ ဆိတ်နွားမြင်းကျွဲ၊ လား၊ မြည်း စသဖြင့်တို့ကို မွေးမြူသည်။ ၎င်းအပြင် ကြက်နှင့်ကြက်ဥ မွေးမြူထုတ်လုပ်ရေးတွင်လည်း ကျော်ကြားသည်။ နိုင်ငံ၏ဒေသတစ်ခုတွင် မြေအောက်ကြက်မွေးမြူရေးသည် ယခုချိန်ထိ တိုးတက်အောင်မြင်နေဆဲဖြစ်သည်။[၇]

အီရန်သည် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရာတွင်လည်း အကြီးမားဆုံးဖြစ်သည်။ ထို့ပြင် ၂၀၀၆ ခုနှစ်တွင် အသီးနှံစေ့ တန်ချိန် သန်း၂၀ တင်သွင်းခဲ့သည်။ အစ္စလာမ်ဥပဒေအရ အီရန်နိုင်ငံတွင် ဝက်မွေးမြူရောင်းဝယ်ရေးကို တားမြစ်ထားလေသည်။[၁၈]

လွန်ခဲ့သော သုံးနှစ်အတွင်း မွေးမြူရေး လုပ်ငန်းသည် ပိုမိုတိုးတက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အတွင်း အလွန်မှပင် ပြောင်းလဲတိုးတက်မှုများ ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သားကောင် တန်ချိန် ၉.၉ သန်း ကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် သားကောင်တန်ချိန် ၁၀.၆ သန်းကိုလည်းကောင်း၊ ၂၀၀၈ တွင် သားကောင်တန်ချိန် ၁၁.၃ သန်းကိုလည်းကောင်း ထုတ်လုပ်နိုင်ခဲ့သည်။[၁၉] အသားထုတ် စက်ရုံများမှ အသားထုတ်လုပ်နိုင်စွမ်းသည် တန်ချိန် ၄၀၀၀၀၀ ဖြစ်ပြီး ယူနစ်အားဖြင့် ၁၄၀ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် လူတစ်ဦးနှုန်း အသားစားသုံးမှုမှာ ၂၆ ကီလို ဖြစ်သည်။[၂၀] အီရန်သည် အမဲအသားတန်ချိန် ၉၅၀၀၀၀ တန် နှင့်ကြက်သား ၁၆၀၀၀၀၀ တန်ချိန်  ၂၀၁၀ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့သည်။[၁၀]

ငါးဖမ်းလုပ်ငန်း[ပြင်ဆင်ရန်]

ကက်စပီယံပင်လယ်၊ ပါရှန်ပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့နှင့် မြစ်ချောင်းများစွာတို့သည် ငါးဖမ်းသူများအဖို့ အလွန် အကျိုးအမြတ်ရရှိသည့်အတွက် အစိုးရက ၁၉၅၂ ခုနှစ်တွင် ငါးဖမ်းလုပ်ငန်းကို ထိန်းချုပ်မှုပြုခဲ့သည်။ ထို ၁၉၅၂ ခုနှစ်ပိုင်းတွင် တစ်ဦးတည်း အစိုးရပိုင်လုပ်ငန်း၊ အနောက်ပိုင်း Sheelat ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ တဖန်ဒုတိယအနေဖြင့် ၁၉၆၁ တွင် တောင်ပိုင်း Sheelat ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ လွန်ခဲ့သောနှစ်များက တရားမဝင်ငါးဖမ်းခြင်း၊ ငါးဖမ်းကာလမဟုတ်ဘဲ ငါးဖမ်းခြင်း၊ စက်မှုလယ်ယာမှ အမှိုက်များ ပင်လယ်တွင်းစွန့်ပစ်ခြင်း၊ ကက်စပီယံပင်လယ် ကမ်းမြောင်ဒေသရှိ အခြားသော နိုင်ငံငယ်များမှ ကျူးကျော်ငါးဖမ်းခြင်းနှင့် အခြားအကြောင်းအရာများကို ကက်စပီယံပင်လယ်၊ ငါးများနှင့် သဘာ၀သယံဇာတများအတွက် အန္တရာယ် ဖြစ်စေခဲ့သည်။ ၁၉၉၀ နှင့် ၂၀၀၄ ခုနှစ်အကြား အီရန်နိုင်ငံတွင် စုစုပေါင်းနှစ်စဉ်ငါးဖမ်းမှု ကျဆင်းလာခဲ့သည်။ ၉၈၀၀၀ တန်ချိန်မှ ၃၂၅၃၃ တန်ချိန်ထိ ကျဆင်းခဲ့သည်။ ထိုသို့ကျဆင်းမှုတွင် ငါးကန် မှထွက်သော အရည်အသွေးမြင့်ငါး ၄၆၃ တန်ချိန် လည်း အပါအဝင် ဖြစ်သည်။[၂၁]

အီရန်နိုင်ငံ၏ ပါရှန်းပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသသည် ၁၇၈၆ ကီလိုမီတာ ရှည်လျားသည်။ ထိုတောင်ပိုင်းကမ်းရိုးတန်းဒေသရှိ ပင်လယ်နှင့်ငါးများအပါအဝင် အခြားပင်လယ်နှင့်ဆိုင်သောအရာများသည် သဘာ၀သယံဇာတများ ဖြစ်လေသည်။၂၀၀၄ နှစ်တွင် တောင်ပိုင်းကမ်းရိုးတန်းဒေသမှ ငါးတန်ချိန် ၂၉၉၀၀၀ တန် ငါးများ ဖမ်းနိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှစ၍ နှစ်စဉ် ၁၂.၆ ရာခိုင်နှုန်း တိုးခဲ့သည်။ ထိုမှ ဖမ်းမိသောငါးများကို မိသားစုများ စားသုံးကုန်အဖြစ်လည်းကောင်း၊ စားသောက်ဆိုင်များတွင် လည်းကောင်း တိုက်ရိုက်အသုံးပြုသည်။ ထိုသို့ စားသောက်အသုံးပြုရာတွင် ငါးမျိုးမတုံးစေရန်လည်း ထိန်းသိမ်းကြရသည်။ ပင်လယ်ကမ်းရိုးဒေသတွင် ပင်လယ်နှင့် ဆက်စပ်ထားသော ရေအောက်ငါးကန်များမှ တစ်နှစ်လျှင် ငါးတန်ချိန် ၇၀၀၀၀၀ ထွက်သည်။ ကမ်းရိုးတန်းဒေသ ညစ်ညမ်းမှုသည်  ရေနံစက်ရုံများနှင့် အခြားသော စက်ရုံများကြောင့် ဖြစ်ပြီး ၎င်းအကြောင်းအရင်းများကြောင့် ငါးဖမ်းဒေသ ညစ်ညမ်းမှုများကို ဖြစ်စေသည်။[၂၁]

အီရန်နိုင်ငံ တော်လှန်ရေးပြီးနောက်ပိုင်း ၁၉၇၆ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြားတွင် အစိုးရနှင့်ပုဂ္ဂလိကတို့မှ  ငါးလုပ်ငန်းကို အထူးအာရုံစိုက်လာခဲ့ပြီးနောက် ၁၁၀၀ တန်ချိန် မှ ၁၁၀၁၇၅ တန်ချိန်ထိ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည်။[၂၁]

အဓိကကျသော ငါးအမျိုးအစားများမှာ ငါးကြင်းမျက်ဆံနီ ၊ ငါးကြင်းဖြူ၊ ဆောလမွန်ငါး၊ ပင်လယ်ငါးများ၊ ငါးသိုင်း၊ ငါးခူ၊ ကကတစ်၊ ရေချိုငါးများ ဖြစ်သည်။ ထို့ပြင် ပါရှန်းပင်လယ်ကွေ့တွင် ငါးအမျိုးအစားပေါင်း ၂၀၀ ကျော်ကို တွေ့မြင်နိုင်သလို ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်တို့အပါအဝင် အမျိုးအစားပေါင်း ၁၅၀ တို့သည် စားသုံးသင့်သော ငါးအမျိုးအစားများ ဖြစ်ကြသည်။

ရေနေသတ္တဝါ တန်ချိန်ပေါင်း ၆၉၂.၀၀၀ ကို ၂၀၀၈ နောက်ပိုင်းတွင် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တန်ချိန်ပေါင်း ၂၃၆၀၀၀ တို့သည် စနစ်တကျ မွေးမြူမည်ဖြစ်သလို ကျန်တန်ချိန်ကို ပင်လယ်မှ ဖမ်းမည်ဖြစ်သည်။ အီရန်နိုင်ငံ၏ ပင်လယ်စာတစ်ဦးချင်းစားသုံးမှုသည် မတ်လ ၂၀၀၉ ခုနှစ်တွင် ၈.၅ ကီလိုဂရမ်သို့ ရောက်ရှိမည် ဖြစ်ပြီး တစ်နှစ်အကြာတွင် ၁၀ ကီလိုဂရမ်ထိ ရောက်ရှိမည်ဖြစ်ပေသည်။[၂၂]

ငါးဥ- မတ်လ ၂၀၀၉ တွင် အီရန်နိုင်ငံ၏ ငါးဥ ပို့ဆောင်မှုသည် ဒေါ်လာ ၂၂ သန်းထိ မြင့်တက်လာသည်။[၂၃] အီရန်သည် ကမ္ဘာ့အကြီးဆုံးငါးဥ ထုတ်လုပ်သူများအနက် တစ်ဦးဖြစ်ပြီး တစ်နှစ်လျှင် တန်ပေါင်း ၃၀၀ ကျော် ထုတ်လုပ်နိုင်သည်။[၂၄][၂၅]

သစ်တောရေးရာ[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် အီရန်နိုင်ငံ၏ သစ်တောဧရိယာသည် ၁၁ သန်းဟက်တာ ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် နိုင်ငံဧရိယာအကျယ်အဝန်း၏ ၇ ရာခိုင်နှုန်းမျှ ရှိသည်။ ကက်စပီယံဒေသအတွင်း လုံလောက်သော မိုးရေရှိမှုနှင့် ရာသီဥတုစိုထိုင်းမှုတို့ကြောင့် သစ်တောများထူထပ်ကာ ၁.၅သန်းဟက်တာခန့်ရှိ သစ်တောကြီးက အီရန်တွင် နေရာယူခဲ့သည်။ ကျန်ရှိသော အနောက်ပိုင်းသစ်တောများ (၃.၆ သန်းဟက်တာ)၊ တောင်ပိုင်းသစ်တောများ (၄၃၄၀၀၀ ဟက်တာ)၊ သဲကန္တာရသစ်တောများ (၆၂၀၀၀၀ ဟက်တာ) နှင့် အခြားနေရာဒေသများတွင်လည်း သစ်တောများ ထူထပ်နေသည်ကို တွေ့ရှိနိုင်သည်။[၂၁] သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးဦးစီးဌာ၏ ကြီးကြပ်ထိန်းသိမ်းမှုကြောင့် ကက်စပီယံသစ်တောများမှ ၂၀၀၄ ခုနှစ်တွင် ၈၂၀,၀၀၀ ကုဗမီတာ သစ်ထုတ်လုပ် နိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော် သစ်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခဲ့သည်။ အကြီးဆုံးနှင့် တန်ဖိုးအရှိဆုံး သစ်တောဧရိယာများသည် ကက်စပီယံဒေသနှင့် အလ်ဘိုးရ်ဇ်၏ တောင်စောင်းမြောက်ပိုင်း၌ ရှိ၏။ များစွာသော သစ်တောတို့မှ စီးပွားရှာနိုင်ပြီး ထိုသို့စီးပွားရှာမှုတွင် သစ်မာနှင့် သစ်ပျော့နှစ်မျိုးစလုံး ပါဝင်သည်။ သစ်တောများသည် ပြည်သူပိုင်ဖြစ်ပြီး ၎င်း၏ ၁၂ ရာခိုင်နှုန်းမျှသာ ကာကွယ်ထားနိုင်သော်လည်း သစ်တောဖျက်စီးမှုများ ရှိနေသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ သစ်တောနည်းပါးသော နေရာဒေသများတွင် သစ်တောဝန်ထောက်တို့၏ ပေါ့လျှော့မှုများနှင့် သစ်တောဖျက်ဆီးသူတို့ကြောင့် အီရန်နိုင်ငံ အဖို့ ပြင်ပမှ သစ် မှာယူတင်သွင်းရသည်။ ထို့အပြင်နှစ်စဉ် တောမီးလောင်မှုသည် ဟက်တာ ၂၀၀၀၀ ခန့်ရှိသည့်အတွက်ကြောင့်လည်း သစ်တောများ ပျက်စီးဆုံးရှုံးရသည်။ ၁၉၅၄ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အတွက် အီရန်နိုင်ငံ သစ်တောမြေ၏ ခန့်မှန်းခြေ ၄၁ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။ အီရန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း၏ အဆိုအရ သစ်တောများပြုန်းတီးနှုန်းမှာ တစ်နှစ်လျှင် ဟက်တာ ၁၀၀၀၀၀ ပမာဏရှိသည်။[၂၆] သစ်တောပြန်လည်ပျိုးထောင်ရေးအစီအစဉ်ကို ရေးဆွဲပြီး သစ်ပင်များ ဖြတ်တောက်၊ ခုတ်ခြင်းကို အစိုးရက ထိန်းချုပ်ထားသည်။

သမိုင်း[ပြင်ဆင်ရန်]

အီရန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ရှည်လျားသော သမိုင်းကြောင်းနှင့် အစဉ်အလာ ရှိခဲ့သည်။ အေဒီမတိုင်မီ ဘီစီ ၁၀၀၀၀ ဆိတ်မွေးမြူခြင်းကို အီရန်(ဖလာသ်)ကုန်းမြင့်တွင် အစောဆုံး စတင်ခဲ့သည်။ ဘီစီ၅၀၀၀ ခုနှစ်တွင် ပထမဦးဆုံး စပျစ်ဝိုင်ကို ထွင်ခဲ့ပြီး အေဒီရာစုနှစ် အစောပိုင်း ၇ ရာစု တွင် စပျစ်ရည် အီရန်တွင် ဇိမ်ခံအသုံးပြုလာခဲ့ကြသည်။[၂၇][၂၈]

မက်မွန်သီးကဲ့သို့သော သစ်သီးကို အီရန်မှ ဥရောပသို့ စတင် တင်သွင်းရောင်းချခဲ့သည်။ ၎င်းအသီးကို အင်္ဂလိပ်(လာတင်းန်)ဘာသာစကားဖြင့် ပါစီကာ ဟုခေါ်သည်။ ရှေးခေတ်အီရန်နိုင်ငံတွင် ဟင်းနုနွယ်ရွက်အမျိုးအစားထဲမှဖြစ်သော အိစ်ပနားက် အရွက် စတင်စိုက်ပျိုးချိန်တွင် စပိန်နိုင်ငံသားတို့က ထိုအရွက်ကို အစ်ဖနားဂျ် ဟုခေါ်ခဲ့ကြသလို တရုတ်လူမျိုးတို့သည်လည်း အေဒီ ၆၄၇ ခုနှစ်များတွင် ထိုအရွက်ကို ပရ်ရှီယား ဟုခေါ်ခဲ့ကြသည့် အတိုင်းပင် ပြင်သစ် စကားတွင် မက်မွန်သီးကို ဟိုလူး ဟုခေါ်သည်။ ဘီစီ ၄၀၀ ခန့်တွင် ရေခဲမုန့်တစ်မျိုးကို အီရန်နိုင်ငံသားတို့ စတင်အသုံးပြုခဲ့ကြပြီး ၇ ရာစုအတွင်း ကွက်ကီးမုန့် သည်လည်း အီရန်မှ ရောက်ရှိလာသည်ဟု ကွက်ကီး ၏အဘိုးများထံမှ သိရသည်ကို ကျမ်းအတော်များများတွင် ဖော်ပြထားသည်။[၂၉][၃၀]

အီရန်သည် ဘီစီပဉ္စမရာစုတွင် ဥရောပထဲသို့ မွေးမြူကြက်သား တင်ပို့ရာတွင် အရင်းအမြစ်ဖြစ်ခဲ့သည်။ ဥပမာ အနောက်ပိုင်းဂရိစာရေးသူ "Athenaeus"ပဉ္စမရာစုဘီစီကဗျာဆရာ က မိမိ၏ကဗျာတွင် ကြက်သား တောင်းဆိုထားသည်။ Aristophanes က အဆိုပါ (၄၁၄ ဘီစီ) နှစ်တွင် ကြက်ကို Medain bird "အလယ်ပိုင်းငှက်" ထိုငှက်သည် Persie မှ ကြက်သား ဟုသူ၏ မိတ်ဆက်စကားတွင် ထောက်ပြထားလေသည်။

စိုက်ပျိုးရေးအတွက် Qanat, မြေအောက်ရေသွင်းမြောင်း ဖောက်လုပ်ပြီး စိုက်ပျိုးခြင်းသည် ပါရှန်းအစဉ် အလာဖြစ်ပြီး အထင်ရှားဆုံးနှင့် အောင်မြင်ဆုံးသော စိုက်ပျိုးနည်းပညာဖြစ်ခဲ့ပြီး နှစ်ပေါင်းထောင်ကျော်အရင်ထဲမှ စ၍ ယနေ့ချိန်ထိ ထိုနည်းကို အသုံးပြုနေဆဲဖြစ်သည်။

နဝမနှင့် ဒသမရာစုနှစ်များတွင် အီရန်၌ ဝါဂွမ်းထုတ်လုပ်မှုနှင့် တင်ပို့မှုကို အစ္စလာမ့်ဘာသာရေးခေါင်းဆောင်များက လုပ်ခဲ့ကြပြီး အီရန်ကို အချမ်းသာဆုံးဒေသအဖြစ် ပြုလုပ်ပေးခဲ့ကြသည်။ သို့သော်လည်း ရာစု ၁၁ တွင် ရာသီဥတုအလွန် အေးမှုကြောင့် အလွန်ထွန်းကားသော အီရန်ရဲ့၏စိုက်ပျိုးရေးစီးပွားရေးတို့သည် ကျဆင်းခဲ့ပြီး တိုင်းပြည်၏ အဓိကအားထားရာသည် အဆုံးသတ်ခြင်းခံခဲ့ရလေသည်။[၃၁]

ခေတ်သစ်ခေတ်[ပြင်ဆင်ရန်]

အီရန်နိုင်ငံတွင် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းသည် ၁၈၂၀ တွင် စတင်ခဲ့ပြီး ဘုရင်နာစေရွတ်ဒီးန်း၏ ဝန်ကြီးချုပ်က အီရန်တွင် ခေတ်ဟောင်းနည်းများကို အသုံးပြုခြင်းမှ ဖယ်ရှားပြီး ခေတ်သစ်နည်းများဖြင့် စိုက်ပျိုးရေး ပြုလုပ်စေခဲ့သည်။ ထိုသို့သော အပြောင်းအလဲများ ပြုလုပ်ရာတွင် သန့်စင်ထားသော မျိုးစေ့များ တင်သွင်းခြင်းနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ထိုးခြင်းတို့ ပါဝင်သည်။ စိုက်ပျိုးရေးသင်တန်းကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးဘဏ်ကို ၁၉၃၃ တွင် တည်ထောင်ခဲ့လေသည်။ လက်ရှိတွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် စိုက်ပျိုးရေးလုပ်ငန်း မူဝါဒများကို ချမှတ်ရေးဆွဲပြီး ကိုယ်တိုင်ကြီးကြပ် အကောင်အထည်ဖော်လျက်ရှိသည်။

အီရန်နိုင်ငံတွင် ဟက်တာပေါင်း ၁၆၂.၂ သန်း မြေနေရာလွတ်များတွင်းမှ ခန့်မှန်းချေ မြေဟက်တာ ၁၉ သန်းသည် စိုက်ပျိုးမြေဖြစ်သည်။ ထိုအရာသည် တိုင်းပြည်မြေဧရိယာ၏ ၁၂% သာ ရှိသည်။ အီရန်တွင် စိုက်ပျိုးရေးကဏ္ဍသည် လက်ရှိတွင် ၁၃.၉% ဂျီဒီပီရှိပြီး အီရန်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ၏ ရေနံမပါဝင်ဘဲ တင်ပို့မှု၏ ၃၀% ရှိသည်။ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏အဆိုအရ၊ အီရန် သည် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး ခုနှစ်နိုင်ငံတွင်း ပါဝင်လျက်ရှိပြီး အရေးပါသော စိုက်ပျိုးရေးထုတ်ကုန်များ ၂၂ မျိုးကို ထုတ်လုပ်လျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းတွင် ပထမအကြီးမားဆုံး ထုတ်လုပ်ကုန်သည် ပစ်တာစေ့၊ ဒုတိယ စွန်ပလွံထုတ်လုပ်မှုနှင့် စတုတ္ထပန်းသီးထုတ်လုပ်ခြင်း ဖြစ်သည်။ ထိုအတိုင်းပင် အီရန်သည် ဂျုံထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်သီးနိုင်ငံများအကြား ၁၂ နေရာတွင်ရှိပြီး ၂၀၁၀ ခုနှစ်တွင် အာဂျင်တီးနားသည် ဂျုံထွက်နှုန်းအီရန်ထက် ၂ ဆများခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များ၏ တန်ဖိုးသည် (၂၀၁၁ခုနှစ်မတ်လ အဆုံးသတ်ရေး) အီရန်ပြက္ခဒိန်နှစ် ၁၃၈၉ ခုနှစ်တွင် ၂၀% တိုးမြင့်လာပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၃၀% မြင့်တက်လာသည်။

အီရန်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍသည် လက်ရှိအနေအထားတွင် အခက်များနှင့် ကြုံတွေ့နေရသည်။ ၎င်းတို့အတွင်းမှ အဓိကနှစ်ခုသည် မိုးရေချိန်နည်းပါးမှုနှင့် ရေနံထုတ်လုပ်ရာမှ ရရှိသောဘဏ္ဍာငွေကြောင့် ဖြစ်သည်။ စိုက်ပျိုးရေးထုတ်လုပ်မှုသည် မိုးရေချိန်ပမာဏနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိနေပြီး အတော်များများနေရာတို့သည် ခြောက်သွေ့သည့်အတွက်ကြောင့် ရေမရရှိပါ။ ထို့ကြောင့် ရေသည် စိုက်ပျိုးကုန်ထုတ်လုပ်ရာတွင် အဓိက အရေးပါဆုံးဖြစ်ပေသည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်တွင် အီရန်နိုင်ငံတွင် မိုးခေါင်ခဲ့သည့်အတွက်ကြောင့် စိုက်ခင်းအတော်များများ ပျက်စီးခဲ့ပြီး နိုင်ငံအကျိုးစီးပွား၏ ၉.၃ ရာခိုင်နှုန်းလျှော့ဆင်းစေခဲ့သည်။

အီရန်စိုက်ပျိုးရေးကျဆင်းမှု အခြားအချက်တစ်ချက်သည် ရေနံရောင်းရငွေမှ ဘဏ္ဍာငွေဖြစ်သည်။ သမိုင်းကြောင်းအရ ရေနံဈေးနှုန်းများ မြင့်မားသောလာခဲ့ပြီးနောက်ပိုင်း ကုန်ပစ္စည်းများ တင်သွင်းမှုသည် တဖြေးတဖြေး အရှိန်အဟုန် မြင့်တက်လာသည်။ ထိုအထဲတွင် စိုက်ပျိုးရေးကုန်များလည်း ပါဝင်သည်။ ထိုအကြောင်းအရာသည် နိုင်ငံတွင်းထုတ်လုပ်ကုန်နှင့် စိုက်ပျိုးရေးကို ထိပါးလာစေခဲ့သည်။ ၁၉၇၃ ခုနှစ်နောက်ပိုင်း ရေနံဈေးမြှင့်တက်လာပြီး စိုက်ပျိုးများ နိုင်ငံတွင်း တင်သွင်းမှုသည်လည်း မြင့်တက်လာခဲ့သည်။ ထိုအကြောင်းအရာသည် နိုင်ငံတွင်းစိုက်ပျိုးကုန်ထုတ်လုပ်မှုကို နစ်နာစေခဲ့သည်။ ထိုအတိုင်းပင် ၁၉၇၀ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း စိုက်ပျိုးကုန်တင်သွင်းမှုသည် နှစ်စဉ် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုအချိန်ကာလ ရေနံဈေးသည် တစ်ပေပါလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ရှိခဲ့သည်။ ထိုအချင်းအရာသည် လွန်ခဲ့သောနှစ်အချို့များတွင်လည်း ဖြစ်ခဲ့သည်။ ထိုအကြာင်းအရာတို့သည် စိုက်ပျိုးကုန်တင်သွင်းမှုကို အရှိန်မြင့်တက်လာစေပြီး အိမ်တိုင်းထိုတင်သွင်းကုန်များကို အသုံးပြုလာခဲ့ကြလေသည်။ သို့သော် လွန်ခဲ့သောနှစ်များအတွင်း အီရန်နိုင်ငံတွင် စိုက်ပျိုးကုန်စားသုံးသူများလာမှုနှင့် ကမ္ဘာ့ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် စိုက်ပျိုးကုန်အထွက်တိုးလာခဲ့သည်။

အီရန်အစိုးရသည် စိုက်ပျိုးရေးကဏ္ဍအမျိုးမျိုးအတွက် အထောက်အပံ့များပေးလျက်ရှိနေပြီး အီရန်စိုက်ပျိုးရေးသည်လည်း အခြားနိုင်ငံများကဲ့သို့ အစိုးရအကူအညီများဖြင့် ရပ်တည်လျက်ရှိနေသည်။ အစိုးရသည် လယ်သမားတို့အတွက် ရာသီအလိုက်ဈေးကွက်ကို ကာကွယ်ပေးသောအားဖြင့် ၎င်းတို့ထံမှ ဂျုံကိုနှစ်စဉ် ဈေးအမြင့်ပေးပြီး ဝယ်လေ့ရှိသည်။ အစိုးရသည် ကုန်ထုတ်လုပ်မှု နည်းလမ်းများအတွက်လည်းကောင်း ဓာတ်မြေဩဇာအပြင် ပိုးသတ်ဆေးတို့အတွက်လည်းကောင်း စိုက်ပျိုးရေးနည်းစနစ်များကို တို့းချဲ့လေ့လာနိုင်ရန်လည်းကောင်း များစွာ အထောက်အပံ့များ ပေးလျက်ရှိနေသည်။ ထို့ကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍတွင် စွမ်းဆောင်ရည်တိုးတက်လာဖို့ စဉ်းစားဆင်ခြင်စရာအခွင့်အလမ်းများ ပိုမိုရရှိစေခဲ့သည်။ ဥပမာအနေဖြင့် တင်ပြရမည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍတွင် ၁၀ ရာခိုင်နှုန်းမျှ မြေအောက်ဆည်မြောင်းများတူ၍ ရေးပေးစိုက်ပျိုးရေးစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျန်စိုက်ပျိုးမြေများတွင်မူ ယခုချိန်ထိ နဂိုမူလစိုက်ပျိုးသည့်ပုံစံအတိုင်း စိုက်ပျိုးလျက်ရှိပေသည်။

စိုက်ပျိုးရေးထုတ်ကုန် ဈေးကွက်ယန္တရားသည် အထူးသဖြင့် စနစ်ဟောင်းဖြင့် စိုက်ပျိုးရေးခြင်းနှင့် အစိုးရ၏ ကြားဝင်စွက်ဖက်မှုအမျိုးမျိုးတို့သည် ဈေးကွက်တွင်းဈေးနှုန်း မြင့်မားလာခြင်းမရှိပါ။ ဈေးကွက်တွင်း ချုံကြည့်မည်ဆိုပါက မြောက်များစွာသော ရောင်းဝယ်သူတို့သည် လက်လီ ဖြန့်သူများဖြစ်ကြသည့်အတွက် ၎င်းသူတို့သည် လယ်သမားများထံမှ အဝယ်နည်းကြသည်။ လယ်သမားများကို ခေတ်သစ်ဈေးကွက် ကုန်သည်များထံ လမ်းညွှန်ကြသည်။ အီရန်အစိုးရသည် လွန်ခဲ့သော ခုနစ်နှစ်ကာလတွင် ဈေးကွက်ထိရောက်မှုနှင့် လင်းမြင်သာမှု တိုးတက်စေရန်အတွက် စိုက်ပျိုးထုတ်လုပ်ကုန်များကို ကုန်သွယ်နိုင်ရန် Iran Mercantile Exchange (IME) တွင် ကုန်သယ်ခွင့်ပြုလိုက်သည်။ (IME) တွင် စိုက်ပျိုးရေးထုတ်ကုန် ၂၂ မျိုးကျော်သည် ကုန်သွယ်ရောင်းဝယ်လျက်ရှိသည်။ ထုတ်ကုန်ရောင်းဝယ်မှုသည် ထုထည်အားဖြင့်နှစ်စဉ် တန်ချိန် ၂၀၀၀၀၀ ဖြစ်သည်။ လူများ၏ နေ့စဉ်ဘဝ သက်သာချောင်ချိရေးသည် စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးနှုန်းနှင့် တိုက်ရိုက် ဆက်နွယ် ပတ်သက်မှုရှိနေသည့်အတွက် အစိုးရသည် ကုန်ဈေးနှုန်းများနှင့် ကုန်ပစ္စည်းအမြောက်အများ ပြည်ပမှတင်သွင်းခြင်းကို ထိန်းချုပ်ခြင်း၊ ပြည်သူတို့အား အစိုးရဘက်မှ ထောက်ပံ့ကြေးပေးခြင်းများနှင့် ပြည်ပသို့ နိုင်ငံတွင်းထွက် ကုန်ပစ္စည်းများ တင်ပို့ရောင်းချခြင်းများကို ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လျက်ရှိသည်။

အစိုးရအနေဖြင့် တိုင်းသူပြည်သားများအပေါ် အထောက်အပံ့ပေးမှုနှင့် အစိုးရမှ ဈေးကွက်စီးပွားရေးစနစ်ကို ထိန်းချုပ်ထားမှုကြောင့် စိုက်ပျိုးကုန်ဈေးနှုန်း ကျဆင်းလာမှုများ နည်းပါးသွားမည်ဖြစ်သလို မကြာမီ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများရှိလာနိုင်သည်ဟု မြောက်များစွာသော စီးပွားရေးပညာရှင်များက မျှော်လင့်ထားကြလေသည်။ အစိုးရသည် များမကြာမီကာလတွင် နံပြားဈေးနှုန်းကို နိုင်ငံ၏ လုပ်ဆောင်မှုပိုင်းဆိုင်ရာ အစီအစဉ်များတွင်းမှ အစီအစဉ်တစ်ရပ်အနေဖြင့် လေးဆတိုးမြှင့်ခဲ့ခြင်းမှာ ဂျုံဈေးကွက်ကို လွပ်လပ်မှု ပေးလိုသည့်အတွက် ဖြစ်သည်။ ထို့အပြင် ယခင်က အခြားထွက်ကုန်များ၏ ဈေးကွက်သည် အစိုးရလက်ဝယ်တွင်ရှိခဲ့ပြီး သို့သော်ယခုအခါ ပုဂ္ဂလိက ဈေးကွက်ယန္တရားထံသို့ ရောက်ရှိလာခဲ့လေသည်။ အထူးသဖြင့် လောင်စာဆီဈေးနှုန်း၊ လျှပ်စစ်မီးနှင့် ရေခွန်တို့သည် အလွန်ဈေးတက်ခဲ့သည်။ အစိုးရမှ စားသုံးသူမိသားစုဝင်များအရေအတွက်ကို အခြေခံ၍ စိုက်ပျိုးကုန်များကို အနိမ့်ဆုံးဈေးသတ်မှတ်ခဲ့သည်။ ထိုသို့အနေအထားတွင် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ အဆင့်မြင့်မားရေးအတွက် နည်းစနစ်အသစ်များကို အသုံးပြုပြီး အဆင့်မြှင့်မှုကို လိုလားလျက်ရှိနေကြ၏။

အံအားသင့်ဖွယ်ရာ ရာသီဥတုအမျိုးမျိုးရှိ ဒေသတွင်းဝယ်ယူစားသောက်သူများကလည်း များပြားသလို စိုက်ပျိုးရေးကျောင်းဆင်းများသည်လည်း သိန်းကျော်ရှိနေသော်လည်း အီရန်နိုင်ငံ၏ စိုက်ပျိုးရေးသည် ထင်ထားသလောက် တိုးတက်မလာချေ။ သို့သော် ရှေ့လျှောက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးတွင် တိုးတက်လာနိုင်ရန် အလားအလာရှိနေသည်။ ဝန်ကြီးဟောင်းတစ်ဦးမှ ဤသို့ပြေကြားခဲ့သည်မှာ "အီရန်နိုင်ငံမှာ လွင်ပြင်တွေ ပိုမိုကျယ်ပြန့်လာတယ်။ အလ်ဘိုရ်ဇ်တောင် တောင်ပိုင်းနဲ့ ဇာဂရဇ် အရှေ့ပိုင်းကလူတွေဟာ ပြောင်းရွှေ့ကုန်ကြလိမ့်မယ်။ လူဦးရေ ၇၅ သန်းအနက် ၄၅ သန်းဟာ ၎င်းတို့၏ဘဝ လုံချုံမှုမရှိသောအနေအထားမျိုးနှင့်ရင်ဆိုင်ကြရမယ်။"[၃၂]

ခရီးသွား[ပြင်ဆင်ရန်]

လာဟီဂျာန်း လက်ဖက်ခြံအတွင်း မခူးမီကာလအချိန်၊ မြောက်ပိုင်းအီရန်နိုင်ငံ။

အီရန်သည် ၁၉၆၀ခုနှစ် ကိုယ်ပိုင်စိုက်ပျိုးနည်းစနစ်များ ထုတ်လုပ်နိုင်ခဲ့ပြီးနောက်ပိုင်း ၁၉၇၉ ခုနှစ်တွင် ၆၅ ရာခိုင်းနှုန်းသော စားသောက်ကုန်များကို ပြည်ပမှ တင်သွင်းရန်ဆုံးဖြတ်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဓာတ်မြေဩဇာများသုံး၍ ခေတ်သစ်နည်းများဖြင့် စိုက်ပျိုးမှုသည် အီရန်မြေဆီလွှာကို ပျက်စီးစေခဲ့တယ်လို့ ဆိုခဲ့ကြသည်။ မြေယာပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ မဖြေရှင်းမီ စိုက်ပျိုးရေးဖြင့် နိုင်ငံအကျိုးစီးပွား တိုးမြှင့်ရန် ရည်ရွယ်ချက်မရှိခြင်းနှင့် စိုက်ပျိုးကုန်များမှ အကျိုးအမြတ်နည်းပါးမှုတို့သည် လယ်သမားများကို မြို့နေလူတန်းစားများဖြစ်လာအောင် ဖန်တီးပေးခဲ့ကြသည်။

၁၉၇၉ ခုနှစ်ကတည်းက စီးပွားဖြစ် လယ်ယာစိုက်ပျိုးစိုက်ပျိုးရေးထုတ်လုပ်မှုကို ဝမ်းစာစိုက်ပျိုးရေးအဖြစ်နဲ့ အစားထိုးခဲ့သည်။ အခြားမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အောင်မြင်သော သီးနှံထုတ်လုပ်မှုများအတွက် မိုးရေကို အားထားခဲ့ကြသည်။ သို့သော် အချို့သော ရေရှားပါးဒေသများတွင် ရေသွင်း၍ အောင်မြင်စွာ စိုက်ပျိုးမှုများ ပြလုပ်ခဲ့ကြသည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေးပြီးဆုံးသွားချိန်တွင် အနောက်တိုင်းတို့နှင့် စီးပွားရေးလုပ်ဆောင်မှုများကို လျှော့ချရန် ရည်ရွယ်၍ နိုင်ငံတွင်း စားသောက်ကုန်ဖူလုံရေး လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့သည်။ ဆန်စပါးနှင့် အခြားအဓိကလိုအပ်သော ကုန်ပစ္စည်များ ထုတ်လုပ်နိုင်ရန်အတွက် အစိုးရဘက်မှ ကူညီဆောင်မမှုများပြုလုပ်ခဲ့ပြီး ဥပဒေဘောင်တွင်းမှ လယ်သမားများကို ချေးငွေထုတ်ချေးခြင်းနှင့် အခွန်အခများ ကင်းလွတ်ခွင့်များ ပေးခဲ့သည်။ ထိုအချိန်တွင် အီရန်အစိုးရအသစ်သည် နိုင်ငံတွင်း ကိုယ်ထူကိုယ်ထလုပ်ငန်းစဉ်များ ဆောင်ရွက်ရေးအတွက် အထူးစီမံခဲ့လေသည်။ သို့သော်လည်း အီရန်နိုင်ငံတွင် ၁၉၈၇ အစပိုင်းကို ၁၉၇၀ ခုနှစ်များနှင့်ယှဉ်ကြည့်ပါက စိုက်ပျိုးကုန်တင်သွင်းမှုသည် ပိုမိုများပြားမှုရှိခဲ့ကြောင်း တွေ့ရပေသည်။ 

၁၉၉၇ ခုနှစ်တွင် အီရန်နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်များ၏စုစုပေါင်းတန်ဖိုးက $ ၂၅ ဘီလီယံဖိုးအထိရောက်ရှိခဲ့သည်။ ၂၀၀၀ ခုနှစ် ဆောက်လုပ်ရေးဂျီဟတ်အဖွဲ့နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန တို့သည် စိုက်ပျိုးရေး ကဏ္ဍတိုးချဲ့မှုဝန်ကြီးဌာနအဖြစ် အမျိုးသားရေးဥပဒေပြုခြင်းဖြင့် ပေါင်းစည်းဖွဲ့ခဲ့သည်။

၁၉၉၉-၂၀၀၀ ခုနှစ် မိုးခေါင်မှုများကြောင့် ၄.၄% စိုက်ပျိုးကုန်ထုတ်လုပ်မှုအား ကျဆင်းခဲ့သည်။ ထို့ကြောင့် ရေနံအပြင် အခြားကုန်တင်ပို့ရောင်းချမှု နည်းပါးခဲ့သလို စားကုန်တင်သွင်းအသုံးပြုများ မြှင့်တက်လာသလို ငွေကြေးဖေါင်းပွမှုများ အရှိန်မြင့်တက်ခဲ့သည်။[၃၃] ၂၀၀၃ ခုနှစ်တွင် ရေနံအပြင်အခြားကုန် တင်ပို့ရောင်းချမှုသည် အီရန်နိုင်ငံတွင် စိုက်ပျိုးကုန်များဖြစ်ခဲ့သည်။[၃၄] ၂၀၀၄ခုနှစ်တွင် တိုင်းပြည်အတွင်း စိုက်ပျိုးရေးနှင့် ဆက်စပ်ထုတ်ကုန်များ အရောင်းအဝယ်ဖြစ်စတင်ခဲ့သည်။ အီရန်နိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ၂၀၀၄ ခုနှစ်တွင် ဂျီဒီပီ၏ ၁၁ရာခိုင်နှုန်းကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မိမိနှင့်သက်ဆိုင်ကြောင်းအပြင် လုပ်သားအင်အားသုံးပုံတစ်ပုံသည်လည်း မိမိတို့ဘက်မှဖြစ်ခဲ့သည်။

မြေပြင်၏ ၁၂၃.၅၈၀ စတုရန်းကီလိုမီတာကို စိုက်ပျိုးရေးကဏ္ဍများတွင် အသုံးပြုပြီး စိုက်ပျိုးမှုပြုလုပ်နေခြင်းသည် အီရန်နိုင်ငံ၏ စီးပွားရေးနှင့် အဓိကသက်ဆိုင်နေကြောင်း သိပါသည်။ ၎င်းတွင်းမှ ၁၃ ရာခိုင်နှုန်းသည် အီရန်နိုင်ငံ၏ ဂျီဒီပီကုန်ထုတ်လုပ်မှု၊ ၂၀ရာခိုင်နှုန်းသည် အလုပ်သမားများ၏ စွမ်းဆောင်မှု၊ ၂၃ ရာခိုင်နှုန်းသည် ရေနံမှလွဲ၍ အခြားမှရရှိသော အကျိုးအမြတ်၊ ၈၂ ရာခိုင်နှုန်းသည် နိုင်ငံတွင်းစားသောက်ကုန်ပစ္စည်းတွင် အသုံးပြုခြင်းနှင့် ၉၀ရာခိုင်နှုန်းသည် စက်မှုလုပ်ငန်းကုန်ကြမ်းအတွက် (၂၀၀၈)တွင် အသုံးပြုခဲ့သည်။[၃၅]

အာရုံစူးစိုက်ဒေသများ[ပြင်ဆင်ရန်]

အီရန်ငါးဖမ်းသမားများ ကက်စပီယံပင်လယ် 
  • စိုက်ပျိုးရေးအတွက် အာရုံစူးစိုက်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
  • စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးစက်မှုဇုန်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးနှင့် အနိမ့်ဆုံးအတိုးချေးငွေများ။ 
  • တိုင်းပြည်စားသောက်ကုန် လိုအပ်ချက်များတွင် ဖူလုံမှုရှိခြင်းအပေါ် စိတ်ချယုံကြည်ခြင်း။ 
  • စိုက်ပျိုးရေးနှင့် စက်မှုစီမံကိန်းများတွင် လိုအပ်သော ထုတ်ပိုးခြင်းနှင့် ရေပို့ဆောင်မှုလုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်။ 
  • ဒေသခံထုတ်လုပ်မှုအပေါ် နည်းပညာလွှဲပြောင်း နိုင်ငံခြားစာချုပ်များအတွက် လိုအပ်သောအပိုဒ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းများနှင့် ကိရိယာများပေးခြင်း။ စိုက်ပျိုးရေးကဏ္ဍများတွင် နိုင်ငံခြားချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈ ခုနှစ်တွင် သန်း၅၀၀ ဒေါ်လာကျော် ဖြစ်ခဲ့သည်။ စိုက်ပျိုးရေးနှင့်စက်မှုစီမံကိန်းများအတွက်အစိုးရချေးငွေ ပံ့ပိုးမှု။

စိုက်ပျိုးရေး မွေးမြူရေး အဆောက်အဦးများ[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် အီရန်နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးမြေနေရာလွတ်များ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး အဆောက်အဦး ပေါင်း ၇၀၀ ကို ဆောက်လုပ်ခဲ့သည်။ ထိုအဆောက်အဦးများသည် ကြက်မွေးမြူရေးလုပ်ငန်းများ၊ တိရိစ္ဆာန်ဥယျာဉ်၊ ငါးမွေးရန်ကန်များနှင့် ပန်းစိုက်ပျိုးခြင်းလုပ်ငန်းများအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။။[၃၆]

စက်မှုလယ်ယာစိုက်ပျိုးရေး[ပြင်ဆင်ရန်]

အီရန်အတွက် စက်မှုလယ်ယာလုပ်ငန်း နှေးကွေးခဲ့သော်လည်း မှန်မှန်ဖွံ့ဖြိုးကြီးထွားခဲ့သည်။ သဘ်ရေးဇ် နှင့် အရားက် စက်မှုအဆောက်အဦးသည် အီရန်စက်မှုလယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော စက်ယန္တရားနှင့် ကိရိယာများကိုထုတ်လုပ်သည့် အကြီးဆုံးထုတ်လုပ်သောမြို့များ ဖြစ်ကြသည်။ စပါးရိတ်သိမ်းစက် ၁၂၀၀၀ နှင့် လယ်ထွန်စက် ၃၀၀၀၀၀ ကို လက်ရှိကာလတွင် ထုတ်လုပ်ကာ (၂၀၀၇) တွင် အသုံးပြုခဲ့ကြသည်။ သဘ်ရေးဇ်မြို့ရှိ ထွန်စက်ထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ သည် နှစ်၄၀ အကြာက စတင်တည်ထောင်ခဲ့သည်။ လူဦးရေ ၁၀၀၀၀ ခန့် အလုပ်သမားရှိ၍ နှစ်စဉ်လယ်ထွန်စက် ၃၀၀၀၀ ထုတ်လုပ်ရောင်းချမှုသည် ကြီးမားသော တင်ပို့မှုတစ်မျိုး ဖြစ်ပေသည်။ အီရန်သည် ၂၀၀၈ ခုနှစ်တွင် ရေသွင်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းများ နှင့် စိုက်ပျိုးရေးစက်ပစ္စည်းကရိယာ အလုံအလောက်ရှိကြောင်း ကြေငြာခဲ့သည်။[၃၇]

ထုတ်လုပ်မှုနှင့်စားသုံးမှု[ပြင်ဆင်ရန်]

(၂၀၀၉) ခုနှစ်တွင် အီရန်နိုင်ငံတွင်း၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံပေါင်း ၂၂၀၀၀ ရှိသည်။ ထိုစက်ရုံများမှ ကုန်ထုတ်လုပ်နိုင်စွမ်းသည် အီရန်တော်လှန်ရေးဖြစ်နေချိန်နှင့် တော်လှန်ရေးမတိုင်မီကာလများတွင် တန်ချိန်ပေါင်း ၈ သန်းမှ တန်ချိန် ၆၀ သန်းထိ မြင့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စိုက်ပျိုးထွက်ကုန်ပစ္စည်းသည် တန်ချိန်ပေါင်း ၁၀၈ သန်းထိ ရောက်ခဲ့မှုသည် ၂၀၀၇ ခုနှစ်ထက် တန်ချိန် ၂၀ သန်း ပိုမိုထွက်ခဲ့သည်ကို သက်သေထူနေပေသည်။။[၃၈]

လူတစ်ဦးစားသုံးမှု(အရင်းအမြစ်:EIU) ၂၀၀၉ ၂၀၁၀ 
အသားစားသုံးမှု(ကီလိုဂရမ်) ၂၇ ၂၇
နို့စားသုံးမှု(လီတာ) ၆၄ ၆၅
အသီးစားသုံးမှု(ကီလိုဂရမ်) ၁၇၂ ၁၇၃
ဟင်းသီးဟင်းရွက်စားသုံးမှု(ကီလိုဂရမ်) ၁၈၄ ၁၈၆
လက်ဖက်စားသုံးမှု(ကီလိုဂရမ်) ၀.၉ ၀.၉

အီရန်အစိုးရ၏မူဝါဒတစ်ခုသည်စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ဖူလုံရေးအတွက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင်၉၆ ရာခိုင်နှုန်းစိုက်ပျိုးရေး၏အရေးကြီးထွက်ကုန်များဖြင့် ဖူလုံစေခဲ့သည်။သို့သော် ခြွေတာရန်၊ စုဆောင်းရန်၊ ဈေးကွက်ဝင်ဆန့်မှု စားကုန်နည်းပါးသွားမည်ကို စိုးရိမ်မှုတို့သည် ထွက်ကုန်၏ ၃၀ ရာခိုင်နှုန်းသာရှိခဲ့သည်ကို (အချို့သတင်းရပ်ကွက်များအရသိရသည်)  [၃၉][၄၀]

၂၀၀၇ခုနှစ် ကမ္ဘာ့အဆင့်အီရန်နိုင်ငံ၏အကြီးများဆုံးသော ထုတ်ကုန်များသည်အောက်ပါအတိုင်းဖြစ်ပါသည်။[၄၁]

World Ranking Commodity; (Source: FAO)
ပစ်တာစေ့၊ ဇီရိရှ်က် ငါးဥ၊ ဇာဖရာန်၊ ကျောက်ခေတ်သစ်သီးများ၊ ဘယ်ရီသီးတစ်မျိုး
စွန်ပလွံသီးများ၊ ဘင်္ဂလားဆီးသီး
ဖရဲသီး၊ ချယ်ရီသီး၊ သခွားမွှေးသီးများနှင့် ဖရဲသီးအမျိုးမျိုး၊ ပန်းသီး၊ သင်္ဘောသဖန်းသီး၊ သခွားပုမျိုး
သိုးအုပ်၊ သစ်သီးဝလံ၊ ချဉ်စော်ကားသီး၊ သိုးမွှေး၊ ဘာဒံသီး၊ သစ်ချသီး
စမုံစပါး၊ နာနတ်ပွင့်စေ့၊ စမုန်စပါးတ်မျိုး၊ နံနံစေ့၊ ကုလားပဲ၊ ပိုးတီကောင်ပိုး
ကြိမ်စေ့ ကျွဲနို့၊ ခရမ်းချဉ်သီး
စပျစ်သီး၊ ကြက်သွန် ချယ်ရီချဉ်သီး၊ သိုးနို့၊ ကီဝီသီး
ဟင်းခတ်အမွှေးများ၊ မက်မွန်သီး၊ ရှလီးလ်အသီး အခွံပွလိမ္မော်သီး၊ လိမ္မော်သီး ပျားလိမ္မော်ရှောက်အမျိုးမျိုး၊ လိမ္မော်သီးအကြီးမျိုး၊ ဆိတ်နို့,၊ ဖရုံသီး၊ သခွားမွှေးသီး နှင့် ဘူးသီး
ပဲရာဇာ
၁၀ တည်သီး၊ လက်ဖက်၊ သဘာဝပျားရည်
၁၁ လျှော်
၁၂ သစ်သီးဝလံ၊ ဂျုံ၊ ဇီးသီး နှင့် မက်မန်းသီး
၁၃ ဖရဲသီ:မျိုးစေ့များ၊ ကြက်ဥ၊ ခရမ်း (Aubergines)
၁၄ သကြားမုံလာ၊ ဟင်းသီးဟင်းရွက်များ၊ မုယောစပါး၊ အာလူး
၁၅ ပန်းမျိုးစေ့ အရွက်ထုပ်ဟင်းပင်တစ်မျိုး
ကုန်စည်; (အရင်းအမြစ်: ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့) နိုင်ငံတကာတန်ဖိုးငွေ$၁၀၀၀ မက်ထရစ်

တန်ချိန်အရေအတွက်

နွားနို့ ၁,၇၁၅,၃၁၃ ၆,၅၀၀,၀၀၀
စပျစ်သီး ၁,၃၉၁,၇၀၀ ၂,၉၀၀,၀၀၀
ခရမ်းချဉ် ၁,၁၈၄,၆၅၀ ၅,၀၀၀,၀၀၀
ဂျုံစပါး ၁,၁၆၉,၆၀၃ ၁၅,၀၀၀,၀၀၀
ပန်းသီး ၇၆၄,၀၀၅ ၂,၆၆၀,၀၀၀
ပစ်တာစေ့ ၇၆၀,၁၈၄ ၂၃၀,၀၀၀
အာလူး ၇၂၉,၆၀၁ ၄,၅၀၀,၀၀၀
ကြက်မကြက်ဥ ၅၄၃,၅၄၃ ၇၁၁,၀၀၀
ဆန် ၄၇၁,၁၃၅ ၂,၈၀၀,၀၀၀
လိမ္မော် ၄၀၄,၂၀၂ ၂,၃၀၀,၀၀၀
ဖရဲ ၃၄၄,၀၉၁ ၃,၃၀၀,၀၀၀
လတ်ဆတ်သော ဟင်းသီးဟင်းရွက် ၃၂၈,၃၈၇ ၁,၇၅၀,၀၀၀
စွန်ပလွံသီး ၃၁၃,၄၇၀ ၁,၀၀၀,၀၀၀
ကြက်သွန်နီ၊ သွေ့ခြောက် ၃၁၃,၂၉၃ ၁,၇၀၀,၀၀၀
သခွားသီး နှင့် သခွားပု ၂၉၀,၁၄၆ ၁,၇၂၀,၀၀၀
သကြားမုံလာဉနီ ၂၄၃,၉၅၉ ၅,၃၀၀,၀၀၀
သစ်သီးဝလံ ၂၂၃,၃၁၄ ၁,၄၀၀,၀၀၀
သခွားမွှေးသီး ၂၁၈,၀၉၁ ၁,၂၃၀,၀၀၀
သစ်ချသီး ၂၀၈,၅၀၆ ၁၇၀,၀၀၀
ချယ်ရီသီးများ ၁၉၆,၃၁၇ ၂၂၅,၀၀၀

ပို့ကုန်[ပြင်ဆင်ရန်]

စိုက်ပျိုးရေးပို့ကုန် ၂၀၀၄ နှင့်၂၀၀၅ ခုနှစ်များတွင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနှင့် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၂.၆ဘီလီယံ ဒေါ်လာတွင် ရှိနေခဲ့၏။ စိုက်ပျိုးရေးပို့ကုန်အများစုမှာ လတ်ဆတ်သော အသီးအနှံ၊ အသီးခြောက် အခွံမာစေ့အမျိုးမျိုး၊ တိရစ္ဆာန်သားရေ၊ ထုတ်ပိုးထားသောအစား အစာ၊ ငါးဥ နှင့်ဟင်းချက်နံ့သာ အမျိုးမျိုးနှင့် အချဉ်စိမ်အစားအစားများပါဝင်သည်။ ပစ်တာစေ့၊ စပျစ်သီးခြောက်၊ စွန်ပလွံများနှင့် ရွှေဝါရောင်(ဇာဖရာန်)တို့သည် တန်ဖိုးကြီးပို့ကုန်ထုတ်ကုန်များ ဖြစ်ကြသည်။ စိုက်ပျိုးရေးထုတ်ကုန်များသည် နှစ်စဉ် တန်ချိန် ၈ သန်း (၂၀၀၈ခုနှစ်) တင်ပို့လျက်ရှိသည်။ သို့သော် အီရန်ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန် ၃.၂ သန်း တန်ချိန်စုစုပေါင်းတန်ဖိုး $ ၃.၂ဘီလီယံ သာ တင်ပို့မှုရှိခဲ့သည်။ ထိုအချင်းအရာသည် ၆.၁ ရာခိုင်နှုန်း ယခင်တစ်နှစ်ကျော် ထက် တိုးတက်လာကြောင်း ဖော်ပြပေးနေသည်။ စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအသောက်များ ထုတ်လုပ်တင်ပို့ရောင်းချမှုမှ ဝင်ငွေသည် ၂၀၁၂ ခုနှစ် မှ ၂၀၁၃ ခုနှစ် ၂၁ ဖေဖော်ဝါရီမှ မတ်လအဆုံးထိ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံခန့်ရှိခဲ့၏။ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ မတ်လကုန်အတွင်း စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအသောက်များ ထုတ်လုပ်တင်ပို့ရောင်းချမှုမှ ဝင်ငွေသည် ၂၇ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံအထိ ရောက်ခဲ့သည်။

စားသောက်ကုန်[ပြင်ဆင်ရန်]

အီရန်နိုင်ငံတွင် အစားအစာစက်မှုလုပ်ငန်းပေါင်း ၁၂,၁၉၈ ဖွဲ့ ရှိနေသည်။ သို့မဟုတ် ၁၂ရာခိုင်နှုန်းသော သူတို့သည် စက်မှုလုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေကြသည်။ အီရန်နိုင်ငံသား ၃၂၈၀၀၀ သို့မဟုတ် ၁၆.၁ ရာခိုင်နှုန်းသည် အလုပ်သမားတို့သည် စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ကြသည်။ အီရန်သည် ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ ၇၃၆ သန်း ဖိုး စားသောက်ကုန် ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ၁ ဘီလီယံဒေါ်လာ တန်ဖိုးရှိသော စားသောက်ကုန်တန်ချိန်(၆၀၀၀၀၀)ကို တင်ပို့ရောင်းချနိုင်ခဲ့သည်။ အီရန်သည် အလ်ကိုဟော မပါဝင်သော အအေးဗူးများ၊ ရေသန့်များ၊ ဘီစကွတ်မုန့်များ၊ ချောကလက်များ၊ အချိုမုန့်များ၊ စားသုံးဆီများ၊ နို့ထွက်ပစ္စည်းများ၊ စားသောက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံများ၊ ယိုအမျိုးမျိုး၊ ဂျယ်လီများ၊ ခေါက်ဆွဲအမျိုးမျိုး နှင့် သစ်သီးဖျော်ရည် အမျိုးမျိုးကို အီရတ်၊ အာဖဂန်နစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ တာဂျစ္စတန်၊ အာရှနိုင်ငံများနှင့် ရုရှားနိုင်ငံ အပြင် ယူကရိန်းနိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဆော်ဒီနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အာရပ်စော်ဘွားနိုင်ငံများဖြစ်ကြသော ကာတာနိုင်ငံ၊ ဒူဘိုင်း၊ အိုမန်၊ ဆီးရီးယားနှင့် အခြားဥရောပနိုင်ငံများဖြစ်ကြသော ဂျာမနီ၊ စပိန်၊ ဟော်လန်၊ ပြင်သစ်၊ သို့လည်းကောင်း ကနေဒါ၊ ဗင်နီဇွဲလား၊ ဂျပန်၊ တောင်ကိုရီးယားနှင့်တူရကီ နိုင်ငံများသို့လည်းကောင်း မိမိ၏စားသောက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။[၄၂][၄၃]

အစိုးရမူဝါဒ[ပြင်ဆင်ရန်]

အီရန်နိုင်ငံစိုက်ပျိုးရေး၏ အစိုးရမူဝါဒ သီအိုရီများတွင် လယ်သမားကို ထောက်ပံ့ရန်အတွက်နှင့် အရေးကြီးသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အားပေးခြင်းဖြစ်သည်။ ထိုမူဝါဒတွင် ရည်ရွယ်ချက်နှစ်ခုရှိသည် ။ ပထမရည်ရွယ်ချက်မှာ အာမခံဈေးနှုန်းဖြင့် အထူးကုန်များကို ဝယ်ယူရန်နှင့် ဒုတိယရည်ရွယ်ချက်မှာ လယ်ယာစိုက်ရေးတွင် ထောက်ပံ့မှုများပေးပြီး အထူးစိုက်ပျိုးကုန်များ ထုတ်လုပ်နိုင်ရန် အားပေးခြင်းတို့ဖြစ်၏။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် လယ်သမားများထံ အာမခံဈေးနှုန်းဖြင့် ကောက်ပဲသီးနှံများ ဝယ်ယူရန် မူတစ်ခုချမှတ်ခဲ့ပြီး လုပ်ဆောင်ခဲ့လေသည်။ ပျမ်းမျှအားဖြင့် လွန်ခဲ့သော ၁၅ နှစ်ကာလတွင် ငွေကြေးဖောင်းပွမှုများ ရှိခဲ့မှုကြောင့် အာမခံဈေးနှုန်းသည်လည်း မြင့်တက်လာခဲ့သည်။ ထိုသို့မြင့်တက်လာသည်နှင့်အမျှ အစိုးရဘက်မှ ပြည်သူလူထုကို ထောက်ပံ့ကြေးပေးမှုသည်လည်း စားသောက်ကုန်များ ဝယ်ယူစားသုံးရန်အတွက် နှစ်စဉ်ခြားနားမှုများရှိသည်။[၂၁]

၁၉၉၀ ခုနှစ် နှစ်ကုန်ပိုင်းနှင့်၂၀၀၀ ခုနှစ်အစောပိုင်းတွင် အီရန်အစိုးရမှ စိုက်ပျိုးရေးစီမံကိန်းရေးဆွဲ ပြဋ္ဌာန်းချက်သည် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ အစိုးရ၏ ကောက်နုတ်ချက်အရ ၁၉၉၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် အီရန်နိုင်ငံတွင် စီးပွားရေးကဏ္ဍ စီမံကိန်းနှစ်ခု တပြိုင်နက် ဖြစ်ခဲ့သည်။ ထိုစီမံကိန်းတွင် ၄၀.၅ ရာခိုင်နှုန်းသာ (မော်ဒန်လိုင်ဇေးရှင်း) ခေတ်သစ်စိုက်ပျိုးရေးစနစ် ထည့်သွင်းဖော်ပြခဲ့ပြီး ထိုသို့ပြဋ္ဌာန်းထားသော စီမံကိန်းအတိုင်း လုပ်ဆောင်ခဲ့သည်။ ၄၀.၂ ရာခိုင်နှုန်းကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဘဏ္ဍာရေး ကတိကဝတ်ပြုခဲ့သည်။။

ဂျုံသည် အီရန်၏ အဓိက စိုက်ပျိုးထုတ်လုပ်ကုန်ဖြစ်သည့်အတွက် (ဂျုံစိုက်သူတို့သည်) အစိုးရဘက်မှ အကြီးမားဆုံးသော ထောက်ပံ့မှုများ ရရှိလျက်ရှိနေသည်။ ဂျုံထွက်နှုန်းသည် ၁၉၉၀ မှ ၂၀၀၅ အတွင်း အလျင်အမြန် အရှိန်မြင့်တက်ခဲ့သည်။ ၂၀၀၃ မှ ၂၀၀၄ ထိ ဘတ်ဂျက်ကာလတွင် ဂျုံစိုက်သူတို့အတွက် ထောက်ပံ့မှုသည် ၁၇.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုသို့မြင့်တက်မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိသည်။ ၁၉၈၁ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အတွင်း ဂျုံစိုက်မြေဧရိယာသည် ဟက်တာပေါင်း ၅ သန်းရှိနေခဲ့သည်။ ထိုမှထွက်ကုန်သည် တန်ချိန် ၅.၇ သန်းရှိပြီး တန်ချိန် ၁၁ သန်း အထွက်နှုန်း ပိုလာခဲ့သည်။

အစိုးရသည် ၁၉၉၀ ခုနှစ်မှစ၍ လယ်သမားများကို ကူညီထောက်ပံ့ရေးစီမံကိန်း စတင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုသည် စိုက်ပျိုးရေးထုတ်ကုန်များ အာမခံဈေးနှုန်း ရရှိစေရန်အတွက်လည်းကောင်း မျှော်မှန်းထားသော အကျိုးအမြတ်ရရှိရန်အတွက်လည်းကောင်း အစိုးရမှ ကိုယ်တိုင်ရင်းနှီးမြုပ်နှံမှု ပြုနိုင်ရန်အတွက်လည်းကောင်း ပြည်ပနှင့် စီးပွားရေးပြေပြစ်စွာ ပြုလုပ်နိုင်ရန်အတွက်လည်းကောင်း ဖြစ်သည်။ ထိုသို့ လယ်ယာစိုက်ပျိုးရေးတွင် အစိုးရဘက်မှ ထောက်ပံမှုများ ပေးခဲ့သည့်အတွက်ကြောင့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ဂျုံ၊ သကြားနှင့် အမဲသားတင်သွင်းနှုန်းများသည် ၇၇.၇ ရာခိုင်နှုန်း၊ ၃၉.၆ ရာခိုင်နှုန်း၊ ၈၈.၂ ရာခိုင်နှုန်း စသဖြင့်လျှော့ကျသွားခဲ့သည်။ တပြိုင်နက်မှာပင် ၁၉၈၉ခုနှစ်တွင် စိုက်ပျိုးရေးထုတ်လုပ်ကုန် တန်ဖိုး ဒေါ်လာ၄၆၁.၅ သန်းဖိုးဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဒေါ်လာ ၁.၇ ဘီလီယံထိ တိုးခဲ့သည်။ ထိုအချိန်ကာလတလျှောက်လုံး စားသောက်ကုန်များနှင့် အသားထွက်နှုန်းတန်ဖိုးသည် ဒေါ်လာ၁.၃၇ ဘီလီယံမှ ၂.၆၅ ဘီလီယံဒေါ်လာထိ တိုးခဲ့သည်။

သွင်းကုန်[ပြင်ဆင်ရန်]

အတိတ်ကာလ၌ အီရန်ပုဂ္ဂလိကကဏ္ဍ စပါးတင်သွင်းမှုနှင့် ဆီထွက်သီးနှံများတင်သွင်းမှုကို ကုန်များ၏ အဓိကကိုင်တွယ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ အစိုးရသည် မိမိ၏ကုန်သွယ်ရေးကော်ပိုရေးရှင်း (GTC) မှတဆင့် အရှိန်မြှင့်ခဲ့သည်။ Logistic Co. , (SLAL) သည် မွေးမြူရေး ရေးရာအေဂျင်စီနှင့် စိုက်ပျိုးကုန်ထုတ် အေဂျင်စီ သည် အလွန်ကြီးမားသော ကုမ္ပဏီဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် စိုက်ပျိုးရေးသွင်းကုန် ဒေါ်လာ၃.၅ ဘီလီယံမှာ ရပ်တန့်နေသော်လည်း ၂၀၀၅ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အကြား မာမွတ်မက်ဒီနီဂျက်၏ သမ္မတသက်တမ်းကာလအတွင်း သွင်းကုန်သည် အလျင်အမြန် အရှိန်မြင့်တက်လာခဲ့သည်။ ဝယ်ယူတင်သွင်းမှုတန်ဖိုးသည် ၂၀၁၂-၂၀၁၃ မတ်လ၂၁ အဆုံးထိ ဒေါ်လာ ၁၃.၂၁၄ ဘီလီယံထိ မြင့်တက်လာခဲ့သည်။

အီရန်သည် ၂၀၁၅ တွင် ကမ္ဘာ့ထိပ်ဆုံးဂျုံ၊ မုယောစပါးနှင့် ဆန်ဝယ်လက် လေးဦးအနက် တစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် အကြီးဆုံးကုန်ကြမ်းသကြားတင်သွင်းသူ ၁၀ ဦးအနက် တစ်ဦး ဖြစ်ခဲ့ပြန်သည်။ အချို့သောဂျုံများ တင်သွင်းမှုအရှိန်အဟုန် မြင့်မားလာရသည့်အကြောင်းအရင်းမှာ ဂျုံနှင့်မုယောစပါးအပေါ် အခွန်အခ မရှိသည့်အတွက်ကြောင့်လည်းကောင်း အီရန်လယ်သမားများသည် တင်သွင်းကုန်များကို ဝယ်ယူပြီးပြန်လည်ရောင်းချမှုများ ရှိနေသည့်အတွက်ကြောင့်လည်းကောင်း တင်သွင်းရာတွင် ကုန်ကျစားရိတ် နည်းပါးသည့်အတွက်ကြောင့်လည်းကောင်း စက်မှုလက်ငန်းများ တိုးတက်လာသည့် အတွက်ကြောင့်လည်းကောင်းဖြစ်ပေသည် ဟု အစီရင်ခံစာ တစ်ရပ်တွင် တွေ့မြင်ရသည်။ ၂၀၁၄-၂၀၁၅ ခုနှစ် မတ်လအကုန်ထိ စိုက်ပျိုးကုန်ထွက်ရှိမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ နှင့် ၂၀၁၆ ခုနှစ် မတ်၂၁ နေ့ထိ စိုက်ပျိုးထွက်ကုန် တန်ဖိုးမှာ ၉ ဘီလီယံဒေါ်လာဖြစ်ခဲ့သည်။

စက်မှုလုပ်ငန်းစံချိန်စံညွှန်း[ပြင်ဆင်ရန်]

အီရန်သည် အသားနှင့် ဂျုံအပါအဝင် စိုက်ပျိုးရေးကုန်တင်သွင်းမှု အတော်များများများအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားပြီး သံသမန်များအကြား လက်မှတ်ရေးထိုးကြသည်။ အဆိုပါ လက်မှတ်ရေးထိုးမှုသည် များသောအားဖြင့် တိုင်းပြည်တစ်ခုကို အခြေခံ၍ အခြားတိုင်းပြည်တစ်ခုနှင့် ညှိနှိုင်းခြင်းဖြစ်ပြီး အီရန်နိုင်ငံသည် ကုန်ပစ္စည်းမသယ်ယူမီ ကြိုတင်စိစစ်ပြီးမှ သယ်ယူရန် တင်ပြလာခဲ့သည်။

အီရန်အကောက်အခွန်နှင့် အီရန်မွေးတိရစ္ဆာန်မွေးမြူရေးအသင်းတို့သည် တင်သွင်းလာသော စားသောက်ကုန် အထူးသဖြင့် နို့ထွက်ပစ္စည်းများကို အထူးစိစစ်လျက်ရှိနေသည်။

အသားတင်သွင်းမှုတွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ ထောက်ခံစာလိုအပ်ပြီး အီရန်အစိုးရသည် အသားသတ်ရာတွင် တိရစ္ဆာန်ဆရာဝန်များနှင့် ရှီအာဓမ္မပညာရှင်များရှိနေစေရန် အနေဖြင့် အထူးစိစစ်ရန် အတွက် တိုက်တွန်းထားလေသည်။

၂၀၀၂ ခုနှစ်တွင် Codex စားနပ်ရိက္ခာ ကော်မရှင်ကို စတင်ထူထောင်ခဲ့ပြီး ထိုအဖွဲ့အစည်း၏တာဝန်များမှာ ထုတ်ကုန်များ မတူညီသော ကမ္ဘာလုံးဆိုင်ရာစံချိန်စံညွှန်း များ နှင့် ကိုက်ညီရန် ထိန်းသိမ်းခြင်း စိုက်ပျိုးရေးထုတ်ကုန်ကြမ်းများနှင့် စားသောက်ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုသည်စံချိန်စံညွှန်းများ၊ အရည်အသွေးနှင့် ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ဖြစ်စေရန် စောင့်ကြပ်ရေးတာဝန်ခံများ ဖြစ်သည်။

သစ်ပင်များကာကွယ်စောင့်ရှောက်ရေးအသင်း[ပြင်ဆင်ရန်]

သစ်ပင်နှင့်ဥယျာဉ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သည် သစ်ပင်ပန်းမံ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လိုင်စင်ထုတ်ပေးရေးအဖွဲ့ ဖြစ်သည်။ ထိုလိုင်စင်တွင် ပါဝင်သောအရာများမှာ - အခိုင်ရှိသော ပန်း၊ ဆူး၊ အမြစ်၊ အသီး၊ အပွင့်၊ အရွက်တို့အားလုံး ပါဝင်သည်။ တင်သွင်းမှု၊ ထုတ်ပိုးတင်ပို့မှု ခွင့်ပြုသောအခြားအရာများမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သစ်ပင်အားဆေးတို့ ဖြစ်သည်။[၄၄]

သုတေသနနှင့်ဖွံဖြိုးရေး[ပြင်ဆင်ရန်]

အီရန်နိုင်ငံ ပြည်သူများသည် စားသောက်ကုန်များအပေါ် အာရုံစူးစိုက်မှုသည် ၁၉၆၁ ခုနှစ်တွင် ဒေါက်တာ ဟဘီဘွလ္လာဟ် ဟေဒါယသ် တည်ထောင်ခဲ့သော အဟာရ နှင့်စားနပ်ရိက္ခာသိပ္ပံ (INFSI) ပေါ်ပေါက်လာပြီးနောက်ပိုင်း ဖြစ်သည်။

အီရန်နိုင်ငံတွင် ဇီဝနည်းပညာဖြင့် မျိုးရိုးဗီဇကို ပြုပြင်ထားသောဆန်ကို ၂၀၀၅ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် အီရန်အမျိုးသားရေးအကြီးအကဲများမှ ထောက်ခံခဲ့ပြီး လူအများစားသုံးရန်နှင့် စီးပွားဖြစ် စိုက်ပျိုးရန်အတွက်လည်း တိုက်တွန်းခဲ့ကြသည်။ ထိုသို့ ဗီဇပြုပြင်မှုပြုလုပ်ခြင်းသည် သီးသန့်ဆန်စပါးနှင့် ဂျုံကိုသာမဟုတ်ဘဲ အခြားအရာများဖြစ်သာ ပြောင်းများကို ပိုးမထိုးနိုင်စေရန် ဗီဇပြောင်းခြင်း၊ ဝါဂွမ်း၊ အာလူး ၊ သကြားမုံလာ စသည်တို့ကိုပါ ဓာတ်ခွဲခန်းတွင် ဇီဝနည်းပညာများဖြင့် စမ်းသပ်မှုများ ပြုလုပ်လေသည်။ ၎င်းအပြင် ပေါင်းသတ်ဆေးကို ခံနိုင်စွမ်းရှိသော အားဆေး၊ ခြောက်သွေ့သည့်ဒဏ်ကို ခံနိုင်သော ဂျုံမျိုးနှင့် ဂျုံနှင့် ပြောင်းပိုးမကျစေရန် အားဆေးများကိုပါ စမ်းသပ်ထုတ်လုပ်သည်။ ဇီဝနည်းပညာဖြင့် စမ်းသပ်ထုတ်လုပ်သော စားသောက်ကုန်များနှင့် ပတ်သက်ပြီး အမြင်ကွဲလွဲမှုများရှိနေမှုနှင့် စားသောက်ကုန်များအပေါ် အစိုးရမှစိစစ်နေသည့်ကြားမှ အီရန်သို့နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံဖိုး မျိုးရိုးဗီဇ ပြောင်းထားသောထုတ်ကုန်များ တင်သွင်းလျက်ရှိသည်။ ထိုသို့တင်သွင်းနိုင်မှုမှာ ဥပဒေများ ရုပ်သိမ်းခဲ့သည့်အတွက် ဖြစ်သည်။[၄၅]

အီရန်နိုင်ငံတွင် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး သုတေသနပြုမှုများရှိနေသည်။ ထိုသုတေသနပြုမှုများသည် များသောအားဖြင့် လယ်ယာစိုက်ပျိုးရေးတွင် ကြုံကြိုက်ရသော အခက်အခဲများနှင့် ဒေသခံတို့ လိုအပ်ချက်များအပေါ်တွင် မူတည်ပြီး သုတေသနလုပ်ငန်းစဉ်များကို လုပ်ဆောင်သည်။ ထို့အပြင် အီရန်သည် နာနိုနည်းပညာ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။[၄၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Iran Food security။ February 19, 2016 တွင် ပြန်စစ်ပြီး။
  2. Agriculture in Iran - A complete overview (PDF)။ December 17, 2008 တွင် ပြန်စစ်ပြီး။
  3. Ayse, Valentine (January 2013). "The Business Year 2013: Iran". The Business Year. 
  4. http://www.turquoisepartners.com/iraninvestment/IIM-Jun11.pdf
  5. BBCPersian.com။ Bbc.co.uk။ 2012-01-21 တွင် ပြန်စစ်ပြီး။
  6. Iran’s share of worldwide medicinal plant trade barely 2%။ Mehrnews.com။ Archived from the original on 2012-02-05။ 2012-01-21 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Iran Agribusiness Report Q2 2010 - new market analysis released။ Pr-inside.com (2010-03-29)။ Archived from the original on 2011-11-12။ 2011-09-22 တွင် ပြန်စစ်ပြီး။
  8. Iran Daily: Trade With PGCC To Improve Retrieved April 7, 2008 Archived March 7, 2008, at the Wayback Machine.
  9. You must specify title = and url = when using {{cite web}}.။ Archived from the original on June 9, 2009။ February 6, 2016 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ Press TV။ Press TV (2011-04-26)။ 2011-09-22 တွင် ပြန်စစ်ပြီး။
  11. Archived copy။ Archived from the original on 2012-03-10။ 2012-03-09 တွင် ပြန်စစ်ပြီး။
  12. You must specify title = and url = when using {{cite web}}.။ Archived from the original on January 30, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  13. {{cite web|url=http://www.iran-daily.com/1389/8/25/MainPaper/3828/Page/4/Index.htm#%7Ctitle=No. 3828 | Domestic Economy | Page 4|publisher=Irandaily|date=|accessdate=2011-09-22}
  14. You must specify title = and url = when using {{cite web}}.။ Archived from the original on October 1, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  15. You must specify title = and url = when using {{cite web}}.။ Archived from the original on June 19, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  16. Pazuki, Arman (2013). "Phenotypic evaluation of scutellum-derived calluses in ‘Indica’ rice cultivars" (PDF). Acta Agriculturae Slovenica 101 (2): 239–247. doi:10.2478/acas-2013-0020. Retrieved on February 2, 2014. 
  17. http://www.turquoisepartners.com/iraninvestment/IIM-Sep11.pdf
  18. Agriculture Canada: Agri-Food Country Profile Statistical Overview - Iran Archived August 7, 2007, at the Wayback Machine.
  19. You must specify title = and url = when using {{cite web}}.။ Archived from the original on August 23, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  20. "Iran: Food, Beverages and Tobacco Forecast", Economist Intelligence Unit, August 18, 2008 
  21. ၂၁.၀ ၂၁.၁ ၂၁.၂ ၂၁.၃ ၂၁.၄ About this Collection - Country Studies | Digital Collections | Library of Congress
  22. [၁][လင့်ခ်သေ]
  23. You must specify title = and url = when using {{cite web}}.။ Archived from the original on December 13, 2008။ February 19, 2016 တွင် ပြန်စစ်ပြီး။
  24. "Crunch time for Caspian caviar"၊ BBC News၊ June 19, 2001။ April 23, 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 27 March 2010။ 
  25. Iransaga - Iran The Country, The Land။ Art-arena.com။ 2012-01-21 တွင် ပြန်စစ်ပြီး။
  26. Iran's Imperiled Environment
  27. Blue Planet On Line - Speciale "Sviluppo sostenibile"။ Catpress.com။ 2012-01-21 တွင် ပြန်စစ်ပြီး။
  28. Windmill, an Encarta Encyclopedia Article Titled "Windmill"။ Web.utk.edu။ Archived from the original on 2012-01-15။ 2012-01-21 တွင် ပြန်စစ်ပြီး။
  29. History Of Cookies, Whats Cooking America
  30. http://www.kitchenproject.com/history/cookies.htm
  31. Richard W. Bulliet. Cotton, Climate, and Camels in Early Islamic Iran: A Moment in World History. Columbia University Press. ISBN 0231519877 
  32. http://iranpulse.al-monitor.com/index.php/2013/07/2353/iran-becoming-uninhabitable-says-former-agriculture-minister/
  33. The economic impacts of drought on the economy of Iran: An integration of linear programming and
  34. BBC Persian။ Bbc.co.uk။ 2012-01-21 တွင် ပြန်စစ်ပြီး။
  35. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named atiehbahar.com
  36. You must specify title = and url = when using {{cite web}}.။ Archived from the original on August 6, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  37. You must specify title = and url = when using {{cite web}}.။ Archived from the original on December 8, 2008။ February 19, 2016 တွင် ပြန်စစ်ပြီး။
  38. You must specify title = and url = when using {{cite web}}.။ Archived from the original on August 17, 2009။ February 19, 2016 တွင် ပြန်စစ်ပြီး။
  39. Composite fruits production is more than country’s needs။ Iananews.com။ 2012-01-21 တွင် ပြန်စစ်ပြီး။
  40. http://www.al-monitor.com/pulse/originals/2013/07/iranian-president-rouhani-should-promote-agricultural-reform.html
  41. http://www.idosi.org/wasj/wasj4%284%29/7.pdf
  42. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named export
  43. [၂] Archived July 23, 2009, at the Wayback Machine.
  44. Archived copy။ Archived from the original on 2013-03-10။ 2011-06-22 တွင် ပြန်စစ်ပြီး။
  45. Genetically Modified Crops Growing In Iran Amid Lax Laws
  46. Archived copy။ Archived from the original on 2011-07-26။ 2010-03-15 တွင် ပြန်စစ်ပြီး။