မက်မွန်သီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မက်မွန်သီး[ပြင်ဆင်ရန်]

မက်မွန်သီးသည် အသားများ၍ အရည်ရွှမ်းပြီးလျှင် အနံ့အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ ပုံသဏ္ဌာန်မှာ ခပ်လုံးလုံးဖြစ်၍ အသီး၏ အလယ်ခေါင်တွင် မာသော အစေ့ တစ်စေ့ မြုပ်လျက်ပါရှိသည်။ အရွယ်နှင့် အရောင်မှာ အသီး အမျိုးကိုလိုက်၍ အမြင့် ၁ဝ ပေမှ ပေ၂ဝ ခန့် အထိ ရှိတတ် သည်။ ယင်းသည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီ ပင်များနှင့်အတူ ရိုဇေး စီအီးမျိုးရင်းတွင် ပရူးနပ်မျိုးစု၌ ပါဝင် သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ပရူးနပ်ပါစီကာ ဖြစ်၏။ အပင်၏ အနေအထားနှင့်တစ်ကွ အသွင်အပြင်ရော အလေ့အထ ပါ ဗာဒမ်ပင်နှင့် အလွန်တူသည့်ပြင် မျိုးချင်းလည်းတူကြသည်။ မက်မွန်ပင်သည် တရုတ်နိုင်ငံ၌ မူလပေါက်ရောက်၍ မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာအရပ်ရပ်ရှိ ပူနွေးသော သမပိုင်း ဒေသများသို့ ပျံ့နှံ့ရောက်သွားလေသည်။ မက်မွန်ပင်များကို သမိုင်းမတင်မီ ခေတ်ကတည်းက ပြုပြင်စိုက်ပျိုးလာခဲ့ကြရာ ယခုအခါ အရိုင်းသက်သက် ပေါက်နေသည်ဟူ၍ မည်သည့် အရပ်တွင်မျှ မတွေ့ရပေ။ မက်မွန်သီးသည် ကမ္ဘာ့သစ်သီး ဈေးကွက်တွင် ပန်းသီးနောက် ဒုတိယလိုက်လာသည်။ မက်မွန်ပင်စိုက်ပျိုးသော ခြံသမားများသည် အပင်ကို မြင့်မြင့်မထားဘဲ အကိုင်းအခက်များကို ချိုင်၍ ၁၂ ပေထိ လောက်သာထားသည်။ သို့မှသာ အသီးခူးရာ၌လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာ၌လည်းကောင်း သက်သာလွယ်ကူသည်။ အရွက်များသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သည်။ အရောင်မှာ စိမ်း၍ တောက်၏။ နွေကူးရာသီသို့ ရောက်သည့် အခါ လှပ၍နူးညံ့သော ပန်းရောင်အပွင့်ကလေးများဖြင့် ပင်လုံး ကျွတ်ပွင့်ကြသည်။ အပွင့်များပွင့်ပြီးနောက်မှ အရွက်များထွက် သည်။ မက်မွန်သီးအမျိုးပေါင်း များစွာရှိရာ အားလုံးလောက် သည် နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီထိ မှည့်ကြ သည်။ နွေကူးဦးရာသီလောက်တွင် စောစောပွင့်သော အပွင့်များ ကို နှင်းခါးရိုက်တတ်သဖြင့် အသီးမတင်ချေ။ ထို့ကြောင့် နှင်း ခါးလွတ်သောနေရာများတွင်သာ အမြောက်အမြားစိုက်ကြသည်။ မက်မွန်သီးထဲတွင် မာသောအစေ့တစ်စေ့ရှိရာ ထိုအစေ့ ထဲတွင် မျိုးစေ့ရှိ၏။ ထိုမျိုးစေ့မှ အပင်ပေါက်၏။ သို့သော် များသောအားဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသောအပင်မှ သီးသည့်အသီးလောက် မကြီး ချေ။ ညံ့သွားတတ်သည်။ ထို့ကြောင့် ခြံသမား၊ ဥယျာဉ်သမား များသည် အပင်သစ်များကို အဖူးကူးခြင်းဖြင့် စိုက်ပျိုးကြသည်။ မက်မွန်စေ့ အမြောက်အမြားကို ပျိုးခင်းတွင်ပျိုး၍ ကြီးလာသော အခါ တစ်နေရာသို့ ပြောင်း၍စိုက်ကြသည်။ ထို့နောက် အခြား အပင်ကြီးများမှ အဖူးကိုယူ၍ ထိုပျိုးပင်များ၏ ပင်လုံးတွင် ကူး ပေးလိုက်လေသည်။ အဖူးများသည် ပင်လုံးထဲတွင်ပေါက်၍ အညေ|ာက်များ ထွက်လာသည့်အခါ မူလပျိုးပင်များ၏ အညွန့် များကို ဖြတ်လိုက်တော့၏။ ကူးသော အဖူးများမှထွက်လာ သောအကိုင်းအခက်သစ်များသည် အပင်သစ်၏ အညွန့်အတက် များဖြစ်လာသည်။ ထိုအပင်သစ်မှသီးသော အသီးများသည် အဖူးများယူသော မူလအပင် အသီးများကဲ့သို့ တစ်ထေရာတည်း တူကြသည်။ ခြံများ ဥယျာဉ်များတွင် မက်မွန်ပင်များကို အတန်း လိုက်စိုက်၍ တစ်တန်းနှင့်တစ်တန်းသည် များသောအားဖြင့် ပေ ၂ဝ ကွာသည်။ တစ်ပင်နှင့် တစ်ပင်လည်း ပေ ၂ဝ ခွာ၍ စိုက် ကြသည်။ မက်မွန်ပင်သည် ရေမတင်သော နုံးမြေပွများ၌အဖြစ် ထွန်းဆုံးဖြစ်သည်။ စ၍စိုက်ပျိုးသည်မှ ၃ နှစ် ခန့်အတွင်း အသီးသီး၏။ မက်မွန်ပင်များသည် အပင်ပိုးများကျရောက်တတ် သဖြင့် သက်တမ်းတိုသည်။ ထို့ကြောင့် ဂရုပြုစိုက်ပျိုးကြရ သည်။ ပိုးသတ်ဆေးနှင့် အပင်ရောဂါဆေးများကို မပြတ်ဖျန်း ပေးရသည်။


မက်မွန်ပင် အမျိုးပေါင်း နှစ်ရာခန့်ရှိရာ အစေ့ကျွတ်၊ အစေ့ကပ်၊ အသားဖြူနှင့် အသားဝါဟူ၍ ခွဲခြားထားလေသည်။ အချို့မက်မွန်သီးမှ အစေ့များသည် အသားနှင့်ကပ်မနေဘဲ လွယ် ကူစွာ ထုတ်ယူနိုင်သောကြောင့် အစေ့ကျွတ်မျိုး ဟုခေါ်သည်။ အချို့အသီးမှ အစေ့များကား အသားတွင်ကပ်နေ၍ လွယ်ကူစွာ ထုတ်မယူနိုင်သောကြောင့် အစေ့ကပ်မျိုး ဟုခေါ်သည်။ အချို့ အသီး၏ အသားရောင်မှာ ဖြူ၍ အချို့ကား ဝါ၏။ မက်မွန်သီး အမှည့်များသည် ရက်အနည်းငယ်အတွင်း ပုပ်၍ ပျက်စီးတတ်သဖြင့် ရပ်ဝေးရှိ ဈေးများသို့တင်ပို့ရာ၌ အ ခက်အခဲနှင့် ကြုံရလေသည်။ အသီးများကို မှည့်လျှင်မှည့်ခြင်း ဆွတ်ခူးရသည်။ သို့ရာတွင် ယခုခေတ်တွင် စည်သွတ်လုပ်ငန်း စက်ရုံကြီးများ ပေါ်ပေါက်လာပြီဖြစ်ရာ ဈေးအမှီ မတင်ပို့နိုင် သော အသီးမှည့်များကို အကြီးအကျယ်စိုက်ပျိုး၍ အသီးများကို စည်သွတ်ကာ အရပ်ရပ်သို့ တင်ပို့ရောင်းချကြသည်။ အဂ‡လန် နိုင်ငံ၌ မက်မွန်ပင်များကို မှန်အိမ်များဆောက်၍ စိုက်ပျိုးကြ သည်။ မြန်မာနိုင်ငံ၊ ရှမ်းကုန်းပြင်မြင့်၌ ပေပေါင်း ၃ယဝဝဝ ကျော် အမြင့်ရှိသော အရပ်များတွင် မက်မွန်ပင်များ ဖြစ်ထွန်း နိုင်သည်။ ထို့ကြောင့် မေမြို့၊ ကလောနှင့် တောင်ကြီးမြို့များ အနီးအနားတွင် မက်မွန်ခြံကလေးများကို တွေ့မြင်နိုင်သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)