အသုံးပြုသူ:Ye Wai Yan Aung

ဝီကီပီးဒီးယား မှ
Ghost Hunters - Myanmar
ဖန်တီးသူ
ရဲဝေယံအောင်
မော်စီ
စည်သူ
ဇေယျာမြင့်မြတ်
ကောင်းထက်စိုး
ဘာသာစကားမြန်မာဘာသာစကား
ပြင်ပလင့်(ခ်)များ
[ghosthunters-mm.blogspot.com ဝက်ဘ်ဆိုဒ်]

သရဲရှာသော အဖွဲ့ (abbreviated as Ghost Hunters - Myanmar) အဖွဲ့သည် မြန်မာနိုင်ငံ ၏ ပထမဆုံးသော ပရလောကနှင့် သဘာဝလွန်ကိစ္စရပ်များကို လေ့လာစမ်းသပ် ရိုက်ကူးမှတ်တမ်းတင်သည့် လူငယ်အဖွဲ့အစည်းဖြစ်သည်။

GHMMအဖွဲ့တည်ထောင်ခဲ့သူများ[ပြင်ဆင်ရန်]

GHMM အဖွဲ့ကို စတင်တည်ထောင်ပြီး အခုလက်ရှိအချိန်အထိ ပါဝင်လှုပ်ရှားနေတဲ့သူတွေကတော့

ကိုရဲဝေယံအောင်
ကိုမော်စီ
ကိုစည်သူ
ကိုဇေယျာမြင့်မြတ်
ကိုကောင်းထက်စိုး တို့ပဲ ဖြစ်ပါတယ်။
စတင်ဖွဲ့စည်းချိန်မှာ လူဦးရေ (၂၀)ခန့်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့မှ ထွက်ခွာသွားပြီး ယခုအချိန်မာ ဤ (၅) ယောက်ထဲဖြင့် ဆက်လက်လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။
Ghost Hunters Myanmar (GHMM) အဖွဲ့ဟာ 2015 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ ပထမဆုံး ပရလောကနဲ့ ထူးခြားဖြစ်စဉ်တွေကို လေ့လာမှုပြုလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဝါသနာတူ လူငယ်တွေစုပြီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ မှာရှိတဲ့ ပရိတ်သတ်ရဲ့ ထောက်ခံချက်များစွာကို ရရှိခဲ့ပါတယ်။

လေ့လာမှုမှတ်တမ်းများ[ပြင်ဆင်ရန်]

GHMM ကို စတင်တည်ထောင်ပြီးတဲ့နောက်မှာ ပရလောကသားတွေ ခြောက်လှန့်တယ်ဆိုတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ မှာရှိတဲ့ နန်းမြိုင် ဟိုတယ် အခန်းနံပတ် 101 မှာ လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် ဧရာဝတီတိုင်း ဘက်မှာလည်း ခေါင်းပြတ်သရဲ လေ့လာမှုတွေကို ပြုလုပ်ပြီး လူသိများခဲ့ပါတယ်။ ထို့နောက် နေပြည်တော် တပ်ကုန်းမြို့်နယ် မှာရှိတဲ့ ဆေးရုံအဟောင်းကြီးမှာလည်း ပရလောကကိုလေ့လာမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ထို့အပြင် မြင်းခြံမြို့ နဲ့ ရန်ကုန်မြို့တွင်းမှာလည်း လေ့လာမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး Facebook ပေါ်မှာ လူသိများလာခဲ့ပါတယ်။ GHMM အဖွဲ့ရဲ့

Official Facebook Page -facebook.com/ghosthuntermyanmar/
Official Blogspot - ghosthunters-mm.blogspot.com 
Instagran - instagram.com/ghosthuntersmyanmar/
Google + - plus.google.com/105784056499922579733
Twitter - twitter.com/ghosthunter mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မြန်မာတိုင်း(မ်) ဂျာနယ် Interview ကို mmtimes.com/lifestyle/26333-who-you-gonna-call-ghost-hunters.html

ဒီမိုကရက်တစ် မြန်မာ့အသံ DVB TVnews ရဲ့ Interview ကို tv.dvb.no/videos/တေစၦ-ဖမ္းသူမ်ား မှာ ကြည့်ရှုနိုင်ပါတယ်။ တခြား Media ပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းခံရပြီး interview များစွာကို ပြုလုပ်ခဲ့ပါတယ်။

GHMM ရဲ့ရည်ရွယ်ချက်[ပြင်ဆင်ရန်]

သရဲ/တစ္ဆေ အစရှိတဲ့ သဘာဝလွန်ဖြစ်ရပ်တွေက

လူအများကြားမှာ (လက်ခံသူ/လက်မခံသူ) ကွဲပြားနေပါတယ်။ 
၎င်းတို့အနေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို 
အလွန်စိတ်ဝင်စားတာကြောင့် သရဲခြောက်တယ်ဆိုတဲ့ 
နေရာတွေသွားပြီး တစ်ကယ်သရဲ ရှိ/မရှိ တိကျတဲ့ 
အဖြေတစ်ခုရအောင်ရှာဖွေ ချပြချင်လို့ လေ့လာနေကြတာပါ။ 
ပရလောကရှိတယ် သရဲ/တစ္ဆေခြောက်လှန့်တယ် 
ဆိုတာဟာ မိမိစိတ်ခြောက်ခြားတာကြောင့် ထင်ယောင်ထင်မှားတွေ
ဖြစ်တာလား ? ဒါမှမဟုတ် ပရလောကဟာ သိပ္ပံပညာနဲ့ 
အဖြေရှာမရနိုင်အောင် တစ်ကယ်ရှိတဲ့ ကမ္ဘာတစ်ခုလားဆိုတာ 
သိချင်လို့ စူးစမ်းလေ့လာမှု ပြုလုပ်ကြတာပါ။ 
ကျွန်တော်တို့ သိရှိတာလေးတွေကိုလည်း ကျွန်တော်တို့ကဲ့သို့ 
ဝါသနာတူတဲ့ လူတွေဆီကို ပြန်လည် မျှဝေပေးချင်တာကြောင့်လည်း 
ဒီ Facebook Page လေးကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

တခြားသော နိုင်ငံတွေမှာလည်း Ghost Hunters အဖွဲ့စည်း

တွေဟာ ဟိုးအရင်ထဲက ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လည်း ဝါသနာပါတာကို လေ့လာရင်း 
မြန်မာနိုင်ငံက သဘာဝလွန် ဖြစ်ရပ်တွေကို မှတ်တမ်း 
တစ်ခုယူနိုင်အောင် ကြိုးစားပြီး နိုင်ငံတကာက 
Ghost Hunters အဖွဲ့တွေလို ကမ္ဘာသိအောင် ပြသချင်တာပါ။

Ghost Hunters ဆိုတဲ့ အသုံးနှုန်းကို သုံးထားပေမယ့် ကျွန်တော်တို့ အဖွဲ့က သရဲတွေ လိုက်ဖမ်းနေတဲ့ မုဆိုးတွေ မဟုတ်ပါဘူး။

ရည်ရွယ်ချက်က ပရလောကတစ်ကယ် ရှိ/မရှိ လေ့လာမှု
ပြုလုပ်တာလောက်ပဲ ရှိပါတယ်။ နိုင်ငံခြားက Ghost Hunters
အဖွဲ့တွေလိုပါပဲ။ သူတို့လည်း သရဲမဖမ်းကြပါဘူး။ 
လေ့လာယုံပဲ လေ့လာကြတာပါ။

Ghost Hunters Myanmar က နိုင်ငံခြားက Ghost Hunter တွေနဲ့ မတူပဲ ကွဲပြားနေတာလေးတွေ လုပ်ထားပါတယ်။

အဲ့ဒါတွေကတော့ -

  • 1 ဝါသနာရှင် Member တွေနဲ့ GHMM အဖွဲ့ အတူတူ
သရဲခေါ်တဲ့ Game ကစားနည်းတွေ ကစားတာမျိုး၊
  • 2 အောက်လမ်းဆရာတွေဆီ သွားရောက်ပြီး လေ့လာတာမျိုး၊
  • 3 Target မရှိသေးတဲ့အချိန်တွေ (သို့) Target သွားရောက်
မလေ့လာဖြစ်သေးတဲ့ အချိန်မျိုးတွေမှာ Page ထဲကလူတွေ 
မငြီးငွေ့အောင် ဖြစ်ရပ်မှန်သရဲဇာတ်လမ်း အတိုလေးတွေ 
သိရအောင် တင်ဆက်ပေးထားမှာမျိုး အစရှိတဲ့ စိတ်ဝင်စားစရာများကို တင်ဆက်သွားမှာဖြစ်ပါတယ်။

External Links[ပြင်ဆင်ရန်]

  • Website -

ghosthunters-mm.blogspot.com

Ye Wai YanShar ၁၂:၂၂၊ ၁၀ စက်တင်ဘာ ၂၀၁၈ (UTC)