သခွားပင်
| Cucumber | |
|---|---|
| Cucumbers growing on vines | |
| A single cucumber fruit | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Cucurbitales |
| မျိုးရင်း: | Cucurbitaceae |
| မျိုးဇာတ်: | Benincaseae |
| မျိုးစု: | Cucumis |
| မျိုးစိတ်: | C. sativus |
| ဒွိနာမ | |
| Cucumis sativus | |
သခွားပင်သည် ဗူး၊ ဖရုံစသည်တို့ကဲ့သို့ ကျူကာဗီဘေစီအီး မျိုးရင်းတွင် ပါဝင်သောနွယ်ပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ယင်းကို ကျူကူမစ်ဆာတီဗပ်ဟုခေါ်သည်။ ယင်းကို ယာတော၌သာမဟုတ် ခြံထဲ၌လည်း စိုက်သည်။
သခွားပင်ကို အသီးအလို့ငှာ စိုက်ပျိုးကြသည်။ တစ်နှစ်တစ်ခါ စိုက်ပျိုးရသောအပင်မျိုးဖြစ်၍ ကမ္ဘာအနှံအပြားအထူးသဖြင့် အပူအအေး မလွန်ကဲသောနေရာတိုင်း၌ပေါက်ရောက်သည်။ သခွားပင်သည် ဖရဲပင်ကဲ့သို့ နှာမောင်းအညွန့်တို့ အဘက်ဘက်သို့ဖြာထွက်သော နွယ်ပင်ဖြစ်သည်။ ထိုကြောင့် ယင်းတို့အတွက်အနွယ်တက်ရန်စင်လုပ်ပေးရသည်။ အပင်အနွယ်နှင့် အရွက်တွင် အမွေးနုကလေးများရှိသည်။ အရွက်သည်ကြီး၍ အဟိုက်သုံးခုမှ ငါးခုအထိရှိသည်။ အရွက်ညှာတံတိုသည်။ ပင်စည်မှ အရွက်များထွက်သည့် နေရာနှင့်ကပ်လျက်အပွင့်များထွက်သည်။ အပွင့်သည် ခေါင်းလောင်းပုံသဏ္ဌာန်ရှိ၍ အဝ နှစ်လက်မခွဲခန့်ကျယ်ကာ အဝါရောင်ဖြစ်သည်။ အဖိုပွင့်ရော အမပွင့်ပါ တစ်နွယ်တည်း၌ ပွင့်လေ့ရှိသည်။
| NCBI genome ID | 1639 |
|---|---|
| Ploidy | diploid |
| Genome size | 323.99 Mb |
| Sequenced organelle | mitochondrion |
| Organelle size | 244.82 Mb |
| Year of completion | 2011 |
သခွားသီးသည် ရှည်ရှည်လုံးလုံးဖြစ်၍ လေးလက်မမှ လက်မ ၃ဝ အထိ အမျိုးလိုက်၍ ရှည်သည်။ အချို့သခွားမျိုး၏အခွံသည် ပြောင်ချော၍ အချို့သောအခွံသည် အဖုအပိမ့်တက်နေတတ်သည်။ အခွံသည် စိမ်းညိုညို အရောင်ရှိ၍ မှည့်သည့်အခါ ဝါညိုညိုဖြစ်လာသည်။ အတွင်းသားသည် စိမ်းသည့်အခါကြွပ်၍ မှည့်သည့်အခါပျော့သည်။ အသားဖတ်ထက် အရည်ပို၍များသော အဖတ်များဖြစ်သည်။ အသားရောင်မှာ အစိမ်းနုနှင့် အဖြူဖြစ်သည်။ အလယ်၌ အစေ့များရှိသည်။ အစေ့သည် အဖြူရောင် ပြားကပ်ကပ် ဖြစ်၍ ထိပ်ချွန်ပြီးဖင်ဝိုင်းသည်။ မှည့်နေသောအစေ့ကို မစားကောင်းဟုလည်း ဆိုကြသည်။ အစေ့ရင့်ရင့်ကို ဆားနှင့်နယ်၍ လှော်ပြီးကွာစိကဲ့သို့ စားတတ်ကြသည်။
သခွားအမျိုးမျိုးရှိရာ သွယ်ပြောင်းရှည်မြောသော သခွားဆင်စွယ်မျိုး၊ အလွန်သေးသော သခွားတစ်ဆစ်မျိုး၊ သခွားချဉ်ခေါ်သခွားငပြုတ်မျိုး၊ သခွားချိုမျိုး၊ သခွားမွှေးမျိုး၊ သခွားရှည်မျိုး စသည်တို့မှာ ထင်ရှားသည်။ သခွားသီးကို အစိမ်းတို့စားခြင်း၊ ခြစ်၍သုတ်စားခြင်း၊ ပေါင်မုန့်ကြားညှပ်စားခြင်း၊ ချက်စားခြင်းစသည်ဖြင့် အမျိုးမျိုးစားကြသည်။ သခွားသီးစိမ်းကို သနပ်လုပ်၍လည်းစားကြသည်။ မလေးရှားနိုင်ငံ၌ များသောအားဖြင့်ချက်စားကြသည်။ အရွက်ကိုလည်း ပြုတ်တို့ကြသည်။ ဟင်းချို၊ ကြော် ချက် စသည်အဖြစ်လည်းချက်စားကြသည်။
သခွားပင်ကို မှည့်သောအသီးမှအစေ့ရင့်ကိုစိုက်လျှင် ပေါက်သည်။ ယင်းကို မြေဩဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မည်သည့် ခြံမြေ၌မဆို စိုက်ပျိုး၍ရသည်။ ကြက်ငှက်ခြံမှရသောမြေဩဇာကို ထည့်လျှင်မူ ၍ကောင်းသည်။ သခွားပင်သည် အမြစ်ရင်း၌ရေဝပ်သည်ကို မကြိုက်သဖြင့် စိုက်ခင်း၌ ရေကောင်းစွာစီးဆင်းနိုင်ရန် ရေမြောင်းများလုပ်ပေးဖို့အရေးကြီးသည်။ တစ်ပင်နှင့်တစ်ပင် ခြောက်ပေခန့်ခွာ၍စိုက်သင့်သည်။ အစေ့ပျိုးစဉ်က တစ်တွင်းလျှင် နှစ်စေ့သုံးစေ့ထည့်သော်လည်း အပင်များပေါက်လာသည့် အခါ တစ်တွင်းလျှင် သန်သောအပင်တစ်ပင်သာချန်၍ ကျန်အပင်များကို နုတ်ပစ်ရသည်။ စိုက်ပြီးနှစ်လခန့်အကြာတွင် အသီးသီးတတ်သည်။ သခွားပင်ကို မကြီးထွားမီ ပိုးဖျက်တတ်သည်။ ဖရဲပင်ဖျက်သောပိုးမျိုးပင်ဖြစ်သည်။ သခွားပင်ကို ရှေးနှစ်ပေါင်းများစွာကပင် အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ စိုက်ပျိုးခဲ့လေသည်။ အမေရိကတိုက်သို့ ရှေးဦးလာရောက်နေထိုင်သူများသည် သခွားပင်စိုက်ပျိုးစားသောက်ခဲ့ကြောင်းသိရ၍ အင်္ဂလန်ပြည်၌ ရှေးနှစ်ရာပေါင်းများစွာကပင် သခွားပင်စိုက်ပျိုးခဲ့ကြသည်ဟု ထင်မှတ်ရလေသည်။[၁]
သခွားသီးတွင် ပါဝင်သည့် အာဟာရဩဇာဓာတ်
[ပြင်ဆင်ရန်]| ၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး | |
|---|---|
| စွမ်းအင် | ၆၅ kJ (၁၆ kcal) |
3.63 g | |
| သကြား | 1.67 |
| Dietary fiber | 0.5 g |
0.11 g | |
0.65 g | |
| ဗီတာမင်များ | |
| Thiamine (B1) | (2%) 0.027 mg |
| Riboflavin (B2) | (3%) 0.033 mg |
| Niacin (B3) | (1%) 0.098 mg |
(5%) 0.259 mg | |
| ဗီတာမင် ဘီ6 | (3%) 0.04 mg |
| Folate (B9) | (2%) 7 μg |
| ဗီတာမင် စီ | (3%) 2.8 mg |
| ဗီတာမင် ကေ | (16%) 16.4 μg |
| သတ္တုဓာတ်များ | |
| ကယ်လဆီယမ် | (2%) 16 mg |
| သံဓါတ် | (2%) 0.28 mg |
| မဂ္ဂနီစီယမ် | (4%) 13 mg |
| မက်ဂနိစ် | (4%) 0.079 mg |
| ဖော့စဖရပ် | (3%) 24 mg |
| ပိုတက်ဆီယမ် | (3%) 147 mg |
| ဆိုဒီယမ် | (0%) 2 mg |
| သွပ် | (2%) 0.2 mg |
| အခြားပါဝင်ပစ္စည်း | |
| ရေ | 95.23 g |
| |
| Percentages are roughly approximated using US recommendations for adults. | |
သခွားသီးသည် ယင်းသို့လျှင် အရည် ၉၅ ရာခိုင်နှုန်းပါ၍ ငါးရာခိုင်နှုန်းသည် သကြားနှင့် ကာဗိုဟိုက်ဒြိတ်ဓာတ်ဖြစ်သဖြင့် အာဟာရတန်ဖိုး မရှိလှချေ။ ဗီတာမင်ဘီနှင့်ဂျီ သင့်တင့်ရုံပါ၍ အခြားဗီတာမင်နှင့် သတ္တုဓာတ်များ မပါသလောက်ပင်နည်းသည်။ သခွားသီးအမှည့်ကို အစိမ်းစားလျှင် စပရူခေါ် ဝမ်းဖောနာတစ်မျိုးကိုပျောက်ကင်းစေနိုင်သည်။ အင်ဒိုချိုင်းနားပြည်၌ ဝမ်းဖောဝမ်းရောင်ဖြစ်သောကလေးကို သခွားသီးနုချက်၍ ကျွေးတတ်ကြသည်ဟု ဆိုသည်။ မြန်မာဆေးကျမ်းအလိုအရ သခွားသီးအစိမ်းသည် ချို၏။ မောပန်းခြင်း၊ ရေငတ်ခြင်း၊ ဝမ်းမီးတောက်ခြင်းတို့ကိုနိုင်၏။ အမှည့်သည်အေးချို၏။ သည်းခြေကိုပျက်စေတတ်၏။ လေသလိပ်ကို ပျက်စေတတ်၏ဟုဆိုသည်။ သို့မဟုတ် အလွန်အကြူးစားက ရင်ပြည့်အစာမကြေဖြစ်တတ်၏။
- ဗီတာမင် A နှင့် C
- ဖိုလစ် (ဖောလစ်အက်ဆစ်)
- မဂ္ဂနီဆီယမ်
- မန်ဂနိးစ်
- မိုလစ်ဒီနမ် (အသက်ရှင်ရေးအတွက် အစာခြေချက်မှု စသည့်လုပ်ငန်းများအား အထောက်အကူပေးသော သက်ရှိကလာက်စည်းအချို့မှ ထုတ်ပေးသည့် ဓာတ်ပြောင်းအကူဒြပ်အင်ဇိုင်းတွင် ပါဝင်သော ဒြပ်စင်တစ်မျိုး - Molybdenum)
- ပိုတက်ဆီယမ်
- ဆီလီကာ
- အသားမျှင်ဓာတ်[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၇၂)။ "သခွါးပင်"။ မြန်မာ့စွယ်စုံကျမ်း။ ၁၂ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။
- ↑ စာပေရေချမ်းစင်စာစဉ် - ကျန်းမာရေး။