ကမ်းနားလမ်း၊ ရန်ကုန်မြို့

ဝီကီပီးဒီးယား မှ
ရန်ကုန်မြစ်မြင်ကွင်းအား ပိတ်ဆို့ထားသည့် ဆိပ်ခံများ မတည်ဆောက်မီ ၁၈၀၀ ခုနှစ်များဆီက ကမ်းနားဟိုတယ် တစ်လျှောက် ကမ်းနားလမ်း

ကမ်းနားလမ်းသည် ရန်ကုန်မြို့လယ်ရှိ အဓိကလမ်းမတစ်ခုဖြစ်ပြီး အနောက်မှ အရှေ့သို့ ရန်ကုန်မြစ်နှင့်အပြိုင် ဖောက်လုပ်ထားသည်။ ကမ်းနားလမ်းပေါ်တွင် အရေးကြီးသော အစိုးရအဆောက်အဦများဖြစ်သည် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ရုံး၊ ဗဟိုစာတိုက်ကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဗြိတိသျှသံရုံးတို့ တည်ရှိသည်။ ထိုလမ်းပေါ်တွင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သော ကမ်းနားဟိုတယ်(Strand Hotel) တည်ရှိပြီး အဆိုပါဟိုတယ်ကို ၁၉၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၁]

၂၀၁၁ ခုနှစ်တွင် အေရှားဝေါကုမ္ပဏီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ကမ်းနားလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။[၂] ထိုပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် လမ်းများတို့ချဲ့ခြင်းတို့ပါဝင်ပြီး ထိုအထဲတွင် နှစ်လမ်းသွား ရထားလမ်းတစ်ခုပါဝင်ပြီး ၉ ကီလိုမီတာ (၅.၆ မိုင်) ရှည်လျားပြီး ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင်မြို့နယ်သို့ ဆက်သွယ်ထားသည်။ ထိုလမ်းကို ဖောက်လုပ်ရန်အတွက် အဆောက်အဦ ၁၈၂ ခုအား ဖြိုဖျက်ရန်လိုအပ်ပြီး ထိုအထဲတွင် တိုက်ခန်းအိမ်ရာများ၊ အစိုးရအဆောက်အဦများနှင့် ကုန်လှောင်ရုံများပါဝင်သည်။[၃]

ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. GHM Luxury Hotels။ 25 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2017 တွင် ပြန်စစ်ပြီး။
  2. Kyaw Hsu Mon။ "Strand Rd to become main commercial artery: YCDC"၊ Myanmar Times၊ 21 March 2011။ 5 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 September 2011။ 
  3. Myo Myo။ "Only 182 buildings to go in Strand Rd upgrade: YCDC"၊ Myanmar Times၊ 12 July 2010။ 5 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 July 2011။